အာဝုသော၊ ငါ့ရှင်တို့။
အဟံ၊ ငါသည်။
ပဉ္စက္ခန္ဓာ၊ ငါးပါးသော ခန္ဓာတို့ကို။
ပရိညာတာ၊ ပိုင်းခြား၍ သိအပ်ကုန်ပြီ။
ဆိန္နမူလကာ၊ ပြတ်သောဝဋ်မြစ်ရှိကုန်သည်ဖြစ်၍။
တိဋ္ဌန္တိ၊ တဘန်ပဋိသန္ဓေနေသော အားဖြင့် တည်ကုန်ပြီ။
မေ၊ ငါ့အား။
ဒုက္ခက္ခယော၊ ခပ်သိမ်းသော ဆင်းရဲ၏ ကုန်ရာဖြစ်သော နိဗ္ဗာန်သို့။
အနုပ္ပတ္တေ၊ အစဉ်အတိုင်းရောက်ပြီ။
မေ၊ ငါ့အား။
အာသဝက္ခယော၊ အာသဝေါတရားတို့၏ ကုန်ခြင်းသို့။
ပတ္တော၊ ရောက်ပြီ။
ဣတိ၊ ဤသို့။
ဣသိဒတ္တောထေရော၊ ဣသိဒတ္တထေရ်သည်။
ဣမံဂါထံ၊ ဤဂါထာကို။
အဘာသိတ္ထ၊ ဆိုပြီ။
ဣသိဒတ္ထထေရဂါထာ အနက်ပြီး၏။
ဒွါဒသမော၊ တဆယ့်နှစ်ခုမြောက်သော။
ဝဂ္ဂေါ၊ ဝဂ်သည်။
နိဋ္ဌိတော၊ ပြီးခြင်းသို့ ရောက်ပြီ။
တတြဿ၊ ထိုဒွါဒသမဝဂ်၏။
ဥဒါနံ၊ ဥဒါန်းသည်။
ဇေန္တောစ၊ ဇေန္တထေရ်လည်းကောင်း။
ဝစ္ဆဂေါတ္တောစ၊ ဝစ္ဆဂေါတ္ထထေရ်လည်းကောင်း။
ဝစ္ဆောစဝနမဝှယော၊ ဝနဝစ္ဆထေရ်လည်းကောင်း။
အဓိမုတ္တောထေရော၊ အဓိမုတ္တထေရ်လည်းကောင်း။
မဟနာမော၊ မဟာနာမထေရ်လည်းကောင်း။
ပါရံပရိယော၊ ပါရံပရိယထေရ်လည်းကောင်း။
ယသောပိစ၊ ယသထေရ်လည်းကောင်း။
ကိမိလောပိစ၊ ကိမိလထေရ်လည်းကောင်း။
ဝဇ္ဇိပုတ္တောစ၊ ဝဇ္ဇိပုတ္တထေရ်လည်းကောင်း။
မဟာယသော၊ များသော ကျော်စေခြင်းရှိသော။
ဣသိဒတ္တော၊ ဣသိဒတ္တထေရ်လည်းကောင်း။
ဣတိ၊ ဤသည်လျှင်တည်း။
ဒွါဒသဝဂ်ပြီး၏။
ဝီသုတ္တရသတံထေရာ၊ တရာနှစ်ကျိပ်သော မထေရ်တို့သည်။
ကတကိစ္စာ၊ ပြုအပ်ပြီးသော တဆဲ့ခြောက်ပါးသော မဂ်ကိစ္စရှိကုန်၏။
အနာသဝါ၊ ကင်းပြီးသော အာသဝေါရှိကုန်၏။
မဟေသီတိ၊ မြတ်သော သီလက္ခန္ဓာစသော ကျေးဇူးကို ရှာမှီးလေ့ရှိကုန်ထသော။
တေဟိထေရေတိ၊ ထိုအရှင်မဟာကဿပ အရှင်အာနန္ဒာ အစရှိကုန်သော မထေရ်တို့သည်။
ဧကကေဝနိပါတမှိဧကကာဝနိပါတာ၊ တခုတခုသော ဂါထာတို့၏ စုဝေးရာကျရာ ဖြစ်သောနိပါတ်တို့ကို။
သုသံဂီထာ၊ ကောင်းစွာ စုဝေး၍ ရွတ်သော အားဖြင့် သင်္ဂါယနာတင်အပ်ကုန်ပြီ။
ဣတိဣမိနာဝုတ္တပကာရေန၊ ဤသို့ ဆိုအပ်ခဲ့ပြီးသော အပြားအားဖြင့်။
ဧကနီပါတော၊ ဧကနိပါတ်သည်။
နိဋ္ဌိတော နိဋ္ဌံဣတောဂတောပတ္တော၊ အပြီးသို့ရောက်ပြီ။
ဧကနိပါတ် ပြီး၏။