အာဝုသော၊ ငါ့ရှင်တို့။
ဂရုနော၊ ကိုယ်၌ အစိုးမရသော အမှတ်ရှိသည်ဖြစ်၍ ကိုယ်ကို မွေးမြူခြင်း၌ လေ့လာသော ကိုယ်၏ ခိုင်ခန့်ခြင်းများသော သူအား။
ဇီဝိတေ၊ အသက်သည်။
ဟိယျမာနမှိ၊ ကုန်သဖြင့်ယုတ်မာခြင်းသို့ ရောက်လတ်သည်ရှိသော်။
သရီရသုခဂိဒ္ဓဿ၊ မွန်မြတ်သော အရသာ စသည်တို့ဖြင့် မိမိကိုယ်၏ ချမ်းသာ၌ တပ်ခြင်းသို့ရောက်သော သူအား။
သမဏသာဓုတာ၊ ရဟန်း၏ အဖြစ်ဖြင့် ကောင်းသော ရဟန်း၏ အဖြစ်သည်။
ကုတောကေနကာရဏေန၊ အဘယ်သို့သော အကြောင်းဖြင့်။
သိယာ၊ ဖြစ်ပါအံ့နည်း။
ဧကံသတောပန၊ စင်စစ်အားဖြင့်ကား။
ကာယေစ၊ ကိုယ်၌လည်းကောင်း။
ဇီဝိတေစ၊ အသက်၌လည်းကောင်း။
နိရာပေက္ခဿ၊ ငဲ့ကွက်ခြင်းမရှိသော။
ဣတရိတရသန္တောသေန၊ ရရသမျှသော ပစ္စည်းဖြင့် ရောင့်ရဲခြင်းဖြင့်။
သန္တုဋ္ဌဿ၊ ရောင့်ရဲသော။
အာရဒ္ဓဝီရိယဿေဝ၊ အားထုတ်သော လုံ့လရှိသောသူအားသာလျှင်။
သမဏသာဓုတာ၊ ကောင်းသော ရဟန်း၏ အဖြစ်သည်။
သိယာ၊ ဖြစ်ရာ၏။
ဣတိ၊ ဤသို့။
အဓိမုတ္တောထေရော၊ အဓိမုတ္တထေရ်သည်။
ဣမံဂါထံ၊ ဤဂါထာကို။
အဘာသိတ္ထ၊ ဆိုပြီ။
အဓိမုတ္တထေရဂါထာ အနက်ပြီး၏။