ဘောန္တော၊ အိုရဟန်းများတို့။
ပရေ၊ ပညာရှိမှ တပါးသော သူတို့သည်။
ဧတ္ထ၊ ဤဓမ္မအဓမ္မ၌။
မယံ၊ ငြင်းခုံခြင်းကို ပြုကုန်သော ငါတို့သည်။
ယမာမသေ၊ အမြဲပင်ပန်းသည်ဖြစ်၍ သေမင်း၏နိုင်ငံသို့ သွားကုန်အံ့ဟူ၍။
နဝိဇာနန္တိ၊ မသိကုန်။
တတ္ထ၊ ထိုဓမ္မအဓမ္မစသည်၌။
ယောစပဏ္ဍိတာ၊ အကြင်ပညာရှိတို့သည်လည်း။
ဝိဇာနန္တိ၊ ငါတို့ကားသေမင်း၏အနီးသို့ ရောက်ရကုန်အံ့ဟု သိကုန်၏။
တတော၊ ထိုသို့ သိသောကြောင့်။
ယောနိသောမနသိကာရံ၊ အသင့်အားဖြင့် နှလုံးသွင်းခြင်းကို။
ဥပ္ပါဒေတွာ၊ ဖြစ်စေ၍။
မေဓဂါနံ၊ ငြင်းခုံခြင်းတို့ကို။
ဝူပသုမာယ၊ ငြိမ်းစေခြင်းငှါ။
ပဋိပဇ္ဈန္တိ၊ ကျင့်ကုန်၏။
အထ၊ ထိုသို့ ကျင့်သော အခါ၌။
နေသံ၊ ထိုပညာရှိတို့ကား။
တေမေဓဂါ၊ ထိုငြင်းခုံခြင်းတို့သည်။
သမံန္တိ၊ အကျင့်ကို ကျင့်သဖြင့် ငြိမ်းကုန်၏။
ယဒါစ၊ အကြင်အခါ၌လည်း။
အဝိဇာနန္တာ၊ ငြင်းခုံခြင်းငြိမ်းအံ့သော အကြောင်းကို အဟုတ်မမှန်မသိကုန်သည်ဖြစ်၍။
ဣရိယန္တာမရာဝိယ၊ အိုခြင်းသေခြင်းကိုလွန်ကုန်သကဲ့သို့။
ဥန္နဠာစ၊ ထက်သော မာန်ရှိကုန်သည်လည်းကောငး်။
မုခရာစ၊ နှုန်ကြမ်းကုန်သည်လည်းကောင်း။
ဝိကိဏ္ဏဝါစာယ၊ ဖရိုဖရဲ ကြဲသော စကားရှိကုန်သည်လည်းကောင်း။
ဟုတွာ၊ ဖြစ်ကုန်၍။
ဝတ္တန္တိစရန္တိ၊ ကျင့်ကုန်၏။
တဒါ၊ ထိုအခါ၌။
ဝိဝါဒေါ၊ ငြင်းခုံခြင်းသည်။
နဝူပသမတေဝ၊ မငြိမ်းသလျှင်ကတည်း။
ယေစပဏ္ဍိတာ၊ အကြင်ပညာရှိတို့သည်လည်း။
ဓမ္မံ၊ မြတ်စွာဘုရား၏ သာသနာဓမ္မကို။
ဝိဇာနန္တိ၊ ဟုတ်မှန်စွာသိကုန်၏။
တေပဏ္ဍိတာ၊ ထိုပညာရှိတို့သည်။
အာတုရေသု၊ ကိလေသာရာဂဖြင့် ကျင်နာခြင်းရှိကုန်သော သတ္တဝါတို့၌။
အနာတုရာ၊ ကိလေသာကင်းသော အားဖြင့် ဆင်းရဲမရှိကုန်သည်ဖြစ်၍။
ဝိဟရန္တိ၊ နေကုန်၏။
တေသံ၊ ထိုပညာရှိတို့အား။
ဝိဝါဒေ၊ ငြင်းခုံခြင်းသ်ည။
ဝူပသမတိ၊ စင်စစ်လျှင် ငြိမ်း၏။
သိထိလံ၊ လျော့လျော့ယူခြင်းကို ပြု၍ မြဲမြဲစွာပြုအပ်သော။
ယံကိဉ္စိတ၊ အလုံးစုံသော ။
ယကမ္မံ၊ အကြင်ကုသိုလ်ကံသည်၎င်း။
သံကိလိဋ္ဌံ၊ ပြည့်တန်ဆာမတို့၌ ချစ်ကျွမ်းဝင်သဖြင့် ဆွမ်းခံခြင်း စသော ညစ်နွမ်းစွာသော။
ယံဝတံ၊ အကြင်အလေ့အကျင့်သည်လည်းကောင်း။
သကဿရံ၊ င့ါအား ဥက္ခေပနိယကံကို ပြုလို၍ သံဃာတို့စည်းဝေးလေသလောဟု မိမိအား ယုံမှားသဖြင့် အောက်မေ့အပ်သော။
ယံဗြဟ္မစရိယံ၊ အကြင်ရဟန်းတရားတို ပြုခြင်းသည်လည်းကောင်း။
အတ္ထိ၊ ရှိ၏။
တံ၊ ထိုသို့ ဆိုအပ်ပြီးသော အမှုအကျင့်သည်။
တဿပုဂ္ဂလဿ၊ ထိုပုဂ္ဂိုလ်အား။
မဟပ္ဖလံ၊ များမြတ်သော အကျိုးရှိသည်။
နဟောတိ၊ မဖြစ်။
ယဿ ပုဂ္ဂလဿ၊ အကြင်ပုဂ္ဂိုလ်အား။
သဗြဟ္မစာရီသု၊ အရိုအသေပြုအပ်သော သီတင်းသုံတော်တို့၌။
ဂါရဝေါ၊ အလေးအမြတ် ရိုသေခြင်းသည်။
နုပလဗ္ဘတိနဝိဇ္ဇတိ၊ မရှိ။
သော ပုဂ္ဂလော၊ ထိုပုဂ္ဂိုလ်သည်။
ပထဝီယာ၊ မြေမှ။
နဘံ၊ ကောင်းကင်သည်။
အာရကာယထာ၊ ဝေးသကဲ့သို့။
သဒ္ဓမ္မာ၊ သူတော်ကောင်းတရားမှ။
အာရကာ၊ ဝေးသည်။
ဟောတိ၊ ဖြစ်၏။
ဣတိ၊ ဤသို့။
သဘိယောထေရော၊ သတိယထေရ်သည်။
ဣမံဂါထာစတုက္ကံ၊ ဤဂါထာ လေးခုအပေါင်းကို ။
အဘာသိတ္ထ၊ ဆိုပြီ။
သတိယထေရဂါထာ အနက်ပြီး၏။