Issues
Select Version
နိဿယ
မြန်မာဘာသာ
Theragāthāpāḷi
Theragāthāpāḷi

5. Ajinattheragāthā

Author: နိဿယ @ IAPT

အာဝုသော၊ ငါ့ရှင်တို့။ ယော၊ အကြင်သူသည်။ တေဝိဇ္ဇော၊ ဝိဇ္ဇာသုံးပါးနှင့် ပြည့်စုံသည်။ အနာသဝေါ၊ ကင်းပြီးသော အာသဝေါရှိသည်။ စေဟောတိအပိ၊ အယ်၍ ဖြစ်မူလည်း ဖြစ်အံ့။ တံ၊ ထိုသူကို။ မစ္စု၊ သေမင်းသည်။ သာယိ၊ ဘဝသစ်ကို ယူခြင်းမရှိသည်ဖြစ်၍ သေခြင်းမှ ကင်းသောအားဖြင့် စွန့်ရ၏။
ဧဝံသန္တေပိ၊ ဤသို့ သေခြင်းမရှိငြားသော်လည်း။ နံ၊ ထိုမိမိအကျိုးကို အစဉ်အတိုင်း ရောက်၍တည်သော မြတ်သော ယောင်္ကျားကို။ အပ္ပညာတောတိ၊ လာဘ်၏ မရှိသော အားဖြင့် မထင်ရှားသော သူဟူ၍။ ဗာလာ၊ ပညာနည်းကုန်သည်ဖြစ်၍ မိုက်သော ပုဂ္ဂိုလ်တို့သည်။ အဇာနတာ၊ ထိုအရှင်မြတ်တို့ဂုဏ်ကို မသိသဖြင့်။ အဝဇာနန္တိ၊ မထီမဲ့မြင် ပြုကုန်၏။
ယောစာပုဂ္ဂလော၊ အကြင်ပုဂ္ဂိုလ်သည်လည်း။ အန္နပါနဿ၊ ထမင်းအဖျော်ကို။ လာဘီ၊ ရခြင်းရှိသည်။ ဟောတိ၊ ဖြစ်၏။
ဝေ၊ စင်စစ်။ ပါပဓမ္မော၊ ယုတ်မာသော သဘောရှိသည်။ အသိ၊ ဖြစ်၏။ သောပုဂ္ဂလော၊ ထိုပုဂ္ဂိုလ်ကို။ နေသံ၊ ထိုလာဘ်ကို အလေးပြုကုန်သော သူမိုက်တို့သည်။ သက္ကတော၊ အရိုအသေအလေးအမြတ် ပြုအပ်သည်။ ဟောတိ၊ ဖြစ်၏။
ဣတိ၊ ဤသို့။ အဇိတောထေရော၊ အဇိတထေရ်သည်။ ဣမာဂါထာယော၊ ဤဂါထာတို့ကို။ အဘာသိတ္ထ၊ ဆိုပြီ။ အဇိဘထေရဂါထာ အနက်ပြီး၏။