Issues
Select Version
နိဿယ
မြန်မာဘာသာ
Theragāthāpāḷi
Theragāthāpāḷi

10. Kaṇhadinnattheragāthā

Author: နိဿယ @ IAPT

အာဝုသော၊ ငါ့ရှင်တို့။ ဥပါသိကာ၊ ပဋိပတ္တိဆည်းကပ်လေ့ရှိကုန်သော။ သပ္ပုရိသာ၊ သီလစသော ဂုဏ်နှင့်ပြည့်စုံကုန်ထသော အရိယာ ပုဂ္ဂိုလ်တို့သည်။ ဓမ္မာ၊ သစ္စာပဋိစ္စသမုပ္ပါဒ် စသည်နှင့် ယှဉ်ကုန်သော တရားတို့ကို။ အဘိဏှသော၊ မပြတ်။
သုတာ၊ လောတဒွါရကို အစဉ်မှီးသဖြင့် ဆောင်အပ်မှတ်အပ်ကုန်၏။ သုတွာန၊ ဆိုအပ်ပြီးသော နာမ်ရုပ်တရားတို့ကို လက္ခဏ ရသစသည်နှင့် တကွ သိမ်းဆည်း၍။ အဉ္ဇသံအဉ္ဇသေန၊ နိဗ္ဗာန်သို့ရောက်စေတတ်သော အရိယမဂ္ဂင်ရှစ်ပါးနှင့် ယှဉ်သော ခရီးဖြင့်။ အမတောဂဓံ၊ ဆေးကြီးနှင့် တူသော ကင်းသော နိဗ္ဗာန်သို့။ ပဋိပဇ္ဇိဿံ၊ ရောက်လေအံ့။
ဘဝရာဂဟတဿ၊ ဘဝကို သတ်တတ်သော ရာဂဖြင့် အစမထင်သော သံသရာ ကာလပတ်လုံး ညှဉ်းဆဲ နှိပ်စက် တတ်သော ဥပဒ္ဒဝေါသည်။ သတောသမာနဿ၊ ဖြစ်သော။ မေမမ၊ ငါအား။ ပုန၊ တဘန်။ ဘဝရာ‌ဂေါ၊ ဘဝရာဂသည်။ နစဝိဇ္ဇတိ၊ ရှိသည်မရှိ။
မေ၊ ငါ့အား။ နစအာဟု၊ ရှေးပုထုဇ္ဇဉ် သေက္ခဖြစ်သော ကာလ၌ ဘဝရာဂဖြစ်ဘူး၏ အရဟတ္ထမဂ်ကို ရသောအခါမှ စ၍ မဖြစ်ပြီ။ မေ၊ ငါ့အား။ ဘဝရာဂေါ၊ ဘဝရာဂသည်။ နဘဝဿဘိ၊ နောင်အခါ မဖြစ်လတ္တံ့။ မေ၊ ငါ့အား။ ဧတရဟိ၊ ယခုပစ္စုပ္ပန်၌။ နစဝိဇ္ဇတိ၊ အရဟတ္တမဂ်ဖြင့် ပယ်အပ်ပြီးသော ကြောင့်မရှိ။
ဣတိ၊ ဤသို့။ ကဏှဒိန္နောထေရော၊ ကဏှဒိန္နထေရ်သည်။ ဣမံဂါထာနွယံ၊ ဤဂါထာနှစ်ခုအ‌ပေါင်းကို။ အဘာသိတ္ထ၊ ဆိုပြီ။ ကဏှဒိန္နထေရဂါထာ အနက်ပြီး၏။
တတိယော၊ သုံးခုမြောက်သော။ ဝဂ္ဂေါ၊ ဝဂ်သည်။ နိဋ္ဌိတော၊ ပြီးခြင်းသို့ရောက်ပြီ။
တဿ၊ ထိုတတိယဝဂ်၏။ ဥဒ္ဒါနံ၊ ဥဒါန်းသည်ကား။
ဥတ္တရော၊ ဥတ္တရထေရ်လည်းကောင်း။ ဘဒ္ဒဇိတ္ထေရော၊ ဘဒ္ဒဇိထေရ်လည်းကောင်း။ သောဘိတော၊ သောဘိတထေရ်လည်းကောင်း။ ဣသိ၊ သီလက္ခန္ဓစသောတရားကျေးဇူးကို ရှာမှီးပြီးသော။ ဝလ္လိယော၊ ဝလ္လိယေထေရ်လည်းကောင်း။
ဝီတသောကော၊ ဝီတသောက အမည်ရှိသော။ သောထေရောစ၊ ထိုမထေရ်လည်းကောင်း။ ပုဏ္ဏမာသောစ၊ ပုဏ္ဏမာသထေရ် လည်းကောင်း။ နန္ဒကောစ၊ နန္ဒကထေရ်လည်းကောင်း။
ဘရတော၊ ဘရတထေရ်လည်းကောင်း။ ဘာရဒွါဇောစ၊ ဘာရဒွါဇထေရ်လည်းကောင်း။ မဟာဂီရိ၊ မြတ်သော အသံရှိသော။ ကဏှဒိန္နော၊ ကဏှဒိန္နထေရ်လည်းကောင်း။ ဣတိ၊ ဤသည်လျှင်တည်း။ ဒုကနိပါတ်တတိယ ဝဂ်ပြီး၏။