အာဝုသော၊ ငါ့ရှင်တို့။
ဗဟုကံ၊ များစွာသော။
ကမ္မံ၊ အမှုသစ်ကို။
နကာရယေ၊ မဖြစ်စေရာ။
ဇနံ၊ အပေါင်းအဖော်၌ မွေ့လျော်သော သူကို။
ပရိဝဇ္ဇေယျ၊ ကြဉ်ရာ၏။
နဥယျမေ၊ နဥယျမေယျ ပစ္စည်းကို ဖြစ်စိမ့်သော ငှါ ဒါယာတို့ကို သင်္ဂြိုဟ်ထောက်ပံ့သည်၏ အစွမ်းဖြင့် လုံ့လမပြုရာ။
ယောဘိက္ခု၊ အကြင်အရသာ၌ တပ်သော တဏှာ၏ နိုင်ငံသို့ လိုက်သော ရဟန်းသည်။
ပစ္စယုပ္ပါဒနပသုတော၊ ပစ္စည်းကို ဖြစ်စေခြင်း၌ လေ့လာ၏။
ရသာနုဂိဒ္ဓေါ၊ ရသတဏှာ၌ တပ်တတ်သော။
သောဘိက္ခု၊ ထိုရဟန်းသည်။
ဥဿုကော၊ ဒါယကာတို့ကို သင်္ဂြိုဟ်ထောက်ပံ့ခြင်းငှါလုံ့လပြု၏။
ယောသုခါဓိဝါဟော၊ အကြင်သမထဝိပဿနာမဂ်ဖိုလ်ချမ်းသာကို ဆောင်တတ်သော သီလစသော အကျိုးသည်။
အတ္ထိ၊ ရှိ၏။
တံအတ္ထံ၊ ထိုဆိုအပ်ခဲံပြီးသော အကျိုးကို။
ရိဉ္စတိ၊ မိမိကိုယ်ကို ထိုအကျိုးမှ ကင်းစေ၏။
ကုလေသု၊ ဆွမ်းခံခြင်းငှါ ကပ်ကုန်သော အမျိုးအိမ်တို့၌။
ယာယံပန္ဒနပူဇနာ၊ အကြင်သီလစသော ဂုဏ်ကို ခြီးမြှောက်သည် အစွမ်းအားဖြင့် ဖြစ်သော ရှိခိုးခြင်း ပူဇော်ခြင်းတို့သည်။
အတ္ထိ၊ ရှိကုန်၏။
နံ၊ ထိုရှိခိုးခင်းပူဇော်ခြင်းကို။
ဟိယသ္မာ၊ အကြင်ကြောင့်။
ပင်္ကေတိ၊ အညစ်အကြေးကို ပြုတတ်သော ညွန့်နှင့်တူ၏ ဟူ၍။
ဗုဒ္ဓါဒယော၊ ဘုရားအစရှိသော သူတော်ကောင်းတို့သည်။
ပဝေဒယုံ၊ ကြားကုန်၏။
ဒုရုဗ္ဗဟံ၊ နှုတ်နှိပ်ခဲသော။
သုခုမံ၊ ပုထုဇဉ်ပုဂ္ဂိုလ်တို့သည် ပြုနိုင်ခဲသောကြောင့် သိမ်မွေ့သော ။
ယံသလ္လံ၊ အကြင်တဏှာတည်းဟူသော ငြောင့်သည်။
အတ္ထိ၊ ရှိ၏။
တံ၊ ထိုတဏှာတည်းဟူသော ငြောင့်ကို။
သတ္တာယေန၊ ငါ၏ကိုယ်ငါ၏ ဥစ္စာဟု စွဲလမ်းတတ်သော။
ကာပုရိသေန၊ ယောင်္ကျားယုတ်သည်။
ဒုဇ္ဇဟော၊ ထိုသတ္တာယ ကိုပယ်ကြောင်းဖြစ်သော အကျင့်ကို မကျင့်သောကြောင့်စွန့်နိုင်ခဲ့၏။
တသ္မာ၊ ထိုကြောင့်။
အဿ၊ ထိုတဏှာဟူသော ငြောင့်သက္ကာယကို။
ပဟာနာယ၊ ပယ်ခြင်းငှါ။
အာယောဂေါ၊ ပြင်းစွာ အားထုတ်ခြင်းကို။
ကရဏီယော၊ ပြုအပ်ပြီ။
ပရဿ၊ သူတပါး၏။
ပစ္စယ မတ္တဿ၊ ပစ္စည်းမျှကို။
ပဏိဓာယ၊ အကြောင်းကို ပြု၍။
ပါပကံ၊ ယုတ်မာစွာသော သတ်ခြင်းနှောင်ဖွဲ့ခြင်းစသော။
ကမ္မံ၊ အမှုကို။
အစ္စယ၊ လွန်ကျူး၍။
နသေဝေယျ၊ မမှီဝဲရာ။
အတ္တနာပိ၊ မိမိသည်လည်း။
တံ၊ ထိုယုတ်မာသော မကောင်းမှုကံကို။
နသေဝေယျ၊ မမှီဝဲရာ။
ကသ္မာ၊ အဘယ်ကြောင့်နည်းဟူမူကား။
ဣမေမာတိယာ၊ ဤသတ္တဝါတို့သည်။
ဟိယသ္မာ၊ အကြင်ကြောင့်။
ကမ္မဗန္ဓု၊ ကံသာလျှင် အဆွေကံသာလျှင် အမျိုးရှိကုန်၏။
အတ္တနာ၊ မိမိသည်။
စောရိယံ၊ ခိုးမှုကို။
အကတွာ၊ မပြုမူ၍။
ပုရေပရဿ၊ သူတပါး၏ ။
ဝစနာဝစနမတ္တေန၊ စကားမျှဖြင့်။
စောရော၊ ခိုးသူမည်သည်။
နဟောတိ၊ မဖြစ်။
အတ္တနာ၊ မိမိသည်။
မုနိယံ၊ စင်ကြယ်သော ကာယကံဝစီကံမနောကံဖြင့် ကောင်းသော အကျင့်ရှိသော ရဟန်း၏ အဖြစ်သည်။
အဟုတွာ၊ မဖြစ်ဘဲလျက်။
ပရေပရဿ၊ သူတပါး၏ ။
ဝစနာဝစနမတ္တေန၊ စကားမျှဖြင့်။
မုနိ၊ စင်ကြယ်သော ကိုယ်အကျင့်နှုတ်အကျင့်နှလုံးအကျင့်ရှိသော မုနိသည်။
နဟောတိ၊ မဖြစ်။
နံသတ္တံ၊ ထိုသတ္တဝါကို။
တဿ၊ ထိုသတ္တဝါ၏။
အတ္တာစ၊ ကိုယ်စိတ်သည်လည်းကောင်း။
အယံ၊ ဤသတ္တဝါကား။
ပရိသုဒ္ဓေါ၊ စင်ကြယ်၏။
နပရိသုဒ္ဓေါ၊ မစင်ကြယ်။
ဣတိ၊ ဤသို့။
ယထာယေန ပကာရေန၊ အကြင်သို့လသော အပြားအားဖြင့် ။
အဝေဒိ၊ မဘောက်မပြန်သိ၏။
တထာ၊ ထိုအခြင်းအရာဖြင့်။
နံပုဂ္ဂလံ၊ ထိုပုဂ္ဂိုလ်ကို။
ဒေဝဝိဒူ၊ သူတပါးစိတ်ပိုင်းခြား၍ သိတတ်ကုန်သော ဝိသုဒ္ဓိနတ်ဥပပတ္တိနတ်တို့သည်။
ဇာနန္တိ၊ သိကုန်၏။
တသ္မာ၊ ထိုကြောင့်။
သယံ၊ မိမိသည်လည်းကောင်း။
တာဒိသာဒေဝါစ၊ ထိုသို့ သဘောရှိသော နတ်တို့သည်လည်းကောင်း။
သမာနာပိ၊ ဖြစ်ကုန်သော်လည်း။
သုဒ္ဓါသုဒ္ဓါနံ၊ စင်ကြယ်သည် မစင်ကြယ်သည် ဖြစ်ကုန်သော သူတို့၏။
သုဒ္ဓါ သုဒ္ဓဘာဝဇာနနေန၊ စင်ကြယ်သည် မစင်ကြယ်သည်၏ အဖြစ်ကို သိသဖြ်င့။
ယေကေစိ၊ ခပ်သိမ်းသော သတ္တဝါတို့သည်။
ဣစ္ဆာ၊ အလိုရှိအပ်ကုန်၏။
ပရေ၊ ပညာရှိတို့ကိုထား၍ တပါးသော သူတို့သည်။
ဧတ္ထ၊ ဤအသက်ရှည်သော လူ့ရွာ၌။
မယံ၊ ငါတို့သည်။
ယမာမသေ၊ သေမင်း၏ အထံသို့ သွားရကုန်အံ့။
ဣတိ ဧတံ ကာရဏံ၊ ဤသို့သော အကြောင်းကို။
နစဇာနန္တိ၊ မသိကုန်။
ယေစ ပဏ္ဍိတာ၊ အကြင်ပညာရှိတို့သည်လည်း။
တတ္ထ၊ ထိုအသက်ရှည်သောလူ့ပြည်၌။
ဝိဇာနန္တိ၊ ငါတို့ကား သေမင်း ၏ အနီးသို့ သွားရကုန်၏ ဟု သိကုန်၏။
တတော၊ ထိုသို့ သိသောကြောင့်။
မေဓကာမေဓကာနံ၊ သူတပါးတို့ညှဉ်းဆဲခြင်းတို့ကို။
ဝူပသမာယ၊ ငြိမ်းစေခြင်းငှါ။
သမ္မန္တိ ပဋိပဇဇန္တိ၊ ကျင့်ကုန်၏။
သပ္ပညောအပိ၊ ဥစ္စာ၏ ကုန်ခြင်းတို့ကို သိသော ပညာရှိသည်လည်း။
သန္တုဋ္ဌော၊ ရရသမျှနှင့် ရောင့်ရဲလွယ်သည်ဖြစ်၍။
ဇီဝတော၊ အပြစ်မရှိသော အသက်ရှည်ခြင်းသည်။
အသိ၊ ဖြစ်၏။
ဝိတ္တပရိက္ခယော၊ ဥစ္စာကုန်ခြင်းသို့ရောက်သော သူသည်။
ပညာယစ၊ ပညာဖြင့်လည်း။
အလာဘနေ၊ ဥစ္စာကို မရသဖြင့်။
ဝိတ္တဝါ၊ ပစ္စုပ္ပန် သံသရာအကျိုးကို ချွတ်ယွင်းစေလျက် ဥစ္စာရငြားသော်လည်း။
ဂရဟာဒိပဝတ္တိယာ၊ ကဲ့ရဲ့ခြင်း စသည်ဖြစ်သောကြောင့်။
နဇီဝတိ၊ တရားနှင့် မလျော်သော ဥစ္စာရခြင်းဖြင့် အသက်မမွေး။
ဣဓ၊ ဤလောက၌။
သဗ္ဗံ၊ အလုံးစုံသော သဒ္ဒါရုံကို။
သောတေန၊ နားဖြင့်။
သုဏာတိ၊ ကြား၏။
သဗ္ဗံ၊ အလုံးစုံသော ရူပါရုံကို။
စက္ခုနာ၊ မျက်စိဖြင့်။
ပဿတိ၊ မြင်၏။
ဓီရော၊ ပညာရှိသည်။
ဒိဋ္ဌံ၊ မြင်သမျှသော ရူပါရုံကို လည်းကောင်း။
သုတံ၊ ကြားသမျှသော သဒ္ဒါရုံကိုလည်းကောင်း။
သဗ္ဗံ၊ အလုံးစုံကို။
ဥဇ္ဇိတုံဂဟေတုံ၊ ယူခြင်းငှါ။
နစအရဟတိ၊ မထိုက်။
စက္ခုမာပိ၊ မျက်စိနှင့် ပြည့်စုံသော သူသည်လည်း။
အန္ဓောယတာ၊ ကန်းသော သူကဲ့သို့။
အဿ၊ ဖြစ်ရာ၏။
သောတဝါပိ၊ သောတပသာဒနှင့် ပြည့်စုံသော သူသည်လည်း။
ဗဓိရောယထာ၊ နားပင်းသကဲ့သို့။
အဿ၊ ဖြစ်ရာ၏။
ပညဝါပိ၊ အဆင်အခြင်စကား၌လိမ္မာသော ပညာရှိသည်လည်း။
မူဂေါယထာ၊ သူအကဲ့သို့။
အဿ၊ ဖြစ်ရာ၏။
ဗလဝါပိ၊ အားနှင့် ပြည့်စုံသော သူသည်လည်း။
ဒုဗ္ဗလောရိဝ၊ မပြုအပ်သော အရာ၌ အားနည်းသောသူကဲ့သို့။
အာသာ၊ ဖြစ်ရာ၏။
အထ၊ ထိုမှတပါး။
အတ္ထေ၊ မိမိပြုသင့်သော အကျိုးရှိသော ကိစ္စသည်။
သမုပ္ပန္နေ၊ ကောင်းစွာ ဖြစ်လတ်သည်ရှိသော်။
မထသာယိကံ၊ သူသေနှင့် အတူအိပ်ခြင်းကို။
ပဿေထ၊ ရှုရာ၏။
ဣတိ၊ ဤသို့။
မဟာကစ္စာယနောထေရော၊ မဟာကစ္စည်းထေရ်သည်။
ဣမာအဋ္ဌဂါထာယော၊ ဤတွဲဆိုသီကုံးအပ်သော ရှစ်ဂါထာတို့ကို။
အဘာသိတ္ထ၊ ဆိုပြီ။
မဟာကစ္စာယနထေရဂါထာ အနက်ပြီး၏။