Issues
Select Version
နိဿယ
မြန်မာဘာသာ
Theragāthāpāḷi
Theragāthāpāḷi

9. Bhāradvājattheragāthā

Author: နိဿယ @ IAPT

ဂိရိဂဗ္ဘရေ၊ တောင်ခေါင်း လိုဏ်ခေါင်းစသည်၌။ သီဟာဝ၊ ခြင်္သေ့ကဲံသို့။ ဝိရာ၊ လေးပါးအပြားရှိသော သမ္မပ္ပဓာနဝီရိယနှင့် ပြည့်စုံထသော။ သဝါဟနံ၊ ကိလေသာ၏ အတို့၌ ဖြစ်သော မာရ်၏ စစ်သည်နှင့်တကွ သော။ မာရံ၊ ဒေဝပုတ္တမာရ်ကို။ ဇေတွာ၊ အောင်ပြီးသောကြောင့်။ ဝိဇိတသင်္ဂါမာ၊ အောင်အပ်ပြီးသော မာရ်တည်းဟူသော စစ်မြေအရပ်ရှိကုန်ထသော။ သပ္ပညာ၊ ခပ်သိမ်းသော ပညာ၏ ပြန့်ပြောခြင်းကို ရောက်ကုန်သော အရှင်မြတ်တို့သည်။ ဧဝံ၊ ဤသို့။ နဒန္တိ၊ ကျုံးဝါးတော်မူကုန်၏။
မေ၊ ငါ၏။ သတ္ထာ၊ ဆရာဖြစ်သော မြတ်စွာဘုရားသည်။ ပရိစိဏ္ဏော၊ ဆုံးမတော်မူတိုင်းသော အဆုံးအမကို ပြုသဖြင့် လေ့လာဆည်းကပ်အပ်ပြီ။ ဓမ္မောစ၊ ကိုးပါးအပြားရှိသောလောကုတ္တရာတရားကိုလည်းကောင်း။ သံဃောစ၊ အရိယာသံဃာကိုလည်းကောင်း။ မေမသာ၊ ငါသည်။ ပူဇိတော၊ ပူဇော်အပ်ပြီ။
မမ၊ ငါ၏။ အနာသဝံ၊ အာသဝေါကင်းပြီးသော။ ပုတ္တံ၊ သားကို။ ဒိသွာ၊ မြင်သောကြောင့်။ အဟဉ္စ၊ ငါသည်လည်း။ ဝိတော၊ အာမိသကင်းသော ပီတိဖြင့် နှစ်သက်သည်ဖြစ်၍။ သုမနော၊ အာမိသကင်းသော လွတ်မြောက်ခြင်းသည်။ ဇာတော၊ ဖြစ်၏။
ဣတိ၊ ဤသို့။ ဘာရဒွါဇောထေရော၊ ဘာရဒွါဇထေရ်သည်။ ဣမံဂါထာဒွယံ၊ ဤဂါထာနှစ်ခုအပေါင်းကို။ အဘာသိတ္ထ၊ ဆိုပြီ။ ဘာရဒွါဇယထေရဂါထာ အနက်ပြီး၏။