နု၊ ငါကြံအောက်မေ့သည်ကား။
ကဒါ၊ အဘယ်အခါ၌။
အဟံ၊ ငါသည်။
ပဗ္ဗတကန္ဒရာသု၊ ထောင်ချောက်တို့၌။
ဧကာကိယော၊ တယောက်အထည်းတည်း။
အဒုတိယော၊ တဏှာဟူသော နှစ်ယောက်မြောက်သောအဘော်မရှိသည်ဖြစ်၍။
သဗ္ဗဘဝံ၊ ခပ်သိမ်းသော ဘဝကို။
အနိစ္စတော၊ အနိစ္စံ။
ဣတိ၊ အမြဲမရှိဟူ၍။
ဝိပဿံဝိပဿန္တော၊ ရှုလျက်။
ဝိဟဿံ၊ နေရပါအံ့နည်း။
မေ၊ ငါ၏။
တံဣဒံတံနု၊ ထိုသို့သော စိတ်အကြံသည်။
ကဒါ၊ အဘယ်အခါ၌။
ဘဝိဿတိ၊ ဖြစ်လတ္တံ့နည်း။
အဟံ၊ ငါသည်။
ဘိန္နပစုဓရော၊ ဆိုးရည်ဖြင့် ဖျက်အပ်သော ထားငယ်ဖြင့် အပိုင်းအဝိုင်း ဖြတ်အပ်သော သင်္ကန်းကိုဆောင်သော။
ကာသာဝဝတ္ထော၊ ဖန်ရည်စွန်းသော သင်္ကန်းကို ငတ်သော။
အမမော၊ ဒါယကာဂိုဏ်း၌ မြတ်နိုးခြင်းကင်းသော။
နိရာသော၊ တစုံတခုသော အာရုံ၌ တောင့်တခြင်း မရှိသော။
မုနိ၊ ရဟန်းသည်။
ဟုတွာ၊ ဖြစ်၍။
ရာဂဉ္စ၊ ရာဂကိုလည်းကောင်း။
ဒေါသဉ္စ၊ ဒေါသကိုလည်း။
တထေဝ၊ ထိုအတူသာလျှင်။
မောဟဉ္စ၊ မောဟကိုလည်းကောင်း။
ဟန္တာ၊ ရာဂစသော ကိလေသာတို့ကို အရိယာမဂ်ဖြင့်ဖြတ်၍။
သုခိ၊ မဂ်ဖိုလ်ချမ်းသာဖြင့် ချမ်းသာခြင်း ရှိသည်ဖြစ်၍။
ပဝနဂတော၊ တောကြီးသို့ကပ်လျက်။
ကဒါနု၊ အဘယ်အခါ၌သာလျှင်။
ဝိဟဿံ၊ နေရပါအံ့နည်း။
ဝဓရောဂနိဠံ၊ သေခြင်းနာခြင်း၏ အသက်သဖွယ် ဖြစ်၍ ဖြစ်သော။
မစ္စုဇရာယုပဒ္ဒုတိ၊ သေခြင်းအိုခြင်းတို့ဖြင့် နှိပ်စက်အပ်သော။
ဣမံကာယံ၊ ဤကိုယ်ကို။
အနိစ္စံ ဣတိ၊ အနိစ္စဟူ၍။
ဝိပဿမာနော၊ အဘန်တလဲလဲ ရှုလျက်။
ဝီတဘယော၊ အကြောင်းကို ပယ်သဖြင့် ကင်းသော ကြောက်ခြင်းရှိသည်ဖြစ်၍။
ကဒါနု၊ အဘယ်အခါ၌ သာလျှင်။
ဝိဟဿံ၊ နေရပါအံ့နည်း။
ဝနေ၊ တောကြီး၌။
တန္နူတံပရိဝိတက္ကံ၊ ထိုအကြံသည်။
ကဒါ၊ အဘယ်အခါ၌။
ဘဝိဿတိ၊ ဖြစ်ပါလတ္တံ့နည်း။
ဘယဇနနိံ၊ နှစ်ဆယ်ငါးပါးသော ဘေးကြီးတို့၏ဖြစ်ကြောင်းဖြစ်၍ ဖြစ်သော။
ဒုက္ခာဝတံ၊ ကိုယ်စိတ်၌ ဖြစ်သော အလုံးစုံသော ဝဋ်ဆင်းရဲကိုဆောင်တတ်ထသော။
တဏှာလတံ၊ တဏှာတည်းဟူသော နွယ်ရှိသော။
ဗဟုဝိဓာဝတ္တနီ၊ များသော အပြားရှိသော အာရုံဘဝသို့ အစဉ်လိုက်တတ် စီးယိုတတ်ထသော။
တဏှာလတံ၊ တဏှာတည်းဟူသော နွယ်ကြိုးကို။
တိခိဏံ၊ ထက်လှစွာသော။
ပညာမယံ၊ မဂ်ပညာဖြင့် ပြီးသော။
အသိံ၊ ကောင်းစွာသွေးအပ်သော သန်လျက်ကို။
ဂဟေတွာ၊ ဝီရိယအတောက်အပံ့ရှိသော သဒ္ဓါဟူသော လက်ဖြင့် ကိုင်၍။
ဆေတွာ၊ ဖြတ်၍။
ကဒါနု၊ အဘယ်အခါ၌။
တမ္ပိပရိဝိတက္ကံ၊ ထိုအကြံသည်လည်း။
ဘဝိဿတိ၊ ဖြစ်ပါလတ္တံ့နည်း။
ဥဂ္ဂတေဇံ၊ သမထဝိပဿနာအစွမ်းအားဖြင့် သွေးအပ်သည်ဖြစ်၍ ထက်သော တန်ခိုးရှိသော။
ပညာမယံ၊ မဂ်ပညာဖြင့် ပြီးသော။
ဣသီနံ၊ ဘုရား ပစ္စေက ဗုဒ္ဓါဘုရားတပည့်သားတို့၏။
သတ္ထံ၊ ဓားလက်နက်ကို။
သဟဿ၊ အဆောတလျှင်။
အာဒိယိတွာ၊ ဆွဲယူကိုင်၍။
သသေနံ၊ စစ်သည်နှင့်တကွသော။
မာရံ၊ ကိလေသ အဘိသင်္ခါရစသော မာန်ကို။
သဟသာ၊ အဆောတလျှင်။
ဘဉ္ဇိဿံ၊ ဖျက်ဆီးရပါအံ့နည်း။
သီဟာသေန၊ မြဲမြံသော နေရာဟု ဆိုအပ်သော ပရာဇိတပလ္လင်၌။
တံနုတံပရိဝိတက္ကံ၊ ထိုအကြံသည်။
ကဒါ၊ အဘယ်အခါ၌။
ဘဝိဿတိ၊ ဖြစ်ပါလတ္တံ့နည်း။
ဓမ္မဂရုဟိ၊ တရား၌ရိုသေခြင်းနှင့်ယှဉ်သော အားဖြင့် တရားကို အလေ့ပြုကုန်သော။
တာဒီဘိ၊ ဣဋ္ဌာရုံ စသည်တို့၌ သည်းခံခြင်း စသော တာဒိလက္ခဏာသို့ ရောက်ကုန်သော။
ယာထာဝဒဿီဟိ၊ မဘောက်မပြန်မြင်သော ပညာနှင့် ပြည့်စုံကုန်သော။
ဇိတိန္ဒြိယေဟိ၊ အရိယာမဂ်ဖြင့် မကောင်းမှုကို အောင်ပြီးသော ဣန္ဒြေရှိကုန်သော။
သဗ္ဘီတိ၊ ဘုရားအစရှိသော သူတော်ကောင်းတို့နှင့်။
သမာဂမေသုသမာပမော၊ ပေါင်းဘော်ရခြင်းသည်။
ဘဝေ၊ ဖြစ်ပါအံ့နည်း။
ကဒါနု၊ အဘယ်အခါ၌။
ပဓာနိယော၊ ကမ္မဋ္ဌာန်း၌လေ့လာသော သူကို။
အဟံ၊ ငါသည်။
ဒိဋ္ဌော၊ မြင်အပ်သည်။
ဘဝေ၊ ဖြစ်ရပါအံ့နည်း။
တန္နုတံပရိဝိတက္ကံ၊ ထိုအကြံသည်သာလျှင်။
ကဒါ၊ အဘယ်အခါ၌။
ဘဝိဿတိ၊ ဖြစ်လတ္တံ့နည်း။
ခုဒ္ဒါ၊ မွတ်ခြင်းသည်လည်းကောင်း။
ပိပါသာ၊ ရေသိပ်ခြင်းသည်လည်းကောင်း။
ဝါတာတပါ၊ လေနေပူတံလျှပ်တို့သည်လည်းကောင်း။
ကိဋသရီသပါ၊ ပေါက်ဖက်ဖိုးကင်းသန်းတို့သည်လည်းကောင်း။
မံ၊ ငါ့ကို။
ကဒါနု၊ အဘယ်အခါ၌လျှင်။
နဗျာဓယိ ဿန္တိ၊ မညှဉ်းဆဲ မနှိပ်စက်ပါကုန်လတ္တံ့နည်း။
တံ၊ ထိုသို့ဆိုခဲ့ပြီးသော ဘေးရန်တို့ဖြင့် နှိပ်စက်ခြင်းသည်။
ဂီရိဗ္ဗဇေ၊ တောင်ချောက်ဝ၌။
နဘဝိဿတိ၊ မဖြစ်ပါလတ္တံ့နည်း။
အတ္ထတ္ထိယံ၊ အကျိုးဖြင့် အလိုရှိအပ်သော။
တန္နုကံပရိဝိတက္ကံ၊ ထိုအကြံသည်။
ကဒါ၊ အဘယ်အခါ၌။
ဘဝိဿတိ၊ ဖြစ်ပါလတ္တံ့နည်း။
မဟေသိနာ၊ မြတ်စွာဘုရားသည်။
ဝိဒိတံ၊ သဗ္ဗညုတညာဏ်တော်ဖြင့် ထိုးထွင်း၍ သိအပ်သော။
ယံစတုသစ္စာဒိဓမ္မံ၊ အကြင်သစ္စာလေးပါးစသော တရားသည်။
အတ္ထိ၊ ရှိ၏။
ဒုဒ္ဒသာနိ၊ မဆည်းဘူးအပ်သော ကုသိုလ်အဆောက်အဦရှိကုန်သော သူတို့သည် မြင်နိုင်ခဲကုန်ထသော။
တာနိစတ္တာရိသစ္စာနိ၊ ထိုအရိယ သစ္စာလေးပါးတို့ကို။
သမာဟိတတ္တော၊ မဂ်သမာဓိဖြင့်ကောင်းစွာ တည်ကြည်သော စိတ်ရှိသည်ဖြစ်၍။
သတိမာ၊ ကောင်းသော သတိနှင့် ပြည့်စုံသည်ဖြစ်၍။
ပညာယ၊ အရိယာမဂ်ပညာဖြင့်။
အဟံ၊ ငါသည်။
ကဒါနုဒေါ၊ အဘယ်အခါ၌သာလျှင်။
အာဂစ္ဆံပဋိဝိဇ္ဈိဿံ၊ ထိုးထွင်း၍ သိပါလတ္တံ့နည်း။
တန္နုတံပရိဝိတက္ကံ၊ ထိုသစ္စာလေးပါးတရားတို့ကို ထိုးထွင်း၍ သိခြင်းစသော အကြံသည်။
ကဒါ၊ အဘယ်အခါ၌။
ဘဝိဿတိ၊ ဖြစ်လတ္တံ့နည်း။
ရူပေ၊ စက္ခုဝိညာဉ်ဖြင့် သိအပ်သော ရူပါရုံ၌လည်းကောင်း။
အမိတေ၊ ဉာဏ်ဖြင့် ပိုင်းခြား၍ မသိအပ်သော။
သဒ္ဒေစ၊ သောတဝိဉာဉ်ဖြင့် သိအပ်သော သဒ္ဒါရုံ၌လည်းကောင်း။
ဂန္ဓေစ၊ ဃာနဝိညာဉ်ဖြင့် သိအပ်သော ဂန္ဓာရုံ၌လည်းကောင်း။
ရသေစ၊ ဇိဝှါဝိညာဉ်ဖြင့် သိအပ်သော ရသာရုံ၌လည်းကောင်း။
ဖုသိကဗ္ဗေစ၊ ကာယဝိညာဉ်ဖြင့် သိအပ်သော ဖောဋ္ဌဗ္ဗာရုံ၌လည်းကောင်း။
အာဒိတ္တတော၊ တဆဲ့တပါးသော မီးတို့ဖြင့် ရဲရဲတောက်သော အားဖြင့်။
ဓမ္မေစ၊ ဓမ္မာရုံ၌လည်းကောင်း။
သမထေဟိ၊ ဝိပဿနာမဂ်သမာဓိတို့နှင့်။
ယုတ္တော၊ ပြည့်စုံလျက်။
ပညာယ၊ ဝိပဿာနပညာနှင့် တကွသော မဂ်ပညာဖြင့်။
အဇ္ဇံဒက္ခိဿံ၊ မြင်ရပါအံ့နည်း။
တဒိဒံတံဣဒံ ပရိဝိတက္ကံ၊ ထိုအကြံသည်။
ဘဝိဿတိ၊ ဖြစ်ပါလတ္တံ့နည်း။
ဒုဗ္ဗစနေန၊ မကောင်းသော ကြမ်းကြုတ်စွာသော စကားဖြင့်။
ဝုတ္တော၊ ထိခိုက်ချုတ်ချယ်၍ ဆိုအပ်၏။
တတောနိမိတ္တံ၊ ထိုကြမ်းကြုတ်သော ဖရုသဝါစာဟူသော အကြောင်းကြောင့်။
ဝိမနော၊ နှလုံးမကောင်းသော စိတ်ရှိသည်။
ကဒါနု၊ အဘယ်အခါ၌သာလျှင်။
နဟေဿံ၊ မဖြစ်ဘဲ ရှိပါအံ့နည်း။
အဟံ၊ ငါ့ကို။
ပသတ္ထော၊ တစုံတယောက်သော သူသည် ချီးမွမ်းအပ်၏။
တတောနိမိတ္တံ၊ ထိုသူတပါးတို့ချီးမွမ်းခြင်းဟူသော အကြောင်းကြောင့်။
တုဋ္ဌော၊ နှစ်လိုဝမ်းမြောက်ခြင်းသည်။
နဟေဿံ၊ မဖြစ်ရလို။
တဒိဒံ ပရိဝိတက္ကံ၊ ထိုအကြံသည်။
ကဒါ၊ အဘယ်အခါ၌။
ဘဝိဿတိ၊ ဖြစ်ပါလတ္တံ့နည်း။
ကဋ္ဌေစ၊ သစ်တို့ကိုလည်းကောင်း။
တိဏေစ၊ မြက်တို့၏ အစုတို့ကိုလည်းကောင်း။
လတာစ၊ နွယ်တို့ကိုလည်းကောင်း။
ဣမေခန္ဓေ၊ ဤငါ၏ သန္တာန် အကျုံးဝင်ကုန်သော ခန္ဓာတို့ကိုလည်းကောင်း။
အမိတေ၊ ဣန္ဒြိယခန္ဓာဖြင့် မရေတွက်နိုင်ကုန်သော။
ဓမ္မေစ၊ ရုပ်တို့ကိုလည်းကောင်း။
အဇ္ဈတ္တိကာနေ ဝစ၊ အဇ္ဈတ္တတရားတို့ကို လည်းကောင်း။
ဗာဟိရာနိစ၊ ဗာဟိရတရားတို့ကို လည်းကောင်း။
သမံ၊ အနိစ္စ အစရှိသော အားဖြင့် အညီအမျှကို။
ကတွာ၊ ပြု၍။
တုယေယျံ၊ နှိုင်းယှဉ်ဆင်ခြင်ရလို၏။
တဒိဒံတံဣဒံ ပရိဝိတက္ကံ၊ ထိုသို့သော အကြံသည်။
ကဒါ၊ အဘယ်အခါ၌။
မေ၊ ငါ့အား။
ဘဝိဿတိ၊ ဖြစ်ပါလတ္တံ့နည်း။
ဣသီဘိ၊ ဘုရားအစရှိကုန်သော သူတော်ကောင်းတို့သည်။
ပယာတမှိ၊ သွားရာဖြစ်သော။
ပထေ၊ သမထဝိဿနာဟူသောခရီး၌။
ဝဇန္တံ၊ သွားသော အားဖြင့် ကျဉ်လည်သော။
မံ၊ င့ါကို။
ပါဝုသကာလမေဃော၊ မိုဃ်းလအခါ၌ ရွာသော မိုဃ်းကြီးသည်။
နဝေန၊ အသစ်သော။
တောယေန၊ မိုဃ်းရည်ဖြင့်။
ဝနေ၊ တော၌။
သစီဝရံ၊ သင်္ကန်းနှင့်တကွ။
ကဒါနု၊ အဘယ်အါ၌ သာလျှင်။
ဩဝဿတေ၊ မိုဃ်းစွတ်ပါလတ္တံ့နည်း။
တန္နုတံပရိဝိတက္ကံ၊ ထိုအကြံသည်။
ကဒါ၊ အဘယ်အခါ၌။
ဘဝိဿတိ၊ ဖြစ်ပါလတ္တံ့နည်း။
သိခဏ္ဍိနော၊ ငှက်၏ သုတ်သွေးကြောင့်ဖြစ်သော။
ဒိဇဿ၊ အမိဝမ်းမှ တကြိမ်ဥတွင်းမှ တကြိမ် ဤသို့ နှစ်ကြိမ် ဖွါးပေါက်သော။
မယူရဿ၊ ဥဒေါင်း ငှက်၏။
ဝနေ၊ နေရာတော၌။
ဂိရိဂဗ္ဘရေ၊ တောင်ခေါင်း၌။
ရုတံ၊ ဥဒေါင်းတို့၏ တွန်သံကို။
သုတွာ၊ နားထောင်၍။
ပစ္စုဋ္ဌဟိတွာ၊ အိပ်ရာမှ ထ၍။
အမထဿ၊ နိဗ္ဗာန်ကို။
ပတ္တိယာ၊ ရခြင်းငှါ။
မံ၊ င့ါအား။
ယံစိန္တယေ၊ သုံးပါးအပြားရှိသော ဘဝကို အနိစ္စဟု ကောင်းစွာ ကြံရပါအံ့နည်း။
တံနု၊ ထိုအကြံသည်သာလျှင်။
ကဒါ၊ အဘယ်အခါ၌။
ဘဝိဿတိ၊ ဖြစ်လတ္တံ့နည်း။
ကဒါနု၊ အဘယ်အခါ၌သာလျှင်။
ဂင်္ဂံ၊ ဂင်္ဂါမြစ်သို့လည်းကောင်း။
ယမုနံ၊ ယမုနာမြစ်သို့လည်းကောင်း။
သရဿတိံ၊ သရဿတိမြစ်သို့လည်းကောင်း။
ပါတာလခိတ္တံ၊ သမုဒ္ဒရာ၏ အတွင်း၌ မြဲမြံစွာတည်ခြင်းငှါ စွမ်းနိုင်သော အရပ်သို့လည်းကောင်း။
ဗလဝါမုခဉ္စ၊ မဟာသမုဒ္ဒရာ၌ ကြီးစွာလည်သော ဝဲ အဝသို့လည်းကောင်း။
ဝိဘိံသနံ၊ ကြောက်ခြင်းမရှိသည်။
ဟုတွာ၊ ဖြစ်၍။
ဣဒ္ဓိယာ၊ တန်ခိုးဖြင့်။
အသဇ္ဇမာနော၊ မငြိမတွယ်သည်ဖြစ်၍။
ကဒါနု၊ အဘယ်အခါ၌သာလျှင်။
ပတရေဘျံ၊ ဆင်းရပါအံ့နည်း။
တန္နုထံပရိဝိတက္ကံ၊ ထိုအကြံသည်။
ကဒါ၊ အဘယ်အခါ၌။
ဘဝိဿတိ၊ ဖြစ်လတ္တံ့နည်း။
သံဂါမစာရီ၊ စစ်မြေအရပ်၌ ကျင်လည်သော။
နာဂေါ၊ ဆင်ပြောင်သည်။
နံ၊ ထိုစစ်မြေအရပ်သို့။
ပဝိသေတွာ၊ ဝင်၍။
ဧကော၊ နှစ်ယောက်မြောက်သော သူမရှိတယောက်အလည်းတည်း။
စရတိဣဝ၊ မိမိအလိုအားဖြင့် သွားသကဲ့သို့။
ဧဝံတထာ၊ ထိုအတူ။
ကာမဂုဏေသု၊ ကာမဂုဏ်ငါးပါးတို့၌။
ပဝတ္တံ၊ ဖြစ်သော။
သဗ္ဗံသုဘံ နိမိတ္တံ၊ အလုံးစုံသော တင့်တယ်သော အာရုံရှိသော။
ဆန္ဒံ၊ ပြင်းစွာတပ်သော ဆန္ဒရာဂကို။
ဈာနေယုတော၊ ဈာန်နှင့်ယှဉ်လျက်။
နိဗ္ဗဇ္ဇယံနိဗ္ဗဇ္ဇယန္တော၊ အကြွင်းမဲ့ပယ်သည်ဖြစ်၍။
ကဒါ၊ အဘယ်အခါ၌။
ပဒါလယေ၊ အရဟတ္တမဂ်ဖြင့် ဖျက်ဆီးဖောက်ခွဲရအံ့နည်း။
တံ၊ ထိုအကြံသည်။
ကဒါ၊ အဘယ်အခါ၌။
ဘဝိဿတိ၊ ဖြစ်ပါရလတ္တံ့နည်း။
ဒလိဒ္ဒကော၊ အမှတ်မရှိတစုံတယောက်သော အသက်မွေးရာမှ ကင်းသော သူဆင်းရဲသည်။
ဣဏဋ္ဋေ၊ မြီကိုယူ၍ ထိုမြီးကို ဆပ်ခြင်းငှါ မစွမ်းနိုင်သောကြောင့် မြီရှင်တို့သည် ငင်ဆွဲအပ်သော ။
ဓနိကေဟိ၊ မြီရှင်တို့သည်။
ပီဠိတော၊ နှိပ်စက်အပ်သော သူသည်။
နိဓိံ၊ ရွှေအိုးကို။
အာရာဓယိတွာ အဓိဂန္တွာ၊ ရ၍။
ဣဏဉ္စ၊ တင်သော မြီကိုလည်း။
သောဓေတွာ၊ ပေးဆပ်သော အားဖြင့် စင်စေ၍။
သုခေန၊ ချမ်းသာသဖြင့်။
ဇီဝန္တော၊ အသက်မွေးရသည်ဖြစ်၍။
တုဋ္ဌော၊ နှစ်သက်ဝမ်းမြောက်သည်။
ဘဝေယျယထာ၊ ဖြစ်ရာသကဲ့သို့။
ဧဝံတထာ၊ ထိုအတူ။
အဟံပိ၊ ငါသည်လည်း။
ကဒါ၊ အဘယ်အခါ၌သာလျှင်။
ကာမစ္ဆန္ဒံ၊ မြီနှင့်တူသော ကာမစ္ဆန္ဒကို။
ပဟာယ၊ ပယ်စွန့်၍။
မဟေသိနော၊ မြတ်စွာဘုရား၏။
သာသနံ၊ အရိယာ တို့၏ ဥစ္စာဖြင့် ပြည့်သော မြတ်စွာဘုရား၏ သာသနာတော်ကို။
အဓိဂမ္မ၊ ရ၍။
တုဋ္ဌော၊ နှစ်သက်သည်။
ဘဝိဿံ၊ ဖြစ်ရပါအံ့နည်း။
တံပရိဝိတက္ကံ၊ ထိုအကြံသည်။
ကဒါ၊ အဘယ်အခါ၌။
ဘဝိဿတိ၊ ဖြစ်လတ္တံ့နည်း။
တယာ၊ သင်သည်။
ဗဟူနိဝဿာနိ၊ များစွာသော နှစ်တို့ပတ်လုံး။
အဂါရဝသေန၊ အထူးထူးသော ဆင်းရဲအပေါင်းသို့ အစင်လိုက်သော လူ၏ အလယ်၌နေသဖြင့်။
ယာစိတော၊ တောင်းပန်အပ်သည်။
အမှိနနု၊ ဖြစ်သည် မဟုတ်တုံလော။
တေ၊ သင့်အား။
ဣဒံ၊ ဤသင်သည်များစွာသော နှစ်ပတ်လုံးတောင်းပန်ခြင်းသည်။
အလံနု၊ သင်အားစွမ်းနိုင်သည်သာလျှင်တည်း။
ဒါနိဣဒါနိ၊ ယခုအခါ၌။
တံ၊ ထိုသို့တောင်းပန် ခြင်းသည်။
ပဗ္ဗဇိတံ၊ ရဟန်းပြုသည်။
သမာနံ၊ ဖြစ်သော။
မံ၊ င့ါကို။
ကိံ ကာရဏံ ကေနကာရဏေန၊ အဘယ်သို့သော အကြောင်းကြောင့်။
စိတ္တ၊ အိုစိတ်။
တုဝံ၊ သင်သည်။
နိယုဉ္ဇတိ၊ သမထဝိပဿနာကိုစွန့်၍ ယုတ်သော မြင်ခြင်း၌ ယှဉ်စေဘိသနည်း။
စိတ္တ၊ အိုစိတ်။
တယာ၊ သင်သည်။
အဟံ၊ ငါ့ကို။
ယာစိတောနနု၊ အကယ်၍ တောင်းပန်သကဲ့သို့။
အမှိ၊ ဖြစ်စွတကား။
ကသ္မာ၊ အဘယ်ကြောင့်။
ဣဒါနိ၊ ယခုအခါ၌။
တဒနုရုပံ၊ ထိုတောင်းပန်သည်နှင့်လျော်စွာ။
နပဋိပဇ္ဇတိ၊ မကျင့်ဘိသနည်း။
စိတြဆဒါ၊ ဆန်းကြယ်သော အကာဟု ဆိုအပ်သော အတောင်ရှိကုန်ထသော။
ဝိဟင်္ဂမာ၊ ဥဒေါင်းငှက် အပေါင်းတို့သည်။
မဟိန္ဒဃောသတ္တ နိတာဘိဂဇ္ဇိနော၊ မြေ၌ ကြွေးကြော်သော အသံဖြင့် ဆောင်အပ်သော အကြောင်းကြောင့် ကောင်းစွာ ကြွေးကျော်လေ့ရှိကုန်ထသော။
တေ၊ ထိုဥဒေါင်းငှက် အပေါင်းတို့သည်။
ဂိရိဗ္ဗဇေ၊ တောင်တို့ဖြင့် ခြံရံအပ်သော။
ဝနမှိ၊ တော၌။
ဈာယိနံ၊ ဈာန်ဝင်စားသော။
တံ၊ သင့်ကို။
ရမိဿန္တိ၊ သင်တောင်းပန်သည် အတိုင်းမွေ့လျော်စေကုန်လတ္တံ့။
ကုလေစ၊ အမျိုးအစင် အဆက်တို့ကိုလည်းကောင်း။
မိတ္တေစ၊ ချစ်ကျွမ်းဝင်သော အဆွေခင်ပွန်းတို့ကိုလည်းကောင်း။
ပိယေ၊ ချစ်မြတ်နိုးအပ်ကုန်သော။
ဉာတကေစ၊ ဆွေမျိုးသားခြင်း တို့ကိုလည်းကောင်း။
လောကေ၊ လောက၌ ။
ခိဍ္ဍာရတိကာမဂုဏဉ္စ၊ ရွှင်မြူးမွေ့လျော်ခံစားအပ်သော ကာမဂုဏ်တို့ကိုလည်းကောင်း။
သဗ္ဗံ၊ ဆိုအပ်ပြီးသော အလုံးစုံကို။
ပဟာယ၊ စွန့်၍။
ဣဓ၊ ဤတော အရပ်သို့။
အဇ္ဈုပဂတော၊ ကပ်၏။
စိတ္တ၊ အိုစိတ်။
အထောပိ၊ ထိုမှ တပါးလည်း။
တွံ၊ သင်သည်။
မယှံ၊ ငါ့အား။
နတုဿသိ၊ မနှစ်သက်စေ လတ္တံ့နည်း။
စိတ္တ၊ အိုစိတ်။
ဧတံ၊ ဤသို့ ကာမသို့လိုက်၍ မဖြစ်ခြင်းသည်။
မမမေဝ၊ ငါ့အားသာလျှင်။
ဟိယသ္မာ၊ အကြင်ကြောင့်။
ဟောတိ၊ ဖြစ်၏။
တသ္မာ၊ ထိုကြောင့်။
ပရေသံ၊ သူတပါးတို့အား။
တံ၊ ထိုကာမသို့ လိုက်၍ ဖြစ်ခြင်းသည်။
နဟောတိ၊ မဖြစ်။
သန္နာဟာကာလေ၊ ကိလေသာဟူသော မာန်ကို စစ်ထိုးခြင်းငှါ ဘာဝနာဖြင့် ဖွဲ့သော ကာလ၌။
နံတိဝတွာ၊ ထိုသူပင်တည်းဟု ဆို၍။
ပရိဒေဝိတေန၊ ငိုကြွေးသဖြင့်။
ကိံ ပယောဇနံ၊ အဘယ်အကျိုးရှိအံ့နည်း။
ယသ္မာ၊ အကြင်ကြောင့်။
ဣဒံ စိတ္တဉ္စ၊ ဤစိတ်သည်လည်းကောင်း။
သဗ္ဗံ၊ ထိုမှ တပါးအလုံးစုံသော တေသုမ္မကသင်္ခါရတရားသည်လည်းကောင်း။
စလံ၊ တုန်လှုပ်သော တရား မည်၏။
ဣတိ၊ ဤသို့။
ပေက္ခမာနော၊ ပညာစက္ခုဖြင့်ရှုလျက်။
အဘိနိက္ခမိ၊ အိမ်သဖွယ်ဖြစ်သော ကာမဂုဏ်တို့မှ ထွက်မြောက်ပြီ။
အမတံပဒံ၊ နိဗ္ဗာန်ကို။
ဇိဝိသံပရိယေသန္တော၊ ရှာသည်။
ယသ္မာ၊ အကြင်ကြောင့်။
ဟောတိ၊ ဖြစ်၏။
တသ္မာ၊ ထိုကြောင့်။
စိတ္တ၊ အိုစိတ်။
အနုဝတ္ထေန္တော၊ သင်အလိုရှိတိုင်းသော အရပ်သို့ မလိုက်မူ၍။
နိဗ္ဗာနံ၊ နိဗ္ဗာန်ကို။
ပရိယေသနမေဝ၊ ရှာခြင်းကိုသာလျှင်။
ကရောမိ၊ ငါပြုလေအံ့။
သံယုတ္တဝါဒီ၊ ရာဂမကင်းသဖြင့် ဖြစ်နိုင်ခဲသော အကျင့်တုန်လှုပ်သော စိတ်ကို တောမျောက်နှင့်တူ၏ ဟူ၍ အသင့်ဟော တော်မူလေ့ရှိသော။
မဟာဘိသက္ကော၊ မြတ်သော ဆေးသမားနှင့်တူသော။
နရဒမ္မသာရထိ၊ လူနတ်တို့အား ဆုံးမခြင်း၌ မြတ်သော ရထားထိန်းသဖွယ်ဖြစ်သော။
ဒွီပဒါနံ၊ အခြေနှစ်ချောင်းရှိကုန်သော သတ္တဝါတို့ထက် ။
ဥတ္တမော၊ မြတ်တော်မူသော ဘုရားသည်။
အဝီတရာဂေန၊ ရာဂမကင်းသော သူသည်။
စိတ္တစလံ၊ စိတ်၏ တုန်လှုပ်ခြင်းသည်။
မက္ကဋသန္နိဘံ၊ တောမျောက်နှင့်တူ၏။
ဣတိ၊ ဤသို့။
ဘာသိတံ၊ ဟောတော်မူအပ်၏။
အဝီတရာဂေန၊ ကာမရာဂမကင်းသော သူသည်။
သုဒုန္နိဝါရယံ၊ အလွန်မြင်နိုင်ခဲ့သော ။
စိတ္တစလံ၊ စိတ် ၏ တုန်လှုပ်ခြင်းသည်။
မက္ကဋံသန္နိဘံ၊ တောမျောက်နှင့်တူ၏။
ဣတိ၊ ဤသို့။
ယုတ္တဝါဒီ၊ ကောင်းစွာ သင့်ဟောလေ့ရှိသော။
မဟာဘိသက္ကော၊ မြတ်သော ဆေးသမားသဖွယ်ဖြစ်တော်မူသော။
နရဒမ္မသာရထိ၊ လူနတ်တို့အားဆုံးမခြင်း၌ကောင်းသော ရထားထိန်း သဖွယ်ဖြစ်တော် မူသော။
ဒွိပဒါနံ၊ အခြေနှစ်ချောင်းရှိသော သူတို့ထက်။
ဥတ္တမော၊ မြတ်တော်မူသော ဘုရားသည်။
ယတ္ထယေသု၊ အကြင်ဝတ္ထုကာမဂုဏ်ကိလေသာကာမဂုဏ်တို့၌။
သိတာ၊ ဖွဲ့ကုန်သော။
တေပုထုဇ္ဇနာ၊ ထိုပုထုဇဉ်ပုဂ္ဂိုလ်တို့သည်။
ပုနဗ္ဘဝေ၊ တဖန်ဘဝသစ်၌ ဖြစ်ခြင်းတို့ကို။
ဧသိနော၊ ရှာမှီးကုန်သည်ဖြစ်၍။
ဧကန္တေန၊ စင်စစ်သဖြင့်။
ဒုက္ခံ၊ ဆင်းရဲကို။
ဣစ္ဆန္တိ၊ အလိုရှိကုန်၏။
ဣစ္ဆန္တာစ၊ အလိုရှိကုန်သော်လည်း။
စိတ္တေန၊ စိတ်သည်။
နီတာ၊ ဆောင်အပ်ကုန်သည်ဖြစ်၍။
နိရာဂတာ၊ ငရဲ၌ဖြစ်စေတတ်သော ကံကို ပြုကုန်သောကြောင့် စီးပွါးချမ်းသာမှ ကင်းကုန်သည်ဖြစ်၍။
နိရယေ၊ ငရဲ၌ ။
ပဝတ္တံ၊ ဖြစ်သော။
ဒုက္ခံ၊ ဆင်းရဲကို။
နဝိန္ဒိံသု၊ မရကုန်။
ဟိယသ္မာ၊ အကြင်ကြောင့်။
ကာမာ၊ ကာမတရားတို့ကို။
စိတြာ၊ ဆန်းကြယ်ကုန်၏ ဟူ၍။
မဓုရာ၊ ကောင်းမြတ်ကုန်၏ ဟူ၍။
မနောရမာ၊ နှလုံးမွေ့လျော်ကုန်၏ ဟူ၍။
တေပုထုဇ္ဇနာ၊ ထို ပုထုဇဉ်မိုက်တို့သည်။
အဝန္ဒိံသု၊ ခံစားကုန်၏။
တသ္မာ၊ ထိုကြောင့်။
နိရယေ၊ ငရဲ၌။
နိရာကတာ၊ စီးပွါးချမ်းသာမှ ကင်းကုန်သည်ဖြစ်၍။
အဝိန္ဒိံသု၊ ခံရကုန်၏။
မယူရကောဉ္စာဘိရုဒမှီ၊ ဥဒေါင်းကြိုးကြာတို့၏ တွန်သံတို့ဖြင့် ပြွမ်းသော။
ကာနနေ၊ တောကြီး၌။
ဒီပိဟိ၊ သစ်တို့ဖြင့် လည်းကောင်း။
ဗျဂ္ဃေဟိ၊ ကျားတို့ဖြင့်လည်းကောင်း။
ပုရက္ခတော၊ ခြံရံအပ်သည်ဖြစ်၍။
ဝသံဝသန္တော၊ မေတ္တာကို ပွါးစေသဖြင့် နေလျက်။
ကာယေ၊ ကိုယ်၌။
အပေက္ခံ၊ ငဲ့ကွက်ခြင်း ကင်းသည်ဖြစ်၍။
ဇဟံ၊ ကိုယ်အသက်ကို မငဲ့မူ၍ နိဗ္ဗာန်သို့ စေလွတ်သော အားဖြင့် စွန့်လေအံ့။
မံ၊ ငါ့ကို။
မာဝိရောဓယ၊ ဤရခဲစွာသော ဗုဒ္ဓုပ္ပာဒနဝမခဏကို မချွတ်ယွင်းစေလင့်။
ဣတိဧဝံ၊ ဤသို့။
စိတ္တ၊ အိုစိတ်။
မံ၊ င့ါကို။
ပုရေ၊ ရဟန်းပြုသည်မှ ရှေး၌။
နိယုဉ္ဇသိ၊ ကောင်းသော အကျင့်၌ အားထုတ်စေလော။
ဈာနာနိ၊ ပဋ္ဌမဈာန်စသော လေးပါးသော ဈာန်တို့ကို လည်းကောင်း။
ဣန္ဒြိယာနိ၊ သဒ္ဓါစသော ငါးပါးသော ဣန္ဒြေတို့ကိုလည်းကောင်း။
ဗာလာနိ၊ သဒ္ဓါစသော ငါးပါးသော ဗိုလ်တို့ကိုလည်းကောင်း။
ဗောဇ္ဈင်္ဂသမာဓိ ဘာဝနာစ၊ ခုနစ်ပါးသော ဗောဇ္ဈင် လေးပါးသော သမာဓိတို့ကို ပွါးစေခြင်းတို့ကိုလည်းကောင်း။
တိဿောဝိဇ္ဇာ၊ သုံးပါးသော ဝိဇ္ဇာတို့ကို လည်းကောင်း။
ဘာဝေဟိ၊ ပွါးစေလော။
ဗုဒ္ဓသာသနေ၊ မြတ်စွာဘုရား အဆုံးအမတော်၌။
ဋ္ဌိတော၊ တည်လျက်။
ဖုသပါပုဏာတိ၊ ရောက်လေလော။
ဣတိဧဝံ၊ ဤသို့။
စိတ္တ၊ စိတ်။
တွံ၊ သင်သည်။
မံ၊ င့ါကို။
ပုရေ၊ ရဟန်းပြုသည်မှ ရှေး၌။
နိယုဉ္ဇသိ၊ ကောင်းသော အကျင့်၌အားထုတ်စေလော။
အမတဿ၊ သေခြင်းကင်းသော နိဗ္ဗာန်သို့။
ပတ္တိယာ၊ ရောက်ခြင်း၌။
နိယျာနိကံ၊ ဝဋ်မှ ထွက်မြောက်စေတတ်သော။
သဗ္ဗဒုက္ခက္ခယောဂဓံ၊ ခပ်သိမ်းကုန်သော ဝဋ်ဆင်းရဲတို့၏ ကုန်ရာနိဗ္ဗာန်၏ အမြိုက်ဆေးသဖွယ်ဖြစ်၍ ဖြစ်ထသော။
သဗ္ဗကိလေသသောဓနံ၊ အကြွင်းမရှိသော ကိလေသာဟူသော အညစ်အကြေး၏ စင်ကြယ်ကြောင်းလည်း ဖြစ်ထသော။
အဋ္ဌင်္ဂိကံ၊ အင်္ဂါရှစ်ပါးနှင့် ပြည့်စုံထသော။
မဂ္ဂံ၊ မဂ်ကို။
ဘာဝေဟိ၊ ပွါးစေလော။
ဣတိဧဝံ၊ ဤသို့။
စိတ္တ၊ စိတ်ကို။
တွံ၊ သင်သည်။
မံ၊ ငါ့ကို။
ပုရေ၊ ရဟန်းပြုသည်မှရှေး၌။
နိယုဉ္ဇသိ၊ ကောင်းသော အကျင့်၌အားထုတ်စေလော။
ယောနိသော၊ သင့်သော နှလုံးသွင်းခြင်းဖြင့်။
ခန္ဓေ၊ တေဘုမ္မကဥပါဒါန က္ခန္ဓာတရားတို့ကို။
အနိစ္စံဣတိ၊ အနိစ္စဟူ၍ လည်းကောင်း။
ဒုက္ခန္တိ၊ ဒုက္ခဟူ၍လည်းကောင်း။
ပဋိပဿ၊ အဖန်တလဲလဲ ဝိပဿနာ ဉာဏ်ဖြင့် ရှုလော။
ယတောယသ္မာကာရဏာ၊ အကြင်ကြောင့်။
တဏှာ၊ တဏှာသည်။
ဒုက္ခံ၊ ဆင်းရဲကို။
သမုဒေတိ၊ ဖြစ်စေတတ်၏။
တံ၊ ထိုဒုက္ခသစ္စာကို ဖြစ်စေတတ်သော တဏှာကို။
ဇဟ၊ စွန့်လော။
ဣဓေဝ၊ ဤအတ္တဘော၌သာလျှင်။
ဒုက္ခဿ၊ ဆင်းရဲ၏။
အန္တံအန္တဝတော၊ အနိစ္စစသည် သာလျှင် အဆုံးရှိသော ကြောင့် အနိစ္စဟူ၍။
ဝိပဿနံ၊ ရှုခြင်းကို။
ကရောဟိ၊ ပြုလေလော။
ဣတိဧဝံ၊ ဤသို့။
စိတ္တ၊ စိတ်။
တွံ၊ သင်သည်။
မံ၊ င့ါကို။
ပုရေ၊ ရဟန်းပြုသည်မှ ရှေး၌။
နိယုဉ္ဇတိ၊ ကောင်းသော အကျင့်၌ အားထုတ်စေလော။
ယောနိသော၊ အသင့်အားဖြင့်။
ခန္ဓေ၊ ဥပါဒါနက္ခန္ဓာတရား ငါးပါးတို့ကို။
အနိစ္စံဣတိ၊ အနိစ္စဟူ၍၎င်း။
ဒုက္ခန္တိ၊ ဒုက္ခဟူ၍လည်းကောင်း။
သုညံ၊ မိမိအလိုသို့ မလိုက်ခြင်း အစိုးမရခြင်း အနှစ်မရှိခြင်း အတ္တမှ ဆိတ်သောကြောင့်။
အနတ္တာတိ၊ အနတ္တဟူ၍ လည်းကောင်း။
အဃံတိ၊ အစီးအပွါးမဲ့ကို ဆောင်တတ်၏ ဟး၍လည်းကောင်း။
ဝဓကန္တိ၊ သူသတ်နှင့်တူ၏ဟူ၍လည်းကောင်း။
ဝိပဿ၊ အဘန်တလဲလဲ ရှုလေလော။
မနောဝိစာရေ၊ မနောဝိဟာရဟု မှတ်အပ်သော ကာမဂုဏ်၌ မှီသော ဝမ်းမြောက်ခြင်း၏ အနီး၌။
စေတသော၊ တဆဲ့ ရှစ်ပါးအပြားရှိသော စိတ်ကို။
ဥပရုန္ဓ၊ မြစ်လေလော။
ဣတိဧဝံ၊ ဤသို့။
စိတ္တ၊ စိတ်။
တွံ၊ သင်သည်။
မံ၊ င့ါကို။
ပုရေ၊ ရဟန်းပြုသည်ရှေး၌။
နိယုဉ္ဇတိ၊ ကောင်းသော အကျင့်၌ အားထုတ်စေလော။
မုဏ္ဍော၊ ဦးပြည်းသော အဖြစ်သို့ ရောက်သော။
ဝိရူပေါ၊ ဓားငယ်ဖြင့် အပိုင်းပိုင်းဖြတ်သော ဆိုးရည် ဖြင့် အဆင်းကို ဖျက်သော ဖန်းရည်စွန်းသော အဝတ်ကို ဝတ်သောကြောင့်ဘောက်ပြန်သော အဆင်းရျိသော အဖြစ်သို့ ရောက်သော။
အဘိသာပမာဂတော၊ သပိတ်လက်စွဲလျက် အရိယာ တို့သည် ပြုအပ်သော ဆွမ်းခံသွားခြင်းသို့ ကပ်သော။
ကပါလဟတ္ထော၊ ဆွမ်းခံခွက်ကို လက်စွဲသော။
ဘိက္ခော၊ ဆွမ်းကို ရှာမှီးသော ရဟန်းသည်။
အဿုဘဝေယျ၊ ဖြစ်ရာ၏။
မဟေသိနော၊ မြတ်သော သီလကျေးဇူးစသည်ကို ရှာတော်မူပြီးသော။
သတ္ထု၊ မြတ်စွာဘုရား၏။
ဝစနေ၊ အဆုံးအမတော်ဖြစ်သော စကားတော်၌။
အနုယုဉ္ဇဿု၊ ကမ္မဋ္ဌာန်း ကိုအားထုတ်ပွါးစေလော။
ဣတိ ဧဝံ၊ ဤသို့။
စိတ္တ၊ အိုစိတ်။
တွံ၊ သင်သည်။
မံ၊ ငါ့ကို။
ပုရေ၊ ရဟန်းပြုသည် မှရှေး၌။
နိယုဉ္ဇသိ၊ ကောင်းသော အကျင့်၌ ယှဉ်စေလော။
သုသံဝုတတ္တော၊ ကောင်းစွာ ကိုယ်နှုတ်တို့ကို စောင့်ရှောက်သော စိတ်ရှိလျက်။
ဝိသိခန္တရေ၊ ဆွမ်းခံသွားခြင်းဖြင့် ခရီးဆုံ၏ အကြား၌။
စရံစရန္တော၊ သွားသော ရဟန်းသည်။
ကုလေသုစ၊ ဒါယကာတို့၌ လည်းကောင်း။
ကာမေသုစ၊ ကာမဂုဏ်တို့၌ လည်းကောင်း။
ဒေါသိနော၊ ရာဟု မြူစသော ငါးပါးသော အပြစ်မှ ကင်းသော ။
ပုဏ္ဏမာသိယာ၊ လပြည့်နေ့၌။
စန္ဒောယထာ၊ လကဲ့သို့။
အသင်္ဂမာနသော၊ တဏှာဖြင့် မငြိမတွယ်မကပ်သိမ်းသည်။
ဟုတွာ၊ ဖြစ်၍။
စရ၊ ကျင့်လေလော။
ဣတိ၊ ဤသို့။
စိတ္တ၊ အိုစိတ်။
တွံ၊ သင်သည်။
မံ၊ င့ါကို။
ပုရေ၊ ရဟန်းဖြစ်သည်မှ ရှေ့၌။
နိယုဉ္ဇသိ၊ ကောင်းသော အကျင့်၌ ယှဉ်စေလော။
တွံ၊ သင်သည်။
အရညိကော၊ အရညကင်ဓုတင်ဆောင်တည်သည်။
ဟောတိ၊ ဖြစ်လော။
ပိဏ္ဍပါတိကော၊ ပိဏ္ဍပါတ်ဓုတင်ဆောင်တည်သည်။
ဟောတိ၊ ဖြစ်လော။
သောသာနိကော၊ သုသာန်ဓုတင်ဆောင်တည်သည်။
ဟောတိ၊ ဖြစ်လော။
ပံသုကူလိကော၊ ပံသကူဓုတင်ဆောင်သည်သည်။
ဟောတိ၊ ဖြစ်လော။
နေသဇ္ဇိကော၊ နိသဇ်ဓုတင်ဆောက်တည်သည်။
ဟောတိ၊ ဖြစ်လော။
သဒါ၊ အခါခပ်သိမ်း။
ဓုတေ၊ ဓုတင်ကျေးဇူး၌။
ရတော၊ မွေ့လျော်သည်။
ဟောတိ၊ ဖြစ်လော။
ဣတိ၊ ဤသို့။
စိတ္တ၊ အိုစိတ်။
တွံ၊ သင်သည်။
မံ၊ ငါ့ကို။
ပုရေ၊ ရဟန်းဖြစ်သည်မှ ရှေး၌။
နိယုဉ္ဇသိ၊ ဓုတင်းကျေးဇူး၌ယှဉ်စေလော။
ဖလာနိ၊ အသီးတို့ကို။
ဣစ္ဆန္တော၊ အလိုရှိသော ။
ပုရိသော၊ လိမ္မာသော ယောင်္ကျားသည်။
ရုက္ခာနိ၊ သစ်ပင်တို့ကို။
ရောပေတွာ၊ စိုက်ပျိုး၍။
ဖလေသိယထာ၊ အသီးကို သာ အလိုရှိသကဲ့သို့။
အဖလော၊ အသီးမရှိသည်ရှိသော်။
မူလေ၊ အမြစ်၌။
တရုံ၊ သစ်ပင်ကို။
ဆေတ္တုံ၊ ဖြတ်ခြင်းငှါ။
ဣစ္ဆတိယထာ၊ အလိုရှိသကဲ့သို့။
တမေဝ၊ ထိုသစ်သီးကိုသာလျှင်။
ဣစ္ဆတိယထာ၊ အလိုရှိသကဲ့သို့။
စိတ္တ၊ စိတ်။
တွံ၊ သင်သည်။
တထူပမံ၊ ထိုသစ်ပင်စိုက်သော ယောင်္ကျားနှင့်တူသော။
ဣဒံ စိတ္တံ၊ ဤစိတ်ကို ။
ကရောသိ၊ ပြုလော။
ယံမံ၊ အကြင်ငါ့ကို။
ပဗ္ဗဇ္ဇာယ၊ ရဟန်းအဖြစ်၌။
အပ္ပမဇ္ဈိတုံ၊ မမေ့မလျော့စေခြင်းငှါ။
ပဗ္ဗဇ္ဇဖလံ၊ ရှည်စွာသော အဓွန့်သို့ ရောက်သော ရဟန်းအကျိုးကို။
အနိစ္စမှိစလေ၊ အမြဲမရှိသည်ဖြစ်၍ ဖြစ်သော အလွန်တုန်လှုပ်ခြင်းရှိသော သံသရာအစ၌။
နိယုဇ္ဇတိ၊ ယှဉ်စေသည်၏ အစွမ်းဖြင့် မတိုက်တွန်းလင့်လော။
အရူပံ၊ အညိုအရွှေစသော အဆင်းရုပ်၏ မရှိသော အားဖြင့် အရူပမည်သော။
ဒူရင်္ဂမ၊ ဝေးသော အရပ်၌ ဖြစ်သော ဝေးသော အရပ်၌ တည်သော အာရုံကို မတပ်သော။
ဧကစာရီ၊ တခုတည်းသာဖြစ်လေ့ရှိသော။
စိတ္တံ၊ စိတ်သည်။
ဟောတိ၊ ဖြစ်၏။
အဟံ၊ ငါသည်။
ပုဗ္ဗေ၊ ရှေး၌။
တဝဝသေန၊ သင်၏ အလိုဖြင့်။
ယဒိပိ အနုဝတ္တတိ၊ အကယ်၍ အစဉ်လိုက်၍ ဖြစ်အံ့လည်း။
ဣဒါနိ၊ ယခုဘုရား အဆုံးအမကို ရသော အခါ၌။
တေ၊ သင်၏။
ဝစနံ၊ စကားကို။
နကရိဿာမိ၊ ငါလိုက်နာ၍ မပြုအံ့။
ဟိသစ္စံ၊ မှန်၏။
ကာမာ၊ ကာမတရားတို့သည်။
ဒုက္ခာ၊ ဆင်းရဲသော သဘောရှိကုန်၏။
ကဋုကာ၊ စပ်ခါးသော အကျိုးရှိကုန်၏။
မဟဗ္ဘယာ၊ မိမိကို စွပ်စွဲခြင်း အစရှိသော အပြားဖြင့် များသော ဘေးရှိကုန်၏။
တသ္မာ၊ ထိုကြောင့်။
နိဗ္ဗာနမေဝ၊ နိဗ္ဗာန်ကိုသာလျှင်။
အဘိမနော၊ ရှေးရှုသော စိတ်ရှိသည်ဖြစ်၍။
စရိဿံဝိဟာရိဿံ၊ နေအံ့။
အဟံ၊ ငါသည်။
အလက္ချာ၊ တင့်တယ်ခြင်းကျက်သရေမှ ကင်းသဖြင့် လည်းကောင်း။
အဟိရိတ္တတာယ၊ ဟုတ်မှန်တိုင်းသော အဖြစ်၌ ပြတ်ရယ်မှု ပြုသကဲ့သို့ အရှက်မရှိသည် အဖြစ်ဖြင့်လည်းကောင်း။
နနိက္ခမိံ၊ ကျောင်းမှ မထွက်ပြီ။
စိတ္တဟေတု၊ စိတ်ဟူသော အကြောင်းကြောင့်။
စိတ္တဝသိကော၊ ရံခါနိဂဏ္ဍရံခါပရိဗိုဇ် ဖြစ်၍ မတည်တန့်သော စိတ်ရှိသော ယောင်္ကျားကဲံသို့ အလိုရှိတိုင်းသို့လိုက်သည်။
ဟုတွာ၊ ဖြစ်၍။
နနိက္ခမိံ၊ ကျောင်းမှ မထွက်အံ့။
ဒူရကန္တနာယ၊ မင်းအစရှိသည်ကို ပြစ်မှား၍ ကြောက်လန့်တုန်လှုပ်သဖြင့်။
နနိက္ခမိံ၊ ကျောင်းမှ မထွက်အံ့။
အာဇီဝဟေတု၊ အသက်မွေးခြင်းဟူသော အကြောင်းကြောင့်။
အဟံ၊ ငါသည်။
နနိက္ခမိနပဗ္ဗဇိံ၊ ရဟန်းပြုသည် မဟုတ်။
စိတ္တ၊ အိုစိတ်။
တေ၊ သင်၏။
ပဋိဿဝေါ၊ သင့်အလိုသို့ လိုက်အံ့ ဟု ဝန်ခံခြင်းကို။
မယာ၊ ငါသည်။
နကတော၊ မပြုအပ်ပြီ။
သပ္ပုရိသေဟိ၊ ဘုရားအစရှိသော သူတော်ကောင်းတို့သည်။
အပ္ပိစ္ဆဘာ၊ အလိုနည်းခြင်းမည်သည်ကို။
ဝဏ္ဏိတာ၊ ချီးမွမ်းအပ်၏။
မက္ခပ္ပဟာနံ၊ သူတပါးတို့၏ ကျေးဇူးချေခြင်းကို။
ပဿတ္ထံ၊ ချီးမွမ်း၏။
ဒုက္ခဿ၊ ဝဋ်ဆင်းရဲ၏။
ဝူပသမော၊ ငြိမ်းရာဖြစ်သော နိဗ္ဗာန်သို့ ရောက်စေခြင်းကို။
သပ္ပုရိသေဟိ၊ ဘုရား အစရှိသော သူတော်ကောင်းတို့သည်။
ဝဏ္ဏိတော၊ ချီးမွမ်းအပ်၏။
သမ္မ၊ အချင်းစိတ်။
တယာ၊ သင်သည်။
တေသုဂုဏေသု၊ ထိုဂုဏ်တို့၌။
ပတိဋ္ဌိတဗ္ဗံ၊ တည်အပ်၏။
ဣတိဧဝံ၊ ဤသို့။
တဒါ၊ ထိုအခါ၌။
စိတ္တ၊ စိတ်။
မံ၊ ငါ့ကို။
နိယုဉ္ဇသိ၊ တိုက်တွန်းနှိုးဆော်သော။
ဣဒါနိ၊ ယခုအခါ၌။
တွံ၊ သင်စိတ်သည်။
ပုဗ္ဗစိဏ္ဏံ၊ ရှေး၌ဖြစ်သော မိမိ၏ အလိုကြီးခြင်းစသော အကျင့်ကို။
ကိံနာမဂစ္ဆသိ၊ အဘယ်သို့ ကျင့်လတ္တံ့နည်း။
ပစ္စယေသု၊ ပစ္စည်းတို့၌။
တဏှာ၊ တပ်သော တဏှာသည်၎င်း။
အဝိဇ္ဇာစ၊ ထို ပစ္စည်းတပ်ခြင်း အဖြစ်ကို ဖုံးလွှမ်းတတ်သော အဝိဇ္ဇာသည်လည်းကောင်း။
ပိယာ၊ သားမယားစသည်တို့၌ ချစ်သော အဖြစ်သည်လည်းကောင်း။
အမယဉ္စ၊ ကုသိုလ်ဓမ္မတို့၌ မမွေ့လျော်ခြင်းဟု ဆိုအပ်သော မချစ်ခြင်း သည်လည်းကောင်း။
သုဘာနိရူပါနိစ၊ အတွင်းသန္တာန်အပသန္တာန်တို့၌ဖြစ်ကုန်သော တင့်တယ်သော ရူပါရုံတို့သည်လည်းကောင်း။
သုခဝေဒနာစ၊ ဣဋ္ဌာရုံကို စွဲ၍ ဖြစ်သော သုခဝေဒနာ သည်လည်းကောင်း။
မနာပိယာ၊ နှစ်လိုအပ်ချစ်အပ်သော သဘောရှိကုန်သော။
ကာမဂုဏာစ၊ ကြွင်းသော ကာမဂုဏ်အစုတို့သည်လည်းကောင်း။
ဝန္တာ၊ ထိုကာမဂုဏ်ကို မှီ၍ ဖြစ်သော ဆန္ဒရာဂကို စွန့်အန်ခြင်းတို့သည်။
အတ္ထိသန္တိ၊ ရှိကုန်၏။
ဧဝံ၊ ဤသို့။
ဝန္တေဆဋ္ဋိတေ၊ စွန့်အပ်ကုန်သော။
တေ၊ ထိုဆန္ဒရာဂတို့ကို။
အဟံ၊ ငါသည်။
အာဝမိတုံ၊ နောက်၌ အန်ခြင်းငှါ။
နဥဿာဟေ၊ စွန့်အပ်ကုန်သောကြောင့်မတတ်နိုင်ကုန်။
သဗ္ဗတ္ထ၊ အလုံးစုံသော ဘဝယောနိဂတိပိညာဏဋ္ဌတိတို့၌။
စိတ္တ၊ စိတ်။
တေတဝ၊ သင်၏။
ဝစော၊ စကားကို။
မယာ၊ ငါသည်။
ကတံ၊ ပြုအပ်ပြီ။
ကရောန္တောစ၊ ပြုသော်လည်း။
ဗဟူသုဇာတီသု၊ များစွာသော ဇာတိတို့၌။
မေမယာ၊ ငါသည်။
နကောပိတော၊ အမျက်မထွက်အပ်သည်။
အသိ၊ ဖြစ်၏။
တေတဝ၊ သင်၏။
အဇ္ဈတ္တသမ္ဘဝေါ၊ မိမိကောင်းစွာ ဖြစ်သည်ဖြစ်၍။
အကတညုတာယ၊ သုကျေးဇူးအထူးကို မသိတတ်သည်၏ အဖြစ်ဖြင့်။
တယာ၊ သင်သည်။
ကတေနိဗ္ဗတ္တိတေ၊ ဖြစ်စေအပ်သော။
ဒုက္ခေ၊ မသိနိုင်သော အစမထင်သော သံသရာဝဋ်ဆင်းရဲ၌။
စိရံ၊ ကြာမြင့်စွာသော ကာလပတ်လုံး။
သံသရိတံ၊ ငါကျင်လည်ရလေပြီ။
စိတ္တ၊ အိုစိတ်။
တွညေဝ၊ သင်သည်သာလျှင်။
ဗြဟ္မဏော၊ ပုဏ္ဏားအဖြစ်ကို။
နောအမှာကံ၊ ငါတို့အား။
ကရောသိ၊ ပြုသိ၏။
တွံ၊ သင်သည်။
ခတ္တိယာ၊ မင်းယောင်္ကျားအဖြစ်ကို လည်းကောင်း။
ရာဇဒိသိဝိတိဝေဿောစ၊ မင်းမိန်းမအဖြစ်ကို လည်းကောင်း ကုန်သည်အဖြစ်ကိုလည်းကောင်း။
သုဒ္ဓေါစ၊ သူဆင်းရဲ အဖြစ်ကိုလည်းကောင်း။
ကရောသိ၊ ပြုဘိ၏။
ဧကဒါ၊ တရံတခါ၌။
ဒေဝတ္တနံဝါဝိံ၊ နတ်အဖြစ်သည်လည်းကောင်း။
ဝါဟသာ၊ ပြုတတ်သော အဖြစ်ဖြင့်။
တွေဝတွံဧဝတုဘာဝေန၊ သင်ဟူသော အကြောင်းကြောင့်သာလျှင်။
ဘဝါမ၊ ငါတို့ဖြစ်ရကုန်၏။
တွေဝဟေတု၊ သင်စိတ်ဟူသော အကြောင်းကြောင့်သာလျှင်။
အသုရာ၊ အသုရာတို့သည်။
ဘဝါမသေ၊ ငါတို့ဖြစ်ရကုန်ပြီ။
တွံမူလကံ၊ သင်စိတ်ဟူသော အကြောင်းကြောင့်။
နေရယိကာ၊ ငရဲသူတို့သည်။
ဘဝါမသေ၊ ဖြစ်ရကုန်ပြီ။
အထောပိ၊ ထိုမှ တပါးလည်း။
ဧကဒါ၊ တရံတခါ၌။
တိရစ္ဆာနတောပိ၊ တိရစ္ဆာန်တို့သည်လည်းကောင်း။
ပေတတ္တနံဝါပိ၊ ပြိတ္တာ၏ အဖြစ်သည်လည်းကောင်း။
ဝါဟသာ၊ ပြုတတ်သော အဖြစ်ဖြင့်။
တွေဝတွံဧဝဟေတု၊ သင်စိတ်ဟူသော အကြောင်းကြောင့်သာလျှင်။
ဘဝါမသော၊ ငါတို့ဖြစ်ရကုန်ပြီ။
ပုနပ္ပုနံ၊ အဖန်တလဲလဲ။
မံ၊ ငါ့ကို။
ဒုဗ္ဘိဿသိနနု၊ ကောင်းသော စိတ်ရှိသော ခင်ပွန်းတုယောင်ဆောင်သော ရန်သူဖြစ်၍ ငါ့အားဖျက်ဆီးလတ္တံ့။
ဣဒါနိ၊ ယခုအခါ၌။
ပုဗ္ဗေဝိယ၊ ရှေး၌ကဲ့သို့။
ဝတ္တေတုံ၊ ငါ့အားလှည့်ပတ်ခြင်း ငှါ။
နဒဿာမိ၊ ငါမပေးအံ့။
မုဟုံ မုဟုံ၊ မြုန့်မြုန့်။
စာရဏိကံဝ၊ မပြတ်ခြင်းငှါ ထိုက်သကဲ့သို့။
ဒဿေယျံ၊ ပြပေအံ့။
ဥမ္မတ္တကေနေဝ၊ သူရူးကဲ့သို့ ဖြစ်စေသဖြင့်လည်း။
မယာ၊ ငါနှင့်။
သဒ္ဓိံ၊ တကွ။
တုဝံ၊ သင်တဏှာနှင့် ယှဉ်သော စိတ်ရှိသည်။
ပလောဘသိ၊ ငါ့အား ဖြားယောင်းလှည့်စားဘိ၏။
စိတ္တ၊ အိုစိတ်။
မယာ၊ ငါ့ကို။
တေတယာ၊ သင်စိတ်သည်။
ဝိရာမိတံ၊ ငါ့အားချွတ်ယွင်းသည်၏ အဖြစ်ကို။
ကိဉ္စာပိကထေသိ၊ အကယ်၍ ကား ဆို၏ရှင့်။
ပန၊ ထိုသို့ဆိုသော်လည်း။
ဣဒါနိ၊ ယခုအခါ၌။
ဝိရာဓိကံ၊ ချွတ်ယွင်းခြင်းကို။
ကိဉ္စာပိ ကထေသိ၊ အကယ်၍ ကား ဆို၏ရှင့်။
ပန၊ ထိုသို့ဆိုသော်လည်း။
ဣဒါနိ၊ ယခုအခါ၌။
ဝိရာမိတံ၊ ချွတ်ယွင်းခြင်းကို ။
မယာ၊ ငါသည်။
နကတံ၊ မပြုအပ်ပြီ။
တေ၊ သင်၏။
ဣဒံ စိတ္တံ၊ ဤစိတ်သည်ကား။
ပုရေ၊ ဤအခါမှ ရှေး၌။
ယေန အာကာရေန၊ ရူပါရုံ စသော အာရုံတို့၌ တပ်ခြင်းစသော အခြင်းအရာဖြင့်။
ဣစ္ဆကံဣစ္ဆသိ၊ အလိုရှိ၏။
ယတ္တကံ၊ အကြင်မျှလောက် အလိုရှိတိုင်းသော အာရုံသို့ သာလျှင်။
စာရိကံ၊ အာရုံပြုသဖြင့် ကျက်စားသည်ဖြစ်၍။
စရတိပဝတ္တတိ၊ ဖြစ်၏။
တဿ၊ ထိုစိတ်၏။
ဝသေ၊ အလို၌။
ယတ္တကံ၊ အကြင်မျှလောက်။
မံ၊ ငါ့ကို။
ယထာ၊ အကြင်အခြင်းအရာဖြင့်။
ဝိစရန္တဿ၊ သွားသော ငါ့အား။
သုခံ၊ ချမ်းသာသည်။
ဟောတိ၊ ဖြစ်၏။
စရဏကော၊ ဖြစ်သော။
တဿေဝ၊ ထိုငါအားသာလျှင်။
ယထာသုခံ၊ ချမ်းသာစွာ ။
စာရိကံ၊ အလိုရှိတိုင်းသော အာရုံ၌ ကျက်စားသော အားဖြင့် သွားခြင်းသည်။
စရတိပဝတ္တသိ၊ ဖြစ်၏။
အဇ္ဇ၊ ယခုမူကား။
ပဘိန္နံ၊ အပြားအားဖြင့် သစ်သော မုန့်ရှိသော။
ဟတ္တိံ၊ ဆင်ကို။
အင်္ကုသဂ္ဂဟောဝိယ၊ လိမ္မာစွာသော ဆင်ဆရာသည်ချွန်းဖြင့်နှိပ်ဆွဲသကဲ့သို့။
ယောနိသော၊ အသင့်အားဖြင့် နှလုံးသွင်း၍။
တံ၊ ထိုအမုန်ယစ်သော ဆင်နှင့်တူသော စိတ်ကို။
နိဂ္ဂဟိဿာမိ၊ ကမ္မဋ္ဌာန်းမှ လွန်၍ ပြေးအံံသော ငှါမမေ့အံ့။
မံမမ၊ ငါ၏။
သတ္ထာ၊ ဆရာဖြစ်သော မြတ်စွာဘုရားသည်။
ဣမံလောကံ၊ ဤအကြွင်းမရှိသော ခန္ဓာဟု ဆိုအပ်သော လောကကို။
အဓိဋ္ဌတိ၊ ဉာဏ်တော်ဖြင့်တည်စေ၏။
ကိံဝန္တိ၊ အဘယ်သို့ တည်စေသနည်း။
အနိစ္စတော၊ အမြဲမရှိသော အားဖြင့်လည်းကောင်း။
အဒ္ဓုဝတော၊ တစုံတခုမျှ မြဲခြင်းမရှိသော သဘောအားဖြင့် လည်းကောင်း။
အသာရတော၊ ချမ်းသာခြင်း အနှစ်သာရ စသည်တို့ ၏ မရှိသော အားဖြင့်လည်းကောင်း။
အဓိဋ္ဌဟိ၊ ဆောက်တည်တော်မူ၏။
ဇိနဿ၊ မြတ်စွာဘုရား၏။
သာသနေ၊ အဆုံးအမတော်၌။
ပဋိပဇ္ဇိတုံ၊ အဟုတ် အဟတ် ထိုးထွင်း၍ သိခြင်းငှါ။
စိတ္တ၊ အိုစိတ်။
မံ၊ ငါ့ကို။
ပက္ခန္ဒ၊ ပြေးဝင်စေလော။
သုဒုတ္တရာ၊ အလွန်ကူးခြင်းငှါ ပြုနိုင်ခဲသော။
တတောဩဃာ၊ ထိုကာမောဃစသော ဩဃလေးပါးမှ။
မံ၊ ငါ့ကို။
တာရေဟိ၊ ကူးမြောက်စေလော။
စိတ္တ၊ အိုစိတ်။
ဣမံအတ္တဘာဝဂေတံ၊ ဤအတ္တဘောဟု ဆိုအပ်သော အိမ်သည်။
ပေါရာဏကံဝိယ၊ ရှေး၌ကဲ့သို့။
တေတဝ၊ သင်အား။
နဟောတိ၊ မဖြစ်။
အဟံ၊ ငါသည်။
တုယှံ၊ သင်၏။
ဝသေ၊ အလို၌။
အနုဂတ္တိတုံ၊ အစဉ်လိုက်စေခြင်းငှါ။
နဟိနယုတ္တံ၊ မသင့်။
မဟေသိနော၊ မြတ်စွာဘုရား၏။
သာသနေ၊ သာသနာတော်၌။
ပဗ္ဗဇိတော၊ ရဟန်းပြုသည်။
အမှိ၊ ဖြစ်၏။
ပဗ္ဗဇိတကာလတော၊ ရဟန်းပြုသောအခါမှ။
ပဋ္ဌာယ၊ စ၏။
မာဒိသာ၊ ရဟန်းဟူသည် ငါကဲ့သို့ သဘောရှိကုန်သည်။
ဝိနာသဓာရိနော၊ ကိလေသာကို ဖျက်ဆီးခြင်းငှါ မဂ်ဖိုလ်ဟူသော ကျေးဇူးကို ဆောင်တတ်ကုန်သော ရဟန်းတို့သည်သာလျှင်။
ဟောန္တိ၊ ဖြစ်ကုန်၏။
နဂါစ၊ မြင့်မိုရ်ဟိမဝန္တာ အစရှိကုန်သော အလုံးစုံသော တောင်တို့သည်လည်းကောင်း။
သမုဒ္ဒါစ၊ အရှေ့မျက်နှာ ၌ ဖြစ်သော သမုဒ္ဒရာ အစရှိကုန်သော အလုံးစုံသော သမုဒ္ဒရာတို့သည်လည်းကောင်း။
ဝိဒိသာစ၊ အရှေ့တောင်ထောင့် အစရှိသော လေးပါးကုန်သော အထောင့်အရပ်တို့သည် လည်းကောင်း။
အဓောစ၊ အောက်အရပ်သည်လည်းကောင်း။
ဒိသာစ၊ အထက်နတ်ပြည်နှင့် တကွသော အလုံးစုံသော သတ္တဝါသင်္ခါရတို့သည်လည်းကောင်း။
သဗ္ဗေ၊ ခပ်သိမ်းကုန်သော။
တိဘဝါစ၊ ကာမဘဝစသော သုံးပါးသော ဘဝတို့သည်လည်းကောင်း။
အနိစ္စာ၊ အမြဲမရှိကုန်။
ဥပဒ္ဒုတာ၊ ဇာတိ အစရှိသော ရာဂ အစရှိသော ကိလေသာတို့သည် နှိပ်အပ်ကုန်၏။
စိတ္တ၊ အိုစိတ်။
တွံ၊ သင်သည်။
ကုဟိံ၊ အဘယ်အရပ်၌။
ဂတော၊ သွားသည်ဖြစ်၍။
တေ၊ သင်အား။
သုခံ၊ ချမ်းသာစွာ။
ရမိဿတိ၊ မွေ့လျော်လတ္တံ့နည်း။
ပရံ၊ လွန်စွာ။
မိတိံ၊ မြဲမြံသော အဖြစ်၌တည်သော ။
မံမမ၊ ငါ့ကို။
စိတ္တ၊ အိုစိတ်။
တွံ၊ သင်သည်။
ကိံ ကာဟိသိ၊ အသို့ ပြုလတ္တံ့နည်း။
စိတ္တ၊ အိုစိတ်။
တေ၊ သင်၏။
ဝသာနုဝတ္တိကော၊ အလိုသို့ အစဉ်လိုက်ခြင်းသည်။
နအလံန ယုတ္တံ၊ မသင့်။
ဥဘတောမုခံ၊ နှစ်ဘက်သော အဝရျိသော။
ဘတ္တံပုဋောလိံ၊ ထမင်းထုပ်ကို။
ဇာတုဧကေန္တေန၊ စင်စစ်သဖြင့်။
နဆုပေနဆုပေယျ၊ ခြေဖြင့် မထိစေရာ သကဲ့သို့။
တထာ၊ ထိုအတူ။
ပူရံ၊ အထူးထူးအပြားပြားသော မစင်၏ ပြည့်ရာဖြစ်သော။
နုဝသေတသန္ဒနံ၊ ကိုးပါးသော အမာဝတို့မှယိုစီးသော မစင်ရှိသော။
ဣမံကာယံဣမဿကာယဿ၊ ဤကိုယ်၏ ။
မီ၊ စက်ဆုပ်ရွံရှာဘွယ်သည်။
အတ္ထု၊ ဖြစ်စွတကား။
ဝရဟဧဏေယျဗိဂါဠသေဝိတေ၊ ဝက်ထီးဧဏီ မည်သော သားတို့သည် သက်ဝင်၍ မှီဝဲရာလည်းဖြစ်ထသော။
ပကတေဝသုန္ဒရေ၊ ကြပတေ့အားဖြင့်သာလျှင်ကောင်းထသော။
ပဗ္ဘာရကုဋ္ဋေ၊ တောင်ရှိုင်းသော ထောင်ထွတ်၌။
နဝမ္ဗုနာ၊ အသစ်အသစ်သော မိုဃ်းရေဖြင့်။
ပါဝုသတိတ္တကာနနေ၊ ရွာသောမိုဃ်းရေဖြင့် သွန်းအပ်သော တောကြီး၌။
တဟိံ၊ ထိုတောနှင့် တကွသော တောင်၌။
ဂုဟာဂေဟဂတော၊ လိုဏ်ဟု ဆိုအပ်သော ကျောင်းသို့ ကပ်လျက်။
ရမိဿသိ၊ ဘာဝနာဖြင့် မွေ့လျော်လိမ့်သတည်း။
သုနီလဂီဝါ၊ ကောင်းစွာစိမ်းညိုသော လည် ရှိကုန်ထသော။
သုသိခါ၊ ကောင်းသော ဥစွန်းလည်းရှိကုန်ထသော။
သုပက္ခတာ၊ ကောင်းသော အတောင်လည်း ရှိကုန်ထသော။
သုစိတ္တပတ္တစ္ဆဒနာ၊ ကောင်းစွာဆန်းကြယ်သော အတောင်တည်းဟူသော အမိုးလည်းရှိကုန်ထသော။
သုမဉ္ဇုဃောသတ္တနိတာ၊ ကောင်းသော သာယာသော သံအပေါင်းဖြင့် ကြွေးကြော်ခြင်းရှိကုန်ထသော။
အဘိဂဇ္ဇိနော၊ ရှေးရှုရှေးရှု တွန်လာကုန်ထသော။
ယေဝိဟင်္ဂမာ၊ အကြင်ဥဒါန်းအစရှိကုန်သော ငှက်အပေါင်းတို့သည်။
သန္တိ၊ ရှိကုန်၏။
ထေမယူရာဒယော၊ ထိုဥဒေါင်းအစရှိကုန်သော ငှက်အပေါင်းတို့သည်။
ဝနမှီ၊ တော၌။
ဈာယိနံ၊ ဈာန်ဝင်စားလေ့ရှိသော။
တံ၊ သင့်ကို။
ရမိဿန္တိ၊ တော်အမှတ်ကို ဖြစ်စေလျက် မွေ့လျော်စေကုန်လတ္တံ့။
ဒေဝေ၊ မိုဃ်းသည်။
ဝုဋ္ဌမှိ၊ စွတ်သည်ရှိသော်။
စတုရင်္ဂုလေ၊ လက်လေးသစ်အတိုင်းအရှည်ရှိသော။
တိဏေ၊ နီသော အဆင်းရှိသောမြက်သည်။
ဇာတေ၊ ရောက်သည်ရှိသော်။
မေဃနိဘမှိ၊ မိုဃ်းတိမ်ရောင်သည်။
သံပုပ္ဖိတေ၊ ကောင်းစွာ ပွင့်သော။
ကာနနေ၊ တောကြီး၌။
နဂန္တရေ၊ တောင်ကြား၌။
ဝိဋပိသမော၊ သစ်ပင်နှင့်အတူ။
သယိဿံ၊ ကျိန်းဝမ်ခြင်းကို ပြုအံ့သတည်း။
တူလသန္နိဘံ၊ လဲဝါအဆင်းနှင့်တူသော အရောင်ရှိထသော။
မုဒု၊ နူးညံ့သော အတွေ့ရှိထသော။
တံ၊ ထိုမြက်ခင်းအပေါ်လွှမ်းအခင်းသည်။
မေ၊ ငါ့အား။
ဟေဟိတိ၊ ဖြစ်လတ္တံ့။
တထာ၊ ထိုမှ တပါး။
ဣဿရော၊ တစုံတယောက်သော အစိုးရသော ယောာင်္ကျားသည်။
ဝစနကရဒါသာဒိံ၊ စကားကိုလိုက်နာကုန်သော ကျွန်စသော သူကို။
ဝသေ၊ မိမိအလို၌။
ဝတ္တေသိယထာ၊ ဖြစ်စေသကဲ့သို့။
တထာ၊ ထိုအတူ။
စိတ္တ၊ အိုစိတ်။
မယှံ၊ ငါ၏။
ဝသေ၊ အလို၌။
တု၊ စင်စစ်။
ကဿာမိဝတ္တေမိ၊ ဖြစ်စေ၏။
စတူသုပစ္စယေသု၊ လေးပါးသော ပစ္စည်းတို့တွင်။
ယံ၊ အကြင်အမှတ် မရှိသော တခုခုသော ပစ္စည်းကို။
လဗ္ဘတိ၊ ရအပ်၏။
တေန၊ ထိုရရသမျှသော ပစ္စည်းဖြင့်လည်း။
မေ၊ ငါ့အား။
အလံ၊ စွမ်းနိုင်သည်။
ဟောတု၊ ဖြစ်စေလော။
ယသ္မာ၊ အကြင်ကြောင့်။
ဣဓ၊ ဤလောက၌။
ဧကစ္စေ၊ အချို့ကုန်သော။
သတ္တာ၊ သတ္တဝါတို့သည်။
တဏှုပ္ပါဒဟေတု၊ တဏှာဟူသော အကြောင်းကြောင့်။
စိတ္တဿ၊ စိတ်၏။
ဝသေ၊ အလိုသို့။
အနုဝတ္တန္တိယထာ၊ လိုက်ကုန်သကဲ့သို့။
အဟံပန၊ ငါမူကား။
တံ၊ သင်စိတ်အလိုသို့။
တဏှုပ္ပါဒံ၊ တဏှာ၏ ဖြစ်ခြင်းကို။
ဒူရတော၊ ဝေးစွာ။
ဝဇ္ဇန္တော၊ ကြဉ်လျက်။
ဒါသံဝိယ၊ စိတ်ကို ကျွန်ကဲ့သို့။
ကရောန္တော၊ ပြုလုပ်။
ဝသေ၊ ငါအလို၌။
ဝသေမိ၊ လိုက်စေအံ့။
အဟံ၊ ငါမူကား။
တံ၊ သင်စိတ်အလိုသို့။
နကဿာမိနဝတ္တေမိ၊ မလိုက်အံ့။
အတန္တိတော၊ သမ္မပ္ပဓာန်လုံ့လနှင့်ယှဉ်လျက် ဘာဝနာ၌ မပျင်းမရိသော သူသည်။
စိတ္တံ၊ မိမိစိတ်ကို။
ကမ္မဟောဂ္ဂံ၊ ကမ္မဋ္ဌာန်းစီးဖြန်းခြင်းအမှု၌ ခံ့သည်ကို။
ကရောတိယထာ၊ ပြုသကဲ့သို့။
တထာ၊ ထိုအတူ။
အဟမ္ပိ၊ ငါသည်လည်း။
တံ၊ သင်စိတ်ကို။
ကမ္မယောဂ္ဂံ၊ ကမ္မဋ္ဌာန်းစီးဖြန်းခြင်း အမှု၌ခံ့သော။
မယှံ၊ ငါ၏။
ဝသဝတ္တိံ၊ အလိုသို့လိုက်ခြင်းကို။
ကရိဿာမိ၊ ငါပြုအံ့။
ယထာ၊ အဘယ်ကဲ့သို့နည်း။
သုမဒ္ဒိတံ၊ ကောင်းစွာနယ်အပ်သော။
ဗိလစရဘတ္တံ၊ ကြောင်စာသည်ကြောင့်တည့်သော အိမ်သည်လည်း။
သုခေန၊ ချမ်းသာစွာ။
ပဋိဟရနီယဉ္စ၊ သွားလေရာရာဆောင်ခြင်းငှါ ခံ့သည်လည်း။
ဟောတိယထာ၊ ဖြစ်သကဲ့သို့။
တထာ၊ ထိုအတူ။
တံ၊ သင်စိတ်တို့ကို။
ကရိဿာမိ၊ ပြုအံ့။
တထာ၊ ထိုမှ တပါးလည်း။
ဣဿရော၊ တစုံတယောက်သော အစိုးရသော ယောင်္ကျားသည်။
ဝစနကရဒါသာဒိံ၊ စကားကို လိုက်နာ်သော ကျွန်စသည်ကို။
ဝသေ၊ မိမိအလို၌။
ဝတ္တေတိယထာ၊ လိုက်စေသကဲ့သို့။
တထာ၊ ထိုအတူ။
စိတ္တ၊ အိုစိတ်။
တံ၊ သင်ကို။
ဝသေ၊ ငါ၏ အလို၌။
ကဿာမိဝတ္တေမိ၊ လိုက်စေအံ့။
စတူသုပစ္စယေသု၊ ပစ္စည်လေးပါးတို့တွင်။
ယံ၊ အကြင်အမှတ်မရှိ တခုခုသော ပစ္စည်းကို။
လဗ္ဘတိ၊ ရအပ်၏။
တေနပိ၊ ထိုသို့ ရရမျှသော ပစ္စည်းဖြင့်လည်း။
မယှံ၊ ငါ့အား။
အလံ၊ စွမ်းနိုင်သည်။
ဟောတု၊ ဖြစ်စေလော။
မယှံ၊ ငါ၏။
ဝီရိယေန၊ ကမ္မဋ္ဌာန်းစီးဖြန်းခြင်း ဟူသော လုံ့လဖြင့်။
တံ၊ သင်စိတ်ကို။
မယှံ၊ ငါ၏။
ဝသံ၊ အလိုသို့။
အာနယိဿ၊ ဆောင်လေအံ့။
ကိံဝိယ၊ အဘယ်ကဲ့သို့နည်း။
ကုသလော၊ လိမ္မာသော။
အင်္ကုသဂ္ဂဟော၊ ချွန်းစွဲသော ဆင်ဆရာသည်။
မတ္တံ၊ အရန်ယစ်သော ။
ဂဇံ၊ ဆင်ကို။
ဝသံ၊ မိမိ၏ အတတ်လုံ့လဖြင့် မိမိအလိုသို့။
အာနေတိယထာ၊ ဆောင်သကဲ့သို့တည်း။
စိတ္တ၊ အိုစိတ်။
သုဒန္တေန၊ သမထဝိပဿနာ ဘာဝနာဟူသော ကောင်းစွာဆုံးမခြင်းဖြင့်။
အဝတ္တိတေန၊ ငါ၏ အလိုသို့ မလိုက်သော။
တယာ၊ သင်စိတ်သည်။
ဒမ္မေန၊ ဆုံးမသဖြင့်။
ဝသံ၊ ငါ၏ အလိုသို့။
အာနယိဿံ၊ ဆောင်အံ့။
ကိမိဝ၊ အဘယ်ကဲ့သို့နည်း။
ဟယေန၊ ကောင်းစွာဆုံးမသော မြင်းကို။
ယောဂ္ဂါစရိယောဝ၊ မြင်းကို ဆုံးမတတ်သော ရထားထိန်းသည်။
မဂ္ဂံ၊ ဘေးမရှိရာခရီးမှ။
ဥဇုနာ၊ ဖြောင့်စွာ။
ခေမမဂ္ဂံ၊ ဘေးမရှိသော ခရီးသို့။
ပဋိပဇ္ဇိတုံ၊ သွားစေခြင်းငှါ။
ပဟောတိဣဝ၊ စွမ်းနိုင်သကဲ့သို့။
သိဝံမဂ္ဂံ၊ နိဗ္ဗာန်ခရီးသို့။
ပဋိပဇ္ဇိတုံ၊ သွားအံ့သော ငှါ။
စိတ္တာနုရက္ခီဟိ၊ မိမိ၏ စိတ်ကို အဘန်တလဲလဲ စောင့်သော သီလတို့ဖြင့်။
သဒါ၊ အခါခပ်သိမ်း။
နိသေဝိတံ၊ ဘုရား အစရှိသော သူတော်ကောင်းတို့သည် မှီတဲအပ်သော အရိယာမဂ် ဟူသော ခရီးသို့။
ပဋိပဇ္ဇိတုံ၊ သွားခြင်းငှါ။
ပဟောမိ၊ စွမ်းနိုင်၏။
စိတ္တ၊ အိုစိတ်။
တံ၊ သင်ကို။
အာရမ္မဏေ၊ ကမ္မဋ္ဌာန်းဟူသော အာရုံ၌။
ဗလသာ၊ ဘာဝနာဟူသော အားဖြင့်။
နိဗန္ဓိဿံ၊ ငါ့ဖွဲ့လေအံ့။
ယထာကိံ၊ အဘယ်ကဲ့သို့နည်း။
ဟတ္ထာစရိယော၊ ဆင်ဆရာသည်။
နာဂံ၊ ကြီးစွာသော ဆင်ကို။
ထမ္ဘမှိ၊ ဆင်ချဉ်သော တိုင်၌။
ဒဠှာယ၊ မြဲမြံခိုင်ခံ့စွာသော။
ရဇ္ဇုယာ၊ ကြိုးဖြင့်။
မ္ပန္ဓတိဣဝ၊ ဖွဲ့ချည်သကဲ့သို့။
တထာ၊ ထိုအတူ။
ကံ၊ ထိုအမုန်ယစ်သော ဆင်နှင့်တူသော သင်စိတ်ရိုင်းကို။
သတိယာ၊ သတိဖြင့်။
သုဂုတ္တံ၊ ကောင်းစွာလုံခြုံစောင့်ရှောက်အပ်သည်။
သုဘာဝိတဉ္စ၊ ကောင်းစွာပွါးစေအပ်သည်လည်း။
ဟုတွာ၊ ဖြစ်၍။
သဗ္ဗဘဝေသု၊ ကာမဘဝစသော အလုံးစုံသော ဘဝတို့၌။
အနိဿိတံ၊ တဏှာဟူသော မှီခြင်းတို့ဖြင့် မမှီအပ်သည်။
ဟေသိတိ၊ ဖြစ်လတ္တံ့။
ဝိပထာနုသာရိနံ၊ ခရီးမမဟုတ်သည်ကိုသွားသောခန္ဓာ အာယတနလျှင် ဖြစ်ကြောင်းရှိသော စိတ်ကို။
ပညာယ၊ အရိယမဂ်ပညာဖြင့်။
ဒိသွာ၊ မဘောက်မပြန်မြင်၍။
ကိလေသဝိဖန္ဒိတံ၊ ကိလေသာသည်တုန်လှုပ်စေအပ်သော စိတ်ကို။
ဆေတွာ၊ ဣန္ဒြိယသံဝရသီ သကို မှီသော ဆင်ခြင်သော ပညာဖြင့် ဖြတ်၍။
ယောဂေန၊ ဝိပဿနာ ဘာဝနာကို အားထုတ်သော လုံ့လဖြင့်။
နိဂ္ဂယှ၊ နှိပ်၍။
ပထေ၊ ဝိပဿနာခရီး၌။
နိဝေသိယ ပတိဋ္ဌာပေတွာ၊ တည်စေ၍။
သမုဒယံ ဝိသဝဉ္စသမ္ဘဝံ၊ အာယတန၏ ဖြစ်ကြောင်း သမုဒယ သစ္စာဘဝ၏ ကင်းရာနိရောဓ သစ္စာ သဘောကို။
ဒိသွာ၊ တွေဝေခြင်းကင်းသော အားဖြင့် မြင်၍။
အဂ္ဂဝါဒိနော၊ နတ်နှင့်တကွသော လူ၌ မြတ်သော နိဗ္ဗာန်ကို ဟောတော်မူတတ်သော မြတ်စွာဘုရား၏။
ဒါယာဒေါ၊ အမွေခံရင်နှစ်သားတော် စစ်သည်။
ဟေဟိသိ၊ ဖြစ်လတ္တံ့။
စတုဗ္ဗိပလ္လာသဝသံ၊ အနိစ္စေနိစ္စစသော လေးပါးသော အလိုသို့ လိုက်လျက်။
အဓိဋ္ဌိတံ၊ တည်သော ငါ့ကို။
စိတ္တ၊ အိုစိတ်။
တွံ၊ သင်သည်။
ဂါမဏ္ဍလံဝ၊ ရွာသူသားငယ်ကဲ့သို့။
ပရိနေသိ၊ ထိုမှ ဤမှ ငင်ဆွဲဘိ၏ တကား။
သံယောဇနဗန္ဓနစ္ဆိဒံ၊ သံယောဇဉ်ဟု ဆိုအပ်သော ဆယ်ပါးအပြားရျိသော နှောင်ဖွဲ့ခြင်းကို မြစ်တတ်သော။
ကာရုဏိကံ၊ မြတ်သော ကာရုဏာရှိတော်မူသော။
မဟာမုနိံ၊ မုနိငါးပါးတို့ထက် မြတ်သော ဘုရားရှင်ကို။
သံသေဝသေနနု၊ မှီဝဲသင့်သည်သာမဟုတ်တုံလော့။
မိဂေါ၊ သမင်စသော သားသည်။
သုစိတ္တကာနနေ၊ သစ်ပင်ချုံနွယ် စသည်တို့ဖြင့် ကောင်းစွာဆန်းကြယ်သော တော၌။
သေရိ၊ မိမိအလိုရှိတိုင်း မွေ့လျော်သည်။
ဟောတိယထာ၊ ဖြစ်သကဲ့သို့။
ဧတံတထာ၊ ထိုအတူ။
ပါဝုသအဗ္ဘမာလိနိံ၊ မိုဃ်းရွာသော အခါထက်ဝန်းကျင်မှ ကောင်းစွာပွင့်သော တိမ်ပန်းလျှပ် ပန်းရေပန်းနှင့် လည်း ပြည့်စုံထသော။
ရမ္မံ၊ နှလုံးမွေ့လျော်ဘွယ်ရှိသော။
ဂိရိံ၊ တောင်ကို။
လဘိတွာ၊ အမှီသဟဲရ၍။
အနာကုလေ၊ လူသံစ သည်တို့ဖြင့် မပြွမ်းထသော ။
တတ္ထနဂေ၊ ထိုတော၌။
ရမိဿသိ၊ မွေ့လျော်လတ္တံ့။
အသံသယံ၊ ယုံမှားကင်းသဖြင့်။
တွံ၊ သင်သည်။
စိတ္တပရာ၊ စိတ်အလိုသို့ လိုက်သည်။
ဘဝိဿတိ၊ ဖြစ်ဘိသနည်း။
အမ္ဗောစိတ္တ၊ အိုစိတ်။
ယေနရာစ၊ အကြင်ယောင်္ကျားတို့သည်၎င်း။
ယာနာရိယောစ၊ အကြင်မိန်းမတို့သည်၎င်း။
တုယှံ၊ သင်၏။
ဆန္ဒေန၊ အလိုဖြင့်။
ဝသေန၊ နှစ်သက်ခြင်းဖြင့် ။
ဝတ္တိနော၊ ဖြစ်ကုန်လျက်။
ယံ သုခံ၊ အကြင်ကာမဂုဏ်နှင့်စပ်သော ချမ်းသာကို။
အနုဘောန္တိ၊ ခံစားကုန်၏။
မာရဝသာနုဝတ္တိနော၊ ကိလေသာကာမစသော မာန်တို့၏ အလိိုသို့ အစဉ်လိုက်လေ့ရှိကုန်ထသော။
ဘဝါသိနန္ဒီ၊ ကာမာဘဝ စသည်ကို နှစ်သက်ကုန်ထသော။
တဝ၊ သင်၏။
စိတ္တဝသံ၊ စိတ်၏ အလိုသို့။
ဂတာ၊ လိုက်ကုန်ထသော။
တေ၊ ထို ပုထုဇဉ်မိုက်တို့သည်။
တဝ၊ သင်စိတ်၏။
အနုသိဋ္ဌီကရာ၊ အဆုံးအမတိုင်း ပြုကုန်သည်။
ဟောန္တိ၊ ဖြစ်ကုန်၏။
မယံပန၊ ငါတို့မူကား။
သမ္မာသမ္ဗုဒ္ဓဿ၊ မြတ်စွာဘုရား၏။
သာဝကာ၊ တပည့်သားတို့သည်။
တဝ၊ သင်စိတ်၏။
ဝသေ၊ အလို၌။
နဝတ္တာမ၊ မလိုက်ကုန်အံ့။
ဣတိ၊ ဤသို့။
တာလပုဋ္ဋောထေရော၊ တာလပုဋထေရ်သည်။
ဣမာဂါထာယော၊ ဤဘွံဆိုသီကုံးအပ်သော ငါးဆဲ့ငါးဂါထာ တို့ကို။
အဘာသိတ္ထ၊ ရွတ်ဆိုပြီ။
ပညာသနိပါတမှိ၊ ပညာသနိပါတ်၌။
သုစိ၊ စင်ကြယ်သော အကျင့်ရှိသော။
တာလပုဋော၊ တာလပုဋအမည်ရျိသော ။
ဧကောဝ၊ တယောက်သာလျှင်တည်း။
တတ္ထ၊ ထိုပညာသနိပါတ်၌။
ဂါထာယော၊ ဂါထာတို့ကား။
ပုန၊ တ ဘန်။
ပဉ္စစဥတ္တရိ၊ ငါးဂါထာ အလွန်ရှိသော။
ပညာသ၊ ငါးဆယ်တို့သည်။
ဟောန္တိ၊ ဖြစ်ကုန်၏။
ဣတိဣဒံ၊ ဤသည်ကား။
ဥဒါနံ၊ ဥဒါန်းတည်း။
ပညာသနိပါတော၊ ပညာသနိပါတ်သည်။
သမတ္တော၊ ပြီးပြီ။
ပညာသနိပါတ် ပြီး၏။