ဘိက္ခုံ၊ ရဟန်းသည်။
သိဝလိကံ၊ သင်္ချိုင်းသို့။
ဂန္တာ၊ သွား၍။
ဥဇ္ဈိတံ၊ စွန့်အပ်သော။
ဣတ္ထိံ၊ ပြည့်တန်ဆာမ မိန်းမအသေကောင်ကို။
အဒ္ဒသံ၊ မြင်ရ၏။
အပဝိဋ္ဌံ၊ စွန့်အပ်သော။
ခိတ္တံ၊ ငဲ့ကွက်ခြင်းမရှိ ပစ်ချအပ်သော။
ကီမီဟိ၊ ပိုးလောက်တို့ဖြင့် ။
ဖုဋံပူရံ၊ ပြည့်သည်။
ဟုတွာ၊ ဖြစ်၍။
သုဿာနသ္မိံ၊ သုသာန်၌။
ခဇ္ဇန္တိ၊ ခွေးမြေခွေးတို့သည် ခဲအပ်သော မိန်းမအသေကောင်ကို။
အဒ္ဒသံ၊ မြင်ရပြီ။
ဟိ သစ္စံ၊ မှန်၏။
ပါပကံ၊ ဇီဝိတိန္ဒြေဝိညာဉ်မှ ကင်းသည်ဖြစ်၍ ယုတ်သော။
မတံ၊ သေသော။
ယံဣတ္ထိံ၊ အကြင်မိန်းမအသေကောင်ကို။
ဒိသွာ၊ မြင်၍။
ဧကေ၊ အချို့သော သူတို့သည်။
ဇိဂုစ္ဆန္တိ၊ စက်ဆုပ်ကုန်၏။
တသ္မိံ ကုဏာပေ၊ ထိုပိုးလောက်တို့ဖြင့် ပြည့်သော အကောင်၌။
ကာမရာဂေါ၊ မသင့်သော နှလုံးသွင်းခြင်းရှိသူအား အားကြီးစွာသော ကာမရာဂသည်။
ပါတုရဟု၊ ထင်ရှားဖြစ်ပြီ။
တသ္မိံ ကလေဝရေ၊ ထိုအကောင်၌။
နဝဟိဒွါရေဟိ၊ ကိုးဒွါရတို့မှ။
အသုစိ၊ မစင်သည်။
သတတိ၊ ယိုစီးခြင်းသည်။
အဟု၊ ဖြစ်ပြီ။
အသုစိဘာဝဿ၊ မစင်ကြယ်သော အဖြစ်ကို။
အဒ္ဒဿနေန၊ ရာဂဖုံးလွှမ်းသော အားဖြင့် မမြင်နိုင်သေးသောကြော်င့။
အန္ဓောဝ၊ သူကန်းကဲ့သို့လျှင်။
အဟု၊ ဖြစ်၏။
ဩဒနပါကမှာ၊ ထမင်းချက်ရာမှ။
ဩရံဩဒနံ၊ ထိုထမင်းချက်ရာအရပ်မှ။
အပက္ကမိံ၊ ဖဲ၏။
သတိမာ၊ ကမ္မဋ္ဌာန်းနှင့်ယှဉ်သော သတိရှိသော။
သမ္ပဇာနော၊ ပညာအဆင်အခြင်းနှင့် ပြည့်စုံသော။
အဟံ၊ ငါသည်။
ဧကမန္တံ၊ တင်အပ်လျောက်ပတ်သော အရပ်သို့။
ဥပါဝိသိံ၊ အနီးသို့ ဝင်၏။
တတော၊ ထိုသို့ဝင်ပြီးသည် နောက်မှ။
မေမမ၊ ငါ့အား။
ယောနိသော၊ အသင့်အားဖြင့်။
မနသိကာရော၊ အရိုးစုသည် လိမ်းကျံအပ်၏ စသည်ဖြင့် နှလုံးသွင်းခြင်းသည်။
ဥဒပဇ္ဇထ၊ ဖြစ်လတ်၏။
အာဒီနဝေါ၊ ဤကိုယ် အဖြစ်ကိုဆောင်ခြင်းကို အရင်းပြုသဖြင့် ထိုကိုယ်၌ မှီသော စိတ်တို့၏ ဖြစ်ခြင်းပျက်ခြင်းစသော များသော အခြင်းအရာရှိသော အပြစ်သည်။
ပါတုရဟု၊ ထင်ရှားဖြစ်ပြီ။
နိဗ္ဗိဒါ၊ အဖြစ်အပျက်ကို ရှုသော ဘာဝနာကိစ္စဖြင့် ပြီးသော ဝဋ်ဆင်းရဲ၌ ငြီးငွေ့သော ဉာဏ်သည်။
သမ္ပတိဋ္ဌထ၊ ငါ၏နှလုံး၌ ကောင်းစွာတည်ပြီ။
တတော၊ ထိုဝိပဿနာ ဉာဏ်ဖြစ်သည်မှ။
ပရံ၊ နောက်မှ။
မေ၊ ငါ၏။
စိတ္တံ၊ စိတ်သည်။
ဝိမုစ္စိ၊ လောကုတ္တရာ ဘာဝနာကို ပွါးစေသည်၏ အစွမ်းအားဖြင့် ဖြစ်သော မဂ်၏ အစဉ်ဖြင့် အလုံးစံဒသော ကိလေသာမှ လွတ်ပြီ။
ဓမ္မဿ၊ တရားတော်၏။
ဓမ္မသုဓမ္မတံ၊ ကောင်းသော တရားအဖြစ်ကို။
ပဿ၊ ရှုလော။
မယာ၊ ငါသည်။
တိဿောဝိဇ္ဇာ၊ သုံးပါးသော ဝိဇ္ဇာတို့ကို။
အနုပ္ပတ္တာအဓိဂတာ၊ ရအပ်ကုန်ပြီ။
ဗုဒ္ဓဿ၊ မြတ်စွာဘုရား၏။
သာသနံ၊ အဆုံးအမကို။
ကတံကရဏီယံ၊ ပြုအပ်ပြီ။
ဣတိ၊ ဤသို့။
ရာဇဒတ္တောထေရော၊ ရာဇဒတ္တထေရ်သည်။
ဣမာပဉ္စဂါထာ၊ ဤငါးထာတို့ကို။
အဘာသိတ္ထ၊ ဆိုပြီ။
ရာဇဒတ္တထေရဂါထာ အနက်ပြီး၏။