Issues
Select Version
နိဿယ
မြန်မာဘာသာ
Theragāthāpāḷi
Theragāthāpāḷi

5. Jambukattheragāthā

Author: နိဿယ @ IAPT

အာဝုသော၊ ငါ့ရှင်တို့။ အဟံ၊ ငါသည်။ ပဉ္စပညာသာဝဿာနိ၊ ငါးဆဲ့ငါးနှစ်တို့ပတ်လုံး။ ရဇောဇလ္လံ၊ ကိုယ်၌ကပ်သော အာဂန္တုကမြူကိုယ် အညစ်အကြေးဖြစ်သော မြူသေးတို့ကိုလည်း။ အဓာရယိံ၊ ကိုယ်ဖြင့်ဆောင်ပြီ။
မာသိကံဘတ္တံ၊ ကောင်းမှုကို အလိုရှိသော သူတို့သည်လှူအပ်သောဘောဇဉ်ကို တလတကြိမ် တလကြိမ်လျှာဖျား၌ တင်ထားသည်၏ အစွမ်းဖြင့် စားအပ်သော ထမင်းကို။ ဘုဉ္ဇန္တော၊ စားလျက်။ ကေသမဿုံ၊ ဆံမုတ်ဆိပ်ကို။ အလောစယိံ၊ လက်ဖြင့်နှုတ်စေ၏။
ဧကပါဒေန၊ ခြေတဖက်ဖြင့်။ အဋ္ဌာသိံ၊ ရပ်၏။ အာသနံ၊ ထိုင်ခြင်းကို။ ပရိဝဇ္ဇယိံ၊ အချင်းခပ်သိမ်းကြဉ်ပြီ။
သုက္ခဂူထာနိစ၊ မစင်ခြောက်တို့ကိုလည်း။ ခါဒိံ၊ ခဲစားပြီ။ ဥဒ္ဒေသဉ္စ၊ ဘိတ်သောဆွမ်းကိုလည်း။ နသာဒယိံ၊ မသာယာ။
ဧတာဒိသံ၊ ထိုသို့သော အကျိုးကို ဖြစ်စေတတ်သော အပါယ်သို့လာ‌ကြောင်းဖြစ်သော မကောင်းမှုကံကို။ ကရိတွာန၊ ပြု၍။ ဗဟုံ၊ များစွာသော သတ္တဝါတို့ကိုလည်း။ ဒုဂ္ဂတိဂါမိနံ၊ အပါယ်လေးပါးသို့ လားခြင်း၏ အကြောင်းကို။ ကရိတွာန၊ ပြုစေလတ်၍။
မဟာဃေန၊ အထူးသဖြင့် ကြီးစွာသော မိစ္ဆာအယူတည်းဟူသော ဩဃဖြင့်။ ဝုယှမာနော၊ မျောသည်။ ဟောတိ၊ ဖြစ်၏။ တာဒိသေန၊ ထိုသို့သဘောရှိသော။ ပုညကမ္မဆိန္ဒေန၊ မကောင်းမှုကံတည်းဟူသော အပေါက်ဖြင့်။ လဘိတွာ၊ ငြိငြင်စွာလူ၏ အဖြစ်ကို ရ၍။ ဣဒါနိ၊ ယခုအခါ၌။ ပုညဗလေန၊ ကောင်းမှု၏ အာနုဘောဖြင့်။ ဗုဒ္ဓံ၊ ဘုရားသခင်ကို။ သရဏံ သရဏံ ဣတိ၊ ကိုးကွယ်ရာဟူ၍။ အာဂမံအာဂမာသိ၊ ရောက်ပြီ။
မမ၊ ငါ၏။ သရဏဂမနံ၊ ရတနာသုံးပါးအားကိုးကွယ်ခြင်းသို့ ရောက်သည်ကို။ ပဿ၊ သင့်လူများ အပေါင်းရှုလော။
ဗုဒ္ဓဿ၊ မြတ်စွာဘုရား၏။ ဓမ္မသုဓမ္မတံ၊ တရားတော်၏ ကောင်းသောတရား၏ အဖြစ်ကို။ ပဿ၊ ရှုလော။ မယာ၊ ငါသည်။ တိဿောဝိဇ္ဇာ၊ သုံးပါးသော ဝိဇ္ဇာတို့ကို။ အနုပ္ပတ္တာ၊ အစဉ်အတိုင်းရအပ်ကုန်ပြီ။ ဗုဒ္ဓဿ၊ မြတ်စွာဘုရား၏။ သာသနံ၊ အဆုံးအမတော်တည်းဟူသော မဂ်အကျင့်ကို။ ကတံကရဏီယံ၊ ပြုအပ်ပြီ။
ဣတိ၊ ဤသို့။ ဇမ္ဗူကောထေရော၊ ဇမ္ဗုကထေရ်သည်။ ဣမံဂါထာစတုက္ကံ၊ ဤဂါထာ‌လေးခုအပေါင်းကို။ အဘာသိတ္ထ၊ ဆိုပြီ။ ဇမ္ဗုကထေရဂါထာ အနက်ပြီး၏။