ဧတ္ထ၊ ဤရဟန်းပြုရာ အစည်းအဝေး၌။
သမာဂတာ၊ အညီအညွတ် လာကုန်သော။
ယာဝန္တောယတ္တကာ၊ အကြင်မျှလောက်ကုန်သော။
သဗ္ဗေ၊ အလုံးစုံကုန်သော။
ဉာတယော၊ ဆွေမျိုးတို့သည်။
သုဏာထ၊ သောတဒွါရကို အစဉ်မှီးသဖြင့် မှတ်ကုန်သော။
ဝေါ၊ သင်တို့အား။
ဓမ္မံ၊ ဝဋ်ဆင်းရဲမှ ထွက်မြောက်ရာတရားကို။
ဒေသယိဿာမိ၊ ဟောအံ့။
ယောဇာတိနာမ၊ ထိုပဋိသန္ဓေ နေခြင်းမည်သည်။
ပုနပ္ပုနံ၊ အဘန်တလဲလဲ ဖြစ်သည်ရှိသော်။
ဒုက္ခာ၊ အလွန်ဆင်းရဲ၏။
တသ္မာ၊ ထိုသို့ ဆင်းရဲသောကြောင့်။
ဗုဒ္ဓသာသနေ၊ မြတ်စွာဘုရား သာသနာတော်တွင်း၌။
အာရဗ္ဘထ၊ ထိုဇာတိမှ လွတ်မြောက်ခြင်းငှါ လုံ့လ ပြုကုန်သော။
နိက္ကမထ၊ ပျင်းခြင်းမှ ထွက်သော အားဖြင့် ထိုထက်လွန်သော လုံ့လကို ပြုကုန်သော။
ယုဉ္ဇထ၊ နိုးကြားခြင်းနှင့်ယှဉ်သည်၏ အစွမ်းအားဖြင့် သမထဝိပဿနာ အဓိသီလတို့နှင့် ယှဉ်ကုန်သော။
ကုဉ္ဖရော၊ ဆင်ပြောင်သည်။
နဠာဂါရံ၊ ကျူဖြင့် ပြုအပ်သော အိမ်ကို။
ဝိဓံသေတိဣဝ၊ ဖျက်ဆီး သကဲ့သို့။
ဧဝမေဝ၊ ဤအတူသာလျှင်။
မစ္စုနော၊ သေမင်း၏။
သေနံ၊ သိလေသာ အပေါင်းတည်းဟူသော စစ်သည်ကို။
ဇနာထ၊ ဖျက်ဆီးကုန်လော။
ယော၊ အကြင်သူသည်။
ဣမသ္မိံ ဓမ္မဝိနယေ၊ ဤသုတ် အဘိဓမ္မာဝိနည်း၌။
အပ္ပမတ္တော၊ ကမ္မဋ္ဌာန်း စီးဖြန်းခြင်း စသော ကုသိုလ်ကောင်းမှု၌ မမေ့မလျော့သည်ဖြစ်၍။
ဝိဟဿတိ၊ နေအံ့။
သော၊ ထိုသူသည်။
ဇာတိသံဿရံ၊ ပဋိသန္ဓေနေခြင်းလျှင် အကြောင်းရှိသော သံသရာဝဋ်ကို။
ပဟာယ၊ မဂ်၏ အစွမ်းဖြင့် ပယ်၍။
ဒုက္ခဿ၊ ဆင်းရဲ၏။
အန္တံ၊ အဆုံးဖြတ်သော နိဗ္ဗာန်ကို။
ကရိဿတိ၊ မျက်မှောက်ပြုမှ လိမ့်သတည်း။
ဣတိ၊ ဤသို့။
အဘိဘူတတ္ထေရော၊ အဘိဘူတထေရ်သည်။
ဣမံဂါထတ္တယံ၊ ဤဂါထာသုံးခုတို့၏ အပေါင်းကို။
အဘာသိတ္ထ၊ ဆိုပြီ။
အသိဘူတထေရဂါထာအနက်ပြီး၏။