Issues
Select Version
နိဿယ
မြန်မာဘာသာ
Theragāthāpāḷi
Theragāthāpāḷi

3. Tatiyavaggo

Author: နိဿယ @ IAPT

မယာ၊ ငါသည်။ ခန္ဓာ၊ ငါးပါးသော ဥပါဒနက္ခန္ဓာတို့ကို။ ပရိညာတာ၊ ဒုက္ခသစ္စာကား တဏှာကြဉ်သော တေဘုမ္မကတရားအပေါင်းသာတည်း ဤထက်အလွန်မရှိဟု ပိုင်းခြား၍ သိအပ်ကုန်ပြီ။ တဏှာ၊ သမုဒယသစ္စာဟုဆိုအပ်သော တဏှာကို။ မေမယာ၊ ငါသည်။ သုသမူဟတာ၊ ကောင်းစွာမဂ်ဖြင့် ပယ်အပ်ပြီ။
ဗောဇ္ဈင်္ဂါ၊ မဂ်၌ အကျုံးဝင်သော ဗောဇ္ဈင်တရားတို့ကို။ မေမယာ၊ ငါသည်။ ဘာဝိတာ၊ ပွါးစေအပ်ကုန်ပြီ။ မေမယာ၊ ငါသည်။ အာသဝက္ခယော၊ အာသဝေါတရားတို့၏ ကုန်ရာ ဖြစ်သော နိရောဓသစ္စာကို။ ပတ္တော အဓိဂတော၊ ရအပ်ပြီ။
သောအဟံ၊ ထိုငါသည်။ ခန္ဓေ၊ ဥပါဒါနက္ခန္ဓာ တရားတို့ကို။ ပရိညာယ၊ ဆိုအပ်ပြီးသော အခြင်းအရာဖြင့် ပိုင်းခြား၍ သိပြီး၍ ။ ဇာလိနိံ၊ တဏှာတည်းဟူသော ကွန်ယက်ကို။ အဗ္ဗုဟိတွာန၊ ငါ၏ စိတ်သဏ္ဌာန်မှ ထုတ်၍။
ဗောဇ္ဈင်္ဂေ၊ မဂ္ဂသစ္စာ၌ အကျုံးဝင်သော ဗောဇ္ဈင်တို့ကို။ ဘာဝယိတွာန၊ ပွါးစေ၍။ အနာသဝေါ၊ အာသဝေါကင်းသည်ဖြစ်၍။ နိဗ္ဗာန်ယိဿံ၊ ပရိနိဗ္ဗာန်ပြုစေအံ့။
ဥတ္တရောထေရော၊ ဥတ္တရထေရ်သည်။ ဣမံဂါထာဒွယံ၊ ဤဂါထာ နှစ်ခုအပေါင်းကို။ အဘာသိတ္ထ၊ ဆိုပြီ။ ဥတ္တရထေရနှစ်ဂါထာ အနက်ပြီး၏။
အာဝုသော၊ င့ါရှင်တို့။ သောအဟံ၊ ထိုငါသည်။ ပနာဒေါနာမ၊ မဟာပနာဒအမည်ရှိသော။ ရာဇာ၊ မင်းသည်။ အဟောသိံ၊ ဖြစ်ဘူး၏။ ယဿရညော၊ အကြင်မာပနာဒမင်း၏။ ယူပေါ၊ ပြဿာဒ်သည်။ သုဝဏ္ဏမယော၊ အလုံးရွှေဖြင့် ပြီး၏။
တဿပါသာဒဿ၊ ထိုပြသာဒ်၏ ။ တိရိယံဝိတ္ထာရတော၊ အကျယ်အားဖြင့်။ သောဠသုဗ္ဗေဓော၊ တဆဲ့ခြောက်မင်းပယ်စားရှိ၏။ ဥဗ္ဘဥစ္စာ၊ အမြင့်ကား။ အဍ္ဎယောဇနမတ္တော၊ ယူဇနာခွဲပမာဏရှိသည်။ ဟောတိ၊ ဖြစ်၏။
အဿပါသာဒဿ၊ ထိုပြသာဒ်၏။ သဟဿဓာသဟဿကဏ္ဍပမာဏံ၊ တထောင်သော ဘုံဆင့်ရှိ၏ ဟူ၍။ အာဟု၊ ဆိုကုန်၏။ သော ပန၊ ထိုပြသာဒ်သည်ကား။ ပရိမဏ္ဍလတော၊ အဝန်းအားဖြင့်။ ပဉ္စဝီသတိယောဇနပ္ပမာဏော၊ နှစ်ဆဲ့ ငါးယူဇနာ အတိုင်းအရှည်ရှိ၏။ သတဂေဏ္ဌု၊ များစွာသော အထွဋ်လည်းရှိ၏။ ဓဇာလု၊ ထိုအထွဋ်ဦး၌ တည်သော တန်ခွန်ကုက္ကားတို့နှင့် ပြည့်စုံ၏။ ဟရိတမယော၊ ရွှေစင်သိင်္ဂနိတ်ဖြင့် ပြီး၏။
တတ္ထပါသာဒေ၊ ထိုပြာဿာဒ်၌။ သတ္တဓာ၊ ထိုပြသာဒ်၏ ခုနစ်ပါးသော အရပ်၌။ ဆသဟဿာနိ၊ ခြောက်ထောင်ကနု်သော။ ဂန္ဓဗ္ဗာ၊ ကချေသည်တို့သည်။ ရညော၊ မဟာပနာဒမင်းကြီးအား။ အဘိရမာပနတ္ထာယ၊ မွေ့လျော်စေခြင်းအကျိုးငှါ။ အနစ္စုံ၊ ကကုန်၏။ ဧဝံ၊ ဤသို့။ နစ္စန္တာပိ၊ ကကုန်သော်လည်း။ ရာဇာနံ၊ မဟာပနာဒမင်းကြီးကို။ ဟာသေတုံ၊ ရွှင်စေခြင်းငှာ။ နသက္ခိံ သု၊ မတတ်နိုင်ကုန်။ အထ၊ ထိုအခါ၌။ သက္ကောဒေဝရာဇာ၊ သိကြားမင်းသည်။ ဒေဝနဋ္ဋေ၊ နတ်၏ ကချေသည်တို့ကို။ ပေသေတွာ၊ စေ၍။ သမဇ္ဇံ၊ သဘင်ကို။ ကာရေတိ၊ ပြုစေ၏။ တဒါ၊ ထိုအခါ၌။ ရာဇာ၊ မဟာပနာဒမင်းသည်။ ဟသိ၊ ရွှင်၏။
ဣတိ၊ ဤသို့။ ဘဒ္ဒဇိထေရော၊ ဘဒ္ဒဇိထေရ်သည်။ ဣမံဂါထာဒွယံ၊ ဤဂါထာ နှစ်ခုအပေါင်းကို။ အဘာသိတ္ထ၊ ဆိုပြီ။ ဘဒ္ဒဇိထေရဂါထာ အနက်ပြီး၏။
အာဝုသော၊ ငါ့ရှင်တို့။ သတိမာ၊ သတိပဋ္ဌာန်ကို ပွါးစေသော အားဖြင့် ပြန့်ပြောသော သတိလည်းရှိထသော။ ပညဝါ၊ အဘိညာဉ်ခြောက်ပါး၏ ပြည့်စုံခြင်းဖြင့် ပြန့်ပြောသော ပညာလည်းရှိထသော။ ဘိက္ခု၊ ကိလသာကို ဖျက်ဆီးတတ်ထသော။ အာရဒ္ဓဗလဝီရိယော၊ အားထုတ်အပ်သော သဒ္ဓါဗလဝီရိယဗလနှင့် ပြည့်စုံထသော။
အဟံ၊ ငါသည်။ ပဉ္စကပ္ပသတာနိ၊ ကမ္ဘာငါးရာတို့ကို။ ဧကရတ္တိံဧကရတ္တိံ ဝိယ၊ တညဉ့်တည်းကိုကဲ့သို့။ အနုဿရိံ၊ တခုသော ဝီထိ အစဉ်ဖြင့် အောက်မေ့နိုင်၏။
စတ္တာရောသတိပဋ္ဌာနေ၊ လေးပါးသော သတိပဋ္ဌာန်တို့ကို လည်းကောင်း။ သတ္တစ၊ ခုနစ်ပါးသောဗောဇ္ဈင်တို့ကိုလည်းကောင်း။ အဋ္ဌစ၊ ရှစ်ပါးသော မဂ္ဂင်တရားတို့ကိုလည်းကောင်း။ ထာဝယဘာဝယန္တော၊ ပွါးစေသောကြောင့်။ အဟံ၊ ငါသည်။ ပဉ္စ ကပ္ပသတာနိ၊ ကမ္ဘာငါးရာတို့ကို။ ဧကရတ္တိံ ဧကရတ္တိံဝိယ၊ တညဉ့်တည်းကဲ့သို့။ အနုဿရိံ၊ တခုသော ဝိထိအစဉ်ဖြင့် အောက်မေ့နိုင်၏။
ဣတိ၊ ဤသို့။ ဘောဘိတော ထေရော၊ သောဘိတထေရ်သည်။ ဣမံဂါထာ ဒွယံ၊ ဤဂါထာ နှစ်ခုအပေါင်းကို။ အဘာသိတ္ထ၊ ဆိုပြီ။ သောဘိတထေရဂါထာ အနက်ပြီး၏။
အာဝုသော၊ ငါ့ရှင်တို့။ ဒဠဝီရိယေန၊ မြဲမြံခိုင်ခန့်သော လုံ့လဖြင့်။ ယံကိစ္စံ၊ အကြင်တဆဲခြောက်ပါးသော မဂ်ကိစ္စကို။ ကတ္တဗ္ဗံပဋိပဇ္ဇိတဗ္ဗံ၊ ကျင့်အပ်၏။ ဗောဒ္ဓုံဗောဇ္ဈိတုံ၊ သိခြင်းငှါ။ ဣစ္ဆိတာဣစ္ဆန္တေနယံကိစ္စံ၊ အလိုရှိသော သူသည် အကြင်တဆဲ့ခြောက်ပါးသောသော မဂ်ကိစ္စကို။ ကရိဿံ၊ ယခုအခါ၌ ပြုလတ္တံ့။
နာဝရုဇ္ဈိဿံ၊ ဆုံးမတော်မူတိုင်း မချွတ်မယွင်းကျင့်ပေအံ့။ မမ၊ ငါ၏။ ဝီရိယံ၊ ကျင့်တိုင်းသော တရားတို့ကို အစီအရင်ဖြင့်ဖြစ်သောလုံ့လကို။ ပရက္ကမံ၊ နီးစွာသော အကြောင်းဖြစ်သော လုံ့လကို။ ပဿံ၊ မြင်ရပြီးသလျှင်ကတည်း။
တွဉ္စ၊ ကမ္မဋ္ဌာန်းကို ပေးတတ်အရှင်ဘုရားသည်လည်း။ မေမယှံ၊ ငါ့အား။ မဂ္ဂံ၊ အရိယမဂ်ကို။ အက္ခာဟိ၊ ဟောတိလော။ အဉ္ဇသံ၊ ဖြောင့်မတ်သော ဖြူစင်သော အကျင့်၏ အဖြစ်ဖြင့် အယုတ်တရားနှစ်ပါးသို့ မကပ်သောခရီးဟု ဆိုအပ်သော။ အမတောဂဓံ၊ အမြိုက်နိဗ္ဗာန်သို့ ရောက်စေတတ်သော အဖြစ်ဖြင့် တည်သော အမြိုက်ဆေးကြီးသဘွယ်ဖြစ်သော ဆေးကို။ ဒဒါတု၊ ပေးတော်မူပါလော။
မောနေနဉာဏေန၊ အရဟတ္ထမဂ် ဉာဏ်ဖြင့် ။ မောနိဿံ၊ နိဗ္ဗာန်ကို သိလတ္တံ့။ ယတာကိံ၊ ဥပမာအဘယ်ကဲ့သို့ နည်းဟူမူကား။ ဂင်္ဂါယ၊ ဂင်္ဂါ၏။ သေတော၊ ရေအယဉ်သည်။ သာဂရံ၊ သမုဒ္ဒရာသို့။ ဩဂါဟိထာ၊ မချွတ်မယွင်းစီးဝင်သကဲ့သို့။ ဧဝံတထာ၊ ထိုအတူ။ အဟံ၊ ငါသည်။ ကမ္မဋ္ဌာနံ၊ ကမ္မဋ္ဌာန်းကို။ အနုယုဉ္ဇန္တော၊ အဘန်တလဲလဲ စီးဖြန်းလျက်. အာဂမိဿာမိ၊ မဂ်ဉာဏ်ဖြင့် နိဗ္ဗာန်သို့ ရောက်လေအံ့။ တသ္မာ၊ ထိုကြောင့်။ တံကမ္မဋ္ဌာနံ၊ ထိုကမ္မဋ္ဌာန်းကို။ တွံ၊ အရှင်သည်။ မေ၊ ငါ့အား။ အက္ခာဟိ၊ ကြားဘိလော။
ဣတိ၊ ဤသို့။ ဝလ္လိယောထေရော၊ ဝလ္လိယထေရ်သည်။ ဣမံဂါထာဒွယံ၊ ဤဂါထာနှစ်ခုအပေါင်းကို။ အဘာသိတ္ထ၊ ဆိုပြီ။ ဝလ္လိသထေရဂါထာ အနက်ပြီး၏။
အာဝုသော၊ ငါ့ရှင်တို့။ မေမမ၊ ငါ၏။ ကေသေ၊ ဆံတို့ကို။ ဩလိခိယံဩလိခိယန္တော၊ ဖြတ်သဖြင့် ပြုပြင်လိုသည်ဖြစ်၍။ ကပ္ပကော၊ ဆတ္တာသည်သည်။ ဥပသင်္ကမိ၊ ငါ့သို့ ကပ်လတ်၏။
တတော၊ ထိုသို့ ကပ်လတ်ပြီးသော နောင်မှ။ အာဒါသံ၊ ကြေးမုံကို။ အာဒါယ၊ ယူ၍။ သရီရံ၊ မျက်နှာရိပ်ကို ကြည့်သဖြင့် အိုခြင်းဖြင့် နှိပ်စက်သော ငါ၏ ကိုယ်ကို။ ပစ္စဝက္ခိသံ၊ ဉာဏ်ဖြင့် ဆင်ခြင်၏။ ဧဝံပစ္စဝေက္ခတော၊ ဤသို့ဆင်ခြင်သော ငါ့အား။
တုစ္ဆော၊ မြဲခြင်းချမ်းသာခြင်းစသည်မှ ကင်းသည်ဖြစ်၍ အချဉ်းစဉ်းသော။ ကာယော၊ ဤရူပကာယသည်။ အဒီဿတ္ထ၊ ပညတ်အားထင်လတ်၏။ အန္ဓကာရေ၊ အမိုက်ကိုပြုရာဖြစသော ကိုယ်၌။ တမောဗျဂါ၊ အသင့်အားဖြင့် နှလုံးသွင်းခြင်းဟု ဆိုအပ်သော ဉာဏ်ရောင်ဖြင့် အဝိဇ္ဇာဟူသော အမိုက််မှ ကင်း၏။
သဗ္ဗေ၊ အလုံးစုံသော။ စောလာစောလသဒိသာ၊ တံမျက်ချေးစသည်၌ စွန့်အပ်သော ပုဆိုးပိုင်းကဲ့သို့ အစဉ်စိတ်ရှိသော အရိယာပုဂ္ဂိုလ်တို့သည် စက်ဆိုအပ်ပသော ပုဆိုးပိုင်းနှင့်တူသော ကိလေသာကို။ သမုစ္ဆိန္နာ၊ အရဟတ္ထမဂ်ဖြင့် ဖြတ်အပ်ပြီ။ ဒါနိဣဒါနိ၊ ယခုအခါ၌။ ပုနဗ္ဘဝေါ၊ နောင်အခါ၌ တဘန်ဖြစ်ခြင်းသည်။ နတ္ထိ၊ မရှိပြီ။
ဣတိ၊ ဤသို့။ ဝီတသောကောထေရော၊ ဝီတသောကထေရ်သည်။ ဣမံဂါထာဒွယံ၊ ဤဂါထာနှစ်ခုအပေါင်းကို။ အဘာသိတ္ထ၊ ဆိုပြီ။ ဝီတသောကထေရဂါထာ အနက်ပြီး၏။
အာဝုသော၊ ငါ့ရှင်တို့။ အဟံ၊ ငါသည်။ အတ္တနော၊ မိမိ၏။ ကာယေ၊ ကိုယ်၌။ ဓမ္မာဒါသံ၊ အကျိုးမရှိသည်ကို မြင်တတ်သော ဝိပဿနာ ဟု ဆိုအပ်သော တရားကြေးမုံကို။ ဉာဏဒဿနံဉာဏဒဿနေန၊ ဉာဏ်တည်းဟူသော မျက်စိဖြင့်။ ဂဟေတွာန၊ ကြည့်သောအားဖြင့် ယူ၍။ ယောဂက္ခေဿေ၊ ယောဂ၏ ကုန်ရာ ဖြစ်သော နိဗ္ဗာန်သို့။ ပတ္တိယာ၊ ရောက်ခြင်းငှါ။ ပဉ္စနီဝရဏေ၊ ကာမစ္ဆန္ဒစသော ငါးပါးသော နီဝရဏတို့ကို။ ဟိတွာ၊ ဈာန်ကိုရသဖြင့် ဖျက်ဆီး၍။ သဗ္ဗံ၊ အလုံးစုံသော။ သန္တရဗာဟိရံ၊ အဇ္ဈတ္တိကာယတနဗာဟီရာယတနနှင့်တကွဖြစ်သော။ ဣမံကာယံ၊ ဤအတ္တဘောကို။ ပစ္စဝေက္ခိံ၊ တရားဟူသော ကြေးမုံကိုယူ၍ အနိစ္စဒုက္ခအနတ္တဟူ၍ ဉာဏ်မျက်စိဖြင့် ရှု၏။
ဧဝံ၊ ဤသို့ ရှုသည်ရှိသော်။ အဇ္ဈတ္တဉ္စ၊ မိမိသန္တာန်၌လည်းကောင်း။ ဗဟိဒ္ဓါစ၊ အပသန္တာ၌လည်းကောင်း။ ကာယော၊ ဤကိုယ်သည်။ တုစ္ဆော၊ နိစ္စာသာရစသည်မှဆိတ်၏။ ဣတိ၊ ဤသို့။ အဒိဿထ၊ မဂ်ပညာဖြင့် မြင်၏။
ဣတိ၊ ဤသို့။ ပုဏ္ဏမာသောထေရော၊ ပုဏ္ဏမာသထေရ်သည်။ ဣမံဂထာဒွယံ၊ ဤဂါထာ နှစ်ခုပေါင်းကို။ အဘာသိတ္ထ၊ ဆိုပြီ။ ပုဏ္ဏမာသထေရဂါထာ အနက်ပြီး၏။
အာဇညော၊ ခပ်သိမ်းသော အရာ၌ သိတတ်သော ဉာဏ်နှင့်ပြည့်စုံသော။ ဘဒ္ဒေါ၊ ကောင်းသောလျှင်ခြင်းအားနှင့်ပြည့်စုံသော နွားလားဥသဘသည်။ ခလိတွာ၊ သွားမြဲခရီးမှ ချော်၍။ အညထာ၊ တပါးသော အရပ်၌။ တိဋ္ဌန္တောဝိ၊ တည်သော်လည်း။ ပဋိတိဋ္ဌတိယထာ၊ မိမိရှေ့တည်ရာအရပ်၌ တဘန်တည်ပြန်သကဲ့သို့။
ဧဝံတထာ၊ ထိုအတူ။ သံဝေဂံ၊ ဇာတိဗလဝီရိယနှင့် ပြည့်စုံသော ငါ့အားရောက်သော ဝန်ကို ဆောင်ခြင်းသည် လျောက်ပတ်၏ ဟု ထိတ်လန့်ခြင်းကို။ လဒ္ဓါလဘိတွာ၊ ရ၍။ ဘိယျော၊ အလွန်။ ဓာရိနော၊ ဆောင်အပ်သည်တာဝန်ကို ဆောင်လျက်တွန့်တိုသော စိတ်မရှိသည်ဖြစ်၍။ ဓုရံ၊ ဆောင်အပ်သော ဝန်ကို။ ဝဟတေယထာ၊ ရွက်ဆောင်သကဲ့သို့။
ဧဝံတထာ၊ ထိုအတူ။ ဒဿနသမ္ပန္နံ၊ မဂ်ဉာဏ်အမြင်နှင့်ပြည့်စုံသော။ သမ္မသမ္ဗုဒ္ဓသာဝကံ၊ မြတ်စွာဘုရား၏ သာဝကဖြစ်သော။
မံ၊ ငါ့ကို။ အာဇာနိယံ၊ ခပ်သိမ်းသော အရာတို့၌ သိသော စိတ်ရှီသော ဝန်ကို မချွတ်မယွင်း လုံ့လကျိုးကုတ်အားထုတ်၍ ရွက်ဆောင်သော နွားလား ဥသဘနှင့်တူ၏ ဟူ၍။ ဓာရေထ၊ မှတ်ကုန်ရာ၏။ ဗုဒ္ဓဿ၊ မြတ်စွာဘုရား၏။ ဩရသံ၊ ရင်၌ဖြစ်သော။ ပုတ္တံ၊ သားဖြစ်သော အရိယာပုဂ္ဂိုလ် အပေါင်းကိုလည်း။ အာဇာနိယံယထာ၊ အာဇာနည်မည်သော နွားလားဥသဘကဲ့သို့ ဝိပဿနာဘာဝနာတည်းဟူသော ဝန်ကို ရွက်ဆောင်သော သူချည်းဟူ၍။ ဓာရေထ၊ မှတ်ကုန်လော။
ဣတိ၊ ဤသို့။ နန္ဒကောထေရော၊ နန္ဒကထေရ်သည်။ ဣမံဂါထာဒွယံ၊ ဤဂါထာနှစ်ခုအပေါင်းကို။ အဘာသိတ္ထ၊ ဆိုပြီ။ နန္ဒကထေရဂါထာ အနက်ပြီး၏။
နန္ဒက၊ ညီနန္ဒက။ ဧဟိ၊ လာလှည့်။ ဥပဇ္ဈာယဿ၊ အပြစ်ကြီးငယ်ကို ရှုကြည့်၍ ဆုံးမတော်မူသော မြတ်စွာဘုရား၏။ သန္တိကံ၊ အထံသို့။ ဂစ္ဆာမ၊ ငါတို့ညီအစ်ကို သွားကြကုန်အံ့။
ဗုဒ္ဓသေဋ္ဌဿ၊ ဘုရားမြတ်၏။ သမ္မုခါ၊ မျက်မှောက်၌။ သီဟနာဒံ၊ ရဲရင့်သော သံကို။ နဒိဿာမ၊ ဆိုကြကုန်အံ့။
ယာယ၊ အကြင်အရဟတ္တဖိုလ်ဟူသော အကျိုးကို ဖြစ်စေခြင်းငှါ။ နော၊ ငါ့တို့အား။ အနုပကမ္ပာယအနုဂ္ဂေဟေန၊ ချီးမြှောက်သဖြင့်။ မုနိ၊ ပစ္စုပ္ပန်လောကသံသရာလောကကို သိတော်မူသော မြတ်စွာဘုရားသည်။ အမှေဒွေပိ၊ ငါ့တို့နှစ်ယောက်တို့ကိုလည်း။ ပဗ္ဗဇ္ဇယိ၊ ရှင်ရဟန်း ပြုတော်မူ၏။
နောအမှေဟိ၊ ငါတို့သည်။ သဗ္ဗသံယောဇနက္ခယော၊ အလုံးစုံသော သံယောဇဉ်တို့၏ ကုန်ရာဖြစ်သော။ သောအတ္ထော၊ ထိုနိဗ္ဗာန်ဟူသော အကျိုးကို။ အနုပ္ပတ္တော၊ ရအပ်ပြီ။
ဣတိ၊ ဤသို့။ ဘရတောထေရော၊ ဘရတထေရ်သည်။ ဣမံဂါထာဒွယံ၊ ဤဂါထာနှစ်ခုအပေါင်းကို။ အဘာသိတ္ထ၊ ဆိုပြီ။ ဘရတထေရဂါထာ အနက်ပြီး၏။
ဂိရိဂဗ္ဘရေ၊ တောင်ခေါင်း လိုဏ်ခေါင်းစသည်၌။ သီဟာဝ၊ ခြင်္သေ့ကဲံသို့။ ဝိရာ၊ လေးပါးအပြားရှိသော သမ္မပ္ပဓာနဝီရိယနှင့် ပြည့်စုံထသော။ သဝါဟနံ၊ ကိလေသာ၏ အတို့၌ ဖြစ်သော မာရ်၏ စစ်သည်နှင့်တကွ သော။ မာရံ၊ ဒေဝပုတ္တမာရ်ကို။ ဇေတွာ၊ အောင်ပြီးသောကြောင့်။ ဝိဇိတသင်္ဂါမာ၊ အောင်အပ်ပြီးသော မာရ်တည်းဟူသော စစ်မြေအရပ်ရှိကုန်ထသော။ သပ္ပညာ၊ ခပ်သိမ်းသော ပညာ၏ ပြန့်ပြောခြင်းကို ရောက်ကုန်သော အရှင်မြတ်တို့သည်။ ဧဝံ၊ ဤသို့။ နဒန္တိ၊ ကျုံးဝါးတော်မူကုန်၏။
မေ၊ ငါ၏။ သတ္ထာ၊ ဆရာဖြစ်သော မြတ်စွာဘုရားသည်။ ပရိစိဏ္ဏော၊ ဆုံးမတော်မူတိုင်းသော အဆုံးအမကို ပြုသဖြင့် လေ့လာဆည်းကပ်အပ်ပြီ။ ဓမ္မောစ၊ ကိုးပါးအပြားရှိသောလောကုတ္တရာတရားကိုလည်းကောင်း။ သံဃောစ၊ အရိယာသံဃာကိုလည်းကောင်း။ မေမသာ၊ ငါသည်။ ပူဇိတော၊ ပူဇော်အပ်ပြီ။
မမ၊ ငါ၏။ အနာသဝံ၊ အာသဝေါကင်းပြီးသော။ ပုတ္တံ၊ သားကို။ ဒိသွာ၊ မြင်သောကြောင့်။ အဟဉ္စ၊ ငါသည်လည်း။ ဝိတော၊ အာမိသကင်းသော ပီတိဖြင့် နှစ်သက်သည်ဖြစ်၍။ သုမနော၊ အာမိသကင်းသော လွတ်မြောက်ခြင်းသည်။ ဇာတော၊ ဖြစ်၏။
ဣတိ၊ ဤသို့။ ဘာရဒွါဇောထေရော၊ ဘာရဒွါဇထေရ်သည်။ ဣမံဂါထာဒွယံ၊ ဤဂါထာနှစ်ခုအပေါင်းကို။ အဘာသိတ္ထ၊ ဆိုပြီ။ ဘာရဒွါဇယထေရဂါထာ အနက်ပြီး၏။
အာဝုသော၊ ငါ့ရှင်တို့။ ဥပါသိကာ၊ ပဋိပတ္တိဆည်းကပ်လေ့ရှိကုန်သော။ သပ္ပုရိသာ၊ သီလစသော ဂုဏ်နှင့်ပြည့်စုံကုန်ထသော အရိယာ ပုဂ္ဂိုလ်တို့သည်။ ဓမ္မာ၊ သစ္စာပဋိစ္စသမုပ္ပါဒ် စသည်နှင့် ယှဉ်ကုန်သော တရားတို့ကို။ အဘိဏှသော၊ မပြတ်။
သုတာ၊ လောတဒွါရကို အစဉ်မှီးသဖြင့် ဆောင်အပ်မှတ်အပ်ကုန်၏။ သုတွာန၊ ဆိုအပ်ပြီးသော နာမ်ရုပ်တရားတို့ကို လက္ခဏ ရသစသည်နှင့် တကွ သိမ်းဆည်း၍။ အဉ္ဇသံအဉ္ဇသေန၊ နိဗ္ဗာန်သို့ရောက်စေတတ်သော အရိယမဂ္ဂင်ရှစ်ပါးနှင့် ယှဉ်သော ခရီးဖြင့်။ အမတောဂဓံ၊ ဆေးကြီးနှင့် တူသော ကင်းသော နိဗ္ဗာန်သို့။ ပဋိပဇ္ဇိဿံ၊ ရောက်လေအံ့။
ဘဝရာဂဟတဿ၊ ဘဝကို သတ်တတ်သော ရာဂဖြင့် အစမထင်သော သံသရာ ကာလပတ်လုံး ညှဉ်းဆဲ နှိပ်စက် တတ်သော ဥပဒ္ဒဝေါသည်။ သတောသမာနဿ၊ ဖြစ်သော။ မေမမ၊ ငါအား။ ပုန၊ တဘန်။ ဘဝရာ‌ဂေါ၊ ဘဝရာဂသည်။ နစဝိဇ္ဇတိ၊ ရှိသည်မရှိ။
မေ၊ ငါ့အား။ နစအာဟု၊ ရှေးပုထုဇ္ဇဉ် သေက္ခဖြစ်သော ကာလ၌ ဘဝရာဂဖြစ်ဘူး၏ အရဟတ္ထမဂ်ကို ရသောအခါမှ စ၍ မဖြစ်ပြီ။ မေ၊ ငါ့အား။ ဘဝရာဂေါ၊ ဘဝရာဂသည်။ နဘဝဿဘိ၊ နောင်အခါ မဖြစ်လတ္တံ့။ မေ၊ ငါ့အား။ ဧတရဟိ၊ ယခုပစ္စုပ္ပန်၌။ နစဝိဇ္ဇတိ၊ အရဟတ္တမဂ်ဖြင့် ပယ်အပ်ပြီးသော ကြောင့်မရှိ။
ဣတိ၊ ဤသို့။ ကဏှဒိန္နောထေရော၊ ကဏှဒိန္နထေရ်သည်။ ဣမံဂါထာနွယံ၊ ဤဂါထာနှစ်ခုအ‌ပေါင်းကို။ အဘာသိတ္ထ၊ ဆိုပြီ။ ကဏှဒိန္နထေရဂါထာ အနက်ပြီး၏။
တတိယော၊ သုံးခုမြောက်သော။ ဝဂ္ဂေါ၊ ဝဂ်သည်။ နိဋ္ဌိတော၊ ပြီးခြင်းသို့ရောက်ပြီ။
တဿ၊ ထိုတတိယဝဂ်၏။ ဥဒ္ဒါနံ၊ ဥဒါန်းသည်ကား။
ဥတ္တရော၊ ဥတ္တရထေရ်လည်းကောင်း။ ဘဒ္ဒဇိတ္ထေရော၊ ဘဒ္ဒဇိထေရ်လည်းကောင်း။ သောဘိတော၊ သောဘိတထေရ်လည်းကောင်း။ ဣသိ၊ သီလက္ခန္ဓစသောတရားကျေးဇူးကို ရှာမှီးပြီးသော။ ဝလ္လိယော၊ ဝလ္လိယေထေရ်လည်းကောင်း။
ဝီတသောကော၊ ဝီတသောက အမည်ရှိသော။ သောထေရောစ၊ ထိုမထေရ်လည်းကောင်း။ ပုဏ္ဏမာသောစ၊ ပုဏ္ဏမာသထေရ် လည်းကောင်း။ နန္ဒကောစ၊ နန္ဒကထေရ်လည်းကောင်း။
ဘရတော၊ ဘရတထေရ်လည်းကောင်း။ ဘာရဒွါဇောစ၊ ဘာရဒွါဇထေရ်လည်းကောင်း။ မဟာဂီရိ၊ မြတ်သော အသံရှိသော။ ကဏှဒိန္နော၊ ကဏှဒိန္နထေရ်လည်းကောင်း။ ဣတိ၊ ဤသည်လျှင်တည်း။ ဒုကနိပါတ်တတိယ ဝဂ်ပြီး၏။