သမဏ၊ ရှင်ရဟန်း။
တွံ၊ ရှင်ရဟန်းသည်။
ဂစ္ဆံ ဂစ္ဆ န္တော၊ သွားသည်ဖြစ်လျက် ။
ဌိတော၊ ရပ်သည်။
အမှိ၊ ဖြစ်၏။
ဣတိဣဒံဝစနံ၊ ဤသို့သော စကားကို။
ဝဒေသိ၊ သင်ဆိုဘိ၏။
မမံ၊ ငါ့ကို။
ဌိတံယေဝ၊ ရပ်လျက်သာလျှင်။
အဋ္ဌိတောတိ၊ မရပ်ဟူ၍။
ဗြူသိ၊ ဆိုဘိ၏။
သမဏ၊ ရှင်ရဟန်း။
တံ၊ ရှင်ရဟန်းကို။
ဧတံမတ္ထံ၊ ထိုအကြောင်းကို။
အဟံ၊ ငါသည်။
ပုစ္ဆာမိ၊ မေး၏။
ကသ္မာကေန ကာရဏေန၊ အဘယ်အကြောင်းကြောင့်။
တွံ၊ အရှင်ရဟန်းသည်။
အဟံ၊ ငါသည။
ဌိတော၊ ရပ်ပါလျက်။
အဌိတော၊ မရပ်သည်။
အမှိ၊ ဖြစ်၏။
ဣတိ၊ ဤသို့။
ဗြူသိ၊ ဆိုဘိသနည်း။
ဣတိ၊ ဤသို့။
အဝေါစ၊ လျှောက်၏။
ဧဝံ၊ ဤသို့။
ဝုတ္တေ၊ အင်္ဂုလိမာလက ဆိုသည်ရှိသော်။
ဘဂဝွ၊ မြတ်စွာဘုရားသည်။
အင်္ဂုလိမာလ၊ အင်္ဂုလိမာလ။
အဟံ၊ ငါသည်။
သဗ္ဗဒါ၊ ခပ်သိမ်သောအခါ၌။
သဗ္ဗေသုဘူတေသု၊ အလုံးစုံသော သတ္တဝါတို့၌။
ဒဏ္ဍံ၊ ရိုက်နှက်ခြင်းဟု ဆိုအပ်သော ဒဏ်ကို။
နိဓာယ၊ ချ၍။
ဋ္ဌိတော၊ ရပ်သည်။
အသ္မိ၊ ဖြစ်၏။
တွဉ္စ၊ သင်အင်္ဂုလိမာလမူကား။
ပါဏေသု၊ သတ္တဝါတို့၌။
အသညတော၊ ကိုယ်နှုတ်ဖြင့် စောင့်စည်ခြင်းမှ ကင်းသည်။
အသိ၊ ဖြစ်၏။
တသ္မာ၊ ထိုကြောင့်။
အဟံ၊ ငါသည်။
ဋ္ဌိတော၊ ရပ်သည်မည်၏။
တုဝံ၊ သင်မှာမူကား။
အဋ္ဌိတော၊ ယခုရပ်သော်လည်း နောင်အခါ ထိုထိုသို့သောဂတိတို့၌ လည်သည်၏ အစွမ်းဖြင့်သွားရသောကြောင့် မရပ်သော သူမည်သည်။
အသိ၊ ဖြစ်၏။
မဟိတော၊ နတ်နှင့်တကွသော လူသည် ပူဇော် အပ်ထသော။
မဟေသီ၊ သီလက္ခန္ဓစသော မြတ်သော တရားကို ရှာတော်မူပြီးထသော။
သမဏော၊ ငြိမ်းစေအပ်ပြီးသော မကောင်းမှုရှိသော ဘုရားမြတ်စွာသည်။
မဟာဂနံ၊ တောကြီးသို့။
မေမယှံ၊ ငါ့အား။
အနုဂ္ဂဟတ္ထာယ၊ ချီးမြှောက်အံ့သောငှါ။
သံပစ္စုပါဒိ၊ အကြင်ကြောင့် ကြွတော်မူလာ၏။
တံပဋိပဇ္ဇနံ၊ ထိုသို့အကျွန်ုပ်အားချီးမြှောက်အံ့သော ငှါ ကြွတော်မူလာခင်းသည်။
စိရဿဝတ၊ ကြာမြင့်လှစွာ၏ တကား။
သော အဟံ၊ ထိုအကျွန်ုပ်သည်။
တဝ၊ အရှင်ဘုရား၏။
ဓမ္မယုတ္တံ၊ တရားနှင့်စပ်သော။
ဂါထံ၊ ဘွဲ့ဆိုသီကုံးအပ်သော ဂါထာကို။
သုတွာန၊ ကြားရသောကြောင့်။
သဟဿပါပံ၊ ကြာမြင့်စွာ ကာလပတ်လုံးလေ့လာအပ်သော အထောင်သော မကောင်းမှုကို။
စဇိဿာမိ၊ စွန့်ပါအံ့။
ဣစ္စေဝဣတိဧဝ၊ ဤသို့သော စကားကိုသာလျှင်။
ဝတွာ၊ ဆို၍။
စောရော၊ အင်္ဂုလိမာလခိုးသူသည်။
အသိံစ၊ သန်လျက်ကိုလည်းကောင်း။
အာဝုဓဉ္စ၊ ထိုသန်လျက်မှ ကြွင်းသော လေးလှံစသော လက်နက်ကိုလည်းကောင်း။
သောဗ္ဘေ၊ ထက်ဝန်းကျင်မှ ပြတ်သော ကမ်းပါးရှိသော ။
ပပါတေ၊ တကွနက်ပြတ်သော ကမ်းပါးရှိသော။
နရကေ၊ မြေ၌ကွဲသော ဟင်းလင်းသော အပြင်ရှိသော။
ပဗ္ဗတန္တရေ၊ တောင်တို့၏ အပြတ်အကြား၌။
အနွကာသိ၊ မိမိလက်နက် အစဉ်အတိုင်းပစ်စွန့်ပေ၏။
တာနိ၊ ထိုလက်နက်တို့ကို။
ဆဋ္ဋေတွာ၊ စွန့်ပြီး၍။
စောရော၊ အင်္ဂုလိမာခိုးသူသည်။
သုဂတဿ၊ ကောင်းသော စကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရား၏။
ပါဒေ၊ ခြေတော်တို့ကို။
အဝန္ဒိ၊ ရှိခိုး၏။
တတ္ထေဝ၊ ထိုအရပ်၌ပင်လျှင်။
ပဗ္ဗဇ္ဇံ၊ ရဟန်းအဖြစ်ကို။
ဗုဒ္ဓံ ဗုဒ္ဓဿ၊ ဘုရားရှင်အား။
ယာစိ၊ တောင်းပန်၏။
ခေါ၊ စင်စစ်။
ကာရုဏိကော၊ ကြီးမြတ်သော ကာရုဏာရှိတော်မူထသော။
မဟေသိ၊ မြတ်သော သီလက္ခန္ဓစသော တရားအပေါင်းကို ရှာတော်မူပြီးထသော။
သဒေဝကဿ၊ နတ်နှင့်တကွ ဖြစ်သော။
လောကဿ၊ လူအပေါင်း၏။
သတ္ထာ၊ ဆရာဖြစ်တော်မူသော။
ယော ဗုဒ္ဓေါ၊ အကြင်မြတ်စွာဘုရားသည်။
တဒါ၊ ထိုအခါ၌။
တံတဿမေ၊ ထိုငါ့အား။
ဘိက္ခု၊ ရဟန်း။
ဧဟိ၊ လာလှည့်။
ဣတိဣဒံဝစနံ၊ ဤသို့သော စကားကို။
အဝေါစ၊ မိန့်တော်မူ၏။
တဿ၊ ထိုအင်္ဂုလိမာလအား။
ဧသေဝဧသောဧဝ၊ ဤလာလှည့်ရဟန်းဟု ဘုရားမိန့်တော်မူသော ။
ဧဟိဘိက္ခု၊ ပဉ္စင်းအဖြစ်သည်ပင်လျှင်။
ဘိက္ခုဘာဝေါ၊ ရဟန်းအဖြစ်သည်။
အာဟု၊ ဖြစ်၏။
ယော၊ အကြင်အမှတ်မရှိသော လူရဟန်းသည်။
ပုဗ္ဗေ၊ ရှေးသူတော်မဟုတ်သူယုတ်တို့နှင့် ပေါင်းဘော်သောအခါ၌။
ပမဇ္ဇိတွာန၊ မိမိအဆင်းအခြင်မရှိသော အားဖြင့်ကောင်းသော အကျင့်၌ မေ့လျော့ခြင်းကို ရောက်ပြီး၍။
ပစ္ဆာ၊ နောက်အဆွေခင်ပွန်းကောင်းနှင့်ပေါင်းဘော်သောအခါ၌။
သော၊ ထိုအမှတ်မရှိသော လူရဟန်းသည်။
နပဇ္ဇတိ၊ အသင့်နှလုံးသွင်းသောအားဖြင့်ကောင်းသော အကျင့်ကို မမေ့မလျော့ကျင့်၏။
သော ပုဂ္ဂလော၊ ထိုကောင်းသော အကျင့်ကို ကျင့်ပြန်သော ပုဂ္ဂိုလ်သည်။
အဗ္ဘာ၊ တိမ်တိုက်မှ။
မုတ္တော၊ လွတ်သော။
စန္ဒိမာဝစန္ဒိမာဣဝ၊ သကဲ့သို့။
ဣမံလောကံ၊ ဤခန္ဓာ အစရှိသော လောကကို။
ဩဘာသေတိ၊ အကျိုးကို ဖြစ်စေခြင်း၌ အကြောင်းကို ပိတ်ပင်ခြင်းဖြင့် မကောင်းမှုမှ ကင်း၍ ထွန်းတောက်ပ၏။
ယဿ၊ အကြင်အမှတ်မရှိသောလူရဟန်းအား။
ကတံ၊ ပြုအပ်သော။
ပါပကမ္မံ၊ မကောင်းမှုကံကို။
ကုသလေန၊ ထိုမကောင်းမှုကံ၏ ကုန်ခြင်းကို ပြုတတ်သော လောကုတ္တရာကုသိုလ်ဖြင့်။
ပိဓိယတိ၊ အကျိုးကို ဖြစ်စေခြင်း၌ အကြောင်းကို ပိတ်ပင်ခြင်းဖြင့် ပိတ်ပင်အပ်၏။
သော၊ ထိုအမှတ်မရှိသော လူရဟန်းသည်။
အဗ္ဘာ၊ တိမ်တိုက်မှ။
မုတ္တော၊ လွတ်သော။
စန္ဒိမာဝစန္ဒိမာဣဝ၊ သကဲ့သို့။
ဣမံလောကံ၊ ဤခန္ဓာစသော လောကကို။
ဩဘာသေတိတက္ကကိရတိ၊ အကျိုးကို ဖြစ်စေခြင်း၌ အကြောင်းကံကို ပိတ်ပင်ခြင်းဖြင့် ပိတ်ဆို့ဆီးထားအပ်၏။
ဒဟရော၊ ငယ်သေးသော။
ယောဘိက္ခု၊ အကြင်ရဟန်းသည်။
ဟဝေဧကန္တေန၊ စင်စစ်သဖြင့်။
ဗုဒ္ဓသာသနေ၊ သိက္ခာသုံးပါးဖြင့်ရေတွက်အပ်သော ဘုရားသာသနာတော်၌။
ယုဉ္ဇတိ၊ အရိုအသေကမ္မဋ္ဌာန်း၌ အားထုတ်၏။
သော၊ ထိုအမှည်းမရှိသော လူရဟန်းသည်။
အဗ္ဘာ၊ တိမ်တိုက်မှ။
မုတ္တော၊ လွတ်သော။
စန္ဒိမာစန္ဒိမာဣတ၊ သကဲ့သို့။
ဣမံလောကံ၊ ဤခန္ဓာအစရှိသောလောကကို။
ဩဘာသတိ၊ ထွန်းတောက်ပသဖြင့် တင့်တယ်စေ၏။
မေမယှံ၊ ငါ့အား။
ဒိသာပိ၊ ရန်သူတို့သည်လည်း။
ဓမ္မကထံ၊ တ ရားစကားကို။
သုဏန္တု၊ နာစေကုန်သတည်း။
မေမယှံ၊ ငါ၏။
ဒိသာဟိ၊ ရန်သူတို့သည်။
ဗုဒ္ဓသာသနေ၊ မြတ်စွာဘုရားသာသနာတော်၌။
ယုဉ္စန္တု၊ သစ္စာလေးပါးတရားကို သိစေခြင်း အကျိုးငှါ ကျင့်စေကုန်သတည်း။
မေ၊ ငါ၏။
ဒိသာဟိဒိသာဧဝ၊ ရန်သူဖြစ်ကုန်သော သူတို့သည်သာလျှင်။
သန္တိ၊ ရှိကုန်၏။
ထေ၊ ထိုရန်သူဖြစ်ကုန်သော သူတို့သည်။
မနုဿေ၊ သူတော်ကောင်းဖြစ်ကုန်သော ကလျာဏမိတ္တတို့သို့။
ဘဇန္တု၊ ဆည်းကပ်စေကုန်သတည်း။
ယောသန္တော၊ အကြင်သူတော်ကောင်းတို့သည်။
ဓမ္မမေဝ၊ ကုသိုလ်ဓမ္မလော ကုတ္တရာဓမ္မကိုသာလျှင်။
အာဒါပယန္တိ သမာဒပေန္တိဂဏှာပေန္တိ၊ ယူစေကုန်သတည်း။
မေ၊ ငါ၏။
ဒိသာဟိ၊ ရန်သူဖြစ်ကုန်သော သူတို့သည်။
ခန္တိဝါဒါနံ၊ သည်းခံခြင်းကျေးဇူးကို ဆိုတတ်ကုန်သော။
အရောပေသံသီနံ၊ တစုံတယောက်သော သူနှင့်မဆန့်ကျင်သော မေတ္တာဖြင့် နေလေ့ရှိကုန်သော သူတို့ကို ချီးမွမ်းလေ့ရှိကုန်သော သူတို့၏။
သန္တိကေ၊ အထံ၌။
ကာလေန၊ သင့်တင့်လျောက်ပတ်သော အခါ၌။
ဓမ္မံ၊ တရားကို။
သုဏန္တု၊ နာစေကုန်သတည်း။
တဉ္စ၊ ထိုကြားအပ်တိုင်းသော တရားကိုလည်း။
အနုဝိဓိယန္တု၊ ကောင်းစွာသင်၍ အတုလိုက်၍ ကျင့်စေကုန်သတည်း။
ဟိယသ္မာ၊ အကြင်ကြောင့်။
မမံ၊ ငါ၏။
သော၊ ထိုရန်သူဖြစ်သော သူသည်။
ဇာတုဧကန္တေန၊ စင်စစ်သဖြင့်။
မမံ၊ ငါ့ကို။
နဟိသေနဟိသေယျ၊ မညှည်းဆဲမနှိပ်စက်စေသတည်း။
အညဝါပန၊ ငါမှ တပါးလည်းဖြစ်သော။
ကိဉ္စိနံ၊ အချို့သော သတ္တဝါကို။
နဟိံသေ၊ မညှဉ်းဆဲစေသတည်း။
ပရမံဥတ္တမံ၊ မြတ်သော။
သန္တိံ၊ နိဗ္ဗာန်သို့။
အဗ္ဗုယှ၊ ရောက်စေသတည်း။
ပါပုဏိတွာ၊ ရောက်ပြီး၍လည်း။
သတထာပရေ၊ ထိုအလုံးစုံသော သတ္တဝါအပေါင်း၌။
ရက္ခေယျ၊ တပည့်သားကိုကဲ့သို့စောင့်ရှောက်စေသတည်း။
နေတ္တိကာ၊ ရေကိုဆောင်လိုကုန်သော သူတို့သည်။
ပူရေတွာ၊ မြင့်သော အရပ်ကမြေကိုတူး၍ နိမ့်ရာအရပ်ကို ပြည့်စေ၍။
မာတိကံ၊ မြောင်းကို။
ကတွာဝါ၊ ပြု၍လည်းကောင်း။
ရုက္ခဒေါဏံ၊ သစ်သားသရောက်သစ်သားကျင်းကို။
ဋ္ဌပေတွာ၊ ထား၍။
ဣစ္ဆိတဋ္ဌာနံ၊ မိမိလိုရာအရပ်သို့။
ဥဒကံ၊ ရေကို။
နေန္တိယထာစ၊ ဆောင်သကဲ့သို့ လည်းကောင်း။
တေဇနံ၊ မြှားကို။
ဥဿုကာရာ၊ လေးသမားတို့သည်။
တာပေတွာ၊ မီးကင်၍။
ဝင်္ကဘာဝံ၊ ကောက်သော အဖြစ်ကို။
ဥဇုံကတွာ၊ ဖြောင့်စွာ ပြု၍။
ဒမယန္တိယထာ၊ ဖြောင့်ကုန်သကဲ့သို့လည်းကောင်း။
တစ္ဆကာ၊ သစ်ရွှေသမားတို့သည်။
အတ္ထာယ၊ အကွပ်အစရှိသည်တို့၏ အကျိုးငှါ။
ကစ္ဆန္တော၊ ရွေကုန်လျက်။
ဒါရုံ၊ သစ်ကို။
ဒမယန္တိယထာ၊ မိမိတို့၏ အလိုအတိုင်းအဖြောင့်အကောက်ကို ပြုကုန်သကဲ့သို့လည်းကောင်း။
ဧဝံတထာ၊ ထိုအတူ။
ပဏ္ဍိတာ၊ ပညာရှိသော အရိယမဂ်ကို ဖြစ်စေတတ်သော သူတို့သည်။
အတ္တာနံ၊ မိမိကိုယ်ကို။
ဒမယန္တိ၊ အရဟတ္တမဂ်သို့ ရောက်အောင်ဆုံးမကုန်၏။
ဧကေ၊ အချို့ကုန်သော မင်းမင်း၏ အမတ်ကြီး စသော သူတို့သည်။
ဒဏ္ဍေန၊ ယှံ ကန်ဆင်မြင်း ဗိုလ်ပါအပေါင်းဖြင့်။
ပစ္စတ္ထိကေ၊ ရန်သူတို့ကို။
ဒမယန္တိ၊ ဆုံးမကုန်၏။
ဂေါပါလာဒယော၊ နွားလိမ်းသော သူစသည်တို့သည်။
ဂဝါဒိကော၊ နွားစသည်တို့ကို။
ဒဏ္ဍေန၊ လှံကန်ဖြင့်။
ဒမေန္တိယထာ၊ ဆုံးမကုန်သကဲ့သို့လည်းကောင်း။
ဟတ္ထာစရိယာ၊ ဆင်ဆရာတို့သည်။
အင်္ကုသေဘိ၊ ချွန်းတောင်းတို့ဖြင့်။
ဟတ္ထိံ၊ ဆင်ကို။
ဒမေန္တိယထာ၊ ဆုံးမကုန်သကဲ့သို့လည်းကောင်း။
အသာစရိယာ၊ မြင်းဆရာတို့သည်။
ကသာတိ၊ ကြိမ်လုံးတို့ဖြင့်။
အဿေ၊ မြင်းတို့ကို။
ဒမေန္တိယထာစ၊ ဆုံးမကုန်သကဲ့သို့လည်းကောင်း။
အဟံ၊ ငါသည်။
အဒဏ္ဍေန၊ လှံ ကန်မရှိသဖြင့်။
အသတ္ထေန၊ ဓားလက်နက်မရှိဘဲလျက်။
တာဒိနာ၊ ဣဋ္ဌာရုံ အနိဋ္ဌာရုံ စသည်၌ တုန်လှုပ်ြခင်းမရှိသော ဘုရားမြတ်စွာသည်။
ဒန္တောဒမ္မိကော၊ ဆုံးမအပ်သည်ဖြစ်၍။
နိဗ္ဗိသေဝနော၊ အဆိပ်အတောက်ကင်းခြင်းကို။
ကတော၊ ပြုအပ်သည်။
အမှိ၊ ဖြစ်ပြီ။
မေ၊ ငါ၏။
နာမံ၊ အမည်သည်။
ပုရေ၊ ရှေးဘုရားသခင်နှင့် မပေါင်းမီကာလ၌။
ဟိံ သကဿ၊ ဟိံ သကအမည်ရှိ၏။
နာမံ၊ အမည်မျှသည်။
အဟောသိ၊ ဖြစ်ပြီ။
အဇ္ဇ၊ ယခု။
အဟံ၊ ငါသည်။
အဟိံ သကောတိ၊ အဟိံ သကောဟူသော။
သစ္စနာမော၊ မချွန်မယွင်းသော အမည်ရှိသည်။
အမှိ၊ ဖြစ်ပြီ။
တသ္မာ၊ ထိုကြောင့်။
ကိဉ္စိ၊ တစုံတယောက်သော။
နံသတ္တံ၊ ထိုသတ္တဝါကို။
နဟိံ သာမိ၊ မညှဉ်းဆဲပြီ။
အာဝုသော၊ ငါ့ရှင်တို့။
အဟံ၊ ငါသည်။
ပုရေ၊ ရှေးလူဖြစ်သော အခါ၌။
အင်္ဂုလိမာလောတိ၊ အင်္ဂုလိမာလဟူ၍။
ဝိဿုတော၊ ကျော်စောသော။
စောရော၊ ခိုးသူသည်။
အာသိံ၊ ဖြစ်ဘူး၏။
မဟာဃေန၊ ကာမောဃစသော ကြီးစွာသော ဩဃဖြင့်။
ဂုယှမာနော၊ မျောသည်ဖြစ်လျက်။
ဗုဒ္ဓံ၊ ထိုကြီးစွာသော ဩဃ၏ ဖြတ်ခြင်းကို ပြုတတ်သော ဘုရားသခင်ကို။
သရဏံ၊ ဆင်းရဲကိုဖျောက်၍ချမ်းသာကို ဆောင်ပေတတ်သော သူဟူ၍ ကိုးကွယ်ခြင်းသို့။
အာဂမံ ဥပဂစ္ဆိံ၊ ကပ်ပြီ။
ပုရေ၊ ရှေးအခါ၌။
အင်္ဂုလိမာလောတိ၊ အင်္ဂုလိမာလဟူ၍။
ဝိဿုတော၊ သူအသက်ကို သတ်ခြင်းရှိသော ကြမ်းကြုတ်သော သူစသည်ဖြင့် ကျော်စောသော။
လောဟိတပါဏိ၊ သတ္တဝါတို့ကို သတ်သဖြင့် တပါးသော သူတို့၏ သွေးဖြင့် လိမ်းကျံသော လက်ရှိသည်။
အာသိံ၊ ဖြစ်ပြီ။
ဣဒါနိ၊ ယခုအခါ၌။
သရဏဂမနံ၊ ဘုရားမြတ်စွာအား ကိုးကွယ်ခြင်းသို့ရောက်ခြင်း၏ များသော အကျိုးရှိသော အဖြစ်ကို။
ပဿ၊ ရှုလော။
မယာ၊ ငါသည်။
ဘဝနေတ္တိ၊ ဘဝသုံးပါးသို့ဆောင်တတ်သော တဏှာကို။
သမူဟတာ၊ ကောင်းစွာမဂ်ဖြင့်နှုတ်အပ်ပြီ။
အဟံ၊ ငါသည်။
ဗဟုံ၊ များစွာသော။
ဒုဂ္ဂတိဂါမိနံ၊ ဒုဂ္ဂတိဘဝသို့လားကြောင်းဖြစ်သော။
တာဒိသံကမ္မံ၊ ထိုအရာမက များသော ယောင်္ကျားတို့ကို သတ်သော မကောင်းမှုကံကို။
ကတွာန၊ ပြု၍။
ကမ္မဝိပါကေန၊ မကောင်းမှုကံ၏ အကျိုးဖြင့်။
ဖုဋ္ဌော၊ အချင်းခပ်သိမ်းပယ်အပ်သော ကံ၏ အကျိုးစက်မျှကိုခံစားလျက်။
အနုဏော၊ ခပ်သိမ်းသော ကိလေသာတို့၏ ကုန်ပြီးသော ကြောင့် မြီကင်းလျက်။
ဘောဇနံ၊ ဆွမ်းစသော ဘောဇဉ်ကို။
ဘုဉ္စာမိ၊ သုံးဆောင်ခံစား၏။
ဗာလော၊ မိုက်သော အဖြစ်နှင့် ပြည့်စုံကုန်သော။
ဒုမ္မေမိနောဇနာ၊ ပညာမှ ကင်းကုန်သော လူမိုက်တို့သည်။
ပမာဒံ၊ ကုသိုလ်ကောင်းမှု၌ မေ့လျော့ခြင်းကို။
အနုယုဉ္ဇန္တိ ပဝတ္တန္တိ၊ မေ့လျော့သဖြင့် ကာလကိုလွန်၍ ဖြစ်စေကုန်၏။
မေဓာဝီ၊ တရားဩဇာ ပညာနှင့် ပြည့်စုံသော ပညာရှိသည်။
သေဋ္ဌံ၊ မြတ်သော။
ဓနံဓနံ ဝိယ၊ အမျိုးအနွယ်အတိုင်းလာသော ရတနာခုနစ်ပါးဟု ဆိုအပ်သော ဥစ္စာကဲ့သို့။
အပ္ပမာဒဉ္စ၊ ထင်သော သတိရှိသည်ဖြစ်၍ ကုသိုလ်ကောင်းမှု၌ မမေ့မလျော့အားထုတ်ခြင်းကို။
ကတွာ၊ ပြု၍။
ရက္ခတိ၊ မြတ်သော နိဗ္ဗာန်ချမ်းသာသို့ ရောက်အောင်စောင့်ရှောက်၏။
အာဝုသော၊ င့ါရှင်တို့။
ပမာဒံ၊ ကုသိုလ်ကောင်းမှု၌ မေ့လျော့သဖြင့် ကာလကို လွန်စေခြင်းကို။
မာအနုယုဉ္ဇေထ၊ မဖြစ်စေကုန်လင့်။
ကာမရတိသန္ဓဝံ၊ ကာမဂုဏ်ဖြင့် မွေ့လျော်ပေါင်းဘော်ခြင်းကို။
မာအနုယုဉ္ဇေထ၊ မဖြစ်စေကုန်လင့်။
အပ္ပမတ္တော၊ ကုသိုလ်ကောင်းမှု၌ မမေ့မလျော့သော ပုဂ္ဂိုလ်လည်း ။
ဈာယန္တော၊ ဈာန်ဝင်စားခြင်း၌ လေ့လာသည်ဖြစ်၍။
ပရမံ၊ မြတ်သော။
သုခံ၊ နိဗ္ဗာန်ချမ်းသာသို့။
ပပ္ပေါတိပါပုဏာတိ၊ ရောက်၏။
မမ၊ ငါ၏။
ယံမဟာဝနံ၊ အကြင်နေရာဖြစ်သောတောကြီးသို့။
သတ္ထု၊ မြတ်စွာဘုရား၏။
ယံအာဂမနံ၊ အကြင်လာခြင်းသည်။
အတ္ထိ၊ ရှိ၏။
တံအာဂမနံ၊ ထိုင့ါနေရာတောကြီးသို့ ကြွတော်မူလာခြင်းသည်။
သွာဂတံ၊ ကောင်းသော ကြွလာခြင်းတည်း။
အပဂတံ၊ အကျိုးစီးပွါးမှ ကင်းသော ကြွလာခြင်းသည်။
နဟောတိ၊ မဖြစ်။
မယာ၊ ငါသည်။
သတ္ထုသန္တိကေ၊ မြတ်စွာဘုရား၏ အထံတော်၌။
ပဗ္ဗဇိဿာမီတိ၊ ရဟန်းပြုအံ့ဟူ၍။
ယံမန္တိတံ၊ အကြင်အတိုင်းပင်အကြံအစည်ကို။
မန္တိတံ၊ တိုင်ပင်အပ် ကြံအပ်၏။
ဣဒံမန္တိတံ၊ ဤသို့တိုင်ပင်ကြံခြင်းသည်။
မမ၊ ငါအား။
ဒုမ္မန္တီတံ၊ မကောင်းသဖြင့် တိုင်ပင်ကြံခြင်းသည်။
နဟောတိ၊ မဖြစ်။
ကသ္မာ၊ အဘယ်ကြောင့်နည်း ဟူမူကား။
သံဝိဘတ္တေသု၊ သာဝဇ္ဇအနဝဇ္ဇစသော အပြားဖြင့်ခွဲခြမ်းဝေဘန်အပ်ကုန်သော။
ဓမ္မေသု၊ တရာတို့တွင်။
ယံဓမ္မံ၊ အကြင်တရားသည်။
သေဋ္ဌံ၊ မြတ်၏။
တံ၊ ထိုမြတ်သော နိဗ္ဗာန်တရားကိုသာလျှင်။
ဥပဂမံ ဥပဂစ္ဆိ၊ ကပ်ပြီ။
သတ္ထု၊ မြတ်စွာဘုရား၏။
တသ္မိံ မဟာဝနေ၊ ထိုတောကြီး၌။
ယံအာဂမနံ၊ အကြင်ကြွလာခြင်းသည်။
အတ္ထိ၊ ရှိ၏။
တံအာဂမနံ၊ ထိုသို့ ကြွလာတော်မူခြင်းသည်။
သွာ ဂတံ သုအာဂတံ၊ ကောင်းသော ကြွလာခြင်းတည်း။
အပဂတံ၊ အကျိုးစီးပွါးမှ ကင်းသော ကြွလာခြင်းသည်။
န၊ မဟုတ်။
မမ၊ ငါသည်။
သတ္ထု၊ မြတ်စွာဘုရား၏။
သန္တိကေ၊ အထံ၌။
ပဗ္ဗဇိဿာမိ၊ ရဟန်းပြုအံ့။
ဣတိ၊ ဤသို့။
မန္တိတံ၊ တိုင်ပင်အပ်ကြံအပ်၏။
မမ၊ ငါ၏။
ဣမံမန္တိတံ၊ ဤသို့ ရဟန်းပြုအံ့ဟု တိုင်ပင်ခြင်းကြံခြင်းသည်လည်း။
ဒုမ္မန္တိတံ၊ မကောင်းသဖြင့် ပြီးတိုင်ပင်ခြင်းကြံခြင်းသည်။
န၊ မဟုတ်။
မယာ၊ ငါသည်။
တိဿောဝိဇ္ဇာ၊ သုံးပါးသော ဝိဇ္ဇာတို့ကို။
အနုပတ္တာ၊ ရောက်ကုန်ပြီ။
ဗုဒ္ဓဿ၊ မြတ်စွာဘုရား၏ ။
သာသနံ၊ အဆုံးအမကို။
ကတံ၊ ပြုအပ်ပြီ။
အဟံ၊ ငါသည်။
အရညေ၊ တော၌။
ရုက္ခမူလေဝါ၊ သစ်ပင်ရင်း၌လည်းကောင်း။
ပဗ္ဗတေသုဝါ၊ တောင်တို့၌၎င်း။
ဂုဟာသုဝါ၊ တောင်ခေါင်းလှိုဏ်တို့၌လည်းကောင်း။
တတ္ထတတ္ထေဝ၊ ထိုထိုသို့သော အရပ်၌ သာလျှင်။
တဒါ၊ ထိုလူဖြစ်သောအခါ၌။
ဥဗ္ဗိဂ္ဂမနသော၊ ထိတ်လန့်သော စိတ်ရှိလျက်။
အဋ္ဌာသိ၊ ရပ်ရ၏။
ဣဒါနိ၊ ယခုရဟန်းဖြစ်သောအခါ၌။
သယန္တောပိ၊ အိပ်သော်လည်း။
သုခံ၊ ချမ်းသာစွာ။
သယာမိ၊ အိပ်ရ၏။
တိဋ္ဌန္တောပိ၊ ရပ်သော်လည်း။
သုခံ၊ ချမ်းသာစွာ။
ဋ္ဌာယာမိ၊ ရပ်ရ၏။
ဇီဝန္တောပိ၊ အသက်ရှင်သော်လည်း။
သုခံ၊ ချမ်းသာစွာ။
ဇီဝိတံ၊ အသက်ကို။
ကပ္ပေမိ၊ မွေးရ၏။
မာရဿ၊ ကိလေသာမာရ်စသည်၏ ။
အဟတ္တပါသော၊ ကျက်စားရာမဟုတ်သောကြောင့် လက်ဖြင့် ထောင်အပ်သော ကျော့ကွင်းမှ ကင်း၏။
သတ္ထာနုကမ္ပိတော၊ မြတ်စွာဘုရားသည် သတ္တဝါတို့၌ သနားတော်မူအပ်သော အဖြစ်သည်။
အဟော၊ ဪအံ့ဘွယ်ရှိပေစွ။
အဟံ၊ ငါသည်။
ပုရေ၊ ရှေးအခါ၌။
ဥဒ္ဒိစ္စော၊ ထင်ရှားသော ။
ဥဘတော၊ အမိအဘနှစ်ပါးစုံအားဖြင့်။
ဗြာဟ္မဇစ္စော၊ ဇာတ်အားဖြင့် ပုဏ္ဏားမျိုးသည်။
အာသိံ၊ ဖြစ်ပြီ။
အဇ္ဇ၊ ယခုရဟန်းဖြစ်သော အခါ၌။
သောအဟံ၊ ထိုငါသည်။
သုဂတဿ၊ ကောင်းသော စကားကို ဆိုတော်မူတတ်ထသော။
ဓမ္မရာဇဿ၊ တရားမင်းဖြစ်တော်မူထသော။
သတ္ထုနော၊ မြတ်စွာဘုရား၏။
ပုတ္တော၊ ကိုယ်တော်ရင်နှစ်သားတော်စစ်သည်။
အဟု၊ ဖြစ်ပြီ။
သောအဟံ၊ ထိုငါသည်။
ဒါနိဣဒါနိ၊ ယခုအခါ၌။
ဝီတတဏှော၊ ကင်းသော တဏှာရှိသည်။
အနာဒါနော၊ ကိလေသာတဏှာတည်းဟူသော စွဲလမ်းခြင်းမရှိသည်။
ဂုတ္တဒွါရော၊ စက္ခုဒွါရစသည်၌ လုံခြုံစောင့်ရှောက်အပ်သော တံခါးရှိသည်။
သုသံဝုတော၊ မနလျှင်ခြောက်ခုမြောက်ဖြစ်သော ဣန္ဒြေတို့၌ ပိတိအပ်သော တံခါးရှိသည်။
အသ္မိံ၊ ဖြစ်ပြီ။
မေမယာ၊ ငါသည်။
အဃမူလံ၊ ဇရာမရဏ၏ အရင်းဖြစ်သော အဝိဇ္ဇာဟူသော အမြစ်ကို။
ဝမိတွာန၊ အရဟတ္တမဂ်ဉာဏ်ဖြင့်နှုတ်ပြီး၍။
အာသဝက္ခယော၊ အာသဝေါတို့၏ ကုန်ရာဖြစ်သော အရဟ္တဖိုလ်နိဗ္ဗာန်သို့။
ပတ္တော၊ ရောက်ပြီ။
မေမယာ၊ ငါသည်။
သတ္တာသတ္တေသု၊ သတ္တဝါတို့၌။
ပရိစိဏ္ဏော၊ မေတ္တာစသည်ကို ပွါးစေသော အားဖြင့်အလေ့အလာပြုအပ်ပြီ။
ဗုဒ္ဓဿ၊ မြတ်စွာဘုရား၏။
သာသနံ၊ အဆုံးအမတော်ဖြစ်သော မဂ်ဟူသော အကျင့်ကို။
အဟံ၊ ငါသည်။
ကတံ၊ ကျင့်အပ်ပြုအပ်ပြီ။
ဂရုကောဘာရော၊ လေးစွာသော ခန္ဓာဝန်ကို။
ဩဟိတော၊ ချအပ်ပြီ။
ဘဝနေတ္တိ၊ ဘဝသုံးပါးသို့ ဆောင်တတ်သော တဏှာဟူသော ကြိုးကို။
သမူဟတာ၊ အကြွင်းမဲ့ဖြတ်အပ်ပြီ။
ဣတိ၊ ဤသို့။
အင်္ဂုလိမာလောထေရော၊ အင်္ဂုလိမာလထေရ်သည်။
ဣမာဂါထာယော၊ ဤဘွဲ့ဆို သီကုံးအပ်သော နှစ်ဆဲ့လေးဂါထာတို့ကို။
အဘာသိ၊ ရွတ်ဆိုပြီ။
အင်္ဂုလိမာလထေရဂါထာ အနက်ပြီး၏။