အာဝုသော၊ င့ါရှင်တို့။
အလင်္ကတာ၊ လက်ကောက်ခြေကျင်းစသော တန်ဆာတို့ဖြင့် တန်ဆာဆင်အပ်သော ကိုယ်ရှိထသော။
သုဝသနာ၊ တင့်တယ်သော အဝတ်ကို ဝတ်ခြင်းရှိထသော။
မာလိနီ၊ ပန်သော ပန်းလည်းရှိထသော။
စန္ဒနုဿဒါ၊ စန္ဒကူးရည်ဖြင့် လိမ်းကျံအပ်သော ကိုယ်ရှိသော။
နာရီနဋ္ဋကီ၊ တယောက်သော ကချေသည် မိန်းမသည်။
မဇ္ဈေမဟာပထေ၊ ခရီးလမ်းမ၏ အလယ်၌။
တူရိယေ၊ အင်္ဂါငါးပါးနှင့် ပြည့်စုံသော စည်ကို။
ဝိဇ္ဇန္တေ၊ တီးသည်ရှိသော်။
နစ္စတိနစ္စံကရောတိယထာ၊ ကခြင်းကို ပြုသကဲ့သို့။
ဧဝံတထာ၊ ထိုအတူ။
ပိဏ္ဍိကာယ၊ ဆွမ်းအလို့ငှါ။
ပဝိဋ္ဌော၊ ဝင်သော။
အဟံ၊ ငါသည်။
ဂစ္ဆန္တော၊ မြို့ခရီး၌သွားလျက်။
ဩလောကေန္တော၊ ဘေးရန်တို့ကို ပယ်ဖျောက်အံ့သော ငှါ ခရီးသို့ ကြည့်သည်ရှိသော်။
အလင်္ကတံ၊ လက်ကောက်ခြေကျင်းစသော တန်ဆာဖြင့် တန်ဆာဆင်အပ်သော ကိုယ်ရှိသော ။
သုဝသနံ၊ တင့်တယ်သော အဝတ်ကို ဝတ်ခြင်းရှိသော။
နံနစ္စတိံ၊ ထိုကချေသည်မကို။
ဥဒိက္ခိသံ၊ မြင်မိ၏။
ကိံဝိယ၊ အဘယ်ကဲ့သို့ ဖြစ်သနည်းဟူမူကား။
မစ္စုပါသံ၊ သေမင်း၏ ကြော့ကွင်းသဖွယ်ဖြစ်၍ ဖြစ်သော ဇရာ စသော ကြော့ကွင်းကို။
ဩဍ္ဍိတံ၊ ထောင်အပ်သည်ကို။
ဥဒိက္ခိသံ၊ မြင်၏။
တတောတသ္မာကာရဏာ၊ ထိုသို့ သေမင်း၏ ကြော့ကွင်းနှင့် တူသောကြောင့် ။
မေမမ၊ င့ါအား။
ယောနိသော၊ အသင့်အားဖြင့် ။
မနသိကာရော၊ ဤကားအရိုးစုပါတကားဟု နှလုံးသွင်းခြင်းသည်။
ဥဒပဇ္ဇထ၊ ဖြစ်လတ်၏။
အာဒီနဝေါ၊ ဤသို့ ကိုယ်၏အပြစ်ကို ဆောင်ခြင်းကို အရင်းပြုသဖြင့် ကိုယ်၌ မှီကုန်သော စိတ်စေတသိက်တို့၏ ဖြစ်ခြင်းပျက်ခြင်းရှိသော အဖြစ်အားဖြင့် ထင်ကုန်သော များစွာသော အခြင်းအရာရှိသော အဖြစ်သည်။
ပါတုရဟု၊ ထင်ရှားဖြစ်ပြီ။
နိဗ္ဗိဒါ၊ အပြစ်ကို ရှုသော ဘာဝနာကိစ္စအားဖြင့် ပြီးသော ဝဋ်၌ငြီးငွေ့သော ဉာဏ်သည် ။
သမ္ပတိဋ္ဌထ၊ ငါ၏ နှလုံး၌ ကောင်းစွာတည်ပြီ။
မေ၊ ငါ၏။
စိတ္တံ၊ စိတ်သည်။
ဝိမုစ္စိ၊ လောကုတ္တရာဘာဝနာကို ပွါးစေသည်၏ အစွမ်းဖြင့်ဖြစ်သော မဂ်၏ အစဉ်ဖြင့် အလုံးစုံသော ကိလသာတို့မှ လွတ်ပြီ။
ဗုဒ္ဓဿ၊ မြတ်စွာဘုရား၏။
ဓမ္မသုဓမ္မတံ၊ တရားတော်၏ ကောင်းသော တရား၏ အဖြစ်ကို။
ပဿ၊ ရှုလော။
မယာ၊ ငါသည်။
တိဿောဝိဇ္ဇာ၊ သုံးပါးသော ဝိဇ္ဇာတို့ကို။
အနုပ္ပတ္တာ၊ အစဉ်အတိုင်း ရအပ်ကုန်ပြီ။
ဗုဒ္ဓဿ၊ မြတ်စွာဘုရား၏။
သာသနံ၊ အဆုံအမတော်ဖြင့်သော မဂ်ဟူသောအကျင့်ကို။
ကတံကရဏီယံ၊ ပြုအပ်ပြီ။
ဣတိ၊ ဤသို့။
နာဂသမာထတ္ထေရော၊ နာဂသမာလထေရ် သည်။
ဣမံဂါထာ စတုတ္ထံ၊ ဤဂါထာ လေးခုအပေါင်းကို ။
အဘာသိတ္ထ၊ ဆိုပြီ။
နာဂမာလထေရဂါထာ အနက်ပြီး၏။