Issues
Select Version
နိဿယ
မြန်မာဘာသာ
Theragāthāpāḷi
Theragāthāpāḷi

8. Rāhulattheragāthā

Author: နိဿယ @ IAPT

ဥဘယေနဝ၊ အမျိုးအကျင့်နှစ်ပါးနှင့်သာလျှင်။ သမ္ပန္နော၊ ပြည့်စုံသော ။ ရာဟုသဘဒ္ဒေါတိ၊ ရာဟုလဘဒ္ဒဟူ၍။ မံ၊ ငါ့ကို။ ဝိဒူ၊ သိသော သီတင်းသုံးတော်တို့သည်။ ဇာနန္တိ၊ သိကုန်၏။
ယံယသ္မာ ကာရဏာ၊ အကြင်ကြောင့်။ ဗုဒ္ဓဿ၊ မြတ်စွာဘုရား၏။ ပုတ္တော၊ ရင်တော်အနှစ်သားတော်စစ်သည်။ အမှိ၊ ဖြစ်၏။ ယံယသ္မာကာရဏာ၊ အကြင်ကြောင့်။ ဓမ္မေသု၊ လောကီလောကုတ္တရာ ဓမ္မတို့၌။ စက္ခုမာ၊ မဂ်ပညာဟူသော စက္ခုရှိသည်။ အမှိ၊ ဖြစ်၏။
မေ၊ ငါ့အား။ ယဉ္စယေစအာသဝါ၊ အကြင်အာသဝေါတရားတို့သည်လည်း။ ခီဏာ၊ ကုန်ကုန်ပြီ။ ယဉ္စယောစပုနဗ္ဘဝေါ၊ အကြင်နောင်အခါတဘန်သစ်ဖြစ်ရခြင်းသည်လည်း။ နတ္ထိ၊ မရှိ။
အရဟာ၊ သံသရာစက်အကန့်ကို ဖျက်ဆီးတတ်သော။ ဒက္ခီဏေယျော၊ မြတ်သော အလှူကို ခံထိုက်သော ပုဂ္ဂိုလ်သည်။ အမှိ၊ ဖြစ်၏။ တေဝိဇ္ဇာ၊ ဝိဇ္ဇာသုံးပါးနှင့် ပြည့်စုံသော ။ အမတဒ္ဒသော၊ နိဗ္ဗာန်ကို မြင့်လေ့ရှိသော ပုဂ္ဂိုလ်သည်။ အမှိ၊ ဖြစ်၏။
ဣမေသတ္တကာယာ၊ ဤသတ္တဝါအပေါင်းတို့ကား။ ကာမန္ဓာ၊ ကာမတို့၌ ကန်းကုန်၏။ ဇာလသဉ္ဆန္နာ၊ ဘဝသုံးပါးကို လွန်၍တည်သော ဖွဲ့ချဉ်တတ်သော တဏှာကွန်ယက်ဖြင့် မိုးအပ်ကုန်၏။ တဏှာဆာဒနဆဒိတာ၊ တဏှာဟု ဆိုအပ်သော အမိုးဖြင့် ပိတ်အပ်မိုးအပ်ကုန်၏။
ပမတ္တဗန္ဓုနာဗန္ဓာ၊ မြုံဝ၌ ဖွဲ့အပ်သော ငါးအိမ်ဝ၌ ဖွဲ့အပ်သော ငါးကဲ့သို့ မာရ်၏ အနှောင်အဖွဲ့ဖြင့် ဖွဲ့အပ်ကုန်၏။ ကိံဝိယ၊ အဘယ်ကဲ့သို့ နည်းဟူမူကား။ ကုမိနာမုခေ၊ မြုံဝ၌။ မစ္ဆာဝမစ္ဆာဝိယ၊ ဖွဲ့အပ်သော ငါးတို့ကဲ့သို့တည်း။
တံကာမံ၊ ထိုသို့ သဘောရှိသော ကာမဂုဏ်အနှောင်အဖွဲ့ကို။ ဥဇ္ဈိတွာ၊ ရှေး၌ဖြစ်သော အကျင့်ဖြင့် ပယ်၍။ မာရဿ၊ ကိလေသာမာရ်၏ ။ ဗန္ဓနံ၊ အဖွဲ့ကို။ ဆေတွာ၊ အရဟတ္တမဂ်ဖြင့် အကြွင်းမဲ့ ဖြတ်၍။
သမူလံ၊ အဝိဇ္ဇာဟု ဆိုအပ်သော အမြစ်နှင့်တကွသော။ တဏှံ၊ ကာမတဏှာ စသည်ကို။ အဗ္ဘုယှ၊ နှုတ်၍။ သိတိဘူတော၊ ကိလေသာတည်းဟူသော ပူလောင်ခြင်းမှ ငြိမ်းပြီးသည်ဖြစ်၍။ နိဗ္ဗုတော၊ သဥပါဒိသေသနိဗ္ဗာန်ဓာတ်ဖြင့် ငြိမ်းပြီးသည်။ အမှိ၊ ဖြစ်၏။
ဣတိ၊ ဤသို့။ ရာဟုလောထေရော၊ ရာဟုလထေရ်သည်။ ဣမံဂါထာစတုက္ကံ၊ ဤဂါထာလေးခုအပေါင်းကို။ အဘာသိတ္ထ၊ ဆိုပြီ။ ရာဟုလထေရဂါထာ အနက်ပြီး၏။