အာဝုသော၊ ငါ့ရှင်တို့။
သတလိင်္ဂဿ၊ များသော သဒ္ဒပဝတ္တနိမိတ်ရှိထသော။
အတ္ထဿ၊ သိအပ်သော ဉေယျဓမ္မတည်းဟူသော အကျိုးရှိသော။
သတလက္ခဏဓာရိနော၊ များသော မှတ်ကြောင်းအနက်ကို ဆောင်တတ်သော။
ဗုဒ္ဓဿဘဂဝတော၊ မြတ်စွာဘုရား၏။
ဉာဏမုခေန၊ ဉာဏ်အဝ၌။
တေ၊ ထိုဆိုအပ်ခဲ့ပြီးများသော သဒ္ဒါဖြစ်ကြောင်းရှိသော ဉေယျဓမ္မစသည်တို့သည်။
အာဗာဓံ၊ ထင်ခြင်းသို့။
အာဂစ္ဆန်တိ၊ ရောက်ကုန်၏။
ဧကင်္ကဒဿီ၊ တခုသော မှတ်ကြောင်း အနက်ကိုသာ မြင်သော။
ဒုမ္မေဓော၊ ပညာနည်းသော သူသည် ။
မိစ္ဆာဘိနိဝေသေန၊ ဆင်ကို မြင်လိုသော သူကန်းကဲ့သို့ မှားသော နှလုံးသွင်းခြင်းရှိသည်၏ အစွမ်းဖြင့်။
ပဋိက္ခိပတိ၊ ငါ့အယူသာမှန်၏ သူတပါးအယူကား အချည်းနှီးတည်းဟုပယ်၏။
ပဏ္ဍိတောပန၊ ပညာရှိသည်ကား။
သတအနေကေပိပကာရေ၊ များသော သဒ္ဒါဖြစ်ကြောင်းရှိသော ဉေယျဓမ္မများသော မှတ်ကြောင်းရှိသော အနက်အပြားတို့ကို။
ဒဿီဝဒဿိဧဝ၊ မိမိ၏ ပညာစက္ခုဖြင့် မြင်နိုင်သည်သာလျှင်တည်း။
ယောဝါ၊ အကြင်သူသည်လည်း။
တတ္ထ၊ ထိုများသော သဒ္ဒါဖြစ်ကြောင်းရှိသော ဉေယျဓမ္မစသည်၌။
ပညာစက္ခုနာ၊ ပညာစက္ခုဖြင့်။
အတ္တနာပိ၊ မိမိသည်လည်း။
ပဿတိ၊ မြင်၏။
အညသမ္ပိ၊ သူတပါးတို့အားလည်း။
ပကာသေတိ၊ ပြတတ်၏။
သော၊ ထိုသူသည်။
ပဏ္ဍိတော၊ ပညာရှိသော။
ဝိစက္ခဏော၊ အနက်တို့၌ လိမ္မာသော သူမည်၏။
ဣတိ၊ ဤသို့။
သုဟေမန္တောထေရော၊ သုဟေမန္တထေရ်သည်။
ဥက္ကံဘဂတံ၊ အထွဋ်အမြတ်သို့ ရောက်သော။
အတ္တနော၊ မိမိ၏။
ပဋိသမ္ဘိဒါပတ္တိံ၊ ပဋိသမ္ဘိဒါဉာဏ်ကိုရခြင်းကို။
ဘိက္ခူနံ၊ ရဟန်းတို့အား။
ဝိဘာဝေတိ၊ ထင်စွာပြ၏။
သုဟေမန္တထေရဂါထာ အနက်ပြီး၏။