အာဝုသော၊ ငါ့ရှင်တို့။
ဗဟုကံ၊ များစွာသော။
ကမ္မံ၊ အမှုသစ်ကို။
နကာရယေ၊ မဖြစ်စေရာ။
ဇနံ၊ အပေါင်းအဖော်၌ မွေ့လျော်သော သူကို။
ပရိဝဇ္ဇေယျ၊ ကြဉ်ရာ၏။
နဥယျမေ၊ နဥယျမေယျ ပစ္စည်းကို ဖြစ်စိမ့်သော ငှါ ဒါယာတို့ကို သင်္ဂြိုဟ်ထောက်ပံ့သည်၏ အစွမ်းဖြင့် လုံ့လမပြုရာ။
ယောဘိက္ခု၊ အကြင်အရသာ၌ တပ်သော တဏှာ၏ နိုင်ငံသို့ လိုက်သော ရဟန်းသည်။
ပစ္စယုပ္ပါဒနပသုတော၊ ပစ္စည်းကို ဖြစ်စေခြင်း၌ လေ့လာ၏။
ရသာနုဂိဒ္ဓေါ၊ ရသတဏှာ၌ တပ်တတ်သော။
သောဘိက္ခု၊ ထိုရဟန်းသည်။
ဥဿုကော၊ ဒါယကာတို့ကို သင်္ဂြိုဟ်ထောက်ပံ့ခြင်းငှါလုံ့လပြု၏။
ယောသုခါဓိဝါဟော၊ အကြင်သမထဝိပဿနာမဂ်ဖိုလ်ချမ်းသာကို ဆောင်တတ်သော သီလစသော အကျိုးသည်။
အတ္ထိ၊ ရှိ၏။
တံအတ္ထံ၊ ထိုဆိုအပ်ခဲံပြီးသော အကျိုးကို။
ရိဉ္စတိ၊ မိမိကိုယ်ကို ထိုအကျိုးမှ ကင်းစေ၏။
ကုလေသု၊ ဆွမ်းခံခြင်းငှါ ကပ်ကုန်သော အမျိုးအိမ်တို့၌။
ယာယံပန္ဒနပူဇနာ၊ အကြင်သီလစသော ဂုဏ်ကို ခြီးမြှောက်သည် အစွမ်းအားဖြင့် ဖြစ်သော ရှိခိုးခြင်း ပူဇော်ခြင်းတို့သည်။
အတ္ထိ၊ ရှိကုန်၏။
နံ၊ ထိုရှိခိုးခင်းပူဇော်ခြင်းကို။
ဟိယသ္မာ၊ အကြင်ကြောင့်။
ပင်္ကေတိ၊ အညစ်အကြေးကို ပြုတတ်သော ညွန့်နှင့်တူ၏ ဟူ၍။
ဗုဒ္ဓါဒယော၊ ဘုရားအစရှိသော သူတော်ကောင်းတို့သည်။
ပဝေဒယုံ၊ ကြားကုန်၏။
ဒုရုဗ္ဗဟံ၊ နှုတ်နှိပ်ခဲသော။
သုခုမံ၊ ပုထုဇဉ်ပုဂ္ဂိုလ်တို့သည် ပြုနိုင်ခဲသောကြောင့် သိမ်မွေ့သော ။
ယံသလ္လံ၊ အကြင်တဏှာတည်းဟူသော ငြောင့်သည်။
အတ္ထိ၊ ရှိ၏။
တံ၊ ထိုတဏှာတည်းဟူသော ငြောင့်ကို။
သတ္တာယေန၊ ငါ၏ကိုယ်ငါ၏ ဥစ္စာဟု စွဲလမ်းတတ်သော။
ကာပုရိသေန၊ ယောင်္ကျားယုတ်သည်။
ဒုဇ္ဇဟော၊ ထိုသတ္တာယ ကိုပယ်ကြောင်းဖြစ်သော အကျင့်ကို မကျင့်သောကြောင့်စွန့်နိုင်ခဲ့၏။
တသ္မာ၊ ထိုကြောင့်။
အဿ၊ ထိုတဏှာဟူသော ငြောင့်သက္ကာယကို။
ပဟာနာယ၊ ပယ်ခြင်းငှါ။
အာယောဂေါ၊ ပြင်းစွာ အားထုတ်ခြင်းကို။
ကရဏီယော၊ ပြုအပ်ပြီ။
ပရဿ၊ သူတပါး၏။
ပစ္စယ မတ္တဿ၊ ပစ္စည်းမျှကို။
ပဏိဓာယ၊ အကြောင်းကို ပြု၍။
ပါပကံ၊ ယုတ်မာစွာသော သတ်ခြင်းနှောင်ဖွဲ့ခြင်းစသော။
ကမ္မံ၊ အမှုကို။
အစ္စယ၊ လွန်ကျူး၍။
နသေဝေယျ၊ မမှီဝဲရာ။
အတ္တနာပိ၊ မိမိသည်လည်း။
တံ၊ ထိုယုတ်မာသော မကောင်းမှုကံကို။
နသေဝေယျ၊ မမှီဝဲရာ။
ကသ္မာ၊ အဘယ်ကြောင့်နည်းဟူမူကား။
ဣမေမာတိယာ၊ ဤသတ္တဝါတို့သည်။
ဟိယသ္မာ၊ အကြင်ကြောင့်။
ကမ္မဗန္ဓု၊ ကံသာလျှင် အဆွေကံသာလျှင် အမျိုးရှိကုန်၏။
အတ္တနာ၊ မိမိသည်။
စောရိယံ၊ ခိုးမှုကို။
အကတွာ၊ မပြုမူ၍။
ပုရေပရဿ၊ သူတပါး၏ ။
ဝစနာဝစနမတ္တေန၊ စကားမျှဖြင့်။
စောရော၊ ခိုးသူမည်သည်။
နဟောတိ၊ မဖြစ်။
အတ္တနာ၊ မိမိသည်။
မုနိယံ၊ စင်ကြယ်သော ကာယကံဝစီကံမနောကံဖြင့် ကောင်းသော အကျင့်ရှိသော ရဟန်း၏ အဖြစ်သည်။
အဟုတွာ၊ မဖြစ်ဘဲလျက်။
ပရေပရဿ၊ သူတပါး၏ ။
ဝစနာဝစနမတ္တေန၊ စကားမျှဖြင့်။
မုနိ၊ စင်ကြယ်သော ကိုယ်အကျင့်နှုတ်အကျင့်နှလုံးအကျင့်ရှိသော မုနိသည်။
နဟောတိ၊ မဖြစ်။
နံသတ္တံ၊ ထိုသတ္တဝါကို။
တဿ၊ ထိုသတ္တဝါ၏။
အတ္တာစ၊ ကိုယ်စိတ်သည်လည်းကောင်း။
အယံ၊ ဤသတ္တဝါကား။
ပရိသုဒ္ဓေါ၊ စင်ကြယ်၏။
နပရိသုဒ္ဓေါ၊ မစင်ကြယ်။
ဣတိ၊ ဤသို့။
ယထာယေန ပကာရေန၊ အကြင်သို့လသော အပြားအားဖြင့် ။
အဝေဒိ၊ မဘောက်မပြန်သိ၏။
တထာ၊ ထိုအခြင်းအရာဖြင့်။
နံပုဂ္ဂလံ၊ ထိုပုဂ္ဂိုလ်ကို။
ဒေဝဝိဒူ၊ သူတပါးစိတ်ပိုင်းခြား၍ သိတတ်ကုန်သော ဝိသုဒ္ဓိနတ်ဥပပတ္တိနတ်တို့သည်။
ဇာနန္တိ၊ သိကုန်၏။
တသ္မာ၊ ထိုကြောင့်။
သယံ၊ မိမိသည်လည်းကောင်း။
တာဒိသာဒေဝါစ၊ ထိုသို့ သဘောရှိသော နတ်တို့သည်လည်းကောင်း။
သမာနာပိ၊ ဖြစ်ကုန်သော်လည်း။
သုဒ္ဓါသုဒ္ဓါနံ၊ စင်ကြယ်သည် မစင်ကြယ်သည် ဖြစ်ကုန်သော သူတို့၏။
သုဒ္ဓါ သုဒ္ဓဘာဝဇာနနေန၊ စင်ကြယ်သည် မစင်ကြယ်သည်၏ အဖြစ်ကို သိသဖြ်င့။
ယေကေစိ၊ ခပ်သိမ်းသော သတ္တဝါတို့သည်။
ဣစ္ဆာ၊ အလိုရှိအပ်ကုန်၏။
ပရေ၊ ပညာရှိတို့ကိုထား၍ တပါးသော သူတို့သည်။
ဧတ္ထ၊ ဤအသက်ရှည်သော လူ့ရွာ၌။
မယံ၊ ငါတို့သည်။
ယမာမသေ၊ သေမင်း၏ အထံသို့ သွားရကုန်အံ့။
ဣတိ ဧတံ ကာရဏံ၊ ဤသို့သော အကြောင်းကို။
နစဇာနန္တိ၊ မသိကုန်။
ယေစ ပဏ္ဍိတာ၊ အကြင်ပညာရှိတို့သည်လည်း။
တတ္ထ၊ ထိုအသက်ရှည်သောလူ့ပြည်၌။
ဝိဇာနန္တိ၊ ငါတို့ကား သေမင်း ၏ အနီးသို့ သွားရကုန်၏ ဟု သိကုန်၏။
တတော၊ ထိုသို့ သိသောကြောင့်။
မေဓကာမေဓကာနံ၊ သူတပါးတို့ညှဉ်းဆဲခြင်းတို့ကို။
ဝူပသမာယ၊ ငြိမ်းစေခြင်းငှါ။
သမ္မန္တိ ပဋိပဇဇန္တိ၊ ကျင့်ကုန်၏။
သပ္ပညောအပိ၊ ဥစ္စာ၏ ကုန်ခြင်းတို့ကို သိသော ပညာရှိသည်လည်း။
သန္တုဋ္ဌော၊ ရရသမျှနှင့် ရောင့်ရဲလွယ်သည်ဖြစ်၍။
ဇီဝတော၊ အပြစ်မရှိသော အသက်ရှည်ခြင်းသည်။
အသိ၊ ဖြစ်၏။
ဝိတ္တပရိက္ခယော၊ ဥစ္စာကုန်ခြင်းသို့ရောက်သော သူသည်။
ပညာယစ၊ ပညာဖြင့်လည်း။
အလာဘနေ၊ ဥစ္စာကို မရသဖြင့်။
ဝိတ္တဝါ၊ ပစ္စုပ္ပန် သံသရာအကျိုးကို ချွတ်ယွင်းစေလျက် ဥစ္စာရငြားသော်လည်း။
ဂရဟာဒိပဝတ္တိယာ၊ ကဲ့ရဲ့ခြင်း စသည်ဖြစ်သောကြောင့်။
နဇီဝတိ၊ တရားနှင့် မလျော်သော ဥစ္စာရခြင်းဖြင့် အသက်မမွေး။
ဣဓ၊ ဤလောက၌။
သဗ္ဗံ၊ အလုံးစုံသော သဒ္ဒါရုံကို။
သောတေန၊ နားဖြင့်။
သုဏာတိ၊ ကြား၏။
သဗ္ဗံ၊ အလုံးစုံသော ရူပါရုံကို။
စက္ခုနာ၊ မျက်စိဖြင့်။
ပဿတိ၊ မြင်၏။
ဓီရော၊ ပညာရှိသည်။
ဒိဋ္ဌံ၊ မြင်သမျှသော ရူပါရုံကို လည်းကောင်း။
သုတံ၊ ကြားသမျှသော သဒ္ဒါရုံကိုလည်းကောင်း။
သဗ္ဗံ၊ အလုံးစုံကို။
ဥဇ္ဇိတုံဂဟေတုံ၊ ယူခြင်းငှါ။
နစအရဟတိ၊ မထိုက်။
စက္ခုမာပိ၊ မျက်စိနှင့် ပြည့်စုံသော သူသည်လည်း။
အန္ဓောယတာ၊ ကန်းသော သူကဲ့သို့။
အဿ၊ ဖြစ်ရာ၏။
သောတဝါပိ၊ သောတပသာဒနှင့် ပြည့်စုံသော သူသည်လည်း။
ဗဓိရောယထာ၊ နားပင်းသကဲ့သို့။
အဿ၊ ဖြစ်ရာ၏။
ပညဝါပိ၊ အဆင်အခြင်စကား၌လိမ္မာသော ပညာရှိသည်လည်း။
မူဂေါယထာ၊ သူအကဲ့သို့။
အဿ၊ ဖြစ်ရာ၏။
ဗလဝါပိ၊ အားနှင့် ပြည့်စုံသော သူသည်လည်း။
ဒုဗ္ဗလောရိဝ၊ မပြုအပ်သော အရာ၌ အားနည်းသောသူကဲ့သို့။
အာသာ၊ ဖြစ်ရာ၏။
အထ၊ ထိုမှတပါး။
အတ္ထေ၊ မိမိပြုသင့်သော အကျိုးရှိသော ကိစ္စသည်။
သမုပ္ပန္နေ၊ ကောင်းစွာ ဖြစ်လတ်သည်ရှိသော်။
မထသာယိကံ၊ သူသေနှင့် အတူအိပ်ခြင်းကို။
ပဿေထ၊ ရှုရာ၏။
ဣတိ၊ ဤသို့။
မဟာကစ္စာယနောထေရော၊ မဟာကစ္စည်းထေရ်သည်။
ဣမာအဋ္ဌဂါထာယော၊ ဤတွဲဆိုသီကုံးအပ်သော ရှစ်ဂါထာတို့ကို။
အဘာသိတ္ထ၊ ဆိုပြီ။
မဟာကစ္စာယနထေရဂါထာ အနက်ပြီး၏။
ယောဘိက္ခု၊ အကြင်ရဟန်းသည်။
အက္ကောဓနော၊ သူတပါးအားအမျက်ထွက်လေ့မရှိ။
အနုပနာတဟီ၊ သူတပါးတို့သည် ပြုအပ်သော အပြစ်ကို စွဲ၍ ရန်ငြိုးဖွဲ့လေ့မရှိ။
အမာယော၊ ထင်ရှားသော အပြစ်ကို ဖုံးလွှမ်းခြင်းလက္ခဏာ ရှိသော မာယာမှ ကင်း၏။
ရိတ္တပေသုဏော၊ သူတပါးတို့အား ဂုမ်းတိုက်ချောပစ်သော စကားမှကင်း၏။
တာဒိသကော၊ ထိုသို့ သဘောရှိသော။
ဘိက္ခု၊ ရဟန်းသည်။
သစေဟောတိ၊ အကယ်၍ ဖြစ်ငြားအံ့။
ဧဝံ၊ ဤသို့ ဆိုအပ်ခဲ့ပြီးသော ကျင့်နှင့် ပြည့်စုံသည်ရှိသော်။
ပေစ္စ၊ တမလွန်ဘောက၌။
နသောစတိ၊ မစိုးရိမ်ရ။
ယောဘိက္ခု၊ အကြင်ရဟန်းသည်။
အက္ကောဓနော၊ သူတပါးတို့အား အမျက်ထွက်လေ့မရှိ။
အနူပနဟီ၊ သူတပါးတို့သည် ပြုအပ်သော အပြစ်ကို စွဲ၍ ရန်ငြိုးဖွဲ့လေ့မရှိ။
အမာယော၊ ထင်ရှားရှိသောအပြစ်ကို ဖုံးလွှမ်းခြင်း လက္ခဏာရှိသော မာယာမှ ကင်း၏။
ရိတ္တပေသုဏော၊ သူတပါးတို့အား ဂုမ်းတိုက် ချောပစ်သော စကားမှ ကင်း၏။
သဒါ၊ အခါခပ်သိမ်း။
ဂူတ္တဒွါရော၊ စက္ခုဒွါရကာယဒွါရအစရှိသည်တို့ကို လုံခြုံစွာစောင့်ရှောက်ခြင်းရှိ၏။
သောဘိက္ခု၊ ထိုရဟန်းသည်။
ဧဝံ၊ ဤသို့ ဆိုအပ်ခဲ့တိုင်းသော အခြင်းအရာဖြင့် ကျင့်သည်ရှိသော်။
ပေစ္စ၊ တမလွန်ဘဝ၌။
နသောစတိ၊ မစိုးရိမ်ရ။
ယောဘိက္ခု၊ အကြင်ရဟန်းသည်။
အက္ကောဓနော၊ သူတပါးအားအမျက်ထွက်လေ့မရှိ။
အနုပနာတိ၊ သူတပါးတို့ ပြုအပ်သော အပြစ်ကို စွဲ၍ ရန်ငြိုးဖွဲ့လေ့မရှိ။
အမာယော၊ ထင်ရှားရှိသော အပြစ်ကို ဖုံးလွှမ်းခြင်း လက္ခဏာရှိသောမယာမှ ကင်း၏။
ရိတ္တပေသုဏော၊ သူတပါးတို့အား ဂုမ်းတိုင်ချောပစ်သော စကားမှ ကင်း၏။
ကလျာဏသီလော၊ ကောင်းသော စင်ကြယ်သော သီလရှိ၏။
ယောဘိက္ခု၊ ထိုရဟန်းသည်။
ဧဝံ၊ ဤသို့ ဆိုအပ်ခဲ့ပြီးသောနည်းဖြင့် ကျင့်သည်ရှိသော်။
ပေစ္စ၊ တမလွန်ဘဝ၌။
နသောစတိ၊ မစိုးရိမ်ရ။
ယောဘိက္ခု၊ အကြင်ရဟန်းသည်။
အက္ကောဓနော၊ သူတပါးအား အမျက်ထွက်လေ့မရှိ။
အနုပနာဟီ၊ သူတပါးကို ပြုအပ်သော အပြစ်ကို စွဲ၍ ရန်ငြိုးဖွဲ့လေ့မရှိ။
အမာယော၊ ထင်ရှားရှိသော အပြစ်ကို ဖုံးလွှမ်းခြင်း လက္ခဏာရှိသော မာယာမှ ကင်း၏။
ရိတ္တပေသုဏော၊ သူတပါးတို့အား ဂုမ်းတိုက်ချောပစ်သော စကားမှ ကင်း၏။
ကလျာဏမိတ္တော၊ ပိယောဂရု ဘာဝနိယောစ သော အင်္ဂါခုနစ်ပါးနှင့် ပြည့်စုံသော အဆွေခင်ပါန်းကောင်းရှိ၏။
သောဘိက္ခု၊ ထိုရဟန်းသည်။
ဧဝံ၊ ဤသို့ ဆိုအပ်ခဲ့ပြီးသော နည်းဖြင့် ကျင့်သည်ရှိသော်။
ပေစ္စ၊ တမလွန်ဘဝ၌။
နသောစတိ၊ မစိုးရိမ်ရ။
ယောဘိက္ခု၊ အကြင်ရဟန်းသည်။
အက္ကောဓနော၊ သူတပါးအား အမျက်ထွက်လေ့မရှိ။
အနုပနာဟီ၊ သူတပါးတို့သည်ပြုအပ်သော အပြစ်ကို စွဲ၍ ရန်ငြိုးဖွဲ့လေ့မရှိ။
အမာယော၊ ထင်ရှားရှိသော အပြစ်ကို ဖုံးလွှမ်းခြင်းလက္ခဏာရှိသော မာယာမှ ကင်း၏။
ရိတ္တပေသုဏော၊ သူတပါးတို့အား ဂုမ်းတိုက်ချောပစ်သော စကားမှ ကင်း၏။
ကလျာဏေပညော၊ ဝဋ်မှ ထွက်မြောက်စေတတ်သော ကောင်းသော ပညာ နှင့် ပြည့်စုံ၏။
သောဘိက္ခု၊ ထိုရဟန်းသည်။
ဧဝံ၊ ဤသို ဆိုအပ်ခဲ့ ပြီးသော နည်းဖြင့် ကျင့်သည်ရှိသော်။
ပေစ္စ၊ တမလွန်ဘဝ၌ ။
နသောစတိ၊ မစိုးရိမ်ရ။
ယဿ ပုဂ္ဂလဿ၊ အကြင်ပုဂ္ဂိုလ်အား။
တထာဂတေ၊ ဝိပဿီ အစရှိသော ရှေးဘုရားတို့ကဲ့သို့ ကောင်းသော လာခြင်းရှိသောဘုရားသခင်၌။
အစလာ၊ တုန်လှုပ်ခြင်း မရှိသော။
သဒ္ဓါ၊ ဣတိပိသော ဘဂဝါ အရဟံ စသော နည်းဖြင့် မဂ်၌ ဖြစ်သော ကြည်ညိုခြင်းသည်။
သုပ္ပတိဋ္ဌိတာ၊ ကောင်းစွာတည်သည်။
ဟောတိ၊ ဖြစ်၏။
ယဿ ပုဂ္ဂလဿ၊ အကြင် ပုဂ္ဂိုလ်အား။
ကလျာဏံ၊ ကောင်းသော။
အရိယကန္တံ၊ အရိယာတို့သည် နှစ်သက်အပ်သော။
ပသံသိတံ၊ ဘုရားအစရှိသော သူတော်ကောင်းတို့သည်ချီးမွမ်းအပ်သော။
သီလံ၊ မကျိုးမပေါက်မပြောက်မကျားသော သီလသည်။
အတ္ထိ၊ ရှိ၏။
သောပုဂ္ဂလော၊ ထိုဆိုအပ်ခဲ့ပြီးသော အကျင့်နှင့် ပြည့်စုံသော ပုဂ္ဂိုလ်သည်။
ပေစ္စ၊ တမလွန်ဘဝ၌။
နသောစတိ၊ မစိုးရိမ်ရ။
ယဿ ပုဂ္ဂလဿ၊ အကြင်ပုဂ္ဂိုလ်အား။
သံဃေ၊ သုပ္ပဋိပန္နတာစသော ကျေးဇူးနှင့် ပြည့်စုံသော သံဃာတော်၌။
ပသာဒေါ၊ သုပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော စသော နည်းဖြင့် သံဃာတော်တို့၏ ဂုဏ်၌ ကြည်ညိုခြင်းသည်။
အတ္ထိ၊ ရှိ၏။
ဥဇူဘူတံ၊ ဒိဋ္ဌိဝဋ်ကိလေသာဝဋ်မှ ကင်းသော ကြောင့် ဖြောင့်မတ်စွာ ဖြစ်၍ ဖြစ်သော။
ဒဿနဉ္စ၊ ကမ္မသကတဉာဏ်အမြင်အကြောင်းနှင့်တကွသော နာမ်ရုပ်တို့ကို မြင်ခြင်းသည်။
အတ္ထိ၊ ရှိ၏။
တံ ပုဂ္ဂလံ၊ ထိုပုဂ္ဂိုလ်ကို။
အဒလိဒ္ဒေါတိ၊ သဒ္ဓါသီလသုတစာဂ စသောအလွန်စင်ကြယ်သော ဥစ္စာတို့၏ ရှိခြင်းကြောင့် မဆင်းရဲသော သူဟူ၍။
ဗုဒ္ဓါဒယော၊ ဘုရားအစရှိသော သူတော်ကောင်းတို့သည်။
အာဟု၊ ဆိုကုန်ပြီ။
တဿ ပုဂ္ဂလဿ၊ ထိုသို့ သဘောရှိသော ပုဂ္ဂိုလ်၏။
ဇိဝိတံ၊ အသက်ရှည်ခြင်းကို။
အမောဃံ၊ ပစ္စုပ္ပန်အကျိုး သံသရာ အကျိုးနှစ်ပါးကို ရသောကြောင့် အချည်းစည်း မဟုတ်သော အသက်ရှည်ခြင်းဟူ၍။
ဗုဒ္ဓါဒဟော၊ ဘုရားအစရှိသော သူတော်ကောင်းတို့သည်။
အာဟု၊ ဆိုကုန်ပြီ။
တသ္မာ၊ ထိုကြောင့်။
သဒ္ဓဉ္စ၊ ဆိုအပ်ခဲ့ပြီးသော သဒ္ဓါတရားနှင့် ပြည့်စုံခြင်းကိုလည်းကောင်း။
သီလဉ္စ၊ ဆိုအပ်ခဲ့ပြီးသော အပြားရှိသော သီလကို လည်းကောင်း။
ပသာဒဉ္စ၊ ဆိုအပ်ခဲ့ပြီးသော အပြားရှိသော ကြည်ညိုခြင်းကို လည်းကောင်း။
ဓမ္မဒဿနဉ္စ၊ မြင်ခြင်း၏ အကြောင်ဖြစ်သော တရားတို့၌ ဆုံးဖြတ်သိမြင်ခြင်းကိုလည်းကောင်း။
မေဓာဝီ၊ မိုဃ်းကြိုးစက်နှင့် တူသော ပညာရှိသော အမျိုးသားသည်။
ဝရံ၊ မြတ်သော။
ဗုဒ္ဓါနံ၊ မြတ်စွာဘရားတို့၏။
သာသနံ၊ သဗ္ဗပါပဿ အကရဏံ အစရှိသည်ဖြင့် ဟောတော်မူအပ်သော အဆုံးအမတော်ကို။
အနုယုဉ္ဇေထ၊ အဘန်တလဲလဲ အောက်မေ့သဖြင့် အားထုတ်ရာ၏။
ဣတိ၊ ဤသို့။
သိရိမိတ္တော ထေရော၊ သိရိမိတ္တထေရ်သည်။
ဣမာအဋ္ဌဂါထာယော၊ ဤဘွဲ့ဆိုသီကုံးအပ်သော ရှစ်ဂါထာတို့ကို။
အဘာသိတ္ထ၊ ဆိုပြီ။
သိရိမိတ္တထေရဂါထာအနက်ပြီး၏။
ယဒါယသ္မိံ ကာလေ၊ အကြင်အခါ၌။
အကုတောဘယံ၊ တစုံတခုသောဘေးမှ ကင်းသော။
သတ္ထာရံ၊ လူနတ်တို့အား ဒိဋ္ဌဓမ္မိကသမ္ပရာယိက အကျိုးတို့ဖြင့် ဆုံးမတော်မူတတ်သော ။
ပုရိသုတ္တမံ၊ ယောင်္ကျားတကာတို့ထက်မြတ်တော်မူသော ဘုရားသခင်ကို။
ပဋ္ဌမံ၊ ရှေးဦးစွာ။
အဒက္ခိံ၊ မြင်ပြီ။
တတော၊ ထိုဘုရားသခင်ကို မြင်ပြီးသော နောင်မှ။
ပုရိသုတ္တမံ၊ ယောင်္ကျားတကာတို့ထက် မြတ်သော ဘုရားမြတ်စွာကို။
ပဿိတွာ၊ မြင်ရသောကြောင့် ။
သံဝေဂေါ၊ ဤမျှလောက်သော ကာလပတ်လုံး ဘုရားသခင်ကို ဖူးမြင်ခြင်းတရားတော်ကို နာရခြင်းကို ငါ့အား မရအပ် စွာတကားဟု ထိပ်လန့်သောဉာဏ်သည်။
ဥပ္ပဇ္ဇိ၊ ဖြစ်ပြီ။
သီရိသယနေ၊ ကျက်သရေရှိသော နေရာ၌။
ဥပဂတံ၊ ကတ်လတ်၍။
ဧထ္ထေဟိစ၊ လက်တိုဖြင့် လည်းကောင်း။
ပါဒေဟိစ၊ ခြေတို့ဖြင့်လည်းကောင်း။
ယော အဟံ၊ အကြင်ငါသည်။
ပဏာမေယျ နိဟာရေယျ၊ ရှေးရှု ဆောင်ရာ၏။
သောအဟံ၊ ထိုငါသည်။
အာဂတံ၊ ကြွတော်မူလာသော။
ဧတာဒိသံ၊ ထိုသို့ သဘောရှိသော။
သတ္ထာရံ၊ မြတ်စွာဘုရားကို။
အာရောဓေတွာ၊ နှစ်သက်စေ၍။
ဝိရာဓယေ၊ ထိုမြတ်စွာဘုရား၏ အဆုံးအမကို ပြုသဖြင် မချွတ်မယွင်းခြင်းကို ငါပြုအံ့။
ဣတိ၊ ဤသို့။
စိန္တေသိ၊ ကြံပြီ။
တဒါ၊ ထိုအခါ၌။
အဟံ၊ ငါသည်။
ပုတ္တဒါရဉ္စ၊ သားမယားကို လည်းကောင်း။
ဓနဓညဉ္စ၊ ဥစ္စာစပါးကိုလည်းကောင်။
ဆဋ္ဋယိိံ၊ စွန့်ပြီ။
ကေသမဿုနိ၊ ဆံမုတ်ဆိတ်တို့ကို။
ဆိန္ဒိတွာ၊ ဖြတ်၍။
အနဂါရိယံ၊ အိမ်ရာ မထောင်သော ရဟန်းတို့၏ ဘောင်၌။
ပဗ္ဗဇိံ၊ ရဟန်းပြုပြီ။
သိက္ခာသာဇီဝ သမ္ပန္နော၊ အဓိသီလသိက္ခာ မြတ်စွာဘုရားသည် ပညတ်တော်မူအပ်သော သိက္ခာ ပုဒ်ဟု ဆိုအပ်သော သာဇီဝနှင့် ပြည့်စုံသည်ဖြစ်၍။
ဣန္ဒြိယေသု၊ မနလျှင်ခြောက်ခုမြောက်ဖြစ်ကုန်သော ဣန္ဒြေတို့၌။
သုသံဝုတော၊ ကောင်းစွာ ရူပါရုံ စသည် တို့၌ ဖြစ်ကုန်သော အဝိဇ္ဇာ အစရှိသော တရားတို့၏ အပြစ်ကို မြစ်တတ်သော သတိဟူသော တံခါးရွက်ဖြင့် ကောင်းစွာ ပိတ်အပ်သော စက္ခုစစော ဒွါဓရှိသည်ဖြစ်၍။
သမ္မာသမ္မုဒ္ဓံ၊ မြတ်စွာဘုရားကို။
နမဿမာနော၊ ရှိခိုးလျက်။
အပရာဇိတော၊ ကိလေသာမာရ် အစရှိသည်တို့မှ မရှုံးသည်ဖြစ်၍။
ဝိဟာသိံ၊ နေပြီ။
တတော တသ္မာကာရဏာ၊ ထိုကြောင့်။
မေမမ၊ ငါ၏။
စေတသော၊ စိတ်၏။
အဘိပတ္ထိတော၊ အလိုရှိအပ်သော။
ပဏီဓိ၊ စိတ်ကို ဆောက်တည်ခြင်းသည်။
အာသိ၊ ဖြစ်ပြီ။
မုဟုတ္တမ္ပိ၊ တခဏမျှတည်း။
တဏှာသလ္လေ၊ တဏှာတည်းဟူသော ငြောင့်ကို။
အနုဟတေ၊ အရဟတ္တမဂ်ဉာဏ် ဟူသော မွေးညှတ်ဖြင့် နှလုံးမှ မနုတ်ဘဲ။
နနိသီဒေ၊ နေခြင်းကို မပြုအံ့။
ဧဝံ၊ ဤသို့ ဆိုအပ်ခဲ့ပြီးသော နည်းဖြင့်။
ဝိဟာရတောဝိဟရန္တဿ၊ နေသော။
တဿမေ၊ ထိုငါ၏။
ဝီရိယပရက္ကမံ၊ လွန်စွာလုံ့လပြုခြင်းကို။
ပဿ၊ ရှုလော။
မေမယာ၊ ငါသည်။
တိဿောဝိဇ္ဇာ၊ သုံးပါးသော ဝိဇ္ဇာတို့သို့။
အနုပ္ပတ္တာ၊ ရောက်ကုန်ပြီ။
ဗုဒ္ဓဿ၊ မြတ်စွာဘုရား၏။
သာသနံ၊ အဆုံးအမဖြစ်သော မဂ်ဟူသော အကျင့်ကို။
ကတံ၊ ကျင့်အပ်ပြီ။
ပုဗ္ဗေနိဝါသံ၊ ရှေး၌နေဘူးသော ခန္ဓာ အစဉ်ကို ။
ဇာနာမိ၊ သိပြီ။
ဒိဗ္ဗစက္ခု၊ ဒိဗ္ဗစက္ခု အဘိညာဉ်ကို။
ဝိသောဓိတံ၊ သုတ်သင်အပ်ပြီ။
အဟံ၊ ငါသည်။
အရဟာ၊ ကိလေသာတိုမှ ဝေးပြီးသော။
ဒက္ခိဏေယျော၊ မြတ်သော အလှူကိုခံထိုက်သော ပုဂ္ဂိုလ်သည်။
အမှိ၊ ဖြစ်ပြီ။
နိရုပဓိ၊ ကင်းသော ဥပဓိရှိသည်ဖြစ်၍။
ဝိပ္ပမုတ္တော၊ ကိလေသာတို့မှ လွတ်ပြီ။
တတော၊ ထိုနောက်မှ။
ရတျာဝိဝသာနေ၊ ညဉ့်အတို့၏ ကင်းခြင်းသို့ရောက်၍ မိုးသောက်သောအခါ၌။
သူရိယုဂ္ဂမနံ၊ နေ၏ ထွက်ခြင်းကို။
ပတိလက္ခဏံကတွာ၊ အမှတ်ပြု၍။
သဗ္ဗတဏှံ၊ ကာမတဏှာ စသော အားဖြင့် ငြားသော အလုံးစုံသော တဏှာသောတကို။
ဝိသောသေတွာ၊ အရဟတ္တမဂ်ဖြင့် ခြောက်တတ်စေ၍။
ပလ္လင်္ကေန ပလ္လကံ၊ ထက်ဝယ်ကို။
အာသုဇိတွာ၊ ခွေ၍။
ဥပါဝိသိံ နိသီဒိံ၊ ထိုင်နေပြီ။
ဣတိ၊ ဤသို့။
မဟာပန္ထကောထေရော၊ မဟာပန္ထကထေရ်သည်။
ဣမာအဋ္ဌဂါထာယော၊ ဤဘွဲ့ဆိုသီကုံးအပ်သော ရှစ်ဂါထာတို့ကို။
အဘာသိတ္ထ၊ ဆိုပြီ။
မဟာပန္ထကထေရဂါထာ အနက်ပြီး၏။
တဿ၊ ထိုအဋ္ဌကနိပါတ် ၏။
ဥဒါနံ၊ ဥဒါန်းသည်ကား။
မဟာကစ္စာယနောထေရော၊ မဟာကစ္စည်းထေရ်လည်းကောင်း။
သိရိမိတ္တော၊ သိရိမနတ္တထေရ်လည်းကောင်း။
မဟာပန္ထကော၊ မဟာပန္ထကထေရ်လည်းကောင်း။
ဣတိ၊ ဤသို့။
အဋ္ဌနိပါတမှိ၊ အဋ္ဌကနိပါတ်၌။
ဧတေတယောထေရော၊ ထိုသုံးယောက်သော မထေရ်တို့သည်။
ဟောန္တိ၊ ဖြစ်ကုန်၏။
ဂါထာယော၊ ဘွဲ့ဆိုသီကုံးအပ်သော ဂါထာတို့သည်ကား။
စတုဝီသတိ၊ နှစ်ဆဲ့လေးဂါထာတို့သည်။
ဟောန္တိ၊ ဖြစ်ကုန်၏။
ဣတိ၊ ဤသည်လျှင်တည်း။
အဋ္ဌကနိပါတော၊ အဋ္ဌကနိပါတ်သည်။
နိဋ္ဌိတော၊ ပြီးခြင်းသို့ ရောက်ပြီ။
အဋ္ဌကနိပါတ် ပြီး၏။