Issues
選擇版本
နိဿယ
မြန်မာဘာသာ
Theragāthāpāḷi
Theragāthāpāḷi

4. Catukanipāto

作者: နိဿယ @ IAPT

အာဝုသော၊ င့ါရှင်တို့။ အလင်္ကတာ၊ လက်ကောက်ခြေကျင်းစသော တန်ဆာတို့ဖြင့် တန်ဆာဆင်အပ်သော ကိုယ်ရှိထသော။ သုဝသနာ၊ တင့်တယ်သော အဝတ်ကို ဝတ်ခြင်းရှိထသော။ မာလိနီ၊ ပန်သော ပန်းလည်းရှိထသော။ စန္ဒနုဿဒါ၊ စန္ဒကူးရည်ဖြင့် လိမ်းကျံအပ်သော ကိုယ်ရှိသော။
နာရီနဋ္ဋကီ၊ တယောက်သော ကချေသည် မိန်းမသည်။ မဇ္ဈေမဟာပထေ၊ ခရီးလမ်းမ၏ အလယ်၌။ တူရိယေ၊ အင်္ဂါငါးပါးနှင့် ပြည့်စုံသော စည်ကို။ ဝိဇ္ဇန္တေ၊ တီးသည်ရှိသော်။ နစ္စတိနစ္စံကရောတိယထာ၊ ကခြင်းကို ပြုသကဲ့သို့။
ဧဝံတထာ၊ ထိုအတူ။ ပိဏ္ဍိကာယ၊ ဆွမ်းအလို့ငှါ။ ပဝိဋ္ဌော၊ ဝင်သော။ အဟံ၊ ငါသည်။ ဂစ္ဆန္တော၊ မြို့ခရီး၌သွားလျက်။ ဩလောကေန္တော၊ ‌ဘေးရန်တို့ကို ပယ်ဖျောက်အံ့သော ငှါ ခရီးသို့ ကြည့်သည်ရှိသော်။
အလင်္ကတံ၊ လက်ကောက်ခြေကျင်းစသော တန်ဆာဖြင့် တန်ဆာဆင်အပ်သော ကိုယ်ရှိသော ။ သုဝသနံ၊ တင့်တယ်သော အဝတ်ကို ဝတ်ခြင်းရှိသော။ နံနစ္စတိံ၊ ထိုကချေသည်မကို။ ဥဒိက္ခိသံ၊ မြင်မိ၏။ ကိံဝိယ၊ အဘယ်ကဲ့သို့ ဖြစ်သနည်းဟူမူကား။ မစ္စုပါသံ၊ သေမင်း၏ ကြော့ကွင်းသဖွယ်ဖြစ်၍ ဖြစ်သော ဇရာ စသော ကြော့ကွင်းကို။ ဩဍ္ဍိတံ၊ ထောင်အပ်သည်ကို။ ဥဒိက္ခိသံ၊ မြင်၏။
တတောတသ္မာကာရဏာ၊ ထိုသို့ သေမင်း၏ ကြော့ကွင်းနှင့် တူသောကြောင့် ။ မေမမ၊ င့ါအား။ ယောနိသော၊ အသင့်အားဖြင့် ။ မနသိကာရော၊ ဤကားအရိုးစုပါတကားဟု နှလုံးသွင်းခြင်းသည်။ ဥဒပဇ္ဇထ၊ ဖြစ်လတ်၏။
အာဒီနဝေါ၊ ဤသို့ ကိုယ်၏အပြစ်ကို ဆောင်ခြင်းကို အရင်းပြုသဖြင့် ကိုယ်၌ မှီကုန်သော စိတ်စေတသိက်တို့၏ ဖြစ်ခြင်းပျက်ခြင်းရှိသော အဖြစ်အားဖြင့် ထင်ကုန်သော များစွာသော အခြင်းအရာရှိသော အဖြစ်သည်။ ပါတုရဟု၊ ထင်ရှားဖြစ်ပြီ။ နိဗ္ဗိဒါ၊ အပြစ်ကို ရှုသော ဘာဝနာကိစ္စအားဖြင့် ပြီးသော ဝဋ်၌ငြီးငွေ့သော ဉာဏ်သည် ။ သမ္ပတိဋ္ဌထ၊ ငါ၏ နှလုံး၌ ကောင်းစွာတည်ပြီ။
မေ၊ ငါ၏။ စိတ္တံ၊ စိတ်သည်။ ဝိမုစ္စိ၊ လောကုတ္တရာဘာဝနာကို ပွါးစေသည်၏ အစွမ်းဖြင့်ဖြစ်သော မဂ်၏ အစဉ်ဖြင့် အလုံးစုံသော ကိလသာတို့မှ လွတ်ပြီ။ ဗုဒ္ဓဿ၊ မြတ်စွာဘုရား၏။ ဓမ္မသုဓမ္မတံ၊ တရားတော်၏ ကောင်းသော တရား၏ အဖြစ်ကို။ ပဿ၊ ရှုလော။
မယာ၊ ငါသည်။ တိဿောဝိဇ္ဇာ၊ သုံးပါးသော ဝိဇ္ဇာတို့ကို။ အနုပ္ပတ္တာ၊ အစဉ်အတိုင်း ရအပ်ကုန်ပြီ။ ဗုဒ္ဓဿ၊ မြတ်စွာဘုရား၏။ သာသနံ၊ အဆုံအမတော်ဖြင့်သော မဂ်ဟူသောအကျင့်ကို။ ကတံကရဏီယံ၊ ပြုအပ်ပြီ။
ဣတိ၊ ဤသို့။ နာဂသမာထတ္ထေရော၊ နာဂသမာလထေရ် သည်။ ဣမံဂါထာ စတုတ္ထံ၊ ဤဂါထာ လေးခုအပေါင်းကို ။ အဘာသိတ္ထ၊ ဆိုပြီ။ နာဂမာလထေရဂါထာ အနက်ပြီး၏။
အာဝုသော၊ ငါ့ရှင်တို့။ အယံ၊ ငါသည်။ မိဒ္ဓေန၊ ကိုယ်၏ ပျင်းရိခြင်းဟု ဆိုအပ်သော မစွမ်းနိုင်ခြင်း ပင်ပန်းခြင်းသဘောရှိသော မိဒ္ဓသည်။ ပကတော အဘိဘူတော၊ နှိပ်စပ်အပ်သည်ဖြစ်၍။ ဝိဟာရာ၊ အိပ်ရာနေရာဖြစ်သော ကျောင်းမှ။ ဥပနိက္ခမိံ၊ စင်္ကြံသွားအံ့သော ငှါ ထွက်ပြီ။
စင်္ကမံ၊ စင်းကြံသို့။ အဘိရူဟန္တော၊ တက်သည်ရှိသော်။ တတ္ထေဝ၊ ထိုစင်းကြံ၏ စောင်းတန်း၌သာလျှင်။ ဆမာဆမာယံ၊ မြေ၌။ ပတတေ၊ ငိုက်မျည်းခြင်းဖြင့် နှိပ်စက်သည်ဖြစ်၍လည်း၏။
ဂတ္တာနိ၊ မြေ၌လည်းသော အခါ ကိုယ်၌ မြေမှုန့်အလိမ်းအလိမ်းကပ်သော ကိုယ်၏ အစိတ်တို့ကို။ ပရိပဇ္ဇိတွာ၊ သုတ်ခါ၍။ ပုနပိ၊ တဘန်လည်း။ စင်္ကမံ၊ စင်္ကြံသို့။ အာရုယှ၊ တက်၍။
စင်္ကမေ၊ ကြံ၍။ စင်္ကမံန္တော၊ ထိုမှ ဤမျ စင်္ကြံသွာ‌ေးသာ။ သောအဟံ၊ ထိုငါသည်။ အဇ္ဈတ္တံ အဇ္ဈတ္တေန၊ သမာဓိဟု ဆိုအပ်သော ကမ္မဋ္ဌာန်းအာရုံ၌။ သုသမာဟိတော၊ နီဝရဏတို့ကိုခွါသဖြင့် ကောင်းစွာ တည်ကြည်သော စိတ်ရှိသည်ဖြစ်၍။ စင်္ကမိံ၊ စင်္ကြံသွားပြီ။
တတော၊ ထိုသို့ စင်္ကြံသွားပြီးသော နောင်မှ။‌ မေမမ၊ ငါ့အား။ ယောနိသောမနသိကာရော၊ ဤအရိုးစုကား အကြောနှင့်စပ်၏ အသားဖြင့်လိမ်းကျံအပ်၏ ဤသို့ အစရှိသော သင့်သော နှလုံးသွင်းခြင်းရှိသည်။ ဥဒပဇ္ဇထ၊ ဖြစ်လတ်၏။
အာဒီနဝေါ၊ ဤကိုယ်၏ သဘောကို ဆောင်ခြင်းကို အရင်းပြုသဖြင့် ထိုကိုယ်၌ မှီကုန်သော စိတ်စေတသိက်တို၏ အဖြစ်အပျက်ကို နှလုံးသွင်းခြင်းထိုစေတသိက်တို့၌ ဘီလူးရက္ခိုသ်စသည်တို့ကဲ့သို့ ဘေးအားဖြင့် ထင်စွာသော အခြင်းအရာရှိသော အပြစ်သည်။ ပါတုရတိ၊ ထင်ရှားဖြစ်ပြီ။ နိဗ္ဗိဒါ၊ အပြစ်ကို ရှုသော ဘာဝနာကိစ္စဖြင့် ပြီးသော ဝဋ်ဆင်းရဲမှ ငြီးငွေ့သော ဉာဏ်သည်။ သမတိဋ္ဌထ၊ ငါ၏နှလုံး၌ ကောင်းစွာတည်ပြီ။
တတော၊ ထိုဝိပဿနာ ဉာဏ်ဖြစ်သည်မှ။ မေမမ၊ ငါ၏။ စိတ္တံ၊ စိတ်သည်။ ဝိမုတ္တိ၊ မဂ်အစဉ်အားဖြင့် အလုံးစုံသော ကိလေသာတို့မှ လွတ်ပြီ။ ဗုဒ္ဓဿ၊ မြတ်စွာဘုရား၏။ ဓမ္မသုဓမ္မတံ၊ တရာ‌တော်၏ ကောင်းမြတ်သော တရား၏ အဖြစ်ကို။ ပဿ၊ ရှုလော။ မယာ၊ ငါသည်။ တိဿောဝိဇ္ဇာ၊ သုံးပါးသော ဝိဇ္ဇာတို့ကို။ အနုပ္ပတ္တာ၊ အစဉ်အတိုင်းရအပ်ကုန်ပြီ။
ဗုဒ္ဓဿ၊ မြတ်စွာဘုရား၏။ သာသနံ၊ အဆုံးအမတော်ဖြစ်သော အကျင့်ကို။ ကတံကရဏီယံ၊ ပြုအပ်ပြီ။
ဣတိ၊ ဤသို့။ ဘဂုတ္ထေရော၊ ဘဂုထေရ်သည်။ ဣမံဂါထာစတုက္ကံ၊ ဤဂါထာလေးခုအပေါင်းကို။ အဘာသိတ္ထ၊ ဆိုပြီ။ ဘဂုထေရဂါထာ အနက်ပြီး၏။
ဘောန္တော၊ အိုရဟန်းများတို့။ ပရေ၊ ပညာရှိမှ တပါးသော သူတို့သည်။ ဧတ္ထ၊ ဤဓမ္မအဓမ္မ၌။ မယံ၊ ငြင်းခုံခြင်းကို ပြုကုန်သော ငါတို့သည်။ ယမာမသေ၊ အမြဲပင်ပန်းသည်ဖြစ်၍ သေမင်း၏နိုင်ငံသို့ သွားကုန်အံ့ဟူ၍။ နဝိဇာနန္တိ၊ မသိကုန်။
တတ္ထ၊ ထိုဓမ္မအဓမ္မစသည်၌။ ယောစပဏ္ဍိတာ၊ အကြင်ပညာရှိတို့သည်လည်း။ ဝိဇာနန္တိ၊ ငါတို့ကားသေမင်း၏အနီးသို့ ရောက်ရကုန်အံ့ဟု သိကုန်၏။ တတော၊ ထိုသို့ သိသောကြောင့်။ ယောနိသောမနသိကာရံ၊ အသင့်အားဖြင့် နှလုံးသွင်းခြင်းကို။ ဥပ္ပါဒေတွာ၊ ဖြစ်စေ၍။ မေဓဂါနံ၊ ငြင်းခုံခြင်းတို့ကို။ ဝူပသုမာယ၊ ငြိမ်းစေခြင်းငှါ။ ပဋိပဇ္ဈန္တိ၊ ကျင့်ကုန်၏။
အထ၊ ထိုသို့ ကျင့်သော အခါ၌။ နေသံ၊ ထိုပညာရှိတို့ကား။ တေမေဓဂါ၊ ထိုငြင်းခုံခြင်းတို့သည်။ သမံန္တိ၊ အကျင့်ကို ကျင့်သဖြင့် ငြိမ်းကုန်၏။ ယဒါစ၊ အကြင်အခါ၌လည်း။ အဝိဇာနန္တာ၊ ငြင်းခုံခြင်းငြိမ်းအံ့သော အကြောင်းကို အဟုတ်မမှန်မသိကုန်သည်ဖြစ်၍။ ဣရိယန္တာမရာဝိယ၊ အိုခြင်းသေခြင်းကိုလွန်ကုန်သကဲ့သို့။ ဥန္နဠာစ၊ ထက်သော မာန်ရှိကုန်သည်လည်းကောငး်။ မုခရာစ၊ နှုန်ကြမ်းကုန်သည်လည်းကောင်း။ ဝိကိဏ္ဏဝါစာယ၊ ဖရိုဖရဲ ကြဲသော စကားရှိကုန်သည်လည်းကောင်း။ ဟုတွာ၊ ဖြစ်ကုန်၍။ ဝတ္တန္တိစရန္တိ၊ ကျင့်ကုန်၏။
တဒါ၊ ထိုအခါ၌။ ဝိဝါဒေါ၊ ငြင်းခုံခြင်းသည်။ နဝူပသမတေဝ၊ မငြိမ်းသလျှင်ကတည်း။ ယေစပဏ္ဍိတာ၊ အကြင်ပညာရှိတို့သည်လည်း။ ဓမ္မံ၊ မြတ်စွာဘုရား၏ သာသနာဓမ္မကို။ ဝိဇာနန္တိ၊ ဟုတ်မှန်စွာသိကုန်၏။ တေပဏ္ဍိတာ၊ ထိုပညာရှိတို့သည်။ အာတုရေသု၊ ကိလေသာရာဂဖြင့် ကျင်နာခြင်းရှိကုန်သော သတ္တဝါတို့၌။ အနာတုရာ၊ ကိလေသာကင်းသော အားဖြင့် ဆင်းရဲမရှိကုန်သည်ဖြစ်၍။ ဝိဟရန္တိ၊ နေကုန်၏။
တေသံ၊ ထိုပညာရှိတို့အား။ ဝိဝါဒေ၊ ငြင်းခုံခြင်းသ်ည။ ဝူပသမတိ၊ စင်စစ်လျှင် ငြိမ်း၏။ သိထိလံ၊ လျော့လျော့ယူခြင်းကို ပြု၍ မြဲမြဲစွာပြုအပ်သော။ ယံကိဉ္စိတ၊ အလုံးစုံသော ။ ယကမ္မံ၊ အကြင်ကုသိုလ်ကံသည်၎င်း။ သံကိလိဋ္ဌံ၊ ပြည့်တန်ဆာမတို့၌ ချစ်ကျွမ်းဝင်သဖြင့် ဆွမ်းခံခြင်း စသော ညစ်နွမ်းစွာသော။ ယံဝတံ၊ အကြင်အလေ့အကျင့်သည်လည်းကောင်း။ သကဿရံ၊ င့ါအား ဥက္ခေပနိယကံကို ပြုလို၍ သံဃာတို့စည်းဝေးလေသလောဟု မိမိအား ယုံမှားသဖြင့် အောက်မေ့အပ်သော။ ယံဗြဟ္မစရိယံ၊ အကြင်ရဟန်းတရားတို ပြုခြင်းသည်လည်းကောင်း။ အတ္ထိ၊ ရှိ၏။
တံ၊ ထိုသို့ ဆိုအပ်ပြီးသော အမှုအကျင့်သည်။ တဿပုဂ္ဂလဿ၊ ထိုပုဂ္ဂိုလ်အား။ မဟပ္ဖလံ၊ များမြတ်သော အကျိုးရှိသည်။ နဟောတိ၊ မဖြစ်။
ယဿ ပုဂ္ဂလဿ၊ အကြင်ပုဂ္ဂိုလ်အား။ သဗြဟ္မစာရီသု၊ အရိုအသေပြုအပ်သော သီတင်းသုံတော်တို့၌။ ဂါရဝေါ၊ အလေးအမြတ် ရိုသေခြင်းသည်။ နုပလဗ္ဘတိနဝိဇ္ဇတိ၊ မရှိ။
သော ပုဂ္ဂလော၊ ထိုပုဂ္ဂိုလ်သည်။ ပထဝီယာ၊ မြေမှ။ နဘံ၊ ကောင်းကင်သည်။ အာရကာယထာ၊ ဝေးသကဲ့သို့။ သဒ္ဓမ္မာ၊ သူတော်ကောင်းတရားမှ။ အာရကာ၊ ဝေးသည်။ ဟောတိ၊ ဖြစ်၏။
ဣတိ၊ ဤသို့။ သဘိယောထေရော၊ သတိယထေရ်သည်။ ဣမံဂါထာစတုက္ကံ၊ ဤဂါထာ လေးခုအပေါင်းကို ။ အဘာသိတ္ထ၊ ဆိုပြီ။ သတိယထေရဂါထာ အနက်ပြီး၏။
ပူရေ၊ အလွန်စက်ဆုပ် ရွံရှာဘွယ်ရှိသော မျိးမျိုးအထူးအထူးသော မစင်တို့ဖြင့် ပြည့်သော။ ဒုဂ္ဂန္ဓေ၊ ထိုပိုးမျိုး မစင်တို့ဖြင့် ပြည့်သော သဘောရှိသောကြောင့် မကောင်းသော အနံ့ရှိကုန်သော ။ မာရပက္ခေ၊ ကိလေသာမာရ်၏ အဘို့၌ ဖြစ်ကုန်သော။ အဝဿုတေ၊ အခါခပ်သိမ်းကိလေသာတည်းဟူသော မိုဃ်းရည် ထိုထိုသော အရပ်၌ မစင်၏ အရည်အစက်တို့ဖြင့် စွတ်ကုန်သော။ နဝဟိဒွါရေဟိ၊ ကိုးပါးသော ဒွါရတို့မှ။
အဝဿတာနိ၊ ယိုစီးကုန်သော။ ထာနိဇိဂုစ္ဆိတာနိ၊ ထိုစက်ဆုပ်ရွံရှာဘွယ်တို့သည်။ သန္တိ၊ ရှိကုန်၏။ တေ၊ သင်၏။ ကာယေ၊ ကိုယ်၌။ ယာနိ၊ အကြင်သို့သဘောရှိကုန်သော မစင်ကျင်ငယ်နှပ်တံထွေး အစရှိသော စက်ဆုပ်ဘွယ်တို့သည်။ သဗ္ဗဒါ၊ အခါသိမ်သိမ်း။ သန္ဒန္တိ၊ စီးယိုကုန်၏။ တာနိတာဒိသာနိ၊ ထိုသို့ သဘောရှိကုန်သော ကျင်ငယ်ကျင်ကြီး ပိုးလောက်တို့ဖြင့် ပြည့်သော ကိုယ်အစိတ်တို့သည် မီးဆုပ်ဘွယ်သည်။ အတ္ထု၊ ဖြစ်လေစွတကား။
ပုရာဏံ၊ ရှေးမသိသော ကာလ၌ ဖြစ်သော ရယ်ရွှင်ပြောဟောမြူးတူးခြင်းကို။ မာအမညိတ္ထောမာအမညိ၊ မအောက်မေ့လင့်။ ဣဒါနိပိ၊ ယခုအခါ၌လည်း။ ဧဝံ၊ ဤသို့ ရှေးနည်းဖြင့်။ ပဋိပဇ္ဇိဿတီတိ၊ ကျင့်ရလတ္တံ့ဟူ၍။ မာစိန္တယိ၊ မကြံလင့်။ တထာဂတေ၊ လာခြင်းကောင်းသော အရိယာသာဝကအပေါင်း၌။ မာသာဒေသိ၊ ပကတိ သတ္တဝါကဲ့သို့ မထီမဲ့မြင် ပြုသဖြင့် ကိလေသာ အစွမ်းဖြင့် တပ်မည်ဟု မအောက်မေ့သင့်။
တေ၊ ထိုဘုရားတည့်သားဖြစ်ကုန်သော အရိယာ ပုဂ္ဂိုလ်တို့သည်။ သဂ္ဂေပိ၊ သဗ္ဗညုဘုရားရှင်သည် ဟောကြားခြင်း ဖြင့် ဆုံးစေခြင်းငှါ မတတ်ကောင်းသော ချမ်းသာရှိသော နတ်ပြည်၌လည်း။ နရဇ္ဇန္တိ၊ ရာဂဖြင့် တပ်ခြင်းကို မဖြစ်စေကုန်။ မာနုသေ၊ မစင်စုနှင့် တူသော လူတို့ကာမဂုဏ်ချမ်းသာ၌။ ကိမင်္ဂံပန၊ အဘယ်မှာရာဂဖြင့် တပ်တော့်အံ့နည်း။
ဗာလော၊ မိုက်ကုန်ထသော။ ဒုမ္မေဓာ၊ ပညာမှ ကင်းကုန်ပြီးထသော။ ဒုမ္မန္တိနော၊ အသုဘ၌ သုဘဟု ရှုသဖြင့် မကောင်းသော အကြံရှိကုန်ထသော။ မောဟပါရုတာ၊ မောဟဖြင့် ထက်ဝန်းကျင်မှ ဖုံးလွှမ်းသော စိတ်ရှိကုန်ထသော။ ယေသတ္တာ၊ အကြင်သတ္တဝါတို့သည်။ သန္တိ၊ ရှိကုန်၏။
တာဒိသာ၊ ထိုသို့သဘောရှိသော မိုက်စွာသော ပုထုဇဉ်တို့သည်။ ဣတ္ထိသညိတေ၊ မိန်းမဟု သမုတ်အပ်သော။ အာရခိတ္တမှိ၊ မာန်သည်ထောက်အပ်သော။ ဗန္ဓနေပါသေ၊ ကျော့ကွင်း၌။ ဇ္ဇေန္တိ၊ တပ်မက်မောခြင်းသည်ဖြင့်ဖုံးလွှမ်းလျက်တည်ကုန်၏။
ယေသံ၊ အကြင်ရဟန္တာ ပုဂ္ဂိုလ်တို့အား။ ရာဂေါစ၊ ရာဂသည် လည်းကောင်း။ ဒေါသောစ၊ ဒေါသသည်လည်းကောင်း။ အဝိဇ္ဇာစ၊ မောဟသည်လည်းကောင်း။ ဝိရာဇိတာ၊ အရိယာမဂ်ဖြင့် အချင်းခပ်သိမ်း ပယ်အပ်စ်အပ်ကုန်၏။
တာဒိသာ၊ ထိုသို့သ‌ဘောရှိကုန်သော။ ဆိန္နသုတ္တာ၊ အရဟတ္တမဂ်ထားသန်လျက်ဖြင့် ဖြတ်အပ်သော ဘဝသုံးပါးကို ဆောင်တတ်သော တဏှာတည်းဟူသော ကြိုးရှိကုန်ထသော။ အန္ဓနာ၊ တစုံတခုသော အာရုံ၌ တဏှာတည်းဟူသော နှောင်ဖွဲ့ခြင်းမှ ကင်းကုန်ထသော။ တာဒိသာ၊ ထိုသို့သဘောရှိကုန်သော ရဟန္တာအရှင်မြတ်တို့သည်။ တတ္ထတသ္မိံယထာဝုတ္တမာရပါသေ၊ အကြင်အကြင်ဆိုအပ်ပြီသော မာရ်၏ ကျော့ကွင်း၌။ နရဇ္ဇန်တိ၊ မတပ်ငြိကုန်။
ဣတိ၊ ဤသို့။ နန္ဒကောထေရော၊ နန္ဒကထေရ်သည်။ ဣမံဂါထာ စတုတ္ထံ၊ ဤဂါထာ လေးခုအပေါင်းကို။ အဘာသိတ္ထ၊ ဆိုပြီ။ နန္ဒကထေရဂါထာ အနက်ပြီး၏။
အာဝုသော၊ ငါ့ရှင်တို့။ အဟံ၊ ငါသည်။ ပဉ္စပညာသာဝဿာနိ၊ ငါးဆဲ့ငါးနှစ်တို့ပတ်လုံး။ ရဇောဇလ္လံ၊ ကိုယ်၌ကပ်သော အာဂန္တုကမြူကိုယ် အညစ်အကြေးဖြစ်သော မြူသေးတို့ကိုလည်း။ အဓာရယိံ၊ ကိုယ်ဖြင့်ဆောင်ပြီ။
မာသိကံဘတ္တံ၊ ကောင်းမှုကို အလိုရှိသော သူတို့သည်လှူအပ်သောဘောဇဉ်ကို တလတကြိမ် တလကြိမ်လျှာဖျား၌ တင်ထားသည်၏ အစွမ်းဖြင့် စားအပ်သော ထမင်းကို။ ဘုဉ္ဇန္တော၊ စားလျက်။ ကေသမဿုံ၊ ဆံမုတ်ဆိပ်ကို။ အလောစယိံ၊ လက်ဖြင့်နှုတ်စေ၏။
ဧကပါဒေန၊ ခြေတဖက်ဖြင့်။ အဋ္ဌာသိံ၊ ရပ်၏။ အာသနံ၊ ထိုင်ခြင်းကို။ ပရိဝဇ္ဇယိံ၊ အချင်းခပ်သိမ်းကြဉ်ပြီ။
သုက္ခဂူထာနိစ၊ မစင်ခြောက်တို့ကိုလည်း။ ခါဒိံ၊ ခဲစားပြီ။ ဥဒ္ဒေသဉ္စ၊ ဘိတ်သောဆွမ်းကိုလည်း။ နသာဒယိံ၊ မသာယာ။
ဧတာဒိသံ၊ ထိုသို့သော အကျိုးကို ဖြစ်စေတတ်သော အပါယ်သို့လာ‌ကြောင်းဖြစ်သော မကောင်းမှုကံကို။ ကရိတွာန၊ ပြု၍။ ဗဟုံ၊ များစွာသော သတ္တဝါတို့ကိုလည်း။ ဒုဂ္ဂတိဂါမိနံ၊ အပါယ်လေးပါးသို့ လားခြင်း၏ အကြောင်းကို။ ကရိတွာန၊ ပြုစေလတ်၍။
မဟာဃေန၊ အထူးသဖြင့် ကြီးစွာသော မိစ္ဆာအယူတည်းဟူသော ဩဃဖြင့်။ ဝုယှမာနော၊ မျောသည်။ ဟောတိ၊ ဖြစ်၏။ တာဒိသေန၊ ထိုသို့သဘောရှိသော။ ပုညကမ္မဆိန္ဒေန၊ မကောင်းမှုကံတည်းဟူသော အပေါက်ဖြင့်။ လဘိတွာ၊ ငြိငြင်စွာလူ၏ အဖြစ်ကို ရ၍။ ဣဒါနိ၊ ယခုအခါ၌။ ပုညဗလေန၊ ကောင်းမှု၏ အာနုဘောဖြင့်။ ဗုဒ္ဓံ၊ ဘုရားသခင်ကို။ သရဏံ သရဏံ ဣတိ၊ ကိုးကွယ်ရာဟူ၍။ အာဂမံအာဂမာသိ၊ ရောက်ပြီ။
မမ၊ ငါ၏။ သရဏဂမနံ၊ ရတနာသုံးပါးအားကိုးကွယ်ခြင်းသို့ ရောက်သည်ကို။ ပဿ၊ သင့်လူများ အပေါင်းရှုလော။
ဗုဒ္ဓဿ၊ မြတ်စွာဘုရား၏။ ဓမ္မသုဓမ္မတံ၊ တရားတော်၏ ကောင်းသောတရား၏ အဖြစ်ကို။ ပဿ၊ ရှုလော။ မယာ၊ ငါသည်။ တိဿောဝိဇ္ဇာ၊ သုံးပါးသော ဝိဇ္ဇာတို့ကို။ အနုပ္ပတ္တာ၊ အစဉ်အတိုင်းရအပ်ကုန်ပြီ။ ဗုဒ္ဓဿ၊ မြတ်စွာဘုရား၏။ သာသနံ၊ အဆုံးအမတော်တည်းဟူသော မဂ်အကျင့်ကို။ ကတံကရဏီယံ၊ ပြုအပ်ပြီ။
ဣတိ၊ ဤသို့။ ဇမ္ဗူကောထေရော၊ ဇမ္ဗုကထေရ်သည်။ ဣမံဂါထာစတုက္ကံ၊ ဤဂါထာ‌လေးခုအပေါင်းကို။ အဘာသိတ္ထ၊ ဆိုပြီ။ ဇမ္ဗုကထေရဂါထာ အနက်ပြီး၏။
အာဝုသော၊ ငါ့ရှင်တို့။ ဂယာယံ၊ ဂယာအမည်ရှိသော ဆိတ်၏ အနီး၌။ ဂယဖဂ္ဂုယာ၊ ဂယဖဂ္ဂုဟု ဆိုအပ်သော ခေါ်ဝေါ်ခြင်းရှိသော တပေါင်းလ၏။ ဥတ္တရံ၊ ဖဂ္ဂုနိနက္ခတ်၌။ ဥတ္တမံ၊ မြတ်သော။ ဓမ္မံ၊ တရားကို။ ဒေသေန္တံ၊ ဟောတော်မူတတ်သော။
မဟပ္ပဘံ၊ များစွာသော ကိုယ်ရောင်ဉာဏ်ရောင်နှင့် ပြည့်စုံတော်မူထသော။ ဂဏာစရိယံ၊ ရဟန်းပရိသတ် စသော ဂိုဏ်းတို့ထက်မြတ်သော အကျင့်သိက္ခာပုဒ်ဖြင့် ဆုံးမတော်မူတတ်သောကြောင့် ဂိုဏ်းတို့၏ ဆရားလည်း ဖြစ်တော်မူထသော။ အဂ္ဂပတ္တံ၊ သီလစသော ဂုဏ်တို့ကို ရသဖြင့် မြတ်သော အဖြစ်သို့ ရောက်တော်မူထသော။ ဝိနာယကံ၊ လူနတ်စသည်တို့အားမြတ်သော ဆုံးမခြင်းဖြင့် ဆုံးမတော်မူထသော။
သဒေဝကဿ၊ နတ်နှင့်တကွသော။ လောကဿ၊ လူအပေါင်းထက်။ ဇိနံ၊ ငါးပါးသော မာန်တို့ကို အောင်တော်မူပြီးသည်ဖြစ်၍ မြတ်တော်မူထသော။ အတုလဒဿနံ၊ နတ်နှင့်တကွသော လူ၌ မနှိုင်းယှည်အပ်သော မြင့်ခြင်းရှိသည်၏ အဖြစ်ဖြင့် အတုမရှိသော မြင်ခြင်းရှိတော်မူထသော။
မဟာနာဂ၊ ရဟန္တာတို့ထက်လွန်မြတ်သော ရဟတန္တာဖြစ်တော်မူထသော။ မဟာဝီရံ၊ မာရ်တို့ကို ဖျက်ဆီးခြင်းငှါ စွမ်းနိုင်သော ကြီးစွာသော လုံ့လရှိတော်မူထသော။ မဟာဇုတိံ၊ များသော အရောင်များသော တန်ခိုးရှိတော်မူထသော။ အနာသဝံ၊ အာသဝေါတရားလေးပါးမှ ကင်းစင်တော်မူပြီးထသော။
သဗ္ဗာသဝပရိက္ခီဏံ၊ အလုံးစုံကုန်ပြီးသော အာသဝေါလည်းရှိထသော။ သတ္ထာရံ၊ ဝေနေယျ သတ္တဝါတို့အား ဆုံးမတော်မူတတ်ထသော။ အကူတောဘယံ၊ စတုဝေသာ ရဇ္ဇဉာဏ်ဖြင့် ရွံရှာခြင်း ကင်းသောကြောင့် တစုံတယောက်သော သူမှကြောက်ခြင်းရှိတော်မမူထေသော။ ဧဝရူပံ၊ ဤသို့သဘောရှိသော။ သမ္မာသမ္ဗုဒ္ဓံ၊ မြတ်စွာဘုရားကို။ ယံယသ္မာကာရဏာ၊ အကြင်ကြောင့်။ အဒ္ဒသိံ၊ မြင်ပြီ။ တသ္မာ၊ ထိုကြောင့်။ မေ၊ ငါ၏။ အာဂတံ၊ လာခြင်းကား။ သွာဂတံပတ၊ ကောင်းစွာ လာခြင်းသည်သာလျှင်။ အာသိတ္ထ၊ ဖြစ်ပြီ။
စီရံ၊ မြင့်ရှည်စွာသော ကာလပတ်လုံး ။ ဒိဋ္ဌိသန္တာနဗန္ဓိတံ၊ ဒိဋ္ဌိတည်းဟူသော အစဉ်ဖြစ်သော မိစ္ဆာဒိဋ္ဌိဖြင့် ဖွဲ့အပ်သော။ သံကိလံဋ္ဌံ၊ မသိအပ်သော အစရှိသော သံသရာ ကာလပတ်လုံး ပုဆိုးနွမ်းစသည်ကဲ့သို့ ညစ်နွမ်းထသော။ ဝတဧကန္တေန၊ စင်စစ်သဖြင့်။
သောဘဂဝါ၊ ထိုမြတ်စွာဘုရားသည်။ သဗ္ဗဂန္ထေဟိ၊ ခပ်သိမ်းသော အဘိဇ္ဈာကာယဂန္ထစသည်တို့ဖြင့်။ သေနကံ၊ သွန်းတတ်သော။ မံ၊ ငါ့ကို။ မောစေသိ၊ အရိယမဂ်တည်းဟူသော ထက်ဖြင့် လွတ်စေတော်မူစွတကား။
ဣတိ၊ ဤသို့။ သေနကောထေရော၊ သေနကထေရ်သည်။ ဣမံဂါထာစတုက္ကံ၊ ဤဂါထာ လေးခုအပေါင်းကို။ အဘာသိတ္ထ၊ ဆိုပြီ။ သေနကထေရဂါထာ အနက်ပြီး၏။
‌ယော၊ အကြင်သူသည်။ ဒန္ဓကာလေ၊ အပ်သလောမအပ်သလောဟု ယုံမှားအပ်သော ကာလ၌။ တရတိ၊ အယူကို နှိပ်နင်းလွန်၍ ကူးမြောက်၏။ တရဏိယေ၊ သမထဝိပဿနာနှင့်ယှဉ်သော လောကူးမြောက်ခြင်းသို့ ရောက်သည်ရှိသော်။ သီဃံ၊ လျှင်စွာ။ တံကိစ္စံ၊ ထိုကိစ္စကို။ အာဂမနမာသေ၊ လာလတ္တံ့လောက၌ လည်းကောင်း။ ပက္ခေဝါ၊ ပက္ခ၌လည်းကောင်း။ ကရိဿာမိ၊ ပြအံ့ဟူ၍။ ဒန္ဓယေဒန္ဓယေယျ၊ ထိုကိစ္စကို ပြုလျက်သာလျှင် ကာလကို လွန်စေရာ၏။
အယောနိသော၊ မသင့်သော အားဖြင့်။ သံဝိဓာနေန၊ အကြောင်းကို စီရင်သော အဖြစ်ဖြင့်။ ဗာလော၊ ပညာနည်းသော ပုဂ္ဂိုလ်သည်။ ဒုက္ခံ၊ ယခုကာလနောင်ကာလဖြစ်‌လတ္တံ့သော ဆင်းရဲဟု ဆိုအပ်သော အကျိုးမဲ့သို့။ နိဂစ္ဆတိ၊ ရောက်၏။
တဿပုဂ္ဂသဿ၊ ထိုသို့သဘောရှိသော ပုဂ္ဂိုလ်၏။ အတ္ထာ၊ ဒိဋ္ဌဓမ္မိကသမ္ပရာယိကစသော အပြားအားဖြင့် များသော အကျိုးတို့သည်။ ကာဠပက္ခေ၊ လဆုတ်ပက္ခ၌။ စန္ဒိမာဝစန္ဒိမာဣဝ၊ လကဲ့သို့။ ပရိဟာယန္တိ၊ နေ့တိုင်းနေ့တိုင်းကုန်ခြင်းသို့ ရောက်ကုန်၏။
အာယသကျဉ္စ၊ ဤသူကား မသဒ္ဓါသော ပုဂ္ဂိုလ်ပျင်းသော ယုတ်သော လုံ့လရှိသော ပုဂ္ဂိုလ်စသည်ဖြင့် ပညာရှိတို့ ကဲ့ရဲ့အပ်သည်၏ အဖြစ်သို့။ ပပ္ပေါတိ၊ ရောက်၏။ မိတ္တေဟိ၊ အဆုံးအမကို ပေးတတ်သော ဆွေခင်ပွန်းကောင်းတို့နှင့်။ ဝိရုဇ္ဈတိ၊ အဆုံးအမကို မယူသောအားဖြင့် ဆန့်ကျင့်၏။
ယောပုဂ္ဂလော၊ အကြင်ပုဂ္ဂိုလ်သည်။ ဒန္ဓကာလေ၊ အပ်သလောမအပ်သလောဟု ယုံမှားအပ်သော ကာလ၌။ ဒန္ဓတိ၊ ယုံမှားသင်္ကာကိုလွန်စေ၏။ တရဏီယေစ၊ သမထဝိပဿနာနှင့်ယှဉ်သော ကူးမြောက်ခြင်းသို့ ရောက်သည်ရှိသော်။ တာရယေ၊ လျှင်စွာကိစ္စကို အားထုတ်၍ လွန်မြောက်စေ၏။
ယောနိသော သံဝိဓာနေန၊ အကြောင်း အသင့်ကို စီရင်သဖြင့်။ ပဏိတော၊ ပညာရှိသော ပုဂ္ဂိုလ်သည်။ သုခံ၊ ယခုအခါနောင်အခါ ချမ်းသာခြင်းဟု ဆိုအပ်သော အကျိုးသို့။ ပပ္ပေါတိ၊ ရောက်၏။
တဿ၊ ထိုသို့သဘောရှိသော ပုဂ္ဂိုလ်အား။ အတ္တာ၊ ဒိဋ္ဌဓမ္မိကသမ္ပရာယိတစသော အားဖြင့် များသော အကျိုးတို့သည်။ သုက္ကပက္ခေ၊ လဆန်းပက္ခ၌။ စန္ဒိမာဝစန္ဒိမာဣဝ၊ လကဲ့သို့။ ပရိပူရေန္တိ၊ နေ့တိုင်းနေ့တိုင်းပြည့်ကုန်၏။
ယသော ကိတ္တိဉ္စ၊ ဤသူကား သဒ္ဓါကြည်ညိုသော ပုဂ္ဂိုလ်မပျင်းမရိလုံ့လ အားထုတ်သော ပုဂ္ဂိုလ်စသည်ဖြင့် ကျော်စောခြင်း ပညာရှိတို့သည်ချီးမွမ်းအပ်သော အဖြစ်သို့လည်း။ ပပ္ပေါတိ၊ ရောက်၏။ မိတ္တေဟိ၊ အဆုံးအမကို ပေးတတ်သော အဆွေခင်ပါန်းကောင်းတို့နှင့် ။ နဝိရုဇ္ဈဆိ၊ အဆုံးအမကိုခံယူသော အားဖြင့် မဆန့်ကျင်။
ဣတိ၊ ဤသို့။ သမ္ဘူတောထေရော၊ သမ္ဘူတထေရ်သည်။ ဣမံဂါထာစတုက္ကံ၊ ဤဂါထာလေးခုအပေါင်းကို။ အဘာသိတ္ထ၊ ဆိုပြီ။ သမ္ဘူတထေရဂါထာ အနက်ပြီး၏။
ဥဘယေနဝ၊ အမျိုးအကျင့်နှစ်ပါးနှင့်သာလျှင်။ သမ္ပန္နော၊ ပြည့်စုံသော ။ ရာဟုသဘဒ္ဒေါတိ၊ ရာဟုလဘဒ္ဒဟူ၍။ မံ၊ ငါ့ကို။ ဝိဒူ၊ သိသော သီတင်းသုံးတော်တို့သည်။ ဇာနန္တိ၊ သိကုန်၏။
ယံယသ္မာ ကာရဏာ၊ အကြင်ကြောင့်။ ဗုဒ္ဓဿ၊ မြတ်စွာဘုရား၏။ ပုတ္တော၊ ရင်တော်အနှစ်သားတော်စစ်သည်။ အမှိ၊ ဖြစ်၏။ ယံယသ္မာကာရဏာ၊ အကြင်ကြောင့်။ ဓမ္မေသု၊ လောကီလောကုတ္တရာ ဓမ္မတို့၌။ စက္ခုမာ၊ မဂ်ပညာဟူသော စက္ခုရှိသည်။ အမှိ၊ ဖြစ်၏။
မေ၊ ငါ့အား။ ယဉ္စယေစအာသဝါ၊ အကြင်အာသဝေါတရားတို့သည်လည်း။ ခီဏာ၊ ကုန်ကုန်ပြီ။ ယဉ္စယောစပုနဗ္ဘဝေါ၊ အကြင်နောင်အခါတဘန်သစ်ဖြစ်ရခြင်းသည်လည်း။ နတ္ထိ၊ မရှိ။
အရဟာ၊ သံသရာစက်အကန့်ကို ဖျက်ဆီးတတ်သော။ ဒက္ခီဏေယျော၊ မြတ်သော အလှူကို ခံထိုက်သော ပုဂ္ဂိုလ်သည်။ အမှိ၊ ဖြစ်၏။ တေဝိဇ္ဇာ၊ ဝိဇ္ဇာသုံးပါးနှင့် ပြည့်စုံသော ။ အမတဒ္ဒသော၊ နိဗ္ဗာန်ကို မြင့်လေ့ရှိသော ပုဂ္ဂိုလ်သည်။ အမှိ၊ ဖြစ်၏။
ဣမေသတ္တကာယာ၊ ဤသတ္တဝါအပေါင်းတို့ကား။ ကာမန္ဓာ၊ ကာမတို့၌ ကန်းကုန်၏။ ဇာလသဉ္ဆန္နာ၊ ဘဝသုံးပါးကို လွန်၍တည်သော ဖွဲ့ချဉ်တတ်သော တဏှာကွန်ယက်ဖြင့် မိုးအပ်ကုန်၏။ တဏှာဆာဒနဆဒိတာ၊ တဏှာဟု ဆိုအပ်သော အမိုးဖြင့် ပိတ်အပ်မိုးအပ်ကုန်၏။
ပမတ္တဗန္ဓုနာဗန္ဓာ၊ မြုံဝ၌ ဖွဲ့အပ်သော ငါးအိမ်ဝ၌ ဖွဲ့အပ်သော ငါးကဲ့သို့ မာရ်၏ အနှောင်အဖွဲ့ဖြင့် ဖွဲ့အပ်ကုန်၏။ ကိံဝိယ၊ အဘယ်ကဲ့သို့ နည်းဟူမူကား။ ကုမိနာမုခေ၊ မြုံဝ၌။ မစ္ဆာဝမစ္ဆာဝိယ၊ ဖွဲ့အပ်သော ငါးတို့ကဲ့သို့တည်း။
တံကာမံ၊ ထိုသို့ သဘောရှိသော ကာမဂုဏ်အနှောင်အဖွဲ့ကို။ ဥဇ္ဈိတွာ၊ ရှေး၌ဖြစ်သော အကျင့်ဖြင့် ပယ်၍။ မာရဿ၊ ကိလေသာမာရ်၏ ။ ဗန္ဓနံ၊ အဖွဲ့ကို။ ဆေတွာ၊ အရဟတ္တမဂ်ဖြင့် အကြွင်းမဲ့ ဖြတ်၍။
သမူလံ၊ အဝိဇ္ဇာဟု ဆိုအပ်သော အမြစ်နှင့်တကွသော။ တဏှံ၊ ကာမတဏှာ စသည်ကို။ အဗ္ဘုယှ၊ နှုတ်၍။ သိတိဘူတော၊ ကိလေသာတည်းဟူသော ပူလောင်ခြင်းမှ ငြိမ်းပြီးသည်ဖြစ်၍။ နိဗ္ဗုတော၊ သဥပါဒိသေသနိဗ္ဗာန်ဓာတ်ဖြင့် ငြိမ်းပြီးသည်။ အမှိ၊ ဖြစ်၏။
ဣတိ၊ ဤသို့။ ရာဟုလောထေရော၊ ရာဟုလထေရ်သည်။ ဣမံဂါထာစတုက္ကံ၊ ဤဂါထာလေးခုအပေါင်းကို။ အဘာသိတ္ထ၊ ဆိုပြီ။ ရာဟုလထေရဂါထာ အနက်ပြီး၏။
အာဝုသော၊ င့ါရှင်တို့။ ဇာတရူပေန၊ ရွှေငွေဖြင့် ပြီးသော ဥက္ခောင်းတန်ဆာစသော တန်ဆားဖြင့်။ သဉ္ဆန္နာ၊ တန်ဆာဆင်သည်၏ အစွမ်းဖြင့် ဖုံးလွှမ်းအပ်သော ကိုယ်ရှိထသော။ ဒါသီဂဏပုရက္ခတာ၊ မိမိတို့နှင့်လျော်သောတန်ဆာဆင်သော မိမိ၏ ကျွန်အပေါင်းဖြင့် ခြံရံအပ်ထသော။
အင်္ဂေန၊ ရင်ခွင်ဖြင့်။ ပုတ္တံ၊ မိမိသားကို။ အာဒါယ၊ ယူ၍။ ဘရိယာ၊ မယားသည်။ မံ၊ င့ါသို့။ ဥပါပမိ၊ ကပ်၏။
အလင်္ကတံ၊ ဥက္ခောင်းတန်ဆာစသော တန်ဆာဖြင့် တန်ဆာဆင်အပ်သော။ သုဝသနံ၊ ကောင်းသော အဝတ်ကို တတ်လျက်။ အာယန္တိံ၊ လာလတ်သော။ သကပုတ္တဿ၊ မိမိသား၏။ မာတရံ၊ အမိကို။ ဒိသွာန၊ မြင်လတ်၍။ ဩဋ္ဋိတံ၊ ထောင်အပ်သော။ မစ္စုပါသံမစ္စုပါသံဣဝ၊ သေမင်း၏ ကျော့ကွင်းကဲ့သို့။ ဥဒပါဒီ၊ ထင်၏။
တတော၊ ထိုနောက်မှ။ ယောနိသော၊ အသင့်အားဖြင့် ။ မနသိကာရော၊ ဤအရိုးစုကား အကြောဖြင့် ဖွဲ့အပ်၏ အားဖြင့် လိမ်းကျံအပ်၏ အရေဖြင့် ဖုံးလွှမ်းအပ်၏ မစင်ကြယ်သော မကောင်းသော အနံ့ဖြင့် စက်ဆုပ်ရွံရှာဘွယ်ရှိ၏ အမြဲပွတ်သတ်ရခြင်းနယ်ရခြင်းပေါက်ပြဲခြင်း ပျက်စီးခြင်း သဘောရှိ၏ ဤသို့ စသော သင့်သော နှလုံးသွင်းခြင်းသည်။ ဥဒပဇ္ဇထ၊ ဖြစ်လတ်၏။
အာဒီနဝေါ၊ ဤကိုယ်၏ အဖြစ်ကို ဆောင်ခြင်းကို အရင်းပြုသဖြင့် ထိုကိုယ်၌ မှီကုန်သော စိတ်စေတသိက်တို့၏ ဖြစ်ခြင်းပျက်ခြင်းရှိသော အဖြစ်အားဖြင့် ထင်ကုန်သော များစွာသော အခြင်းအရာရှိသော အပြစ်သည်။ ပါတုရဟု၊ ထင်ရှားဖြစ်ပြီ။ နိဗ္ဗိဒါ၊ အပြစ်ကိုရှုသော ဘာဝနာကိစ္စအားဖြင့် ပြီးသော ဝဋ်၌ ငြီးငွေ့သော ဉာဏ်သည်။ သမ္ပတိဋ္ဌထ၊ ငါ၏ နှလုံး၌ ကောင်းစွာတည်ပြီ။
တတော၊ ထိုဝိပဿနာ ဉာဏ်ဖြစ်သည်မှ။ ပရံ၊ နောက်၌။ မေ၊ ငါ၏။ စိတ္တံ၊ စိတ်သည်။ ဝိမုစ္စိ၊ လောကုတ္တရာဘာဝနာကို ပွါးစေသည်၏ အဖြစ်ဖြင့် ဖြစ်သော မဂ်၏ အစဉ်ဖြင့် အလုံးစုံကုန်သော ကိလေသာတို့မှ လွတ်ပြီ။ ဗုဒ္ဓဿ၊ မြတ်စွာဘုရား၏။ ဓမ္မသုဓမ္မတံ၊ တရားတော်၏ကောင်းသော တရား၏ အဖြစ်ကို။ ပဿ၊ ရှုလော။
မယာ၊ ငါသည်။ တိဿောဝိဇ္ဇာ၊ သုံးပါးသော ဝိဇ္ဇာတို့ကို။ အနုပ္ပတ္တာ၊ အစဉ်အတိုင်းရအပ်ကုန်ပြီ။ ဗုဒ္ဓဿ၊ မြတ်စွာဘုရား၏။ သာသနံ၊ အဆုံးအမတော်ဖြစ်သော မဂ်ဟူသော အကျင့်ကို။ ကတံကရဏီယံ၊ ပြုအပ်ပြီ။
ဣတိ၊ ဤသို့။ စန္ဒနောထေရော၊ စန္ဒနထေရ်သည်။ ဣမံဂါထာ စတုက္ကံ၊ ဤဂါထာလေးခုအပေါင်းကို။ အဘာသိတ္ထ၊ ဆိုပြီ။ စန္ဒနထေရဂါထာ အနက်ပြီး၏။
အာဝုသော၊ ငါ့ရှင်တို့။ ဓမ္မော၊ လောကီလောကုတ္တရာဖြစ်သော သုစရိုက်တရားသည်။ ဟဝေဧကန္တေန၊ စင်စစ်သဖြင့်။ ဓမ္မစာရိံ၊ သုစရိုက်တရားကို ကျင့်သော သူကို။ ရက္ခတိ၊ အပါယ်ဆင်းရဲသံသရာ ဆင်းရဲ မှ ဝဋ်ကင်းခြင်း၏ ကြီးစွာသော အကြောင်းဖြစ်၍ စောင့်၏။ သုစိဏ္ဏော၊ ကောင်းစွာ ကံကံ၏ အကျိုးကို ယုံကြည်၍ အရိုအသေပြုသဖြင့် ဆည်းပူးအပ်သော။ ဓမ္မော၊ ဒါနသီလစသော ကုသိုလ်တရားသည်။ သုခံ၊ လောကီလောကုတ္တရာချမ်းသာကို ။ အာဝဟတိ၊ ရွက်ဆောင်ပေ၏။
ဓမ္မစာရီ၊ တရားကို ကျင့်သော ပုဂ္ဂိုလ်သည်။ ဒုဂ္ဂတိံ၊ အပါယ်လေးပါးသို့။ နဂစ္ဆတိ၊ မထားရ။ ဧသဧသော၊ ဤသို့ အပါဘ်လေးပါးမလားရခြင်းသည်။ သုစိဏ္ဏေသုစိဏ္ဏဿ၊ ကောင်းစွာကျင့်အပ်သော။ ဓမ္မေဓမ္မဿ၊ တရားတော်၏ ။ အာနိသံသော၊ အကျိုးစက်တည်း။
ဟိယသ္မာ၊ အကြင်ကြောင့်။ ဓမ္မောစ၊ ကျေးဇူးရှိသော ကုသိုလ်တရားသည်လည်းကောင်း။ အဓမ္မောစ၊ ကျေးဇူးမရှိသော အကုသိုလ်တရားသည်လည်းကောငး်။ ဥဘော၊ နှစ်ပါးကုန်သော ကုသိုလ်တရားအကုသိုလ်တရားတို့သည်။ သမဝိပါကိနော၊ တူမျှသော အကျိုးရှိကုန်သည်။ နဟောန္တိ၊ မဖြစ်ကုန်။
အဓမ္မော၊ ကျေးဇူးမရှိသော အကုသိုလ်ဒုစရိုက်တရားသည်။ နိရယံ၊ ငရဲသို့။ နေတိ၊ ဆောင်တတ်၏။ ဓမ္မော၊ ကျေးဇူးရှိသော ကုသိုလ်သုစရိုက်တရားသည်။ သုဂတိံ၊ နတ်ရွာနိဗ္ဗာန်သို့။ ပါပေတိ၊ ရောက်စေတတ်၏။
တသ္မာဟိတသ္မာဧဝ၊ ထိုကြောင့်သာလျှင်။ ဓမ္မေသု၊ ကျေးဇူးရှိသော ကုသိုလ် သုစရိုက်တရားတို့၌။ ဆန္ဒံ၊ ပြုခြင်းငှါ အလိုရှိသော ဆန္ဒကို။ ကရေယျ ပဝတ္တေယျ၊ ဖြစ်စေရာ၏။ ဣတိ ဧဝံယထာဝုတ္တပ္ပကာရေန၊ ဤသို့ ဆိုအပ်ပြီးသော အပြားရှိသော အဆုံးအမကို ပေးသဖြင့်။ တာဒိနာ၊ သည်းခံခြင်းကျေးဇူးနှင့် ပြည့်စုံသော။ သုဂတေန၊ အညီအညွတ်ကောင်းစွာကျင့်သော သူသည်။ မောဒမာနော၊ နှစ်သက်ခြင်း သို့ရောက်သည်ဖြစ်၍။ ဓမ္မေသု၊ ကျေးဇူးရှိသော ကုသိုလ်သုစရိုက်တရားတို့၌။ ဆန္ဒံ၊ ပြုလိုသော ဆန္ဒကို။ ကရေယျ ပဝတ္တေယျ၊ ဖြစ်စေရာ၏။
သုဂတဝရဿ၊ ကောင်းသော အကျင့်ကို ကျင့်သော သူတို့တွင် မြတ်သော ဘုရားသခင်၏။ သာဝကာ၊ တပည့်သားတို့သည် ။ တဿ၊ ထိုမြတ်စွာဘုရား၏။ ဓမ္မေ၊ ကျေးဇူးရှိသော ကိုသုလ်သုစရိုက်တရား၌။ ဋ္ဌိတာ၊ သရဏဂုံတောင်တည်ခြင်းစသော ကျေးဇူးအားဖြင့် တည်ကုန်သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။ သရဏဝရဂ္ဂဂါမိနော၊ မြတ်သည်ဖြစ်၍ ဖြစ်သောရတနာသုံးပါးအပေါင်းအား ကိုးကွယ်ခြင်းသို့ ရောက်ကုန်သော။ ဓီရာ၊ ပညာရှိတို့သည်။ နိယျန္တိ၊ အလုံးစုံသော ဝဋ်ဆင်းရဲမှ ထွက်မြောက်နိုင်ကုန်၏။
မယာ၊ ငါသည်။ ဝိပ္ဖေါတိတော၊ ခါအပ်ပြီးသော မဂ်ဉာဏ်ဖြင့် ဖုံးလွှမ်းအပ်သော။ ဂန္ဓမူလော၊ အဝိဇ္ဇာကို လည်းကောင်း။ တဏှာဇာလော၊ တဏှာတည်းဟူသော ကွန်ယက်ကိုလည်းကောင်း။ သမူဟတော၊ မဂ်ဉာဏ်ဖြင့် နှုတ်ခွါအပ်ပြီး။
သောအဟံ၊ ထိုငါသည်။ ခီဏသံသာရော၊ ကုန်ပြီးသော သံသရာဝဋ်ရှိ၏။ ကိဉ္စနံ၊ အရဟတ္တမဂ်ကို သေခြင်းရာဂစသော တုန်လှုပ်ခြင်းသည်။ နစတ္ထိနစအတ္ထိ၊ မရှိ။
ကိံဝိယ၊ အဘယ်ကဲ့သို့ နည်းဟူမူကား။ အဒေါသိနာ၊ တိမ်တိုက်,ဆီးနှင်း, မီး, ခိုးမြူ, အသုရိန် တည်းဟူသော အပြစ်ငါးပါးမှ ကင်းသော။ ပုဏ္ဏမာသိယံ၊ လပြည့်နေ့၌။ စန္ဒော၊ လသည်။ ဿေဘတိယထာ၊ အလုံးစုံပြည့်သဖြင့် တင့်တယ်သကဲ့သို့တည်း။
ဣတိ၊ ဤသို့။ ဓမ္မိကောထေရော၊ ဓမ္မိကထေရ်သည်။ ဣမံဂါထာစတုက္ကံ၊ ဤဂါထာလေးခု၏ အပေါင်းကို။ အဘာသိတ္ထ၊ ဆိုပြီ။ ဓမ္မိကထေရဂါထာ အနက်ပြီး၏။
အာဝုသော၊ ငါ့ရှင်တို့။ ယဒါ၊ အကြင်အခါ၌။ သုစိပဏရစ္ဆဒါ၊ စင်ကြယ်သော အလွန်ဖြူစင်သော အတောင်ရှိကုန်သော။ ဗလာကာ၊ ငှက်ဥဗြိုင်းတို့သည်။ ကာဠဿ၊ မျက်စဉ်းညိုနှင့်တူသော မည်းညိုသော အရောင်ရှိသော။ မေဃဿ၊ မိုဃ်း၏။ တဇ္ဇိတာ၊ ချုန်းထစ်ခြင်းမှ။ ဘဘေန၊ ကြောက်သဖြင့်။
အာလယံ၊ မိမိနေရာဖြစ်သော အသိုက်သို့။ ပလေဟိတိ၊ ကျက်စားရာမြေမှ ပျံ၍ သွားလတ္တံ့။ အာလယေသိနီ၊ ထိုထိုမိမိနေဟောင်းဖြစ်သော အသိုက်၌နေခြင်းကို အလိုရှိကုန်၏။ တဒါသ္မိံ ကာလေ၊ ထိုအခါ၌။ အဇကရဏီ၊ အဇကရဏီ အမည်ရှိသော။ နဒီ၊ အသစ်သော ရေဖြင့် ပြည့်သော မြစ်သည်လည်း။ မံမမ၊ ငါ၏။ စိတ္တံ၊ စိတ်ကို။ ယမေတိ၊ နှစ်သက်စေ၏။
ယဒါ၊ အကြင်အခါ၌။ သုဝိသုဒ္ဓပဏ္ဍရာ၊ ကောင်းစွာဖြူစင်သော အဆင်းရှိကုန်သော။ ဗလာကာ၊ ဥဗြိုင်းငှက်တို့သည်။ ကာဠဿ၊ မျက်စဉ်းညိုနှင့် တူသော မည်းနက်သော အရောင်ရှိသော။ မေဃဿ၊ မိုဃ်းကြီး၏။ တဇ္ဇိတာ၊ ချုန်းထစ်ခြင်းမှ။ ဘယေန၊ ကြောက်သဖြင့်။ လေဏံလေဏဿ၊ နေရာအရပ်၏။ အဘာဝေန၊ မရှိသဖြင့်။
အလေဏဒဿိနီ၊ နေရာအရပ်ကို မမြင်သည်ဖြစ်၍။ လေဏံ၊ နေရာအသိုက်ကို။ ပရိယေသတိ၊ ရှာလင့်၏။ တဒါ၊ ထိုမိုဃ်းကြီးရွာသောအခါ၌။ အဇကရဏီ၊ အဇကရဏီအမည်ရှိသော။ နဒီ၊ အသစ်သော ရေဖြင့် ပြည့်သော မြစ်သည်။ မံမမ၊ ငါ၏။ စိတ္တံ၊ စိတ်ကို။ ယမေတိ၊ နှစ်သက်မွေ့လျော်စေ၏။
မမ၊ ငါ၏။ ဝသနမဟာလေဏတော၊ နေရာလိုဏ်ကြီးမှ ။ ပစ္ဆာ၊ နောက်အဘို့၌။ အာသဘာကုလံ၊ အဇကရဏီ မည်သော မြစ်၏။ ဥဘတော၊ ကမ်းနှစ်ဘက်မှ။ တဟိံ၊ ထိုထိုသို့သော အရပ်၌။ ဣတော စိတော၊ ထိုမှဤမှ။ သောဘေန္တိ၊ တင့်တယ်စေကုန်၏။ ယေရုက္ခာ၊ အကြင်သစ်ပင်တို့သည်။ နိစ္စကာလံ၊ အမြဲကာလပတ်လုံး။ ဖလဘာရမိတသာခါ၊ အသီးတည်းဟူသော ဝန်ဖြင့် ညွတ်သော အခက်ရှိကုန်သော။ သိနိဒ္ဓဝဏ္ဏစ္ဆာယ၊ သိမ်မွေ့ပြေပြစ်သော အရွက်အရိပ်ရှိကုန်သော။ ဇမ္ဗုယောည၊ သပြေပင်တို့သည်။ တတ္ထ၊ ထိုအရပ်၌။ ကန္နုနာမသတ္တံ၊ အဘယ်ရှိသော သတ္တဝါ ကိုလျှင်။ နရမေန္တိ၊ အဘယ်မှာ မမွေ့လျော်စေဘဲရှိနိုင်အံ့နည်း။ ရမေန္တိယေဝ၊ မွေ့လျော်စေကုန်သလျှင် ကတည်း။
အမတာမတသံဃသုပ္ပတိဘာ၊ စပါးကြီးမြွေသတ်သဖြင့် မသေသော သူတို့၏ အပေါင်းမှ ကောင်းစွာဖဲအပ်သော ။
ကေကာ၊ ထိုအရပ်၌ သာယာစွာ တွန်တတ်ကုန်သော ဥဒေါင်းစသော ငှက်တို့သည်။ မန္ဒဝတိံ၊ နည်းသော ပညာရှိသော သူကို။ ပနာဒယန္တိ၊ ပဲ့တင်ထပ်သော အသံတို့ဖြင့် မွေ့လျော်စေကုန်၏။
အဇ္ဇ၊ ယခုအခါ၌။ဓ ဂိရိနဒီဟိ၊ တပါးသော တောင်မှ စီးသော မြစ်တို့နှင့် ။ ဝိပ္ပဝါသသမယော၊ ကင်းကွာ၍ နေသောအခါသည်။ နဟောတိ၊ မဖြစ်။
ခေမာအဇကရဏီ၊ အထူးသဖြင့် ငါးရဲမိကျောင်းလပိုင် အစရှိသည်မှ ကင်းသော ကြောင့်ဘေးမရှိသော အဇကရဏီမည်သော မြစ်သည်။ သိဝါ၊ ကောင်းသော အမြင်ရှိသော ဆိတ်သဲစုနှင့် ပြည့်စုံ၏။ သုရမ္မာ၊ ကောင်းသော မွေ့လျော်ရာလည်းဖြစ်၏။ တသ္မာ၊ ထိုကြောင့်။ တတ္ထေဝ၊ ထိုအဇကရဏီမည်သော မြစ်နား၌သာလျှင်။ မမ၊ ငါ၏။ မနော၊ နှလုံးသည်။ ရဇ္ဇတိ၊ တပ်၏။
ဣတိ၊ ဤသို့။ သဗ္ဗကောထေရော၊ သဗ္ဗကထေရ်သည်။ ဣမံဂါထာစတုက္ကံ၊ ဤဂါထာလေးခုအပေါင်းကို။ အဘာသိတ္ထ၊ ဆိုပြီ။ သဗ္ဗကထေရဂါထာ အနက်ပြီး၏။
အာဝုသော၊ ငါ့ရှင်တို့။ အဟံ၊ ငါသည်။ ဇီဝိကတ္ထော၊ အသက်ရှည်ခြင်းအကျိုးရှိသည်ဖြစ်၍။ ပဗ္ဗဇိံ၊ ရဟန်းပြု၏။ လဒ္ဓါနဥပသမ္ပဒံ၊ ရှေးဦးစွာသာမဏေ အဖြစ်၌တည်သော အားဖြင့် ဥတ္တိစတုတ္ထကံဖြင့် ပဉ္စင်းအဖြစ်ကို ရသည်ဖြစ်၍။
တတော၊ ထိုနောင်မှ။ သဒ္ဓံ၊ သဒ္ဓါတရားကို။ ပဋိလဘိံ၊ ရ၏။ တတော၊ ထိုပဉ္စင်းအဖြစ်ကို ရသောအခါမှ စ၍ ။ ဒဠှဝီရိယော၊ ပြင်းစွာ အားထုတ်အပ်သော လုံ့လရှိသည်ဖြစ်၍။ ပရက္ကမိံ၊ လုံ့လပြုပြီ။
မမ၊ ငါ၏။ အယံကာယော၊ ဤအကောင်ပုပ်သည်။ ကာမံ၊ စင်စစ်။ ဘိဇ္ဇတု၊ ဤလုံ့လတည်းဟူသော ပူပန်းခြင်းဖြင့် ပြတ်သည် ကွဲသည်ဖြစ်စေသတည်း။ မံသပေသီ၊ ငါ၏ကိုယ်၌ဖြစ်သော အသားတစ်သည်။ သိဝိယန္တု၊ ထိုမှ ဤမှ ပျက်စီးသည်ဖြစ်စေကုန်၏။
မေ၊ ငါ၏။ ဥဘောဇဏ္ဏုကသန္ဓိသိ၊ နှစ်ပါးသော ပုဆစ်ဒူးအဆက်တို့မှ။ ဇင်္ဃာယော၊ မြင်းခေါင်းတို့သည်။ ပပတန္တု၊ ကျသည်ဖြစ်စေကုန်။
အဟံ၊ ငါသည်။ ဝိဝေယျံ၊ သောက်အပ်သမျှ သော ဝတ္ထုကို။ နပိဝိဿာဒိ၊ မသောက်အံ့။ ဝိဘာရစဝိဟာရာဧဝ၊ ကျောင်းမှ သာလျှင်။ နနိက္ခမိ၊ အရဟတ္တဖိုလ်ကို မရသမျှ ငါမထွက်ပြီ။
တဏှာသလ္လေ၊ တဏှာဟူသော မြှားကို။ အနုဟတေ၊ မဂ်ဖြင့် မနှုတ်ရသေးသည်ရှိသော်။ ပဿံ၊ နံပါးနှစ်ဘက်တို့တွင်တခုသော နံပါးကို ကိုယ်၏ ညောင်းညာခြင်း ပယ်အံံသော ငှါ တဖက်သော နံပါးသို့ပြောင်းခြင်းကို။ နဝိနိပါတိဿံ၊ မပြောင်းမချအံ့။
ဣတိဧဝံ၊ ဤသို့ ဆိုအပ်ပြီးသော နည်းဖြင့်။ ဝိဟရတောဝိဟရန္တဿ၊ နေထသော။ တဿမေ၊ ထိုငါ၏။ ဝီရိယပရက္ကမံ၊ လုံ့လပြုသဖြင့် လွန်စွာအားထုတ်ခြင်းကို။ ပဿ၊ ရှုလော။
မယာ၊ ငါသည်။ တိဿောဝိဇ္ဇာ၊ သုံးပါးသော ဝိဇ္ဇာတို့ကို။ အနုပ္ပတ္တာ အဓိဂတာ၊ ရအပ်ကုန်ပြီ။ ဗုဒ္ဓဿ၊ မြတ်စွာဘုရား၏။ သာသနံ၊ အဆုံအမတော်ကို။ ကတံကရဏီယံ၊ ပြုအပ်ပြီ။
ဣတိ၊ ဤသို့။ မုဒိတောထေရော၊ မုဒိတထေရ်သည်။ ဣမံဂါထာ စတုက္ကံ၊ ဤဂါထာလေးခုအပေါင်းကို။ အဘာသိတ္ထ၊ ဆိုပြီ။ မုဒိတထေရဂါထာ အနက်ပြီး၏။
တတြတသ္မိံ စတုက္ကနိပါတေ၊ ထိုစတုတ္ထနိပါတ်၌။
ဥဒါနံ၊ ဥဒါန်းသည်ကား။
နာဂသမာလော၊ နာဂသမာလထေရ်လည်းကောင်း။ ဘဂုစ၊ ဘဂုထေရ်လည်းကောင်း။ သဘိယော၊ သဘိယထေရ်လည်းကောင်း။ နန္ဒကောပိစ၊ နန္ဒကထေရ်လည်းကောင်း။
ဇမ္ဗုကော၊ ဇမ္ဗုကထေရ်လည်းကောင်း။ သေနကောစထေရော၊ သေနကထေရ်လည်းကောင်း။ သမ္ဘူတောစ၊ သမ္ဘူတထေရ်လည်းကောင်း။ ရာဟုလောပိစ၊ ရာဟုလထေရ်လည်းကောင်း။
ဂန္ဒနောထေရော၊ စန္ဒနထေရ်လည်းကောင်း။ ဧတေဗုဒ္ဓသာဝကာ၊ ထိုမြတ်စွာဘုရားတပည့်သားတော်တို့သည်။ ဒသ၊ တကျိပ်တို့သည်။ ဘဝန္တိ၊ ဖြစ်ကုန်၏။
ဓမ္မိကော၊ ဓမ္မိကအမည်ရှိသော။ ထေရော၊ မထေရ်လည်းကောင်း။ သဗ္ဗကော၊ သဗ္ဗကအမည်ရှိသော။ ထေရော၊ မထေရ်လည်းကောင်း။ မုဒိတော၊ မုဒိအမည်ရှိ‌သော။ ထေရောစာပိ၊ မထေရ်လည်းကောင်ဂ။ တယော၊ သုံးပါးကုန်သော။ ဧတေထေရာစ၊ ထိုမထေရ်တို့သည်လည်း။ ဘဝန္တိ၊ ဖြစ်ကုန်၏။
ဂါထာယော၊ ဂါထာတို့ကား။ ဒွေပညာသ၊ ငါးဆယ့်နှစ်ဂါထာတို့တည်း။ သဗ္ဗေပိ၊ အလုံးစုံလည်းဖြစ်ကုန်သော။ ထေရာ၊ မထေရ်တို့သည်။ တေရသာ၊ တကျိပ်သုံးပါးတို့တည်း။ ဣတိ ဣဒံ၊ ဤသည်လျှင်တည်း။ စတုက္ကနိပါတော၊ စတုက္ကနိပါတ်သည်။ နိဋ္ဌိတော၊ ပြီးခြင်းသို့ ရောက်ပြီ။