အာဝုသော၊ ငါ့ရှင်တို့။
မေမမ၊ ငါ၏။
ကေသေ၊ ဆံတို့ကို။
ဩလိခိယံဩလိခိယန္တော၊ ဖြတ်သဖြင့် ပြုပြင်လိုသည်ဖြစ်၍။
ကပ္ပကော၊ ဆတ္တာသည်သည်။
ဥပသင်္ကမိ၊ ငါ့သို့ ကပ်လတ်၏။
တတော၊ ထိုသို့ ကပ်လတ်ပြီးသော နောင်မှ။
အာဒါသံ၊ ကြေးမုံကို။
အာဒါယ၊ ယူ၍။
သရီရံ၊ မျက်နှာရိပ်ကို ကြည့်သဖြင့် အိုခြင်းဖြင့် နှိပ်စက်သော ငါ၏ ကိုယ်ကို။
ပစ္စဝက္ခိသံ၊ ဉာဏ်ဖြင့် ဆင်ခြင်၏။
ဧဝံပစ္စဝေက္ခတော၊ ဤသို့ဆင်ခြင်သော ငါ့အား။
တုစ္ဆော၊ မြဲခြင်းချမ်းသာခြင်းစသည်မှ ကင်းသည်ဖြစ်၍ အချဉ်းစဉ်းသော။
ကာယော၊ ဤရူပကာယသည်။
အဒီဿတ္ထ၊ ပညတ်အားထင်လတ်၏။
အန္ဓကာရေ၊ အမိုက်ကိုပြုရာဖြစသော ကိုယ်၌။
တမောဗျဂါ၊ အသင့်အားဖြင့် နှလုံးသွင်းခြင်းဟု ဆိုအပ်သော ဉာဏ်ရောင်ဖြင့် အဝိဇ္ဇာဟူသော အမိုက််မှ ကင်း၏။
သဗ္ဗေ၊ အလုံးစုံသော။
စောလာစောလသဒိသာ၊ တံမျက်ချေးစသည်၌ စွန့်အပ်သော ပုဆိုးပိုင်းကဲ့သို့ အစဉ်စိတ်ရှိသော အရိယာပုဂ္ဂိုလ်တို့သည် စက်ဆိုအပ်ပသော ပုဆိုးပိုင်းနှင့်တူသော ကိလေသာကို။
သမုစ္ဆိန္နာ၊ အရဟတ္ထမဂ်ဖြင့် ဖြတ်အပ်ပြီ။
ဒါနိဣဒါနိ၊ ယခုအခါ၌။
ပုနဗ္ဘဝေါ၊ နောင်အခါ၌ တဘန်ဖြစ်ခြင်းသည်။
နတ္ထိ၊ မရှိပြီ။
ဣတိ၊ ဤသို့။
ဝီတသောကောထေရော၊ ဝီတသောကထေရ်သည်။
ဣမံဂါထာဒွယံ၊ ဤဂါထာနှစ်ခုအပေါင်းကို။
အဘာသိတ္ထ၊ ဆိုပြီ။
ဝီတသောကထေရဂါထာ အနက်ပြီး၏။