Issues
選擇版本
နိဿယ
မြန်မာဘာသာ
Theragāthāpāḷi
Theragāthāpāḷi

14. Cuddasakanipāto

作者: နိဿယ @ IAPT

ယဒါ ယသ္မိံ ကာလေ၊ အကြင်အခါ၌။ အဟံ၊ ငါသည်။ အဂါရသ္မာ၊ အိမ်ရာထောင်သော လူတို့ဘောင်မှ။ အနဂါရိယံ၊ အိမ်ရာမထောင်သော ရဟန်းတို့ဘောင်၌။ ပဗ္ဗဇိတော၊ ရဟန်းပြုသည်။ အမှိ၊ ဖြစ်၏။
ဣမသ္မိံ ဒီဃန္တရေ၊ ဤရဟန်းသည် ကာလကစ၍ ယခုအဆုံးအစိတ်ဖြစ်သော ကာလ၏ အတွင်း၌။ ဣမေပါဏိနော၊ ဤသတ္တဝါတို့သည်။ ဟညန္တုဝါ၊ လှံဓားစသော လက်နက်တို့ဖြင့်လည်း သေစေကုန်သတည်း။ ဝဇ္ဈန္တုဝါ၊ လက်ဆုပ်စသည်ဖြင့် ပုတ်ခတ်ညှင်းဆဲစေကုန်သတည်း။ ဒုက္ခံ၊ ဆင်းရဲသို့။ ပပ္ပေါန္တု၊ ရောက်စေသနည်း။ ဣတိ၊ ဤသို့။ အနရိယံ၊ ယုတ်မာသော။ ဒေါသသံဟိတံ၊ အမျက်နှင့်တကွဖြစ်သော အကြံကို။
သံကပ္ပံ၊ ကြံမိ၏ ဟူ၍။ နာဘိဇာနာမိ၊ မသိစဘူး။ တံသင်္ကပ္ပံ၊ ထိုဆိုခဲ့ပြီးသော အကြံကို။ နာဘိဇာနာမိ၊ နောက်ကာလ၌ လည်း မသိစဘူး။
အပ္ပမာဏံ၊ မရည်မှတ်မူ၍ ပွါးစေနှံ့စေသည်၏ အစွမ်းဖြင့် အတိုင်းမသိသော သတ္တဝါပညတ်လျှင်အာရုံရှိသော။ သုဘာဝိတံ၊ အလေ့အလာအားကြီးစွာသော အဖြစ်သို့ ရောက်သဖြင့် ကောင်းစွာ ပွါးစေအပ်သော။ မေတ္တဉ္စ၊ သတ္တဝါတို့အား သနားခြင်းနှင့်ယှဉ်သော မေတ္တာကိုလည်းကောင်း။
ဗုဒ္ဓေန၊ မြတ်စွာဘုရားသည်။ ဒေသိတံယထာ၊ သဗ္ဗေသတ္တာ အဝေရာဟောန္တုစ သည်ဖြစ်ဟောတ်တော်မူသကဲ့သို့။ အနုပုဗ္ဗပရိစိတံ၊ မေတ္တာ ထိုနောက်ကရုဏာထိုနောက်မုဒိတာ ထိုနောက် ဥပေက္ခာ ဤသို့အစဉ်အားဖြင့် လေ့လာအပ်ပွါးစေအပ် အကြိမ်များစွာ ပြုအပ်သော ဗြဟ္မဝိဟာရ တရားလေးပါးကိုလည်း။ ဘာဝနံ၊ ပွါးစေခြင်းကို။ အဘိဇာနာမိ၊ ငါသိ၏။
အဟံ၊ ငါသည်။ သဗ္ဗမိတ္တော၊ ခပ်သိမ်းသော သတ္တဝါလျှင် အဆွေရှိသည်ဖြစ်၍။ သဗ္ဗသခေါ၊ အလုံးစုံသော သတ္တဝါလျှင်ခင်ပွန်းရှိသည်ဖြစ်၍။ သဗ္ဗဘူတာနုကမ္ပကော၊ အလုံးစုံသော သတ္တဝါတို့ကို ချီးမြှောက်ခြင်းရှိသည်ဖြစ်၍။
မေတ္တစိတ္တဉ္စ၊ ခပ်သိမ်းသော သတ္တဝါတို့အား အစီးအပွါးနှင့်ယှဉ်သော မေတ္တာစိတ်ကိုလည်း။ ဘာဝေမိ၊ အထူးသဖြင့် ပွါးစေ၏။ အဗျာပဇ္ဇေ၊ သတ္တဝါတို့၏ အကျိုးစီးပွါးကို ဆောင်ခြင်း၌။ သဒါ၊ အခါခပ်သိမ်း။ ရတော အသိရတော၊ မချွတ်မယွင်းပြုသော အားဖြင့် အလွန်မွေ့လျော်ခြင်းရှိသည်လည်း။ အသိ၊ ဖြစ်ပြီ။
အဟံ၊ ငါသည်။ အသံဟိရံ၊ ရန်သူဟူ၍ တွန့်တိုခြင်းမရှိချစ်သော သူဟူ၍ ရာဂအားမငင်အပ်သော။ အသံကုပ္ပံ၊ ဝေးသော ရန်သူ၌ ဖြစ်သောဒေါသဖြင့် အမျက်ထွက်ခြင်းမရှိသည်ကို ပြု၍။ စိတ္တံ၊ ငါ၏ မေတ္တာစိတ်ကို။ အမောဒယာမိ၊ အလွန်ဝမ်းမြောက်စေ၏။ အကာပုရိသသေဝိတံ၊ ယုတ်သော ယောင်္ကျားတို့သည် မမှီဝဲအပ် အရိယာဖြစ်ကုန်သော ဘုရားအစရှိသည်တို့သည် မှီဝဲအပ်သော။ ဗြဟ္မဝိဟာရံ၊ မြတ်သော အပြစ်မရှိသော မေတ္တာ စသည်ဖြင့်နေခြင်းကို။ ဘာဝေမိဝဍ္ဎေမိ၊ ပွါးစေ၏။
အဝိတက္ကံ၊ ဝိတက်ဝိစာရမှ ကင်းသော ဒုတိယစသော ဈာန်ကို။ သမာပန္နော၊ ဝင်စားသော။ သမ္မသမ္ဗုဒ္ဓသာဝကော၊ ဘုရားရှင်တပည့်သား ဖြစ်သော ငါသည်။
အရိယေန၊ မြတ်သော။ တုဏှီဘာဝေန၊ ဆိတ်ဆိတ်နေခြင်းနှင့် ။ တာဝဒေ၊ ထိုမေတ္တာကို ပွါးစေသော ခဏ၌။ ဥပေတော၊ ပြည့်စုံသည်။ ဟောတိ၊ ဖြစ်၏။
ယထာဟိ၊ ဥပမာမည်သည်ကား။ သေလော၊ တခဲနက်ကျောက်ဖြင့် ပြီးသော။ ပဗ္ဗတော၊ တောင်သည်။ အစလော၊ ပြကတေ့သော လေတို့ဖြင့် မတုန်လှုပ်နိုင်သည်ဖြစ်၍။ သုပ္ပတိဋ္ဌိတောယထာ၊ ကောင်းစွာတည်သကဲ့သို့။
ဧဝံတထာ၊ ထိုအတူ။ မောဟက္ခယာ၊ အရဟတ္တမဂ်ဉာဏ်၏ အစွမ်းဖြင့် မောဟကို အကြွင်းမဲ့ပယ်ပြီးသောကြောင့်။ ဘိက္ခု၊ ရဟန္တာဖြစ်သော ရဟန်းသည်။ သုပ္ပတိဋ္ဌိတော၊ ကောင်းစွာတည်သည်။ ဟောတိ၊ ဖြစ်၏။ ကိံ ဝိယ၊ အဘယ်ကဲ့သို့နည်းဟူမူကား။ ပဗ္ဗတာ၊ ကျောက်အတိပြီးသော တောင်သည်။ နဝေဓတိဣဝ၊ ပြသတေ့သောလေတို့ဖြင့်မတုန်မလှုပ်ကောင်းစွာတည်သကဲ့သို့တည်း။
အနင်္ဂဏဿ၊ အပါယ်သို့ လားကြောင်းဖြစ်သော ရာဂစသော ကိလေသာမှ ကင်းပြီးထသော။ နိစ္စံ၊ အမြဲ။ သုစိံ၊ ကိုယ်နှုတ်ဖြင့် အပြစ်မရှိသန့်ရှင်စင်ကြယ်စွာသော တရားကို။ ဂဝေသိနော၊ ရှာမှီးလေ့ရှိသော။ ပေါသဿ၊ သူတော်ကောင်းဖြစ်သော ယောင်္ကျားအား။
ပါပဿ၊ မကောင်းမှုမှ။ ဝါလဂ္ဂမတ္တံ၊ သားပြီးဖျားမျှသည်လည်း။ လဂ္ဂံ၊ ငြိတွယ်သည်။ နတ္ထိ၊ မရှိ။ အဗ္ဘမတ္တံဝ၊ အလုံးစုံသောလောကဓာတ်ကို နှိုင်း၍တည်သော တိမ်တိုက်အတိုင်းအရှည်အမျှသည်သာလျှင်။ ဟုတွာ၊ ဖြစ်ဇ၍။ ခါယတိ၊ ထင်၏။
ယထာကိံ၊ ဥပမာအဘယ်ကဲ့သိုနည်းဟူမူကား။ သန္တရဗာဟိရံ၊ အတွင်းအပနှစ်ပါး၌ ဖြစ်သော။ ဂုတ္တံ၊ လူတို့ဖြင့် စောင့်ရှောက်လုံခြုံစေအပ်သော ။ ပစ္စန္တံ၊ အခြားမရှိ မြဲမြံစွာသော ပြအိုးကျုံးစသည်တို့ဖြင့် စီရင်တည်ထားအပ်သော။ နဂရံ၊ မြို့ကို။ ပစ္စတ္ထိကေဟိ၊ ရန်သူတို့သ်ည။ အပဝိဋ္ဌံဝိယ၊ မဝင်နိုင်သကဲ့သို့။
ဧဝံတထာ၊ ထိုအတူ။ အတ္တာနံ၊ မိမိကိုယ်ကို။ ဂေါပေထ၊ လုံခြုံစောင့်ရှောက်၏။ ဝေ၊ စင်စစ်။ ခဏော၊ ဗုဒ္ဓုပ္ပာဒနဝမခဏသည်။ မာဥပဇ္ဈဂါမာအတိက္ကမိ၊ မလွန်စေသတည်း။
အဟံ၊ ငါသည်။ မရဏံ၊ သေခြင်းကို။ နာဘိနာနန္ဒာမိ၊ မနှစ်သက်။ ဇီဝိတံ၊ အသက်ရှည်ခြင်းကိုလည်း ။ နာဘိနန္ဒာမိ၊ မနှစ်သက်။ ကာလံဝ၊ ပရိနိဗ္ဗာန်ပြုအံ့သော ကာလကိုသာလျှင်။ ပဋိကင်္ခါမိအာဂမေမိ၊ ငံ့၏။
ယထာ၊ ဥပမာအဘယ်ကဲ့သို့ နည်းဟူမူကား။ ဘဋကော၊ အခကို ယူ၍ သူတပါးအမှုကို လုပ်ဆောင်သော သူခစားသည်။ အနိဗ္ဗိသံ အနိဗ္ဗိဿန္တော၊ အမှုပြီးခြင်းကို မငဲ့မူ၍ နေကုန်ခြင်းကိုရှာမှီးသကဲ့သို့တည်း။
အဟံ၊ ငါသည်။ မရဏံ၊ သေခြင်းကို။ နာဘိနန္ဒာမိ၊ မနှစ်သက်။ (ပေ) သမ္ပဇာနော၊ ပညာအဆင်အခြင်နှင့်ပြည့်စုံသည်ဖြစ်၍။ ပဋိဿတော၊ ထင်သော သတိရှိသည်ဖြစ်၍။ ကာလံဝ၊ ပရိနိဗ္ဗာန်ပြုအံ့သော ကာလကို သာလျှင်။ ပဋိကင်္ခါမိ၊ တောင့်တ၏။
မယာ၊ ငါသည်။ သတ္တာ၊ သတ္တဝါတို့ကို။ ပရိစိဏ္ဏော၊ မေတ္တာ အစရှိသည်တို့ဖြင့် ပွါးစေခြင်း အလေ့အကျက်ကို။ ကတော၊ ပြုအပ်ပြီ။ ဗုဒ္ဓဿ၊ ဘုရားသခင်၏။ သာသနံ၊ အဆုံးအမဖြစ်သော မဂ်ဟူသော သီတင်းသုံခြင်းကို။ ကတံ၊ ပြုအပ်ပြီ။
ဂရုကောဘာရော၊ လေးစွာသော ခန္ဓာဝန်ကို။ ဩဟိတော၊ ချအပ်ပြီ။ ဘဝနေတ္တိ၊ ဘဝသုံးပါး ဆွဲငင်ယူဆောင်တတ်သော တဏှာတည်းဟူသော ကြိုးကို။ သမူဟတာ၊ အရဟတ္တမဂ်ဖြင့် အကြွင်းမဲ့ နှုတ်ဖြတ်ပယ်အပ်ပြီ။
ယဿ၊ အကြင်အရဟတ္တဖိုလ်နိဗ္ဗာန်၏။ အတ္ထာယ၊ အကျိုးငှါ။ အဂါရသ္မာ၊ အိမ်ရာထောင်သော လူ၏ဘောင်မှ။ အနဂါရိယံ၊ အိမ်ရာမထောင်သော ရဟန်း၏ ဘောင်၌။ ပဗ္ဗဇိတော၊ ရဟန်းပြုသည်။ အမှိ၊ ဖြစ်၏။
မေမယာ၊ ငါသည်။ သောအတ္ထော၊ ထိုအကျိုးကို။ အနုပ္ပတ္တော၊ ရအပ်ပြီ။ သဗဗသံယောဇနက္ခယော၊ အလုံးစုံသော သံယောဇဉ်တို့၏ ကုန်ခြင်းသို့။ အနုပ္ပတ္တော၊ ရောက်အပ်ပြီ။
အာဝုသော၊ ငါ့ရှင််တို့။ တုမှေ၊ သင်သူတော်ကောင်းတို့သည်။ အပ္ပမာဒေန၊ ဒါနသီလ ဘာဝနာ အစရှိသည်၌ မမေ့မလျော့အားထုတ်ခြင်းနှင့်။ သမ္ပာဒေထ၊ ပြည့်စုံစေကုန်လော။ ဧသာ၊ ဤသည်လျှင်။ မေ၊ ငါ၏။ အနုသာသနီ၊ အဆုံးအမတရားတည်း။
ဟန္ဒ၊ ယခုအခါ၌။ အဟံ၊ ငါသည်။ ပရိနိဗ္ဗိသံ၊ ပရိနိဗ္ဗာန်ပြုလေအံ့။ အဟံ၊ ငါသည်။ သဗ္ဗဓိ၊ ခပ်သိမ်းသော ကိလေသာခပ်သိမ်းသော ဘဝမှ။ ဝိမုတ္တော၊ လွတ်သည်။ အမှိ၊ ဖြစ်၏။
ဣတိ၊ ဤသို့။ ရေဝတောထေရော၊ ရေဝတထေရ်သည်။ ဣမာစုဒ္ဒသဂါထာယော၊ ဤတဆဲ့လေးရပ်ဗန္ဓမှတ်၍ သီအပ်ရွတ်ဆိုသော ဂါထာတို့ကို။ အဘာသိတ္ထ၊ ဆိုပြီ။ ရေဝတထေရတဆဲ့လေးဂါထာအနက်ပြီး၏။
ဓုရေ၊ လှည်းဦး၌။ ယုတ္တော၊ ကအပ်သော။ ဓုရဿဟော၊ ဝန်ကိုဆောင်ရွက်ခြင်းငှါစွမ်းနိုင်သော။ အတိဘာရေန၊ လေးစွာသော ဝန်ဖြင့်။ မထိတောပီဠိတော၊ နှိပ်စက်အပ်သော။ ဘဒ္ဒေါ၊ ကောင်းသော အားစွမ်းနှင့် ပြည့်စုံသော။ အာဇညော၊ နွားလားဥသဘသည်။ သံယုဂံ၊ မိမိထမ်းပိုးကို။ နာတိဝတ္တတိနပရိစစ္စတိယထာ၊ မစွန့်သကဲ့သို့လည်းကောင်း။ ဝါရိနာ၊ ရေသည်။ မဟာသမုဒ္ဒေါ၊ မဟာသမုဒ္ဒရာကို။ နာတိဝတ္တတိယထာ၊ မစွန့်သကဲ့သို့လည်းကောင်း။
ဧဝံတထာ၊ ထိုအတူ။ ပညာယ၊ လောကီလောကုတ္တရာပညာဖြင့်။ တိတ္ထာပရိပုဏ္ဏာ၊ ပြည့်စုံကုန်သော။ ယေပဏ္ဍိတာ၊ အကြင်ပညာရှိတို့ကို။
ပရေ၊ တပါးသော ယုတ်သော ပညာနှင့် ပြည့်စုံသော သူတို့သည်။ နအဘိမညန္တိ၊ ယုတ်သော ပညာဖြင့်မနှိပ်စက်နိုင်ကုန်။ အရိယဓမ္မောဝ၊ အရိယာတို့၏ တရားသည်သာလျှင်။ ပါဏီနံ၊ သတ္တဝါတို့အား။ ပညာယ၊ ပညာ၏။ ပရိပုရကာရီ၊ ပြည့်ခြင်းကို ပြုလေ့ရှိသည်။ ဟောတိ၊ ဖြစ်၏။
ကာလေ၊ လာဘအလာဘ စသည်နှင့် ပြည့်စုံခြင်းဖြင့်သော ကာလ၌။ ကာလသမ္ပတ္တာ၊ လာဘ်ရခြင်းစသော ကာလ၏ နိုင်သံသို့ ကပ်ခြင်းရှိကုန်သော။ နရာ၊ လူတို့သည်။ ဘဝါဘဝဝသံဂတာ၊ စည်းစိမ်ချမ်းသာရှိသည် မရှိသည်၏ နိုင်သံသို့ ကပ်ကုန်ည်ဖြစ်၍ ။ ဗုဒ္ဓိဟာနိယော၊ ယုတ်သော ပညာရှိသော သူတို့ကို။ အနုဝတ္တန္တိ၊ လာဘ်ကို မက်မောသော အားဖြင့် အစဉ်လိုက်ကုန်၏။
တေနရာ၊ ထိုသူတို့သည်။ ဒုက္ခံ၊ ဆင်းရဲခြင်းသို့။ နိဂစ္ဆန္တိ၊ ရောက်ကုန်၏။ မာဏဝါ၊ မာဏဝဟုရအပ်သော အမည်ရှိကုန်သော။ တေစနရာ၊ ထိုသတ္တဝါတို့သည်လည်း။ အနုရောဓပဋိရောဓံ၊ လာဘ်များခြင်းလာဘ်နည်းခြင်း စသည် ၏ အစွမ်းအားဖြင့်လည်းကောင်း ညာပွါးခြင်း ပညာယုတ်ခြင်း၏ အစွမ်းအားဖြင့် လည်းကောင်းနှစ်သက်အမျက်ထွက်ခြင်းကို။ အာပန္နာ၊ ရောက်ကုန်သည်ဖြစ်၍။ သောစန္တိ၊ ဤပစ္စုပ္ပန်လောကတွင် စိုးရိမ်ရကုန်၏။
ပရလောကေစ၊ တမလွန်ဘဝ၌။ ဒုက္ခံ၊ ငရဲ၌ဖြစ်ခြင်းစသော ဆင်းရဲသို့။ ဂစ္ဆန္တိ၊ ရောက်ကုန်၏။ သုခဓမ္မေန၊ ချမ်းသာခြင်း၏အကြောင်းဖြစ်သော စည်းစိမ်ချမ်းသာပြည့်စုံခြင်းစသည်ဖြင့်။ ဥန္နတာ၊ စည်းစိမ်ချမ်းသာဖြင့် မာန်ယစ် ကုန်သည်ဖြစ်၍။ ဒုက္ခဓမ္မေန၊ ဆင်းရဲခြင်း၏ အကြောင်းဖြစ်သော စည်းစိမ်ချမ်းသာပျက်စီးခြင်း စသည်ဖြင့်။ ဝေါနတာ၊ ယုတ်သောအဖြစ် ဆင်းရဲသော အဖြစ်စသည်ဖြင့် သနားဘွယ်ရှိသော အဖြစ်သို့ ရောက်ကုန်သည်ဖြစ်၍။
ဒွယေန၊ ဆိုအပ်ခဲ့ပြီးသော မာန်တက်ခြင်း မာန်မတက်ခြင်း နှစ်ပါးဖြင့်။ ယထာဘူတံ၊ ဟုတ်မှန်‌သော အတိုင်း။ အဒဿိနော၊ မမြင်နိုင်ကုန်လော။ ဗာလာ၊ သူမိုက်တို့သည်။ ဟညနတိဗာဓန္တိ၊ လျော်မလျော်သည်၏ အစွမ်းအားဖြင့် နှိပ်စက်ကုန်ညိုးနွမ်းကုန်၏။
ယေပန အရိယာ၊ အကြင်အရိယာ ပုဂ္ဂိုလ်တို့သည်ကား။ ဒုက္ခေစ၊ ဒုက္ခဝေဒနာ၌ လည်းကောင်း။ သုခမှိစ၊ သုခဝေဒနာ ၌လည်းကောင်း။ မဇ္ဈေစ၊ လျစ်လျူရှုတတ်သော ဥပေက္ခာ ဝေဒနာ၌ လည်းကောင်း။ သိဗ္ဗိနိံ၊ ထိုဝေဒနာ သုံးပါးနှင့် စပ်သော ပြင်စွာတပ်တတ် ချုပ်တတ် ဖွဲ့တတ်သောတဏှာကို။ အစ္စဂူအတိက္ကမိံ သု၊ အရဟတ္တမဂ်ကို ရသဖြင့် လွန်နိုင်ကုန်၏။
တေအရိယပုဂ္ဂလာ၊ ထိုအရိယာ ပုဂ္ဂိုလ်တို့သည်။ ဣန္ဒခီလော၊ ကျောက်စာတိုင်သည်။ ဝါတေဟိ၊ ပြင်းစွာလေသာ လေတို့ဖြင့်။ အကမ္ပိယော၊ မတုန်မလှုပ်နိုင်သည်ဖြစ်၍။ ဋ္ဌိတောယထာ၊ တည်သကဲ့သို့။ လောကဓမ္မေဟိ၊ လာဘအလာဘ အစရှိသောလောကဓံ တရားရှစ်ပါးတို့သည်။ အသံကမ္ပိယာ၊ မတုန်မလှုပ်စေနိုင်ကုန်သည်ဖြစ်၍. ဋ္ဌိတာ၊ တည်ကုန်၏။ တေ အရိယပုဂ္ဂလာ၊ ထိုအရိယာ ပုဂ္ဂိုလ်တို့သည်။ ကဒါစိပိ၊ တရံတခါလည်း။ ဥန္နတဩနတာ၊ မာန်တက်ခြင်း မာန်မတက်ခြင်းတို့သည်။ နဟောန္တိ၊ အခြင်းခပ်သိမ်း မုန်းခြင်းချစ်ခြင်းမရှိသောကြောင့် မဖြစ်ကုန်။
လာဘေ၊ သင်္ကန်းစသော ပစ္စည်းကို ရခြင်း၌လည်းကောင်း။ အလာဘေ၊ ထိုသင်္ကန်းစသော ပစ္စည်းတို့ကို မရခြင်း၌လည်းကောင်း။ နယသေနစ၊ အခြံအရံ ယုတ်ခြင်း၌ လည်းကောင်း။ န ကိတ္တိယာ၊ ပြန့်နှံ့သော ကျော်စောခြင်းမရှိသည်၌ လည်းကောင်း။
နိန္ဒာယံ၊ ကဲ့ရဲ့ခြင်း၌လည်းကောင်း။ ပသံသာယံ၊ မျက်မှောက်ချီးမွမ်းခြင်း၌လည်းကောင်း။ ကမ္ပနာ၊ တုန်လှုပ်ခြင်းရှိကုန်သည်။ နဟေဝနဟိဧဝဟောန္တိ၊ မဖြစ်ကုန်သည်သာလျှင်တည်း။ ဒုက္ခေစ၊ ဆင်းရဲခြင်း၌ လည်းကောင်း။ သုခမှိ၊ ချမ်းသာခြင်း၌လည်းကောင်း။ တေ အရိယပုဂ္ဂလာ၊ ထိုအရိယာ ပုဂ္ဂိုလ်တို့သည်။ နဣဉ္စိံ သု၊ မတုန်မလှုပ်ကုန်။
တေ၊ ထိုရဟန္တာ ပုဂ္ဂိုလ်တို့သည်။ သဗ္ဗတ္ထ၊ အလုံးစုံသော လောကဓံတရားရှစ်ပါးစသော အလုံးစုံသော အာရုံတို့၌ ။ နလိမ္ပန္တိ၊ အချင်းခပ်သိမ်းပယ်အပ်ပြီးသော ကိလေသာရှိသော ကြောင့်မလိမ့် ကျံမကပ်ငြိကုန်။ ကိံဝိယ၊ အဘယ်ကဲ့သို့နည်းဟူမူကား။ ပေါက္ခရေ၊ ကြဘက်ပေါက်၌။ ဥဒဗန္ဒု၊ ရေပေါက်သည်။ နလိမ္ပတိဣဝ၊ ကပ်တည်သော်လည်း ထိုရေပေါက်နှင့်မလိမ်းကျံသကဲ့သို။ နလိမ္ဗန္တိ၊ မလိမ်းကျံကုန်။
ဓီရာ၊ လောကုတ္တရာပညာဖြင့် ပညာရှိကုန်သော သူတော်ကောင်းတို့သည်။ သဗ္ဗတ္ထ၊ အလုံးစုံသော လောကဓံဘုရားရှင်ပါးရူပါရုံစသော အာရုံတို့၌။ သုခိတာ၊ စိုးရိမ်ခြင်း စသည်၏ မရှိသောကြောင့် ချမ်းသာခြင်း ရှိကုန်သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။ သဗ္ဗတ္ထ၊ အလုံးစုံသော လောကဓံတရားရှစ်ပါး ရူပါရုံ စသည်တို့၌။ အပရာဇိတာ၊ လာဘအလာဘ အစရှိသည်တို့သည် မနှိပ်စက်အပ်သောကြောင့် မရှုံးကုန်သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။
ယောစလာဘော၊ အကြင်လာဘ်ကိုလည်း။ ဓမ္မေန၊ တရားနှင့်လျော်သဖြင့်။ အလာဘော၊ မရအပ်။ ယောစလာဘော၊ အကြင်လာဘ်ကိုလည်း။ အဓမ္မိကော၊ တရားနှင့် မလျော်သဖြင့် ရအပ်၏။
တေသု၊ ထိုနှစ်ပါးတို့တွင်။ ဓမ္မိကော၊ တရားနှင့်လျော်သော။ အလာဘော၊ လာဘ်ကို မရခြင်းသည်။ သေယျော၊ မြတ်စွာ၏။ ယံစယောလာဘော၊ အကြင်လာဘ်ကို။ အဓမ္မိကော၊ တရားနှင့် မလျော်သည်ဖြစ်၍ ရအပ်သည်။ စေဟောတိ၊ အကယ်၍ဖြစ်အံ့။ သောလာဘော၊ ထိုလာဘ်သည်။ နသေယျော၊ မမြတ်။
အပ္ပဗုဒ္ဓီနံ၊ ပညာနည်းသော ပုဂ္ဂိုလ်တို့၏ ။ ယောစ ယသော၊ အကြင်အကျော်အစော အခြံအရံကို။ လဗ္ဘတိ၊ ရအပ်၏။ သောစယသော၊ ထိုအကျော်အစော အခြံအရံကို လည်းကောင်း။ ဝိညူနံ၊ ပညာရှိသော သူတို့၏။ ဝသေန၊ အစွမ်းဖြင့်။ ယောစအယသော၊ အကြင်အကျော်အစောအခြံအရံ၏ ယုတ်ခြင်းသည်လည်း။ အတ္ထိ၊ ရှိ၏။
ဣမေသုဒွီသု၊ ဤနှစ်ပါးတို့တွင်။ ဝိညူနံ၊ ပညာရှိတို့၏။ အယ‌သောဝ၊ အကျော်အစော အခြံအရံမရှိခြင်းသည်သာလျှင်။ သေယျော၊ မြတ်၏။ အပ္ပဗုဒ္ဓီနံ၊ ပညာနည်းသော သူတို့၏။ ဝသေန၊ အစွမ်းဖြင့်။ ယောယသော၊ အကြင်အကျော် အစောအခြံအရံကို။ လာဘော၊ ရ၏။ သောယသော၊ ထိုအကျော်အစောအခြံအရံသည်။ နသေယျော၊ မမြတ်။
ဒုမ္မေဓေဟိ၊ ပညာနည်းသော သူတို့သည်။ ယာပသံသာစ၊ အကြင်ချီးမွမ်းခြင်းသည်လည်းကောင်း။ ဝိညူနံ၊ ပညာရှိတို့၏။ ယာဂရဟာစ၊ အကြင်ကဲ့ရဲ့ခြင်းသည်လည်းကောင်း။ အတ္ထိ၊ ရှိ၏။
တေသု၊ ထိုနှစ်ပါးတို့တွင်။ ဝိညူဟိ၊ ပညာရှိသည်။ ဂရဟာဝ၊ ကဲ့ရဲ့ခြင်းသည် သာလျှင်။ သေယျော၊ မြတ်၏။ ယံယာဗာလပသံသာ၊ အကြင်သူမိုက်တို့၏ ချီးမွမ်းခြင်းသည်။ အတ္ထိ၊ ရှိ၏။ တံ၊ ထိုသူမိုက်တို့၏ချီးမွမ်းခြင်းသည်။ နသေယျော၊ မမြတ်။
ကာမမယိကံ၊ ကာမဂုဏ်နှင့် စပ်၍ မြတ်နိုးအပ်သော။ ယံသုခဉ္စ၊ အကြင်ချမ်းသာသည်လည်းကောင်း။ ပဝိဝေကိယံ၊ ကာမဂုဏ်မှ ဆိတ်ခြင်းကြောင့်ဖြစ်သော။ ယံဒုက္ခဉ္စ၊ အကြင်ဆင်းရဲသည်လည်းကောင်း။ အတ္ထိ၊ ရှိ၏။
တေသု၊ ထိုနှစ်ပါးတို့တွင်။ ပဝဝေကိကံ၊ ကာမဂုဏ်မှ ဆိတ်ခြင်းကြောင့်။ ဒုက္ခံ၊ ဆင်းရဲသည်သာလျှင်။ သေယျော၊ မြတ်၏။ ကာမမယံ၊ ကာမဂုဏ်ချမ်းသာကို မှီ၍ ဖြစ်သော။ ယံ သုခံ၊ အကြင်ချမ်းသာသည်။ စေအတ္ထိ၊ အကယ်၍ ရှိငြားမူလည်း။ တံ၊ ထိုကာမဂုဏ်နှင့် စပ်၍ ဖြစ်‌သောချမ်းသာသည်။ နုသေယျော၊ မမြတ်။
အဓမ္မေန၊ မတရားသဖြင့်။ ယံဇိဝိတဉ္စ၊ အကြင်အသက်ရှင်ခြင်းသည်လည်းကောင်း။ ဓမ္မေန၊ တရားသဖြင့်။ ယံမရဏဉ္စ၊ အကြင်သေခြင်းသည်လည်းကောင်း။ အတ္ထိ၊ ရှိ၏။
တေသု၊ ထိုနှစ်ပါးတို့တွင်။ ဓမ္မိကံ၊ တရားနှင့်လျော်သော။ မရဏံ၊ သေခြင်းသည်။ သေယျော၊ မြတ်၏။ အဓမ္မိကံ၊ တရားနှင့်မလျော်သော။ ယံဇီဝေယံဇီဝိတံ၊ အကြင်အသက်ရှင်ခြင်းသည်။ အတ္ထိ၊ ရှိ၏။
တံ၊ ထိုတရားနှင့်မလျော်သော အသက်ရှင်ခြင်းသည်။ နသေယျော၊ မမြတ်။ ယေ၊ အကြင်ပုဂ္ဂိုလ်တို့သည်။ ကာမကောပပဟီနာ၊ ကာမတဏှာ အမျက်ထွက်ခြင်းတို့ကို ပယ်အပ်ကုန်သည်ဖြစ်၍။ သန္တစိတ္တာ၊ ငြိမ်သက်သော စိတ်ရှိကုန်သည်ဖြစ်၍။
လောကေ၊ ဥပါဒါနက္ခန္ဓာဟု ဆိုအပ်သော လောက၌။ အသိတာအနိဿိတာ၊ တဏ္ဍာဒိဋ္ဌိအစွမ်းဖြင့် မမှီကုန်သည်ဖြစ်၍။ ဘဝါဘဝေ၊ ဘဝငယ်ဘဝကြီး၌။ စရန္တိ၊ ဖြစ်ကုန်၏။ တေသံ၊ ထိုအရိယာ ပုဂ္ဂိုလ်တို့အား။ ပိယာပိယံ၊ လဘအလာဘစသော လောကဓံတရားရှစ်ပါး ရူပါရုံ စသည်တို့၌ ချစ်မြတ်နိုးခြင်းသည်။ နအတ္ထိ၊ မရှိ။
တေအရိယ ပုဂ္ဂလာ၊ ထိုအရိယာ ပုဂ္ဂိုလ်တို့သည်။ ဗောဇ္ဈင်္ဂေစ၊ သတိသမ္ဗေဇ္ဈင် စသောခုနစ်ပါးသော ဗောဇ္ဈင်တို့ကိုလည်းကေား။ ဣန္ဒြိယာနိစ၊ သဒ္ဓါစသော ငါးပါးသော ဣန္ဒြေတို့ကိုလည်းကောင်း။ ဗလာနိစ၊ သဒ္ဓါဗိုလ်စသော ငါးပါးသော ဗိုလ်တို့ကို လည်းကောင်း။ ဘာဝယိတွာန၊ သဒ္ဓါဗို်စသော ငါးပါးသော ဗိုလ်တို့ကို လည်းကောင်း။ ဘာဝယိတွာန၊ ပွါးစေ၍။
ပရမံ သန္တိံ၊ နိဗ္ဗာန်သို့။ အဗ္ဗုယှပါပုဏိတွာ၊ ရောက်၍။ အနာသဝေါ၊ ကင်းသော အာသဝေါ ရှိကုန်သည်ဖြစ်၍။ ပရိနိဗ္ဗန္တိ၊ အနုပါဒိသေသပရိနိဗ္ဗာနဓာတ်ဖြင့် ပရိနိဗ္ဗာန်ပြုကုန်၏။
ဣတိ၊ ဤသို့။ ဂေါဒတ္တောထေရော၊ ဂေါဒတ္ထထေရ်သည်။ ဣမာစုဒ္ဒသဂါထာယော၊ ဤဘွဲ့သီရွတ်ဆိုအပ်သော တဆဲ့လေးဂါထာတို့ကို။ အဘာသိတ္ထ၊ ဆိုပြိ။ ဂေါဒတ္တထေရဂါထာ အနက်ပြီး၏။
စုဒ္ဒသကမှီ နိပါတမှိ၊ စုဒ္ဒသကနိပါတ်၌။
ဥဒါနံ၊ ဥဒါန်းသည်ကား။
‌ရေဝတောစထေရော၊ ရေဝတထေရ်လည်းကောင်း။ ဂေါဒတ္တောစထေရော၊ ဂေါဒတ္တထေရ်လည်းကောင်း။ ဣတိ၊ ဤသို့။ မဟိဒ္ဓိကာ၊ ကြီးသော တန်ခိုးရှိကုန်သော။ တေဒွေထေရာ၊ ထိုနှစ်ပါးသော သောမထေရ်တို့သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။
ဂါထာယော၊ ဘွဲ့သီရွတ်ဆိုအပ်သော ဂါထာတို့ကား။ အဋ္ဌဝီသတိ၊ နှစ်ဆဲ့ရှစ်သီဘွဲ့သီ အလာရွတ်ဆိုအပ်သော ဂါထာတို့သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။ ဣတိ၊ ဤသည်လျှင်တည်း။ စုဒ္ဒသကနိပါတော၊ စုဒ္ဒသကနိပါတ်သည် ။ နိဋ္ဌိတော၊ ပြီးခြင်းသို့ ရောက်ပြီ။ စုဒ္ဒသကနိပါတ်ပြီး၏။