Issues
Select Version
နိဿယ
မြန်မာဘာသာ
Theragāthāpāḷi
Theragāthāpāḷi

4. Uttiyattheragāthā

Author: နိဿယ @ IAPT

ဒေဝါ၊ မိုဃ်းသည်။ ယထာသုဂီတံ၊ ကောင်းစွာသိအပ်သည်နှင့် တူသော ထစ်ကြိုးခြင်းကို။ ဂဇ္ဇန္တော၊ ထစ်ကြိုးလျက်။ ဝဿတိ၊ ရွာလော။ မေ၊ ငါ၏။ ကုဋိကာ၊ ကုဋိတို့ကို။ ဆန္နာ၊ မိုးအပ်ပြီးသည်ဖြစ်၍။ နဝါတာ၊ လေပြင်းဘေးရန်မှ ကင်းသည်ဖြစ်၍။ သုခါ၊ ချမ်းသာသော နေခြင်းရှိကုန်၏။
တဿံကုဋိယံ၊ ထိုကုဋိ၌။ အဒုတိယော၊ ကိလေသာတည်းဟူသော နှစ်ယောက်မြောက်သော ‌အဘောမရှိသည်ဖြစ်ဲ၍။ ဝိဟရာမိ၊ အရိယဝိဟာရစသည်နှင့်တကွ ဣရိယာ ပထဝိဟာရ ဖြင့်နေ၏။ ဒေဝ၊ မိုဃ်းနတ်သား။ အထဣဒါနိ၊ ယခုအခါ၌။ ဒေဝဝဿနံ၊ မိုဃ်းရွာခြင်းကို။ စေပတ္ထယသိ၊ အကယ်၍ အလိုရှိအံ့။ ပဝဿ၊ အရည်ထန်စွာရွာလော။
ဣတိ၊ ဤသို့။ ဥတ္တိယောထေရော၊ ဥတ္တိယထေရ်သည်။ ဣမံဂါထံ၊ ဤဂါထာကို ။ အဘာသိတ္ထ၊ ဆိုပြီ။ ဥတ္တိယထေရဂါထာ အနက်ပြီး၏။