Issues
Select Version
နိဿယ
မြန်မာဘာသာ
Theragāthāpāḷi
Theragāthāpāḷi

7. Sambhūtattheragāthā

Author: နိဿယ @ IAPT

‌ယော၊ အကြင်သူသည်။ ဒန္ဓကာလေ၊ အပ်သလောမအပ်သလောဟု ယုံမှားအပ်သော ကာလ၌။ တရတိ၊ အယူကို နှိပ်နင်းလွန်၍ ကူးမြောက်၏။ တရဏိယေ၊ သမထဝိပဿနာနှင့်ယှဉ်သော လောကူးမြောက်ခြင်းသို့ ရောက်သည်ရှိသော်။ သီဃံ၊ လျှင်စွာ။ တံကိစ္စံ၊ ထိုကိစ္စကို။ အာဂမနမာသေ၊ လာလတ္တံ့လောက၌ လည်းကောင်း။ ပက္ခေဝါ၊ ပက္ခ၌လည်းကောင်း။ ကရိဿာမိ၊ ပြအံ့ဟူ၍။ ဒန္ဓယေဒန္ဓယေယျ၊ ထိုကိစ္စကို ပြုလျက်သာလျှင် ကာလကို လွန်စေရာ၏။
အယောနိသော၊ မသင့်သော အားဖြင့်။ သံဝိဓာနေန၊ အကြောင်းကို စီရင်သော အဖြစ်ဖြင့်။ ဗာလော၊ ပညာနည်းသော ပုဂ္ဂိုလ်သည်။ ဒုက္ခံ၊ ယခုကာလနောင်ကာလဖြစ်‌လတ္တံ့သော ဆင်းရဲဟု ဆိုအပ်သော အကျိုးမဲ့သို့။ နိဂစ္ဆတိ၊ ရောက်၏။
တဿပုဂ္ဂသဿ၊ ထိုသို့သဘောရှိသော ပုဂ္ဂိုလ်၏။ အတ္ထာ၊ ဒိဋ္ဌဓမ္မိကသမ္ပရာယိကစသော အပြားအားဖြင့် များသော အကျိုးတို့သည်။ ကာဠပက္ခေ၊ လဆုတ်ပက္ခ၌။ စန္ဒိမာဝစန္ဒိမာဣဝ၊ လကဲ့သို့။ ပရိဟာယန္တိ၊ နေ့တိုင်းနေ့တိုင်းကုန်ခြင်းသို့ ရောက်ကုန်၏။
အာယသကျဉ္စ၊ ဤသူကား မသဒ္ဓါသော ပုဂ္ဂိုလ်ပျင်းသော ယုတ်သော လုံ့လရှိသော ပုဂ္ဂိုလ်စသည်ဖြင့် ပညာရှိတို့ ကဲ့ရဲ့အပ်သည်၏ အဖြစ်သို့။ ပပ္ပေါတိ၊ ရောက်၏။ မိတ္တေဟိ၊ အဆုံးအမကို ပေးတတ်သော ဆွေခင်ပွန်းကောင်းတို့နှင့်။ ဝိရုဇ္ဈတိ၊ အဆုံးအမကို မယူသောအားဖြင့် ဆန့်ကျင့်၏။
ယောပုဂ္ဂလော၊ အကြင်ပုဂ္ဂိုလ်သည်။ ဒန္ဓကာလေ၊ အပ်သလောမအပ်သလောဟု ယုံမှားအပ်သော ကာလ၌။ ဒန္ဓတိ၊ ယုံမှားသင်္ကာကိုလွန်စေ၏။ တရဏီယေစ၊ သမထဝိပဿနာနှင့်ယှဉ်သော ကူးမြောက်ခြင်းသို့ ရောက်သည်ရှိသော်။ တာရယေ၊ လျှင်စွာကိစ္စကို အားထုတ်၍ လွန်မြောက်စေ၏။
ယောနိသော သံဝိဓာနေန၊ အကြောင်း အသင့်ကို စီရင်သဖြင့်။ ပဏိတော၊ ပညာရှိသော ပုဂ္ဂိုလ်သည်။ သုခံ၊ ယခုအခါနောင်အခါ ချမ်းသာခြင်းဟု ဆိုအပ်သော အကျိုးသို့။ ပပ္ပေါတိ၊ ရောက်၏။
တဿ၊ ထိုသို့သဘောရှိသော ပုဂ္ဂိုလ်အား။ အတ္တာ၊ ဒိဋ္ဌဓမ္မိကသမ္ပရာယိတစသော အားဖြင့် များသော အကျိုးတို့သည်။ သုက္ကပက္ခေ၊ လဆန်းပက္ခ၌။ စန္ဒိမာဝစန္ဒိမာဣဝ၊ လကဲ့သို့။ ပရိပူရေန္တိ၊ နေ့တိုင်းနေ့တိုင်းပြည့်ကုန်၏။
ယသော ကိတ္တိဉ္စ၊ ဤသူကား သဒ္ဓါကြည်ညိုသော ပုဂ္ဂိုလ်မပျင်းမရိလုံ့လ အားထုတ်သော ပုဂ္ဂိုလ်စသည်ဖြင့် ကျော်စောခြင်း ပညာရှိတို့သည်ချီးမွမ်းအပ်သော အဖြစ်သို့လည်း။ ပပ္ပေါတိ၊ ရောက်၏။ မိတ္တေဟိ၊ အဆုံးအမကို ပေးတတ်သော အဆွေခင်ပါန်းကောင်းတို့နှင့် ။ နဝိရုဇ္ဈဆိ၊ အဆုံးအမကိုခံယူသော အားဖြင့် မဆန့်ကျင်။
ဣတိ၊ ဤသို့။ သမ္ဘူတောထေရော၊ သမ္ဘူတထေရ်သည်။ ဣမံဂါထာစတုက္ကံ၊ ဤဂါထာလေးခုအပေါင်းကို။ အဘာသိတ္ထ၊ ဆိုပြီ။ သမ္ဘူတထေရဂါထာ အနက်ပြီး၏။