Issues
Select Version
နိဿယ
မြန်မာဘာသာ
Theragāthāpāḷi
Theragāthāpāḷi

2. Bhaddajittheragāthā

Author: နိဿယ @ IAPT

အာဝုသော၊ င့ါရှင်တို့။ သောအဟံ၊ ထိုငါသည်။ ပနာဒေါနာမ၊ မဟာပနာဒအမည်ရှိသော။ ရာဇာ၊ မင်းသည်။ အဟောသိံ၊ ဖြစ်ဘူး၏။ ယဿရညော၊ အကြင်မာပနာဒမင်း၏။ ယူပေါ၊ ပြဿာဒ်သည်။ သုဝဏ္ဏမယော၊ အလုံးရွှေဖြင့် ပြီး၏။
တဿပါသာဒဿ၊ ထိုပြသာဒ်၏ ။ တိရိယံဝိတ္ထာရတော၊ အကျယ်အားဖြင့်။ သောဠသုဗ္ဗေဓော၊ တဆဲ့ခြောက်မင်းပယ်စားရှိ၏။ ဥဗ္ဘဥစ္စာ၊ အမြင့်ကား။ အဍ္ဎယောဇနမတ္တော၊ ယူဇနာခွဲပမာဏရှိသည်။ ဟောတိ၊ ဖြစ်၏။
အဿပါသာဒဿ၊ ထိုပြသာဒ်၏။ သဟဿဓာသဟဿကဏ္ဍပမာဏံ၊ တထောင်သော ဘုံဆင့်ရှိ၏ ဟူ၍။ အာဟု၊ ဆိုကုန်၏။ သော ပန၊ ထိုပြသာဒ်သည်ကား။ ပရိမဏ္ဍလတော၊ အဝန်းအားဖြင့်။ ပဉ္စဝီသတိယောဇနပ္ပမာဏော၊ နှစ်ဆဲ့ ငါးယူဇနာ အတိုင်းအရှည်ရှိ၏။ သတဂေဏ္ဌု၊ များစွာသော အထွဋ်လည်းရှိ၏။ ဓဇာလု၊ ထိုအထွဋ်ဦး၌ တည်သော တန်ခွန်ကုက္ကားတို့နှင့် ပြည့်စုံ၏။ ဟရိတမယော၊ ရွှေစင်သိင်္ဂနိတ်ဖြင့် ပြီး၏။
တတ္ထပါသာဒေ၊ ထိုပြာဿာဒ်၌။ သတ္တဓာ၊ ထိုပြသာဒ်၏ ခုနစ်ပါးသော အရပ်၌။ ဆသဟဿာနိ၊ ခြောက်ထောင်ကနု်သော။ ဂန္ဓဗ္ဗာ၊ ကချေသည်တို့သည်။ ရညော၊ မဟာပနာဒမင်းကြီးအား။ အဘိရမာပနတ္ထာယ၊ မွေ့လျော်စေခြင်းအကျိုးငှါ။ အနစ္စုံ၊ ကကုန်၏။ ဧဝံ၊ ဤသို့။ နစ္စန္တာပိ၊ ကကုန်သော်လည်း။ ရာဇာနံ၊ မဟာပနာဒမင်းကြီးကို။ ဟာသေတုံ၊ ရွှင်စေခြင်းငှာ။ နသက္ခိံ သု၊ မတတ်နိုင်ကုန်။ အထ၊ ထိုအခါ၌။ သက္ကောဒေဝရာဇာ၊ သိကြားမင်းသည်။ ဒေဝနဋ္ဋေ၊ နတ်၏ ကချေသည်တို့ကို။ ပေသေတွာ၊ စေ၍။ သမဇ္ဇံ၊ သဘင်ကို။ ကာရေတိ၊ ပြုစေ၏။ တဒါ၊ ထိုအခါ၌။ ရာဇာ၊ မဟာပနာဒမင်းသည်။ ဟသိ၊ ရွှင်၏။
ဣတိ၊ ဤသို့။ ဘဒ္ဒဇိထေရော၊ ဘဒ္ဒဇိထေရ်သည်။ ဣမံဂါထာဒွယံ၊ ဤဂါထာ နှစ်ခုအပေါင်းကို။ အဘာသိတ္ထ၊ ဆိုပြီ။ ဘဒ္ဒဇိထေရဂါထာ အနက်ပြီး၏။