Issues
Select Version
နိဿယ
မြန်မာဘာသာ
Theragāthāpāḷi
Theragāthāpāḷi

3. Māṇavattheragāthā

Author: နိဿယ @ IAPT

ဇိဏ္ဏဉ္စ၊ အိုခြင်းဖြင့် နှိပ်ါစက်အပ်သည်ဖြစ်၍ သွားကျိုးခြင်း အရေလိပ်ခြင်း ဆံဖြူခြင်း နှင့် ပြည့်စုံသည်ကိုလည်းကောင်း။ ဒုက္ခိတံ၊ ဆင်းရဲခြင်းသို့ ရောက်ခြင်းကိုလည်းကောင်း။ ဗျာဓိတံ၊ နာခြင်းကိုလည်းကောင်း။ ဒိသွာ၊ မြင်၍။ အာယုသင်္ခါယံ၊ ဇီဝိန္ဒြေဟု ဆိုအပ်သော အသက်၏ ကုန်ခြင်း ပျက်ခြင်းသို့။ ဂတံ၊ ရောက်သော။ မတံ၊ သေခြင်းကိုလည်းကောင်း။ ဒိသွာ၊ ဉာဏ်ဖြင့်မြင်၍။
တတော၊ ထိုအိုခြင်း နာခြင်း သေခြင်းမှ။ အဟံ၊ ငါသည်။ နိက္ခမိတုန၊ ထွက်မြောက်၍။ ပဗ္ဗဇိံ၊ ရဟန်းပြု၏။ မနောရမာနိ၊ ရာဂမကင်းကုန်သေးသော သူတို့၏ နှလုံးကို မွေ့လျော်စေတတ်ကုန်သော။ နိကာမာနိ၊ ဝတ္ထုကာမဂုဏ်တို့ကို။ ပဟာယပဇဟိတွာ၊ အရိယမဂ်ဖြင့် ပယ်၍။ ပဗ္ဗဇ္ဇိံ ဥပါဂမိံ၊ ရဟန်း အဖြစ်သို့ ရောက်၏။
ဣတိ၊ ဤသို့။ မာဏဝေါထေရော၊ မာဏဝထေရ်သည်။ ကာမာနံ၊ ကာမဂုဏ်တို့ကို။ ပဟာနကိတ္တနရခေန၊ ပယ်ခြင်းကို ကြားသော အမြွက်ဖြင့်။ ဣဓံဂါထံ၊ ဤဂါထာကို။ အဘာသိတ္ထ၊ ဆိုပြီ။ မာဏပထေရဂါထာ အနက်ပြီး၏။