ဘန္တေ၊ အရှင်ဘုရား။
ပုဗ္ဗေ၊ ရှေးအခါ၌။
ဟတ္ထိဂီဝါယ၊ ဆင်၏လည်၌။
နိသီဒိတွာ၊ ထိုင်၍။
ယာတံစရိတံ၊ သွားအပ်၏။
ဝတ္ထာနိ၊ အဝတ်တို့ကို။
ပရိဟရန္တေနပိ၊ ဆောင်သော်လည်း။
သုခုမာဝတ္ထာပဓာရိတာ၊ ကောင်းသောအတွေ့ရှိသော သိမ်မွေ့နူးညံ့သော ကာသိကတိုင်း၌ဖြစ်သော ပုဆိုးအထူးကို သာဆောင်၏။
ဘုဉ္ဇန္တေနဝိ၊ ထမင်းစားသော်လည်း။
သာလီနံ၊ သုံးနှစ်ဟောင်းလေပြီးသော ကောင်းသော အနံ့ရှိသော သလေးတို့၏။
သုစိမံသူပသေစနော၊ ခါသားသမင်းသားအစရှိသော စင်ကြယ်သော သားဖြင့် ပြွမ်းသော။
ဩဒနော၊ ထမင်းကို။
ဘုတ္တော၊ စားအပ်၏။
အဇ္ဇ၊ ယခုရဟန်းအဖြစ်၌ တည်းသော အခါ၌ကား။
သော အဟံ၊ ဤငါသည်။
ဘဒ္ဒေါ၊ ကောင်းသော သီလသမာဓိစသော ဂုဏ်နှင့် ပြည့်စုံသည်ဖြစ်၍။
သာတတိကော၊ မျက်မှောက်၌ ဖြစ်သော ချမ်းသာစွာနေခြင်း၌ အမြဲယှဉ်သော။
ဥဉ္ဆာ၊ သပိတ်လက်ဆွဲ၍ ဆွမ်းခံခြင်းဖြင့်။
ပတ္တဂတေ၊ သပိတ်၌တည်သော ဆွမ်း၌။
ရတော၊ အလွန်မွေ့လျော်၏။
ဂေါဓာယ၊ ကာဠိဂေါဓာမည်သော မင်းသမီး၏။
ပုတ္တော၊ သားဖြစ်သော။
ဘဒ္ဒိယော၊ ဘဒ္ဒိယမထေရ်သည်။
အနုပါဒါနော၊ ဥပါဒါန်တရားလေးပါးမှ ကင်းပြီးသည်ဖြစ်၍။
ဈာယတိ၊ ဖလသမာပတ်ဈာန်ဖြင့် ဝင်စား၏။
ပံသုကူလိသာတတိကော၊ ပန့်သကူဓုတင်ဆောက်တည်သဖြင့် မျက်မှောက်သော ကိုယ်၏ အဖြစ်၌ ချမ်းသာစွာနေခြင်း၌ အမြဲယှဉ်သည်ဖြစ်၍။
ဥဉ္စာဥဉ္ဆစစရိယာယ၊ သပိတ်လက်စွဲ၍ ဆွမ်းခံသွားသဖြင့်။
ပတ္တဂတေ၊ သပိတ်၌ တည်သော ရရသမျှသော ဆွမ်း၌။
ရတော အဘိရတော၊ အလွန်မွေ့လျော်၏။
ဂေါဓာယ၊ ကာဠိဂေါဓာမည်သော မင်းသမီး၏ ။
ပုတ္တော၊ သားဖြစ်သော။
ဘဒ္ဒိယော၊ ဘဒ္ဒိယထေရ်သည်။
အနုပါဒါနော၊ ဥပါဒါန်တရားလေးပါးမှ ကင်းသည်ဖြစ်၍။
ဈာယတိ၊ ဖလသမာပတ်ဖြင့် ဝင်စား၏။
ပိဏ္ဍပါတီသာတတိကော၊ ပိဏ္ဍပတ်ဓုတင်ဆောက်တည်ခြင်းဖြင့် မြတ်သော ကိုယ်၏ အဖြစ်၌ ချမ်းသာစွာနေခြင်း၌ အမြဲယှဉ်သည်ဖြစ်၍။
(ပေ)၊
တေစီဝရကောသာတတိကော၊ တိစိစရိက်ဓုတင်ဆောက်တည်သဖြင့် မျက်မှောက်သော ကိုယ်၏ အဖြစ်၌ ချမ်းသာစွာနေခြင်း၌အမြဲယှဉ်သည်ဖြစ်၍။
(ပေ)၊
သပဒါနစာရီသာတတိကော၊ အိမ်စဉ်မပြတ်ဆွမ်းရပ်ခြင်းဟု ဆိုအပ်သော သပဒါနစာရိကဓုတင်ဖြင့် မျက်မှောက်သော ကိုယ်၏ အဖြစ်၌ ချမ်းသာစွာနေခြင်း၌ အမြဲယှဉ်သည်ဖြစ်၍။
(ပေ)၊
ဧကာသနကောသာတတိကော၊ ဧကာသနိက်ဓုတင်ဆောက်တည်သဖြင့် ရဟန်းတရား၌ မြင်အပ်သော မျက်မှောက်သော ကိုယ်၏အဖြစ်၌ ချမ်းသာစွာနေခြင်း၌ အမြဲယှဉ်သည်ဖြစ်၍။
(ပေ)၊
ပတ္တပိဏ္ဍိကောသာတတိယော၊ ပတ္တပိုင်ဓုတင်ဆောက်တည်သဖြင့် ရဟန်းတရား၌ မြင်အပ်သော မျက်မှောက်သော ကိုယ်၏ အဖြစ်၌ ချမ်းသာစွာနေခြင်း၌ အမြဲယှဉ်သည်ဖြစ်၍။
(ပ)၊
ခလုပစ္ဆာဘတ္တီသာတတိကော၊ ခလုပစ္ဆာဓုတင်ကို ဆောက်တည်သဖြင့် ရဟန်းတရား၌ မြင်အပ်သော မျက်မှောက်သော ကိုယ်၏ အဖြစ်၌ ချမ်းသာစွာနေခြင်း၌ အမြဲယှည်သည်ဖြစ်၍။
(ပေ)၊
အာရညိကောသာတတိကော၊ အာရညကင်ဓုတင်ဆောက်တည်သဖြင့် ရဟန်းတရား၌ မြင်အပ်သော မျက်မှောက်သော ကိုယ်၏ အဖြစ်၌ ချမ်းသာစွာနေခြင်း၌ အမြဲယှဉ်သည်ဖြစ်၍။
(ပေ)၊
ရုက္ခမူလိကောသာတတိကော၊ ရုက္ခမူဓုတင်ဆောက်တည်သဖြင့် ရဟန်းတရား၌ မြင်အပ်သော မျက်မှောက်သော ကိုယ် ၏ အဖြစ်၌ ချမ်းသာစွာနေခြင်း၌ အမြဲယှည်သည်ဖြစ်၍။
(ပေ)၊
အဗ္ဘောကာသကောသာတတိကော၊ အဗောကာသိကဓုတင်ဆောက်တည်သဖြင့် ရဟန်းတရား၌ မြင်အပ်သော မျက်မှောက်သော ကိုယ်၏ အဖြစ်၌ ချမ်းသာစွာနေခြင်း၌ အမြဲယှဉ်သည်ဖြစ်၍။
(ပေ)၊
သောကာနိကောသာတတိကော၊ သုသာန်ဓုတင်ဆောက်တည်သဖြင့် ရဟန်းတရား၌ မြင်အပ်သော မျက်မှောက်သော ကိုယ်၏ အဖြစ်၌ ချမ်းသာစွာ နေခြင်း၌ အမြဲယှဉ်သည်ဖြစ်၍။
(ပေ)၊
ယထာသန္တတိကောသာတတိကော၊ ယထာသန္တတိဓုတင်ဆောက်တည်သဖြင့် ရဟန်းတရား၌ မြင်အပ်သော မျက်မှောက်သော ကိုယ်၏ အဖြစ်၌ချမ်းသာစွာနေခြင်း၌ အမြဲယှဉ်သည်ဖြစ်၍။
(ပေ)၊
နေသဇ္ဇိကောသာ တတိကော၊ နေသဇ္ဇိကဓုတင်ဆောက်တည်သဖြင့် ရဟန်းတရား၌ မြင်အပ်သော မျက်မှောက်သော ကိုယ် ၏ အဖြစ်၌ ချမ်းသာစွာနေခြင်း၌ အမြဲယှဉ်သည်ဖြစ်၍။
(ပေ)၊
အပ္ပိစ္ဆောသာတတိကော၊ ပစ္စည်းလေးပါးဝယ်အလိုနည်းသဖြင့် ရဟန်းတရား၌ မြင်အပ်သော မျက်မှောက်သော ကိုယ် ၏အဖြစ်၌ ချမ်းသာစွာနေခြင်း၌ အမြဲယှဉ်သည်ဖြစ်၍။
(ပေ)၊
သန္တုဋ္ဌောသာတတိကော၊ ပစ္စည်းလေးပါးဝယ်ရောင့်ရဲ လွယ်သဖြင့် ရဟန်းတရား၌ မြင်အပ်သော မျက်မှောက်သော ကိုယ်၏ အဖြစ်၌ ချမ်းသာစွာနေခြင်း၌ အမြဲယှဉ်သည်ဖြစ်၍။
(ပေ)၊
ပဝိဝိတ္တောသာတတိကော၊ ဆိတ်ငြိမ်ရာအရပ်သို့ ကပ်သဖြင့် ရဟန်းတရား၌ မြင်အပ်သော မျက်မှောက်သော ကိုယ်၏ အဖြစ်၌ ချမ်းသာစွာနေခြင်း၌ ယှဉ်သည်ဖြစ်၍။
(ပေ)၊
အသံသဋ္ဌောသာ တတိကော၊ လူတို့နှင့် ရောနှောခြင်း မရှိသည်ဖြစ်၍ ရဟန်းတရား၌ မြင်အပ်သော မျက်မှောက်သော ကိုယ်၏ အဖြစ်၌ ချမ်းသာစွာနေခြင်း၌ အမြဲယှဉ်သည်ဖြစ်၍။
(ပေ)၊
အာရဒ္ဓဝီရိယော သာတတိကော၊ အားထုတ်အပ်သော လုံ့လရှိသဖြင့် ရဟန်းတရား၌ မြင်အပ်သော မျက်မှောက်သော ကိုယ်၏ အဖြစ်၌ ချမ်းသာစွာနေခြင်း၌ အမြဲယှဉ်သည်ဖြစ်၍။
(ပ)၊
ပုရေ၊ ရှေးလူဖြစ်သောအခါ၌။
သောဝဏ္ဏံ၊ ရွှေဖြင့် ပြီးသော ။
သတရာဇိကံ၊ များသော အနားရေးရှိသော။
သတပလံ၊ တရာသော ပိုလ်အချိန်ရှိသော။
ကံသံ၊ ရွှေလင်ပန်းကို ။
ဟိတွာ၊ စွန့်၍။
မတ္တိကပတ္တံ၊ မြေသပိတ်ကို။
အဂ္ဂဟိံ၊ ယူပြီ။
ဣဒံ၊ ဤမြေသပိတ်ကို ယူခြင်းသည်။
ဒုတိယာဘိသေစနံ၊ နှစ်ကြိမ်မြောက်သော ဘိသိက်သွန်းခြင်းမည်၏။
မဏ္ဍလိပါကာရေ၊ ဝန်းသော အခြင်းအရာရှိသော တံတိုင်းတို့ဖြင့် ခြံရံအပ်သော။
ဒဠှမဋ္ဋာလကောဋ္ဌကေ၊ မြဲမြံစွာပြုအပ်သော ပြအိုးပြဝင် တံခါးမုတ်တို့နှင့် ပြည့်စုံသော ပြည်၌။
ဥစ္စေ၊ မြင့်သော ပြသာဒ်ထက်၌။
ခဂ္ဂဟတ္ထေဟိ၊ သန်လျက်လက်စွဲ ကုန်သော ယောင်္ကျားတို့သည်။
ရက္ခိတော၊ စောင့်ရှောက်အပ်သည်ဖြစ်လျက်။
ပုရေ၊ ရှေးလူဖြစ်သော အခါ၌။
ဥတ္တသံ၊ ကြောက်လန့်ခြင်းရှိသည်ဖြစ်၍။
ဝိဟရိံ၊ နေရပြီ။
အဇ္ဇ၊ ယခုရဟန်းဖြစ်သောအခါ၌။
ဘဒ္ဒေါ၊ ကောင်းသော စိတ်ရှိသည်ဖြစ်၍။
ပဟီနဘယဘေရဝေါ၊ ပယ်အပ်ပြီးသော ဘေးကြောက်မက်ဘွယ်ရှိသည်ဖြစ်၍။
သောအဟံ၊ ထိုငါသည်။
အနုတြာသီဝိဟရိံ၊ ကြောက်လန့်မရှိသည်ဖြစ်၍ နေပြီ။
ဂေါဓာယ၊ ကာဠိဂေါဓာမည်သော မင်းသမီး၏။
ပုတ္တော၊ သားဖြစ်သော ။
ဘဒ္ဒိယော၊ ဘဒ္ဒိယထေရ်သည်။
ဝနံ၊ တောတည်းသို့။
ဩဂယှ၊ သက်၍။
ဈာယတိ၊ ဖလသမာပတ်ချမ်းသာကို ဝင်စားသော အားဖြင့် နေပြီ။
သီလက္ခန္ဓေ၊ သီလဟူသော ကျေးဇူး၌။
ပတိဋ္ဌာယ၊ တည်၍။
သတိဉ္စ၊ သတိသမာဓိကိုလည်းကောင်း။
ပညဉ္စ၊ ဖလသမာပတ်နိရောဓသမာပတ်နှင့်ယှဉ်သော ပညာကိုလည်းကောင်း။
ဘာဝယံဘာဝယန္တော၊ သမထဝိပဿနာကို ပွါးစေလျက်။
အနုပုဗ္ဗေန၊ အစဉ်သဖြင့်။
သဗ္ဗသံယောဇနက္ခယံ၊ အလုံးစုံသော သံယောဇဉ်တို့၏ ကုန်ခြင်းသို့။
ပါပုဏိံ၊ ရောက်ပြီ။
ဣတိ၊ ဤသို့။
ကာဠိဂေါဓာယ၊ ကာဠိဂေါဓာမည်သောမင်းသမီး၏။
ပုတ္တော၊ သားဖြစ်သော။
ဘဒ္ဒိယော၊ ဘဒ္ဒိယထေရ်သည်။
ဣမာဂါထာယော၊ ဤဘွဲ့ဆိုသီကုံးအပ်သော နှစ်ဆဲ့လေးဂါထာတို့ကို။
အဘာသိတ္ထ၊ ရွတ်ဆိုပြီ။
ကာဠိဂေါဓာမည်သော မင်းသမီး၏ သားဖြစ်သော ဘဒ္ဒိယ ထေရဂါထာ အနက်ပြီး၏။