ဗြဟ္မဏ၊ ပုဏ္ဏား။
လောကေ၊ လောကသုံးပါး၌။
ပူဇနေယျာနံ၊ ဇော်ထိုက်ကနု်သော သိကြား ဗြဟ္မာတို့ထက်။
ပူဇိတော၊ ပူဇော်အပ်ထသော။
သက္ကရေယျာနံ၊ နတ်တို့ ပူဇော်အပ်သော သိကြားတို့ထက်။
သက္ကတော၊ လွန်သာ သိကြားဖြစ်တော်မူထသော။
အပစေယျာနံ၊ အရိုအသေပြုအပ်သော သူတို့ထက်။
အပစိတော၊ အလွန်အရိုအသေ ပြုအပ်ထသော။
အရဟံ၊ ပစ္စည်းလေးပါးကို ခံတော်မူထိုက်ထသော။
သုးတော၊ ကောင်းသောနိဗ္ဗာန်သို့ သွားတော်မူတတ်ထသော။
မုနိ၊ ငါ၏ ဆရာဖြစ်တော်မူသော သဗ္ဗညုမြတ်စွာဘုရားကို။
ဝါတေဟိ၊ လေအနာတို့ဖြင့်။
အာဗာဓိတော၊ နှိပ်စက်အပ်၏။
တေ၊ သင်အား။
ဥဏှောဒကံ၊ ထိုအားလျော်သော လေကို ဖျောက်စေတတ်သော ရေနွေးဖြင့် ဖျော်အပ်သော ဆေးသည်။
သစေအတ္ထိ၊ အကယ်၍ ရှိသည်ဖြစ်အံ့။
ဧဝံ၊ ဤသို့ ဖြစ်သည်ရှိသော်။
မုနိနော၊ သဗ္ဗညုဘုရားအား။
ဒေဟိ၊ လှူလော။
တဿ၊ ထိုဘုရားရှင်၏။
ဝါတာဗာဓဝူပသမနတ္ထံ၊ လေအနာကို ငြိမ်းစေခြင်းအကျိုးငှါ။
တံ၊ ထိုလေအနာကို ဖျောက်တတ်သော ရေနွေးနှင့်တကွသော ဆေးကို။
အဟံ၊ ငါသည်။
ဟာတဝေဥပနေတုံ၊ ဆောင်ခြင်းငှာ။
ဣစ္ဆာမိ၊ အလိုရှိ၏။
ဣတိ၊ ဤသို့။
ဝုတ္တေ၊ ရှိသည်ရှိသော်။
ဗြဟ္မာဏော၊ ပုဏ္ဏားသည်။
ဥဏှောဒကံ၊ ထိုအနာကို ပျောက်တတ်သော ရေနွေးနှင့်တကွသော ဆေးကို။
ဘဂဝတော၊ မြတ်စွာဘုရားအား။
ဥပနာမေတိ၊ ကပ်ပေ၏။
တေနစ၊ ထိုဆေးကြောင့်လည်း။
သတ္ထု၊ မြတ်စွာဘုရား၏။
ရောဂေါ၊ လေအနာသည်။
ဝူပသမတိ၊ ငြိမ်း၏။
ဣတိ၊ ဤသို့။
ဥပဝါဏောထေရော၊ ဥပဝါဏထေရ်သည်။
ဣမဂါထာဒွယံ၊ ဤဂါထာနှစ်ခုအပေါင်းကို။
အဘာသိတ္ထ၊ ဆိုပြီ။
ဥပဝါဏထေရဂါထာ အနက်ပြီး၏။