မယာ၊ ငါသည်။
အပ္ပံဝါ၊ ဝတ္ထုစေတနာလုံ့လကိလေသာတို့၏ အားနည်းခြင်းဖြင့် အားနည်းသည်လည်းဖြစ်သော။
ယဒိ၊ ထိုမြို့။
ဗဟုံဝါ၊ ထို ဝတ္ထုစသည်တို့၏ အားကြီးသော အဖြစ်မပြတ်ဖဖြစ်သော အဖြစ်ဖြင့် များသည်လည်းဖြစ်သော။
ယံကမ္မံ၊ အကြင်ကံကို။
ပကတံဥပစိတံ၊ ဆည်းဘူးအပ်ပြီ။
ဧတံသဗ္ဗံ၊ ဤအလုံးစုံသော ကံသည်.
ပရိက္ခီဏံ၊ ကံ၏ ကုန်ခြင်းကို ပြုတတ်သော မဂ်ကို ရသဖြင့် ကုန်ခြင်းသို့ ရောက်ပြီ။
ဒါနိဣဒါနိ၊ ယခုအခါ၌။
ပုနဗ္ဘဝေါ၊ တဘန်ဘဝသစ်၌ ဖြစ်ရခြင်းသည်။
နတ္ထိ၊ မရှိပြီ။
ဣတိ၊ ဤသို့။
ဥဂ္ဂေါထေရော၊ ဥဂ္ဂထေရ်သည်။
အတ္တနော၊ မိမိ၏။
ဝဋ္ဋပစ္ဆေဒဒီပနေန၊ ဝဋ်ကို ဖြတ်ခြင်းကို ပြသဖြင့်။
ဣမံဂါထံ၊ ဤဂါထာကို။
အဘာသိတ္ထ၊ ဆိုပြီ။
ဥဂ္ဂထေဂါထာ အနက်ပြီး၏။
အဋ္ဌမော၊ ရှစ်ခုတို့၏ ပြည့်ကြောင်းဖြစ်သော။
ဝဂ္ဂေါ၊ ဝဂ်သည်။
နိဋ္ဌိတော၊ ပြီးခြင်းသို့ ရောက်ပြီ။
တဿ၊ ထိုအဋ္ဌမဝဂ်၏။
ဥဒါနံ၊ ဥဒါန်းကား။
ဝစ္ဆပါလော၊ ဝစ္ဆပါလအမည်ရှိသော။
ယောထေရော၊ အကြင်ထေရ်လည်းကောင်း။
အာတုမောထေရော၊ အာတုမထေရ်လည်းကောင်း။
ဣသိ၊ သီလက္ခန္ဓ စသော တရားကို ရှာမှီးလေ့ရှိသော။
မာဏဝေါထေရော၊ မာဏဝထေရ်လည်းကောင်း။
သုယာမာနောထေရော၊ သုယာမနထေရ်လည်းကောင်း။
သုသာရဒေါထေရော၊ သုသာရဒထေရ်လည်းကောင်း။
ပိယဉ္ဇယော၊ ပိယဉ္ဇအမည်ရှိသော။
ယောစထေရော၊ အကြင်ထေရ်သည်လည်းကောင်း။
အာရောဟပုတ္တောထေရော၊ အာရောဟပုတ္တထေရ်လည်းကောင်း။
မေဏ္ဍသိရောထေရော၊ မေဏ္ဍသိရထေရ်လည်းကောင်း။
ရက္ခိတောထေရော၊ ရက္ခိတထေရ်လည်းကောင်း။
ဥဂ္ဂသဝှယော၊ ဥဂ္ဂမည်သော ထေရ်လည်းကောင်း။
ဣတိ၊ ဤသည်လျှင်တည်း။
အဋ္ဌဝဂ်ပြီး၏။