Issues
Select Version
နိဿယ
မြန်မာဘာသာ
Theragāthāpāḷi
Theragāthāpāḷi

2. Setucchattheragāthā

Author: နိဿယ @ IAPT

အာဝုသော၊ ငါ့ရှင်တို့။ မာနေန၊ ငါသာလျှင် မြတ်၏စသော နည်းဖြင့် ဖြစ်သော မာနသည်။ ဝဉ္စိတာမာနသေ၊ အမျိုးဥစ္စာကို ဖြတ်သဖြင့် လှည့်ပတ်တတ်စွတကား။ သင်္ခါရေသု၊ အဇ္ဈတ္တိကဗာဟိရဖြစ်ကုန်သော သင်္ခါရတရားတို့၌။ သံကိလိဿမာနသေ၊ ဧတံမမဧသောဟမသ္မိစသော နိမိတ်ကို ဘတ်ယူခြင်း စသည်ဖြင့် ညစ်ညူးခြင်း သို့ ရောက်တတ်စွတကား။
လာဘာလာဘေန၊ သင်္ကန်းအစရှိသော အဝတ်တို့ကို ရခြင်း မရခြင်း အကြောင်းဖြစ်ကုန်သော ချစ်ခြင်းမုန်းခြင်းဖြင့်။ မထိတာ အဘိဘဝိတာ၊ နှိပ်စက်ဘိစီးအပ်ကုန်စွတကား။ တေဧဝရူပါပုဂ္ဂလာ၊ ထိုသို့ သ‌ဘောရှိကုန်သော ပုဂ္ဂိုလ်တို့သည်။ သမာဓိံ၊ သမာဓိဝိပဿနာ အစွမ်းဖြင့် စိတ်၏ တည်ကြည်ခြင်း အဖြစ်ကို။ နာဓိဂစ္ဆန္တိ၊ မရောက်နိုင်ကုန်။
ဣတိ၊ ဤသို့။ သေတုစ္ဆတ္ထေရော၊ သေတုစ္ဆထေရ်သည်။ ကိလေသေ၊ ကိလေသာတို့ကို။ ဂရဟန္တော၊ ကဲ့ရဲ့လိုသည်ဖြစ်၍။ ဣမံဂါထံ၊ ဤဂါထာကို။ အဘာသိတ္ထ၊ ဆိုပြီ။ သေတုစ္ဆထေရဂါထာ အနက်ပြီး၏။