ယောဂဝံပတိ၊ အကြင်ဂဝံ ပတိမထေရ်သည်။
ဣဒ္ဓိယာ၊ တန်ခိုအားဖြင့်။
သရဘုံ၊ သရဘူမည်သော မြစ်ကို။
ပဋ္ဌပေသိ၊ ကြီးစွာသော တောင်ထွဋ်ကဲ့သို့ ပြု၍ တန့်စေ၏။
သောဂဝံပတိ၊ ထိုဂဝံ ပတိ ထေရ်သည်။
အသိတောတဏှာဒိဋ္ဌိ၊ တည်းဟူသော မှီရာကင်း၏။
အဗန္ဓော၊ ခပ်သိမ်းသော သံယောဇဉ်တို့ဖြင့် ဖွဲခြင်းမှ ကင်း၏။
အနေဇော၊ တဏှာဟူသော မြူလည်းမရှိ။
သဗ္ဗသံဂါတိဂတံ၊ ခပ်သိမ်းသော ရာဂဒေါသမောဟမာနဒိဋ္ဌိတည်း ဟူသော ငြိတွယ်ခြင်းကို လွန်၍ တည်ထသော။
ဘဝဿ၊ ဘဝသုံးပါး၏။
ပါရဂုံ၊ နိဗ္ဗာန်တည်းဟူသော ကမ်းတဖက်သို့ ရောက်ပြီးထသော။
တံမဟာမုနိံ၊ ထိုမြတ်သော အသေက္ခမုနိကို။
ဒေဝါပိ၊ နတ်တို့သည်လည်း။
နမဿန္တိ၊ ရှိခိုးကုန်၏။
ဣတိ၊ ဤသို့။
ဂဝံပတိတ္ထေရော၊ ဂဝံပတိထေရ်သည်။
ဘဂဝန္တံ၊ မြတ်စွာ ဘုရားကို။
ပူဇောဿာမိ၊ ပူဇော်အံ့။
ဣမံဂါထံ၊ ဤဂါထာကို။
အဘာသိတ္ထ၊ ဆိုပြီ။
ဂဝံပတိထေရဂါထာ အနက်ပြီး၏။