နေတ္တိကာ၊ ရေကို ဆောင်ကုန်သော သူတို့သည်။
ဥဒကံ၊ ရေကို။
နယန္တိ ဝိယ၊ မိမိတို့၏ လိုရာအရပ်သို့ ဆောင်ကုန်သကဲ့သို့ လည်းကောင်း။
ဥသုကာရာ၊ လေးသမားတို့သည်။
တေဇနံ၊ မြှားကို။
တာပေတွာ၊ မီးကင်၍။
ဒမယန္တိဥဇုံ ကရောန္တိဝိယ၊ ဖြောင့်အောင် ပြုကုန်သကဲ့သို့ လည်းကောင်း။
တစ္ဆကာ၊ တစည်းသမားတို့သည်။
ဒါရုံ၊ သစ်ကို။
ဒမယန္တိဝိယ၊ မိမိအလိုအားလျော်စွာ အဖြောင့်အကောက်ကို ပြုကုန်သကဲ့သို့ လည်းကောင်း။
ဧဝံတထာ၊ ထို့အတူ။
သုဗ္ဗတာ၊ ဆောက်တည်သော သီလစသော ကောင်းသောအကျင့်ရှိကုန်သော ပညာရှိတို့သည်။
အတ္တာနံ၊ မိမိကိုယ်ကို။
ဒယမန္တီ၊ သောတာပတ္တိမဂ်စသည်သို့ ရောက်အောင် ဆုံးမကုန်၏။
ဣတိ၊ ဤသို့။
ကုဋ္ဌောထေရော၊ ကုဋ္ဌထေရ်သည်။
ဣမံဂါထံ၊ ဤဂါထာကို။
အဘာသိတ္ထ၊ ဆိုပြီ။
ကုဋ္ဌထေရဂါထာ အနက်ပြီး၏။