Issues
Select Version
နိဿယ
မြန်မာဘာသာ
Theragāthāpāḷi
Theragāthāpāḷi

3. Pakkhattheragāthā

Author: နိဿယ @ IAPT

အာဝုသော၊ ငါ့ရှင်တို့။ ကုသလာ၊ စွန်ရဲတို့သည်။ စုတာ၊ တပါးသော စွန်ရဲနှုတ်သီးမှရွေ့လျှောသော သားတစ်ကို။ ဘုမ္မိယံ၊ မြေသို့။ ပတိတာ၊ ကျကုန်သည်ရှိသော်။ ဂိဒ္ဓါ၊ တပ်ခြင်းသို့ ရောက်ကုန်သော ငှက်အပေါင်းတို့သည်။ ပုနရာဂတာ၊ တဖန်တပ်ခြင်းသို့ ရောက်ကုန်သည်ဖြစ်၍။ အနုပတန္တိဝိယ၊ ထိုးဆိတ်ကုန်သကဲ့သို့။ ဧဝံတထာ၊ ထိုအတူ။ ယေသတ္တာ၊ အကြင်သံသရာ၌ ကျင်လည်ကုန်သော သတ္တဝါတို့သည်။ စုတာ၊ ထင်ရှား ရှိသော ကိုယ်မှ လျှောကျကုန်၏။ တေသတ္တာ၊ ထိုသတ္တဝါတို့သည်။ ပတန္တိ၊ ငရဲစသော ဆင်းရဲတို့၌ ကျကုန်၏။ ပတီတာစ၊ ဤသို့ ငရဲစသည်တို့၌ ကျကုန်သော်လည်း။ သမ္ပတ္တိဘဝေ၊ စည်းစိမ်ချမ်းသာ၏ ပြည့်စုံသော ဘဝ၌။ ဋ္ဌိတာ၊ တည်ကုန်သည်ရှိသော်။ ဂိဒ္ဓါ၊ ကာမဂုဏ်ချမ်းသာ၌ ယှဉ်သည့် အစွမ်းဖြင့် ကာမရူပ အရူပဘဝ၌ တပ်ကုန်သည်လည်းကောင်း။ ပုနရာဂတာ၊ ဘဝသို့ လားစေတတ်သော ကံဖြင့် ထိုထိုသို့သော ဘဝ၌ ဆင်းရဲခြင်းသို့ တဖန်ရောက်ကုန်၏။ ဣမေသတ္တာ၊ ဤသတ္တဝါတို့သည်။ ဧဝံဘူတာ၊ ဤသို့ ဖြစ်ခြင်းရှိကုန်၏။
မယံပန၊ ငါ့တို့သည်ကား။ ကိစ္စံ၊ တဆယ့်ခြောက်ပါးအပြားရှိသော မဂ်ကိစ္စကို။ ကထံ၊ ပြုအပ်ပြီ။ ရမ္မံ၊ ခပ်သိမ်းသော သင်္ခါရတို့၏ ငြိမ်းရာဖြစ်သော နိဗ္ဗာန်သို့။ ရတံ၊ နိဗ္ဗာန်ချမ်းသာဖြင့် မွေ့လျော်အပ်ပြီ။ သုခေန၊ ဝိပဿနာ ချမ်းသာဖြင့်။ အနွာဂတံ၊ အစဉ်အတိုင်းရောက်အပ်သော။ သုခဉ္စ၊ နိဗ္ဗာန်ချမ်းသာကိုလည်း‌။ လဒ္ဓံ၊ ရအပ်ပြီ။
ဣတိ၊ ဤသို့။ ပက္ခောထေရော၊ ပက္ခထေရ်သည်။ အညာဗျာကရဏဝသေန၊ အရဟတ္ထဖိုလ်ကို ကြားသည်၏ အစွမ်းဖြင့်။ ဣမံဂါထံ၊ ဤဂါထာကို။ အဘာသိတ္ထ၊ ဆိုပြီ။ ပက္ခထေရဂါထာ အနက်ပြီး၏။