Issues
Select Version
နိဿယ
မြန်မာဘာသာ
Theragāthāpāḷi
Theragāthāpāḷi

5. Ukkhepakatavacchattheragāthā

Author: နိဿယ @ IAPT

ဥက္ခေပကတဝစ္ဆဿ၊ သုတ္တန်ဝိနည်းအဘိဓမ္မာတို့၏ အထက်၌သာဇ္ဈာယ်ခြင်း ဖြင့်ထည့်၍ တည်သော ဝစ္ဆထေရ်သည်။ ဗဟူဟိဝဿေဟိ၊ များစွာနှစ်တို့ဖြင့်။ သင်္ကလိတံ၊ တကွနက်စပ်သဖြင့် နှုတ်သို့တက်သည်ကို ပြုအပ်သော။ ယံဗုဒ္ဓဝစနံ၊ အကြင်ဘုရားစကားတော်သည်။ အတ္ထိ၊ ရှိ၏။
တံဗုဒ္ဓဝစနံ၊ ထိုဘုရားစကားတော်ကို။ ဥဋ္ဌာရပါရဇ္ဇော၊ ကောင်းစွာဖြစ်သော ဝမ်းမြောက်ခြင်းရှီသည်ဖြစ်၍။ သုနိသိန္နော၊ ကောင်းစွာထိုင်နေလျက်။ ဂဟဋ္ဌာနံ၊ မိမိသို့ ကင်လာကုန်သော လူတို့အား။ ဘာသတိ၊ ဟော၏။
ဣတိ၊ ဤသို့။ ဥက္ခေပကတဝစ္ဆေထေရော၊ ဥက္ခေပကတဝစ္ဆထေရ်သည်။ ဣမံဂါထံ၊ ဤဂါထာကို။ အဘာသိတ္ထ၊ ဆိုပြီ။ ဥပေက္ခပကတဝစ္ဆထေရဂါထာ အနက်ပြီး၏။