ဘဒ္ဒန္တေ၊ အရှင်ဘုရား။
အဂါရိနော၊ သန္တာအဆင်းနှင့်တူသော သစ်ပင်တို့၏ အပွင့်အညွန့်နှင့် ပြည့်စုံထသော။
ဖလေသိနော၊ အသီးလည်းရှိကုန်ထသော။
ဒုမာ၊ သစ်ပင်တို့သည်။
ဆဒနံ၊ ရှေးအရွက်ဟောင်းကို။
ဝိပ္ပဟာယ၊ စွန့်ကုန်၍။
သံဆိန္နပဏ္ဍုပလာသာ၊ ပြန်သော သစ်ရွက်လျော်ရှိကုန်သည်။
ဟောန္တိ၊ ဖြစ်ကုန်၏။
တေဒုမာ၊ ထိုသစ်ပင်တို့သည်။
အစ္ဆိမန္တောဝအစ္ဆိမန္တောဣဝ၊ တောက်ပသော မီးကဲ့သို့ ။
ပဘာသယန္တိ၊ ထက်ဝန်းကျင်မှ အရောင်အဝါကို ဖြစ်စေကုန်၏။
မဟာဝီရ၊ ကြီးသော လုံ့လရှိတော်မူသော ဘုရားမြတ်။
ရသာနံ၊ အတ္တရသစသည်တို့၏။
ဘာဂီ၊ အဘို့ရှိသည်။
ဟုတွာ၊ ဖြစ်၍။
ဒါနိဣဒါနိ၊ ယခုအခါ၌။
အနုဂ္ဂဟိတာယ၊ ဆွေတော်မျိုးတော်တို့ကို ချီးမြှောက်အံ့သည်၏။
သမယော၊ အခါတံပြီ။
သမန္တတော၊ ထက်ဝန်းကျင်မှ။
ဒုမာနိ၊ သစ်ပင်တို့သည်။
ဖုလ္လာနိ၊ ထိုအရပ်၌ သီးပွင့်ကုန်သည်ဖြစ်၍။
မနောရမာနိ၊ နှလုံးမွေ့လျော်ဘွယ်ရှိကုန်ပြီ။
သဗ္ဗဒိသာ၊ ခပ်သိမ်းသော အရပ်မျက်နှာတို့သည်။
သဝန္ထိ၊ အပွင့်အနံ့တို့ကို လွှတ်ကုန်ပြီ။
ရုက္ခာ၊ သစ်ပင်တို့သည်။
ပတ္တံ၊ အရွက်အဟောင်းကို။
ပဟာယ၊ စွန့်၍။
ဖလံ၊ သီအံ့သည်ကို။
အာသိသမာနာ၊ ယူလိုကုန်သကဲ့သို့။
ဧဝံတထာ၊ ထိုအတူ။
ရုက္ခေါဘာယသောဘန္တိ၊ သစ်ပင်၏အရောင်ဖြင့် တင့်တယ်ကုန်ပြီ။
ဝီရ၊ ကြီးသောလုံ့လရှိတော်မူသော ဘုရားမြတ်။
ဣတော၊ ဤရာဇဂြိုဟလပြည်မှ။
ပက္ကမနာယ၊ ဖဲခြင်းငှါ။
ကာလော၊ အခါတန်ပြီ။
ဘဒ္ဒန္တေ၊ အရှင်ဘုရား။
ဣမသ္မိံ ကာလေ၊ ဤအခါ၌။
အတိသီတံ၊ အလွန်ချမ်းသည်။
နောအတ္ထိ၊ မရှိ။
ပန၊ ထိုမှတ ပါး။
အဘိဥဏှံ၊ အလွန်ပူခြင်းသည်။
နအတ္တိ၊ မရှိ။
ဥတု၊ ဥတုသည်။
အဒ္ဓနိယာ၊ အဓွန့်ရှည်သော ခရီးကိုသွားခြင်း ငှါခန့်သည်ဖြစ်၍။
သုခါ၊ အပူအချမ်း နှစ်ပါးမျှသော အားဖြင့် ချမ်းသာ၏။
ရောဟိနိံ၊ ရောဟိနိ အမည်ရှိသော မြစ်ကို။
တရန္တာ၊ ကူးသော သူတို့သည်။
ပစ္ဆာမုခံ၊ နောက်တူရူဖြစ်၍။
တရန္တိ၊ ကူးမကုန်၏။
သာကိယာစ၊ သာကီဝင်မင်းမျိုးတို့သည်လည်းကောင်း။
ကောဠိယာစ၊ ကောဠိယမင်းမျိုးတို့သည်လည်းကောင်း။
တံ၊ အရှင်ဘုရားကို။
ပဿန္တု၊ ဖူးမြင်ပါစေ ကုန်လော။
ခတ္တံ၊ လယ်ကို။
ကဿကော၊ ထွန်သော သူသည်။
အာသာယ၊ လယ်၌ အသီးကို တောင့်တသဖြင့်။
ကာဿတေ၊ ထွန်၏။
ကဿိတွာ၊ ထွန်ပြီး၍။
ဝပ္ပန္တေန၊ ပျိုးကြဲသော သူသည်။
အာသာယ၊ အသီးကိုတောင့်တသဖြင့် ။
ဗီဇံ၊ မျိုးစေ့ကို။
ဝပ္ပတိ၊ ကြဲချ၏။
ဓနဟာရကာ၊ ဥစ္စာကိုဆောင်လိုကုန်သော။
ဝါဏိဇာ၊ ကုန်သည်တို့သည်။
ဆာသာယ၊ ဥစ္စာကိုတောင့်တသဖြင့်။
သမုဒ္ဒံ၊ သမုဒ္ဒရာကို။
ယန္တိတရန္တိ၊ လှေဖြင့် ကူးကုန်၏။
အဟမ္ပိ၊ အကျွန်ုပ်သည်လည်း။
ယာယအာသာယ၊ အကြင်ဘုရာမြတ်စွာကိုတော်၏ ကပိလဝတ်ပြည့်တော်သို့ ကြွတော်မူခြင်းကို တောင့်တသဖြင့်။
ဣဓ၊ ဤအရပ်၌။
တိဋ္ဌာမိ၊ ရပ်၏။
မေ၊ အကျွန်ုပ်၏။
သာအာသာသပတ္ထနာ၊ ထိုသို့တောင့်တခြင်းသည်။
သမိဇ္ဈတု၊ ပြီးပြည့်စုံပါစေသတည်း။
တုမှေဟိ၊ အရှင်ဘုရားတို့သည်။၊
ကပီလဝတ္ထုံ၊ ကပိလဝတ်ပြည်သို့။
ဂန္ဓဗ္ဗံ၊ ကြွတော်မူအပ်၏။
ဣတိ၊ ဤသို့။
ဝဒတိ၊ ဆို၏။
ဝေဧကန္တေန၊ စင်စစ်သဖြင့်။
သကိဝုတ္တမတ္တေန၊ တကြိမ်သာ ပျိုးကာမျှဖြင့်။
ဝပ္ပေ၊ ကောက်သည်။
အသမ္ပဇ္ဇမာနေ၊ မပြည့်စုံသည်ရှိသော်။
ကဿကာ၊ လယ်လုပ်သော သူတို့သည်။
ပုနပ္ပုနံ၊ နှစ်ကြိမ် သုံးကြိမ် အဘန်တလဲလဲ။
ဗီဇံ၊ မျိုးစေ့ကို။
ဝပ္ပန္တိ၊ ပျိုးကုန်၏။
ဒေဝရာဇာစ၊ ပဇ္ဇုန်နတ်မင်းသည်လည်း။
အဝဿိတွာ၊ တကြိမ်မျှသာ မရွာမူ၍။
ပုနပ္ပုန၊ ဆယ်ရပ်တကြိမ်ငါးရပ် တကြိမ် လခွဲ တကြိမ်ဟု ဆိုအပ်သော အဘန်တလဲလဲရွာခြင်းကို။
ဝဿတိ၊ ရွာ၏။
ကဿကာ၊ လယ်လုပ်သောသူတို့သည်။
အကဿိတွာ၊ မကြိမ်မျှသာ မထွန်မူ၍။
ခေတ္တံ၊ လယ်ကို။
ပုနပ္ပုနံ၊ ကောက်ပြည့်စုံခြင်းညွန်၏ နူးညံ့ခြင်းကို ပြုခြင်းငှါ အဘန်တလဲလဲ ထွန်ခြင်းကို။
ကသန္တိ၊ ထွန်ကုန်၏။
အပရိကုဿနတော၊ တကြိမ်သာ စပါးကိုဆောင်ခြင်းကို ပြု၍ မသင့်ချေသေးဟု မနှစ်သက်သော သူအား။
ပုနပ္ပုနံ၊ ကျီကြ စသည်တို့၌ သိုမှီးသည်၏ အစွမ်းအားဖြင့် လူတို့သည် အဘန်တလဲလဲသလေး စသော စပါးကို ဆောင်ခြင်းကို။
ကတွာ၊ ပြု၍။
ဓညံ၊ သလေးစသောစပါးကို။
ရဋ္ဌံကောဋ္ဌကံ၊ ကျီကြသို့။
ဥပေတိဥပနေတိ၊ ဆောင်၏။
ယာစနကာ၊ သူတောင်းစားတို့သည်။
ဧကဝါရမေဝ၊ တကြိမ်သာလျှင်။
န၊ တောင်းကုန်သည်မဟုတ်။
ပုနပ္ပုနံ၊ အဘန်တလဲလဲ။
ဒါနပတိကေ၊ အလှူရှင်တို့ကို။
စရန္တိ ယာစန္တိ၊ တောင်းကုန်၏။
ဒါနပတီ၊ အလှူရှင်တို့သည်။
ယာစကာနံ၊ သူတောင်းစားတို့အား။
ဧကဝါရမေဝ၊ တကြိမ်သာလျှင်။
နဒဒန္တိ၊ မပေးကုန်။
ပုနပ္ပုနံ၊ အဘန်တလဲလဲ။
ဒဒန္တ၊ ပေးကုန်၏။
ဒါနပတိံ၊ အလှူရှင်တို့သည်။
ပုနပ္ပုနံ၊ အဘန်တလဲလဲ။
ဒဒိတွာ၊ အလှူခံ ပုဂ္ဂိုလ်အား ပေးလှူပြီး၍။
ပုနပ္ပုနံ၊ အဘန်တလဲလဲ။
သဂ္ဂဋ္ဌာနံ၊ နတ်ပြည်အရပ်သို့။
ဥပေန္တိ၊ ကပ်ကုန်၏။
တသ္မာ၊ ထိုကြောင့်။
အဟမ္ပိ၊ အကျွန်ုပ်သည်လည်း။
ပုနပ္ပုနံ၊ အဘန်တလဲလဲ။
ယာစာမိ၊ တောင်းပန်ပါ၏။
ဝီရောဝီရဝါ၊ ကြီးသော လုံ့ရှိတော်မူသော။
ဘူရိပညော၊ မြေကြီးအထုနှင့်တူသော ပညာရှိတော်မူသော။
မဟာပညော၊ ကြီးသော ပညာရှိတော်မူသော။
ပုရိသော၊ ယောင်္ကျားသည်။
ယသ္မိံ ကုလေ၊ အကြင်အမျိုး၌။
ဇာယတိ၊ ဖြစ်၏။
တတ္ထ၊ ထိုအမျိုးပ။
ဟဝေဧကန္တေန၊ စင်စစ်သဖြင့်။
သတ္တယုဂံ၊ ခုနစ်ပါးသော ယောင်္ကျားတို့၏ အကျိုးစီးပွါးအစုံကို။
ပူရေတိ၊ ပြည့်စေနိုင်၏။
ယာဝ၊ အကြင်မျှလောက်။
မမ္ပိ၊ အကျွန်ုပ်ကိုလည်း။
ပတိဋ္ဌာပနေန၊ အကျိုး၌တည်စေသဖြင့်။
တတောပရံ၊ ထိုထက်လည်း။
သောဓေတုံ၊ သုတ်သင်ခြင်းငှါ။
ဒေဝဒေဝါ၊ ခပ်သိမ်းသော နတ်တို့ထက် မြတ်သောနတ်ဖြစ်တော်မူသော အရှင်ဘုရားသ်လည်း။
သက္ကတိ၊ စွမ်းနိုင်တော်မူ၏။
ဣတိ၊ ဤသို့။
အဟံ၊ အကျွန်ုပ်သည်။
မညေမညာမိ၊ အောက်မေ့၏။
တယာ၊ အရှင်ဘုရားသည်။
ဇာတော၊ အရိယမဂ်ဖြင့်ဖြစ်တော်မူ၏။
မုနိ၊ ပစ္စုပ္ပန် သံသရာ အကျိုးနှစ်ပါးကို သိသောကြောင့် မုနိဟူသော။
သစ္စနာမော၊ မချွတ်မယွင်းသောအမည်တော်သည်။
ဟိယသ္မာ၊ အကြင်ကြောင့်။
ဟောတိ၊ ဖြစ်၏။
တသ္မာ၊ ထိုကြောင့်။
အဟံ၊ အကျွန်ုပ်သည်။
မညေမညာမိ၊ အောက်မေ့၏။
မဟေသိနော၊ သီလက္ခန္ဓာ စသော မြတ်သော တရားအပေါင်းကို ရှာတော်မူပြီးသော။
ဗုဒ္ဓဿ၊ မြတ်စွာဘုရား၏။
ပိတာ၊ ခမည်းတော်ကား။
သုဒ္ဓေါဒနောနာမ၊ သုဒ္ဓေါဒနအမည်ရှိ၏။
မာတာ၊ မယ်တော်သည်ကား။
မာယာနာမ၊ မာယာအမည်ရှိ၏။
သာ၊ ထိုမယ်တော်မာယာသည်။
ဗောဓိသတ္တံ၊ ဘုရားလောင်းကို။
ကုစ္ဆိနာ၊ ဝမ်းဖြင့်။
ပရိဟရိယ၊ ဆောင်ပြီး၍။
ကာယဿ၊ ကိုယ်ခန္ဓာ၏။
ဘေဒါ၊ ပျက်သည်မှ။
ဥဒ္ဓံ၊ အထက်၌။
တိဒိဂသ္မိံ၊ တုသိတာနတ်ပြည်၌။
မောဒတိ၊ မွေ့လျော်စံပျော်ရ၏။
ဂေါတမီ၊ ဂေါတမအနွယ်ဖြစ်သော။
သာ၊ ထိုမာယာဒေဝီသည်။
ဣတော၊ ဤလူ့ပြည်မှ။
ကာလင်္ကတာ၊ သေခဲ့၍။
စုတာ၊ ရွေ့လျောသည်ရှိသော်။
ဒိပ္ပေဟိကာမေဟိ၊ တုသိတာနတ်ပြည်၌ အကျွမ်းဝင်သော နတ်တို့၏ ကာမဝတ္ထုတို့ဖြင့်။
သမင်္ဂီဘူတာ၊ ပြည့်စုံသည်ဖြစ်၍။
မောဒတိ၊ မွေ့လျော်စံပျော်ရ၏။
သာ၊ ထိုမာယာဒေဝီသည်။
ပဉ္စဟိတာမဂုဏေဟိ၊ ငါးပါးသော ကာမဂုဏ်တို့ဖြင့်လည်းကောင်း။
တေဟိဒေဝဂဏေဟိ၊ ထိုနတ်အပေါင်းဖြင့်လည်းကောင်း။
ပရိဝါရိတာ၊ ခြံရံလျက်။
မောဒတိ၊ မွေ့လျော်စံပျော်ရ၏။
ဗုဒ္ဓဿ၊ သဗ္ဗညုဘုရားရှင်၏။
ပုတ်ေတာ၊ ရင်တော်မှ ဖြစ်သော တရားဒေသနာကို သောက်ရသောကြောင့် ရင်တော်အနှစ် သားတော်စစ်သည်။
အမှိ၊ ဖြစ်၏။
အသယှသာဟိနော၊ သူတပါးတို့ မနှိပ်စက်နိုင် ကိုယ်တော်က သူတပါးတို့ကို နှိပ်စက်ခြင်းငှါ တတ်နိုင်သော အလိုအနုသယစရိုက်နှလုံးသွင်းခြင်း စသည်ကို ထင်စွာ ပြု၍ ဘုရားကိစ္စကို ပြီးစေတတ်ထသော။
အင်္ဂီရလဿ၊ ပြည့်စုံစွာ ပြုအပ်သော သီလအစရှိသော ဂုဏ်အပေါင်းရှိတော်မူထသော။
အပ္ပဋိမဿ၊ မနှိုင်းယှဉ်အပ်ထသော။
တာဒိနော၊ သည်းခံခြင်းကျေးဇူးနှင့် ပြည့်စုံတော်မူထသော။
ဗုဒ္ဓဿ၊ မြတ်စွာဘုရား၏။
ပုတ္တော၊ သားတော်အစစ်သည်။
အမှိ၊ ဖြစ်၏။
သက္က၊ သာကီဝင်မင်းမျိုးဖြစ်တော်မူသော မင်းကြီး။
မယှံ၊ ငါ၏။
ပိတု၊ အဘဖြစ်သော ဘုရားရှင်၏။
တုဝံ၊ သင်မင်းကြီးသည်။
ပိတာ၊ အဘသည်။
အသိ၊ ဖြစ်၏။
ဂေါတမ၊ ဂေါတမအနွယ်ဖြစ်တော်မူသော မင်းကြီ။
ဓမ္မေန၊ အရိယဇာတ်လောကီဇာတ်နှစ်ပါးကို ပေါင်းသော သဘောဖြင့်။
တွံ၊ သင်မင်းကြီးသည်။
အယျကောပိတာမတော၊ ငါ၏ အဘိုးသည်။
အသိ၊ ဖြစ်၏။
ဣတိ၊ ဤသို့။
ကာဠုဒါယိ ထေရော၊ ကာဠုဒါယီထေရ်သည်။
ဣမာဒဿဂါထာယော၊ ဤဘွဲ့ဆိုသီကုံးအပ်သော ဆယ်ဂါထာ တို့ကို။
အဘာသိတ္ထ၊ ဆိုပြီ။
ကာဠုဒါယီထေရဂါထာ အနက်ပြီး၏။