အာတာပိ၊ ဝိမောက္ခတရားကို ရှာခြင်း၌ အားထုတ်အပ်သော လုံ့လရှိထသော။
ဓမ္မံ၊ ဝိမုတ္တိတရားကို။
စိရရတ္တံဝတ၊ ကြာမြင့်သောကာလပတ်လုံးလည်း။
အနုဝိစိန္တယံ အနုဝိစိန္တယန္တော၊ အဘယ်သို့ သဘောရှိသော တရားသည် ဝိမောက္ခမည်သနည်း အဘယ်သို့လျှင် ထိုဝိမောက္ခကို ရပါအံ့နည်းဟု အဘန်တလဲလဲ ရှာသော်လည်းကောင်း။
သမဏဗြဟ္မဏေ၊ ထိုသို့သော အယူရှိကုန်သော ရဟန်းပုဏ္ဏားတို့ကို။
ပုစ္ဆံ ပုစ္ဆန္တော၊ ဝိမုတ္တိတရားကိုမေးသော်လည်းကောင်း။
စိတ္တဿ၊ ပြကတေ့အဘန်တလဲလဲ ရှုသော သဘောရှိသော စိတ်၏။
သမံ၊ ညီညွတ်ရာ ဖြစ်၍ ဖြစ်သော ဝဋ်ဆင်းရဲတို့မှ ထွက်မြောက်ရာဖြစ်သော အရိယဓမ္မကို။
နာလတ္ထံ၊ မရအပ်။
ဣမသ္မိံ လောကေ၊ ဤလောက၌။
ပါရင်္ဂတော၊ နိဗ္ဗာန်ဟူသော ကမ်းတဘက်သို့ ရောက်စေတတ်သော။
သောဓမ္မာ၊ ထိုတရားကား။
ကော၊ အဘယ်နည်း။
အမတောဂဓံ၊ နိဗ္ဗာန်၌တည်သော ဝိမောက္ခမဂ်ကို။
ကော၊ အဘယ်သူသ်ည။
ပါဏ္ဏောအဓိဂတော၊ ရအပ်သနည်း။
ကဿ၊ အဘယ်ရဟန်းအဘယ် ပုဏ္ဏား၏။
ဓမ္မံ၊ အဆုံးအမဖြစ်သောတရားကို။
ပဋိစ္ဆာမိ၊ ကျင့်ရအံ့နည်း။
ပရမတ္ထဝိဇာနနံ၊ မဘောက်မပြန်ဖြစ်ခြင်းဖြင့် ဖြစ်လေ့ရှိသော ပရမတ္ထဓမ္မ၌ သိခြင်းကို။
ပဝေဒေန္တိ၊ ကြားကုန်သတည်း။
ဣတိ၊ ဤသို့။
အနုဿရန္တော၊ အောက်မေ့သည်ရှိသော်။
အန္တောဝင်္ကဂတော၊ မိစ္ဆာအယူဟု ဆိုအပ်သော အတွင်း၌ ဖြစ်သော စိတ်၏ ကောင်းခြင်းကိလေသာ၏ ကောက်ခြင်းသ်ည။
အာသိ၊ ဖြစ်ပြီ။
ကိံဝိယ၊ အဘယ်ကဲ့သို့နည်းဟူမူကား။
အာမိသံ၊ အစာနှင့်ရောသော သံမြှားချိတ်ကို။
ဃသံဃသန္တော၊ ခဲမျိုးသော ။
မစ္ဆောဝိယစ၊ ငါးကဲ့သို့လည်းကောင်း။
ပဟိန္ဒပါသေန၊ သိကြားမင်း၏ ကျော့ကွင်းဖြင့်။
ဗန္ဓော၊ ဖွဲ့မိသော။
ဝေပစိတျာသုရောယထာ၊ ပေဝစိတ္တိအမည်ရှိသော အသုရိန်နတ်မင်းသည်အလိုရှိတိုင်းနေရခြင်း မရှိကြီးစွာသော ဆင်းရဲသို့ ရောက်သကဲ့သို့ လည်းကောင်း။
ဧဝံတထာ၊ ထိုအတူ။
အဟံ၊ ငါသည်။
အာသိ၊ ရှေး၌ ကိလေသာဟူသော ကျော့ကွင်းဖြစ့်ဖွဲ့ခြင်းရှိသည်ဖြစ်ဘူးပြီ။
မဟာဒုက္ခပတ္တော၊ ထိုကိလေသာဟူသော ကျော့ကွင်းဖြင့် ဖွဲ့သည်ဖြစ်၍ အလိုရှိတိုင်း မနေရသဖြင့် ကြီးစွာသော ဆင်းရဲသို့ ရောက်သည်။
အာသိ၊ ဖြစ်ပြီ။
အသ္မာသော ကပရိဒ္ဒဝါ၊ ဤသိို့ စိုးရိမ်ခြင်းငိုကြွေးခြင်း ဟုဆိုအပ်သော ဝဋ်ဆင်းရဲမှ။
နံ၊ ထိုကိလေသာဟူသော ကျော့ကွင်းကို။
နမုဉ္စာမိနမောစေတိ၊ မလွတ်စေသော။
တာဝ၊ ထိုမျှလောက်။
အဉ္ဆာမိ၊ ကိလေသာဟူသော အနှောင်အဖွဲ့သည် ငင်ဆွဲ၏။
မေ၊ ငါအား။
လောကေ၊ လောက၌။
ဧတံကိလေသဗန္ဓံ၊ ဤကိလေသာတည်းဟူသော အနှောင်အဖွဲ့ကို။
မုဉ္စံမုဉ္စန္တော၊ လွှတ်ဖြတ်လျက်။
ကော၊ အဘယ်သူသည်။
သမ္ဗောဓိံ၊ ဝိမောက္ခမဂ်ကို။
ဝေဒယိဿတိ၊ ကြားပါလတ္တံ့နည်း။
ကံ၊ အဘယ်မည်သော။
ဒေသေန္တံ၊ ဝိမောက္ခတရားကို ဟောတတ်သော။
ပဘင်္ဂုနံ၊ ကိလေသာကို ဖျက်ဆီးခြင်းရှိသော ဝိမောက္ခတရားဖြစ်ခြင်းကို။
ကံ၊ အဘယ်မည်သော။
သမဏံဝါ၊ ရဟန်းကိုလည်းကောင်း။
ဗြဟ္မဏံဝါ၊ ပုဏ္ဏားကိုလည်းကောင်း။
ပုစ္ဆိတွာ၊ မေး၍။
ဇရာမစ္စုပဝါဟနံ၊ အိုခြင်းသေခြင်းကို ပယ်တတ်သော။
ကဿ၊ အဘယ်သူ၏။
ဓမ္မံ၊ ဝိမောက္ခတရားကို။
ပဋိစ္ဆာမိ၊ ကျင့်ရအံ့နည်း။
ဝိစိကိစ္ဆာ၊ လွန်လေပြီးသော ကာလ၌ ငါသည်ဖြစ်ဘူးလေပြီလောဟု ဤသို့ အစရှိသော နည်းဖြင့် ဖြစ်သော ယုံမှားခြင်းကိုလည်းကောင်း။
ကင်္ခါ၊ ရှေးရှုယုံမှားခြင်းထက်ဝန်းကျင်မှ ယုံမှားခြင်း ရှိသောအခြင်းအရာဖြင့် ဖြစ်သော ယုံမှားခြင်းကိုလည်းကောင်း။
ဂန္တိတံ၊ ဖွဲ့အပ်သော။
သာရမ္ဘဗလသညုတံ၊ လွန်သော လက္ခဏာရှိသော အစွမ်းသို့ ရောက်သောချုတ်ချယ်ခြင်းနှင့် ယှဉ်သော။
ကောဓပ္ပတ္တမနတ္ထဒ္ဓံ၊ အမျက်ဖြင့် စိတ်၏ ကြမ်းထန်းခက်ထန်သော အဖြစ်သို့ ရောက်သော။
အဘိဇပ္ပံပဒါရဏံ၊ အလိုရှိအပ်သော လာဘ်စသည်၏ အစွမ်းအားဖြင့် တဏှာသည် သတ္တဝါတို့စိတ်ကို ခွဲကုန်သကဲ့သို့ ဖြစ်သော။
တဏှာဓနုသမုဋ္ဌာနံ၊ အဝေး၌တည်သော သူအား လည်းဖေါက်ထွင်းခြင်းအကြောင်းဖြစ်သော တဏှာဟူသော လေးလျှင်ဖြစ်ကြောင်းရှိသော။
ဒွေ စပန္နရသာယုတံ၊ နှစ်ဆယ်သော ဝတ္ထုရှိသော သက္ကာယဒိဋ္ဌိဆယ်ပါးသော ဝတ္ထုရှိသော မိစ္ဆာဒိဋ္ဌိအားဖြင့် သုံးဆယ်အပြားရှိသော ။
ဩရသိကံ၊ ရင်၌ဖွဲ့ခြင်းရှိသော။
ဗါဠှံ၊ အားကြီးစွာသော မိစ္ဆာဒိဋ္ဌိဟူသော ငြောင့်သည်။
ဘေတွာန၊ နှလုံးကို ဖေါက်ထွင်း၍။
ယဒိတိဋ္ဌတိ၊ အကယ်၍တည်သည်ဖြစ်အံ့။
ဧဝံ၊ ဤသို့ ဖြစ်သည်ရှိသော်။
တံ၊ ထိုသို့ တဏှာဟူသော ငြောင့်နှလုံးကိုစူး၍ တည်သော ဒိဋ္ဌိကို။
ပဿ၊ သင်ရှုပါလော။
အနုဒိဋ္ဌီနံ၊ ကြွင်းသော ဒိဋ္ဌိတို့ကို။
အပဟာနံ အပဟာရကာရဏံ၊ မပယ်ရသေးခြင်း၏ အကြောင်းကား။
ယာဝ၊ အကြင်မျှလောက်။
နဝိဂစ္ဆတိ၊ သက္ကာယဒိဋ္ဌိသည် သန္တာန်မှ မက်ငးသေး။
တာဝ၊ ထိုမျှလောက်။
အပဟာတဗ္ဗမေဝ၊ သဿတဒိဋ္ဌိစသည်တို့ကို မပယ်ရသေးသည် သာလျှင်တည်း။
သင်္ကပ္ပပရတေဇိတံ၊ မိစ္ဆာဝိတက်ဖြင့် တပါးသော သူ၌ မှီခြင်းအားထုတ်ခြင်းရှိသော သူကို။
တေန၊ ထိုမိစ္ဆာဒိဋ္ဌိတည်းဟူသော ငြောင့်သည် ။
ဝိဒ္ဓေါ၊ နှလုံးကို စူးသည်ဖြစ်၍။
ဝေဓာမိ၊ တုန်လှုပ်၏။
ကိံဝိယ၊ အဘယ်ကဲ့သို့နည်းဟူမူကား။
မာလုတေရိတံ၊ လေသည်လှုပ်ရှားအပ်သည်ဖြစ်၍ အညှာမှ လွတ်သော။
ပတ္တံဣတ၊ သစ်ရွက်ကဲ့သို့တည်း။
မေ၊ ငါ၏။
အဇ္ဈတ္တံ၊ ကိုယ်၌။
သမုဋ္ဌာယ၊ ဖြစ်သော။
မာမကံမာမကော၊ မြတ်နိုးအပ်သော။
ဆဖဿာယတနိကော၊ စက္ခုသံဖဿ စသော ခြောက်ပါးသော ဖဿကြောင့်ဖြစ်သော။
ကာယော၊ ကိုယ်သည်။
ခိပ္ပံ၊ လျှင်စွာ။
ပစ္စတိဍယှတိ၊ တဏှာဟူသော မီးဖြင့်ထောင်၏။
ယထာကိံ၊ အဘယ်သို့နည်းဟူမူကား။
အဂ္ဂိ၊ မီးသည်။
သနိဿယဒါဟကော၊ မိမိမှီရာကိုလောင်သည်ရှိသော်။
တထေဝ၊ ထိုမှီရာကိုသာလျှင်။
ဒုယှတိယထာ၊ လောင်သကဲ့သို့။
ဧသာတဏှာ၊ ထိုတဏှာသည်။
တံယေဝ အတ္တဘာဝံ၊ ထိုမြတ်နိုးအပ်သော င့ါ၏ကိုယ်ကို သာလျှင်။
ဋဩန္တော၊ လောင်သည်ရှိသော်။
ယတ္ထ၊ အကြင်ကိုယ်၌။
ဥပ္ပန္နော၊ ဖြစ်၏။
တတ္ထေဝ၊ ထိုဖြစ်မြဲသော ကိုယ်၌သာလျှင်။
သဗ္ဗဒါ၊ အခါခပ်သိမ်း။
သရတိပဝတ္တတိ၊ ဖြစ်၏။
တေကိစ္ဆံ၊ ထိုသို့သဘောရှိသော ဝိစိကိစ္ဆာနှင့်ယှဉ်သဖြင့် ကုစားအပ်သော။
တံ၊ ထိုမိစ္ဆာဒိဋ္ဌိတည်းဟူသော ငြောင့်ကို ကစာတတ်သော သူကို။
နပဿာမိ၊ မမြင်။
ယော၊ အကြင်သူသည်။
နာနာရဇ္ဇေန၊ အထူးထူးသော ကြိုးနှင့်တူသော ငြောင့်တံသင်းဖြင့်။
ပဝေဧသတွာ၊ သွင်း၍။
သတ္ထေန၊ ဓားဖြင့်။
ကန္ဒိတွာန၊ လှီး၍။
အညေန၊ တပါးသော မန္တရားကို မန်းခြင်းလုံ့လဖြင့်။
ဥဒ္ဓရန္တောဝိယ၊ ထုတ်သကဲ့သို့။
ဝိစိကိစ္ဆိတံ၊ ယုံမှားအပ်သည် ဟုဆိုအပ်သော။
ဧတံသလ္လံ၊ ထိုငြောင့်ကို။
တိကိစ္ဆိတုံ၊ ကုစားခြင်းငှါ။
နသက္ကောတိ၊ မတတ်နိုင်။
ဧတံ၊ ထိုဒိဋ္ဌိဟူသော ငြောင့်ကိလေသာဟူသောငြောင့်ကို။
ဘိသက္ကော၊ ဆေးသမားနှင့် တူသော ဘုရားအစရှိသောသူသည်။
ဥဒ္ဓရေယျဥဒ္ဓရိတုံ သက္ကုဏေယျ၊ နှုတ်ခြင်းငှာ စွမ်းနိုင်ရာ၏။
မေ၊ ငါ့အား။
အသတ္ထော၊ ဓားလက်နက်မှ ကင်းသည်လည်းဖြစ်ထသော။
အဝဏော၊ အမာမှကင်းထသော။
အဗ္ဘန္တရာ၊ နှလုံးခွန်သားကို မှီ၍တည်ထသော။
ယံ သလ္လံ၊ အကြင်ကိလေသာ တည်းဟူသော ငြောင့်ကို။
ပဿ၊ ရှုလော။
သဗ္ဗဂတ္တနိ၊ အလုံးစုံသော ကိုယ်တို့ကို။
အဟိံ သံအဝိဟိံ သန္တေန၊ မနှိပ်စက်စေသဖြင့်။
ကော၊ အဘယ်မည်သော သူသည်။
မေ၊ ငါ၏။
ဧတံသလ္လံ၊ ထိုကိလေသာတည်းဟူသော ငြောင့်ကို။
ဥဒ္ဓရိဿတိ၊ နှုတ်နိုင်လတ္တံ့နည်း။
ဓမ္မပတိ၊ တရားတည်းဟူသော အကြောင်းရှိသော။
သောသေဋ္ဌော၊ ထိုမြတ်သော ပုဂ္ဂိုလ်သည်။
ဝိသဒေါသပဝါတကော၊ အဆိပ်နှင့်တူသော ငါ၏ ဒေါသရာဂစသော ကိလေသာကို ဖြတ်တတ်သည်။
ဘဝိဿတိ၊ ဖြစ်ပါလတ္တံ့နည်း။
ကောနုခေါ၊ အဘယ်သို့သော သူသည်။
ဂမ္ဘီရေ၊ အလွန်နက်စွာသော သံသရာဟူသော ဩဃ၌။
ပတိတဿ၊ ကျသော။
မေ၊ ငါ့အား။
အဿာသေန္တော၊ မကြေက်လင့်ဟု သက်သာရာကို ပေးလျက်။
ထလံ၊ နိဗ္ဗာန်ဟူသော ကြည်းထက်သို့။
ပါဏိံ၊ ရောက်စေတတ်သော အရိယမဂ်ဟူသော လက်ကို။
ဒဿယေ၊ ဤလက်ကိုဆွဲလောဟု ပြလာပါအံ့နည်း။
ရဟဒေဟမသ္မိံ၊ ကြီးစွာသော သံသရာဟူသောအိုင်၌။
ဩဂါဠော၊ ဥက္ခောင်းနှင့်တကွနစ်သည်၏ အစွမ်းဖြင့် သက်ဝင်လျက်တည်သော ငါသည်။
အာစရိယေ၊ ပယ်ခြင်းငျါ မစွမ်းနိုင်။
ရဇံ၊ ထုတ်နိုင်ခဲသော ရာဂစသော မြူလည်းကောင်း။
မာယာ၊ အပြစ်ကို ဖုံးလွှမ်းခြင်း လက္ခဏာ ရှိသော လောဘဟုဆိုအပ်သော မာယာသည်လည်းကောင်း။
ဥဿုံယျာ၊ သူတပါးစည်းစိမ်ကို ပြူစူခြင်း လက္ခဏာရှိသော ဣဿာတရားသည်လည်းကောင်း။
သာရမ္ဘံ၊ ချုတ်ချယ်ခြင်း လက္ခဏာ ရှိသော သာရသာရမ္ဘသည်လည်းကောင်း။
ထိနံ၊ စိတ်၏ ပျင်းခြင်းလက္ခဏာ ရှိသော ထိနသည်လည်းကောင်း။
မိဒ္ဓံ၊ ကိုယ်၏ ပျင်းခြင်း လက္ခဏာရှိသော မိဒ္ဓသည်လည်းကောင်း။
ဣမေ၊ ဤအကုသိုလ်တရားတို့သည်။
ပတ္ထရေ၊ ငါ၏ ကိုယ်၌ဖြစ်ကုန်၏။
ဥဒ္ဓစ္စမေဃထနိတံ၊ မငြိမ်သက်ခြင်းသဘောရှိသော ဥဒ္ဓစ္စတည်းဟူသော မိုဃ်းကြိုးကျခြင်းလည်းရှိထသော။
သံယောဇနဝလာဟကံ၊ ဆယ်ပါးအပြားရှိသော သံယောဇဉ်ဟု ဆိုအပ်သော မိုဃ်းတိမ်လည်းရှိထသော။
ဝါဟာ၊ ကြီးစွာသော ရေအိုင်နှင့် တူကုန်သော။
ရာဂနိဿိတာ၊ ရာဂကို မှီကုန်သော။
သံကပ္ပါစ၊ မိစ္ဆာသံကပ္ပတို့ သည်လည်းကောင်း။
ကုဒ္ဒိဋ္ဌံ၊ အသုဘကို သုဘစသည်ဖြင် ယူသော မကောင်းသော အယူရှိသော ငါ့ကို။
ဝဟန္တိ၊ အပါဟူသော သမုဒ္ဒရာသို့ ရည်လျက် ငင်ကုန်၏။
သဗ္ဗဓိ၊ ခပ်သိမ်းသော ဒွါရ၌ဖြစ်သော ခပ်သိမ်းသော ရူပါရုံ အစရှိသော အာရုံတိ့၌။
သောတာ၊ ယိုစီးတတ်ကုန်သော တဏှာသောတ ဒိဋ္ဌိသောတ စသော ငါးပါးသော တဏှာအယဉ်တို့သည်။
သဝန္တိ၊ ရူပါရုံစသော ခပ်သိမ်းသော စည်းစိမ်ချမ်းသာတို့မှ စီးယိုတတ်ကုန်၏။
လတာ၊ ရစ်တတ်ဖွဲ့ချဉ်တတ်သောကြောင့် နွယ်နှင့်တူသော တဏှာသည်။
ဥဗ္ဘိဇ္ဇ၊ ခြောက်ပါးသော ဒွါရတို့မှ ပေါက်ခွဲ၍။
တိဋ္ဌတိ၊ ရူပါရုံစသော အာရုံတို့၌ တည်၏။
တေသောတေ၊ ထိုတဏှာတည်းဟူသော ငါ၏ သန္တာန်၌ စီးယိုတတ်သော အရည်တို့ကို။
ကော၊ အဘယ်သို့ သဘောရှိသော မဂ်တံတားကို ဖွဲ့တတ်သော ယောင်္ကျားအထူးသည်။
နိဝါရေယျ၊ မြစ်ပါအံ့နည်း။
တံလတံ၊ ထိုတဏှာတည်းဟူသော နွယ်ကို။
ကော၊ အဘယ်သို့ သဘောရှိသော ယောင်္ကျားထူးသည်။
ဆိဇ္ဇတိဆေဇ္ဇိဿတိ၊ မဂ်တည်းဟူသော ဓားသန်လျက်ဖြင့် ဖြတ်လတ္တံ့နည်း။
ဘဒ္ဒန္တေ၊ အရှင်ဘုရား။
ဝေလံ၊ ထိုတဏှာတည်းဟူသော အယဉ်တို့ကို တားမြစ်တတ်သော တံတားကို။
ကရောထ၊ ပြုတော်မူကုန်လော။
သောတာနံ၊ တဏှာတည်းဟူသော အယဉ်ကို။
သန္နိဝရဏဉ္စ၊ ကောင်းစွာမြစ်ခြင်းကိုလည်း။
ကရောထ၊ ပြုတော်မူကုန်လော။
တေ၊ သင်၏။
မနောမယော၊ စိတ်၌ဖြစ်သော။
သောတော၊ တဏှာတည်းဟူသော အလျဉ်ကို။
ဒုန္နိဝါရဏော၊ မြစ်နိုင်ခဲ၏။
ကိံဝိယ၊ အဘယ်ကဲ့သို့ နည်းဟူမူကား။
ဥဒကသောတော၊ ရေအယဉ်သည်။
ဝဍ္ဎန္တော၊ ပွါးသည်ရှိသော်။
ရုက္ခံ၊ ကမ်းနား၌ တည်သော သစ်ပင်ကို။
ဝိနာသေတိယထာ၊ လည်းစေလျက် ဖျက်ဆီးသကဲ့သို့လည်းကောင်း။
မာလု၊ ပြင်းစွာသော လေသည်။
ဝေဧကန္တေန၊ စင်စစ်သဖြင့်။
သဟသာ၊ အဆောတလျှင်။
ရုက္ခံ၊ အားနည်းသောသစ်ပင်ကို။
ဝီနာသေတိယထာ၊ လည်းစေလျက် ဖျက်ဆီးသကဲ့သို့လည်းကောင်း။
ဧဝံ၊ ဤသို့သော အခြင်းအရာဖြင့်။
ဇာတဿ၊ ဖြစ်သော။
မေ၊ ငါ့အား။
အပါရာ၊ ဤမှာဘက်ကမ်းမှ။
ဘယာ၊ သံသရာဝဋ်ဆင်းရဲးဟု ဆိုအပ်သော ဘေးရှိရာမှ။
ကထံနုခေါ၊ အဘယ်သို့လျှင်။
မုစ္ဆေယျံ၊ လွတ်ရပါအံ့နည်း။
ဣတိ၊ ဤသို့။
ပါရံ၊ နိဗ္ဗာန်ကို။
ဧသကော၊ ရှာတတ်သော။
တာဏော၊ လူနတ်တို့၏ ကိုးကွယ်ရာဖြစ်တော်မူသော။
ပညာဝုဓော၊ ပညာတည်းဟူသော လက်နက်ရှိတော်မူသော။
သတ္ထာ၊ လူနတ်တို့၏ ဆရာဖြစ်တော်မူသော။
ဣသိသံဃနိသေဝိတော၊ အဂ္ဂသာဝကမဟာသာဝကဟုဆိုအပ်သော အရိယာ ပုဂ္ဂိုလ်အပေါင်းတို့၏ မှီဝဲရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည်။
သုကတံ၊ ကောင်းစွာပြုအပ်သော။
သုဒ္ဓံ၊ ညစ်ညူးခြင်းကိလေသာတို့မှ စင်ကြယ်ထသော။
ဓမ္မသာရမယံ၊ သဒ္ဓါပညာစသော တရားအနှစ်ဖြင့် ပြီးသော။
ဒဠှံ၊ တုန်လှုပ်ခြင်းမရှိခိုင်ခံ့သော။
သောပါနံ၊ ဝိပဿနာ ဟုဆိုအပ်သော စောင့်တန်းလှေခါးကို ။
ဝုယှမာနဿ၊ ကြီးစွာသော ဩဃဖြင့် မျောသော ငါ့အား။
ပါဒါသိ၊ တက်လော ဟုပေးတော်မူ၏။
မာဘာယီတိစ၊ မကြောက်လင့်ဟူသော စကားကိုလည်း။
အဗြဝိ၊ သက်သာရာကို ပေးသောအားဖြင့် ဆိုတော်မူ၏။
သတိပဋ္ဌာနပါသာဒံ၊ လေးပါးအပြားရှိသော သတိပဋ္ဌာန်ဟု ဆိုအပ်သော ပြာသာဒ်ထက်သို့။
အာရုယှ၊ တက်တော်မူ၍။
ပစ္စဝေက္ခိသံ၊ သစ္စာလေးပါးတရားကို မဂ်ဉာဏ်ဖြင့်သိတော်မူ၏။
ပုဗ္ဗေ၊ ရှေးအခါ၌။
သက္ကာယာဘိရတံ၊ ဤသည်ကား ငါ၏ကိုယ်တည်းဟု သက္ကာယဒိဋ္ဌိ၌မွေ့လျော်သော။
ပဇံ၊ သတ္တဝါကို။
တေန၊ ထိုသက္ကာသဒိဋ္ဌိဖြင့်။
ပရိကပ္ပိတံ၊ ကြံဆအပ်သော။
ယံတံအတ္တာနံ၊ အကြင်ကိုယ်ကို။
ပုဗ္ဗေ၊ ရှေး၌။
အမညိဿံ၊ အနှစ်မရှိသော အားဖြင့်အောက်မေ့ပြီ။
ယဒါစ၊ အကြင်အခါ၌လည်း။
မဂ္ဂံ၊ အရိယမဂ်ကို။
အဒ္ဒက္ခိံ၊ ပညာမျက်စိဖြင့် မြင်ပြီ။
နာဝါယ၊ အရိယမဂ္ဂင်ရှစ်ပါးတည်းဟူသော လှေထက်သို့။
အဘိရူဟနံ၊ တက်စီးခြင်း၏ အကြောင်းဖြစ်၍ ဖြစ်သော ဝိပဿနာမဂ်ကို။
ယဒါ၊ အကြင်အခါ၌။
အဒ္ဒက္ခိံ၊ မြင်ပြီ။
တတော၊ ထိုအခါမှ စ၍။
တံတိတ္တိယဇနဉ္စ၊ ထိုဒိဋ္ဌိဟူသော လူအပေါင်းကို လည်းကောင်း။
အတ္တာနဉ္စ၊ မိမိကိုယ်ကိုလည်းကောင်း။
အနဓိဋ္ဌာယ၊ စိတ်၌ မထားမူ၍။
တိတ္ထံ၊ နိဗ္ဗာန်ဟု ဆိုအပ်သော ကြီးစွာသော ကမ်း၏ ဆိပ်သဖွယ်ဖြစ်၍ဖြစ်သော။
ဥတ္တမံ၊ အရိယမဂ်ဖြင့်မြင်အပ်သော အလုံးစုံသော ကုသိုလ်တရားထက် လွန်မြတ်သောတရားကို။
အဒ္ဒက္ခိံ၊ မြင်ပြီ။
အတ္တသမုဋ္ဌာနံ၊ ငါ့၏ ကိုယ်ဟူ၍ ရအပ်သော အတ္တဘော၌ဖြစ်သော။
ဘာဝနေတ္တိပဘာဝိတံ၊ ဘဝတဏှာသည် ဖြစ်စေအပ်သော။
သလ္လံ၊ တဏှာတည်းဟူသော ငြောင့်ကို။
ပဟာနာယ၊ ပယ်ခြင်းငှါ။
ဧတေသံ၊ ထိုဘဝတဏှစသည်တို့၏။
အပ္ပဝတ္တာယ၊ မဖြစ်စိမ့်သောငှါ။
ဥတ္တမံ၊ မြတ်သော။
မဂ္ဂံ၊ အရိယမဂ်ကို။
ဒေသေတိပကာသေသိ၊ ပြတော်မူ၏။
ဒီဃရတ္တံ၊ ရှည်မြင့်စွာသော နေ့ညဉ့်ပတ်လုံး။
အနုသယိတံ၊ သန္တာန်၌ အဘန်တလဲလဲကိန်းသော။
စိရရတ္တံ၊ ရှည်မြင့်စွာသော နေ့ညဉ့်ပတ်လုံး။
ပတိဋ္ဌိတံ၊ သန္တာန်ထက်၌ထည်သော။
ဂန္ထံ၊ အဘိဇ္ဈာစသော ဂန္ထကိုလည်းကောင်း။
ဝိသဒေါသံ၊ ကိလေသာ တည်းဟူသော အဆိပ်ကို လည်းကောင်း။
ပဝါဟနော၊ မဂ်ဖြင့် ဆေးလျော်ပြီးသော။
ဗုဒ္ဓေါ၊ မြတ်စွာဘုရားသည်။
မေ၊ င့ါအား။
ပနုဒိ၊ စွန့်စေတော်ရှိပြီ။
ဣတိ၊ ဤသို့။
တေလကာနိထေရော၊ တေလကာနိထေရ်သည် ။
ဣမာဝီသတိဂါထာယော၊ ဤဘွဲ့ဆိုသီကုံးအပ်သော နှစ်ဆယ်သော ဂါထာတို့ကို။
အဘာသိတ္ထ၊ ရွတ်ဆိုပြီ။
တေသကာနိထေရဂါထာ အနက်ပြီး၏။