အာဝုသော၊ ငါ့ရှင်တို့။
ဓရဏီ၊ မြူနှင့်တကွသော မြေကို။
သိဉ္စတိ၊ သည်းစွာသော မိုဃ်းရည်အယဉ်တို့ဖြင့် သွန်းအပ်ပြီ။
မာလုတော၊ ရေပေါက်နှင့်ရောသော ချမ်းမြေ့သော လေသည်။
ဝါယတိ၊ လှိုင်ပြီ။
ဝိဇ္ဇုတာ၊ လျှပ်စစ်တို့သည်။
နဘေ၊ ကောင်းကင်၌။
မဟာမေဃတော၊ မိုဃ်းကြီးတွင်းမှ။
စရတိ နိစ္ဆရန္တိ၊ အမြင်အမြင်ကျ၍ ပြတ်ကုန်ပြီ။
တဒါ၊ ထိုအခါ၌။
ရဇော၊ ထသောမြူသည်။
ဥပသမန္တိယထာ၊ ငြိမ်းကုန်သကဲ့သို့။
ဧဝံ၊ ဤအတူ။
မေ၊ ငါ့အား။
ဝိတက္ကာ၊ ကာမဝိတက် အစရှိကုန်သော ဝိတက်တို့သည်။
ဥပသမန္တိ၊ အရိယမဂ်ကိုရသည်ရှိသော် ကုန်ပြီ။
မမ၊ ငါ၏။
စိတ္တံ၊ စိတ်သည်။
တတော၊ ထိုအရိယမဂ်ကို ရသောကြောင့်။
သမံ၊ အညီအညွတ်။
သုသမာဟိတံ၊ လောကုတ္တရာသမာဓိဖြင့် ကောင်းစွာ တည်ကြည်သည်။
ဟုတွာ၊ ဖြစ်၍။
ဥပသမန္တိ၊ ငြိမ်းကုန်ပြီ။
ဣတိ၊ ဤသို့။
ဝိမလောထေရော၊ ဝိမလထေရ်သည်။
အညဗျာကရဏေန၊ အရဟတ္ထဖိုလ်ကို ကြားခြင်းဖြင့်။
ဣမံဂါထံ၊ ဤဂါထာကို။
အဘာသိတ္ထ၊ ဆိုပြီ။
ဝိမလထေရဂါထာ အနက်ပြီး၏။
ပဉ္စမော၊ ငါးခုမြောက်သော။
ဝဂ္ဂေါ၊ ဝဂ်သည်။
နိဋ္ဌိတော၊ ပြီးခြင်းသို့ ရောက်ပြီ။
တဿ၊ ထိုပဉ္စမဝဂ်၏။
ဥဒါနံ၊ ဥဒါန်းသည်။
သီရိဝဍ္ဎောထေရော၊ သီရိဝဍ္ဎထေရ်လည်းကောင်း။
ရေဝတောထေရော၊ ရေဝတထေရ်လည်းကောင်း။
သုမင်္ဂလောထေရော၊ သုမင်္ဂလထေရ်လည်းကောင်း။
သာနုသဝှယော၊ သာနုမည်သော ထေရ်လည်းကောင်း။
ရမဏီယဝိဟာရီစ၊ ရမဏီယထေရ်လည်းကောင်း။
သမိဒ္ဓိ၊ သမိဒ္ဓိထေရ်လည်းကောင်း။
ဥဇ္ဇယော၊ ဥဇ္ဇယထေရ်လည်းကောင်း။
သဉ္ဇယော၊ သဉ္ဇယထေရ်လည်းကောင်း။
ရာမဏေယော၊ ရာမဏေယျ မည်သော။
သောထေရောစ၊ ထိုမထေရ်လည်းကောင်း။
စရဏဉ္ဇဟေဒံ၊ သံသရာခရီးသို့ သွားရောက်ကျင်လည်ကြောင်း ဖြစ်သော ကိလေသာ အဝိဇ္ဇာကို ပယ်စွန့်ပြီးသော။
ဝိမလောစ၊ ဝိမလထေရ်လည်းကောင်း။
ဣတိ၊ ဤသည်လျှင်တည်း။
ပဉ္စမဝဂ်ပြီး၏။