Issues
Select Version
နိဿယ
မြန်မာဘာသာ
Theragāthāpāḷi
Theragāthāpāḷi

2. Sivakattheragāthā

Author: နိဿယ @ IAPT

တတ္ထ တတ္ထ၊ ထိုထိုသို့သော ဘဝ၌။ ပုနပ္ပုနံ၊ အဘန်တလဲလဲ။ နိပ္ပတ္တမာနာနိ၊ ဖြစ်ကုန်သော။ ဂဟကာနိ၊ အတ္တဘောတည်းဟူသော အိမ်တို့သည်။ အနိစ္စာနိ၊ အမြဲမတည်တန့်ကုန်။
ဂဟကာရံ၊ ဤအတ္တဘောတည်းဟုသော အိမ်ကို ပြုတတ်သော တဏှာယောင်္ကျားလက်သ္မားကို။ ဂဝေသန္တော၊ ရှာလျက်။ ဧတ္တကံသာလံ၊ ဤမျှလောက်သော ကာလပတ်လုံး။ အနူဝိစရိံ၊ အဘန်တလဲလဲ ကျင်လည်ရပြီ။ ယသ္မာ၊ အကြင်ကြောင့်။ ဧသဇာတိ၊ ထိုပဋိသန္ဓေနေခြင်းသည်။ ဇရာဗျာဓိမရဏမိဿတာယ၊ အိုခြင်းနာခြင်းသေခြင်းနှင့်ရောသည်၏ အဖြစ်ကြောင့်။ ပုနပ္ပုနံ၊ အဘန်တလဲလဲ။ ဥပဂန္တုံ၊ ကပ်ခြင်းငှါ။ ဒုက္ခာ၊ ဆင်းရဲ၏။
တသ္မာ၊ ထိုကြောင့်။ တံဂဟကာရကံ၊ ထိုအတ္တဘောတည်းဟူသော အိမ်ကို ပြုတတ်သော တဏှာယောင်္ကျားလက်သ္မားကို။ ဂဝေသန္တော၊ ရှာလျက်။ အနုဝိစရိံ၊ အဘန်တလဲလဲ ကျင်လည်ရပြီ။ ဘောဂဟကာရက၊ အတ္တဘောတည်းဟူသော အိမ်ကို ပြုတတ်သော တဏှာယောင်္ကျားပဲခွပ်သ္မား။ ဣဒါနိ ပန၊ ယခုအခါ၌ကား။ သောတွံ၊ ထိုတဏှာသော ယောင်္ကျားပဲခွပ်သ္မားတည်းသော သင်ကို။ ယေနဉာဏေန၊ အကြင်အရိယာမဂ်ဉာဏ်တည်းဟူသော မျက်စိဖြင့်။ ဒဋ္ဌုံ၊ မြင်ခြင်းငှါ။ သက္ကာ၊ တတ်ကောင်း၏။ တေန၊ ထိုအရိယမဂ်ဉာဏ်တည်းဟူသော စက္ခုဖြင့်။ ဒိဋ္ဌော၊ မြင်အပ်သည်။ အသိ၊ ဖြစ်ပြီ။
ပုန၊ တဘန်။ ဂေယံ၊ အတ္တဘောဟု ဆိုအပ်သော ငါ၏ အိမ်ကို။ နကာဟသိ၊ တဏှာယောင်္ကျားပဲခွပ်သ္မား သည် မပြုရလတ္တံ့။ တေ၊ သင်တဏှာယောင်္ကျားလက်သ္မား၏။ သဗ္ဗာ၊ အကြွင်းမရှိကုန်သော။ ဖါသုကာ၊ တထောင့်ငါးရာကိလေသာတည်းဟူသော အိမ်အခြင်တို့ကို။ ဘဂ္ဂါ၊ ငါချိုးဖျက်အပ်ကုန်ပြီ။ တုနိယာစ၊ အတ္တဘောဟု ဆိုအပ်သော အိမ်၏ အဝိဇ္ဇာဟု ဆိုအပ်သော အထွဋ်အချက်တို့ကို။ ဝိဒါလိတာ၊ ချိုးဖျက်အပ်ကုန်ပြီ။
စိတ္တံ၊ ငါ၏ စိတ်သည်။ ဝိပရိယာဒိဂတံ၊ နောင်အခါမဖြစ်ခြင်းသဘောသို့ရောက်ပြီ။ ဣဓေဝ၊ ဤပစ္စုပ္ပန်ဘဝ၌သာလျှင်။ ဝိဓမိဿတိ၊ ပရိနိဗ္ဗာန်စိတ်ချုပ်သည်နှင့် တကွ ချုပ်ခြင်းသို့ရောက်လတ္တံ့။
ဣတိ၊ ဤသို့။ သိကောထေရော၊ သီဝကထေရ်သည်။ ဣမံဂါထာဒွယံ၊ ဤဂါထာနှစ်ခုအပေါင်းကို။ အဘာသိတ္ထ၊ ဆိုပြီ။ သီဝကထေရဂါထာ အနက်ပြီး၏။