Issues
Select Version
နိဿယ
မြန်မာဘာသာ
Theragāthāpāḷi
Theragāthāpāḷi

20. Saṭṭhinipāto

Author: နိဿယ @ IAPT

အာရညကာ၊ ရွာနီးကျောင်းကို ပယ်၍ အာရညကင်ဓုတင်ဆောက်တည်သော အားဖြင့် တောကျောင်း၌ နေကုန်သည်။ ပိဏ္ဍပါတိကာ၊ သံဃဘတ်ကို ပယ်၍ ပိဏ္ဍပတ်ဓုတင်ကို ဆောက်တည်ကုန်သည်။ ဥဉ္ဆာပတ္တာဂတေ၊ ဆွမ်းခံသော သပိတ်၌ အကျုံဝင်သော ဆွမ်းခံခြင်းရှိသည်၏ အဖြစ်၌။ ရတာ၊ မွေ့လျော်ကုန်သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။
ပစ္စုနာ၊ သေမင်း၏။ သေနံ၊ ကိလေသာသို့ လိုက်ခြင်း ရှိသော စစ်သည်ကို။ ဒါလေမု၊ ဖြတ်ကုန်အံ့။ အဇ္ဈတ္တံ၊ ကမ္မဋ္ဌာန်းအာရုံဟု ဆိုအပ်သော ဂေါစရာ အဇ္ဈတ္တ၌။ သုသမာဟိတာ၊ ကောင်းစွာ တည်ကြည်ကုန်သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။
အရညကာ၊ ရွာနီးကျောင်းကိုပယ်၍ အရညကင်ဓုတင် ဆောက်တည်သော အားဖြင့် တောကျောင်း၌ နေကုန်သည်။ ပိဏ္ဍပါတိကာ၊ သံဃဘတ်ကို ပယ်၍ပိဏ္ဍပတ်ဓုတင်ဆောက်တည်ကုန်သည်။ ဥဉ္ဆာပတ္တာဂတေ၊ ဆွမ်းခံသော သပိတ်၌ အကျုံးဝင်သော ဆွမ်းရှိသည်၏ အဖြစ်၌။ ရတာ၊ မွေ့လျော်ကုန်သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။
မစ္စုနာ၊ သေမင်း၏။ သေနံ၊ ကိလေသာသို့ လိုက်ခြင်းရှိသော စစ်သည်ကို။ ဓုနာမ၊ ဖျက်ဆီးကုန်အံ့။ ကိံဝိယ၊ အဘယ်ကဲ့သို့နည်း။ ကုဉ္ဇရော၊ ဆင်ပြောင်သည်။ နဠာဂါရံ၊ ကျူးဖြင့် ပြီးသော အိမ်ကို။ ဓုနာတိဣဝ၊ ဖျက်ဆီးသကဲ့သို့။ ဓုနာမ၊ ဖျက်ဆီးကုန်အံ့။
သာတတိကာ၊ မချွတ်မယွင်းဘာဝနာဖြင့် အမြဲဖြစ်သော လုံ့လရှိကုန် သည်ဖြစ်၍။ ရုက္ခမူလိကာ၊ ကျောင်းကို ပယ်၍ ရုက္ခမူဓုတင် ဆောက်တည် ကုန်သည်ဖြစ်၍။ ဥဉ္ဆာပတ္တာဂတေ၊ ဆွမ်းခံသော သပိတ်၌ အကျုံးဝင်သော ဆွမ်းရှိသည်၏ အဖြစ်မျှ၌။ ရတာ၊ ‌ မွေ့လျော်ကုန်သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။
မစ္စုနော၊ သေမင်း၏။ သေနံ၊ ကိလေသာသို့ လိုက်ခြင်းရှိသော စစ်သည်ကို။ ဒါလေမု၊ ဖြတ်ကုန်အံ့။ အဇ္ဈတ္တံ၊ ကမ္မဋ္ဌာန်းအာရုံတည်းဟူသော ဂေါစရအဇ္ဈတ္တ၌။ သုသမာဟိတာ၊ ကောင်းစွာတည်ကြည်ကုန်သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။
သာတတိကာ၊ ကမ္မဋ္ဌာန်းကို ပွါးစေခြင်း၌ အမြဲဖြစ်သော လုံ့လရှိကုန်သည်ဖြစ်၍။ ရုက္ခမူလိကာ၊ ကျောင်းကို စွန့်၍ ရုက္ခမူဓုတင်ဆောက်တည်ကုန်သည်။ ဥဉ္ဆာပတ္တာဂတေ၊ ဆွမ်းခံသော သပိတ်၌ အကျုံးဝင်သော ဆွမ်းမျှ၌။ ရတာ၊ မွေ့လျော်ကုန်သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။
မစ္စုနော၊ သေမင်း၏။ သေနံ၊ ကိလေသာသို့ အစဉ်လိုက် တတ်သော စစ်သည်ကို။ ဓုနာမ၊ ဖျက်ဆီးကုန်အံ့။ ကိံဝိယ၊ အဘယ်ကဲ့သို့နည်း။ ကုဉ္ဇရော၊ ဆင်ပြောင်သည်။ နဠာဂါရံ၊ ကျူတောကို။ ဝိဒ္ဓံလေတိဣဝ၊ ဖျက်ဆီးသကဲ့သို့။ ဝိဒ္ဓံသေမ၊ ဖျက်ဆီးကုန်အံ့။
အဋ္ဌိကင်္ကသကုဋိကေ၊ အရိုးဟု ဆိုအပ်သော အဆက်ဖြင့် ပြီးသော ကုဋီ၌။ မံသနှာရုပသိဗ္ဗိတေ၊ အသားအကြောကိုးရာတို့ဖြင့် ထက်ဝန်းကျင်မှ ချုပ်အပ်ဖွဲ့အပ်သော။
ဒုဂ္ဂန္ဓေ၊ မကောင်းသော အနံ့ရှိသော။ မမာဟသေ၊ ပုထုဇဉ်မိုက်တို့သည် မြတ်နိုးအပ်သော။ ပရဂတ္တေ၊ သူတပါးကိုယ်၌ လည်းကောင်း။ ပူရေ၊ အထူးထူးအပြားပြားသော မစင်၏ ပြည့်ရာဖြစ်သော ဤငါ၏ ကိုယ်၌ လည်းကောင်း။ ဓိ၊ မကောင်းသော အနံ့စသည်ဖြင့် စက်ဆုပ်ရွံရှာဘွယ် သည်။ အတ္ထု၊ သင်အား ဘောက်ပြန်ခြင်း ရှိလေစွတကား။
ဂူထဘသ္တေ၊ မစင်ဖြင့်ပြည့်သောသားရေအိပ်နှင့်တူသော။ တစောနဒ္ဓေ၊ အရေဖြင့် ဖွဲ့အပ်သော။ ဥရေ၊ ရင်၌။ ဂဏ္ဍိ၊ တည်သော အိုင်းအမာနှင့် တူသော သမြတ်နှစ်ခုသည်။ ပိသာစိနိ၊ ကြောက်မက်ဘွယ်ရှိသော အကျိုးမဲ့ကို ဆောင်တတ်သော လူသားစားကြူးဘီလူးနှင့် တူကုန်ထသော။
ယာနိသောတာနိ၊ အကြင်ကိုး ပါးသော အမာဝတို့သည်။ တေ၊ သင်၏။ ကာယေ၊ ကိုယ်၌။ သဗ္ဗဒါ၊ အခါခပ်သိမ်း။ သန္ဒန္တိ၊ စီးယိုထွက်ကုန်၏။
တဝ၊ သင်၏။ သရိရံ၊ ကိုယ်သည်ကား။ နဝသောတံ၊ ကိုးပါးသော အမာဝတည်းဟူသော စီးယိုရာ လည်းရှိ၏။ ဒုဂ္ဂန္ဓံ၊ မစင်စသည်တို့ဖြင့် မကောင်းသော အနံ့လည်းရှိ၏။ ကရိပရိဗန္ဓံ၊ ကျင်ကြီးနှင့် စင်၏။
ဘိက္ခု၊ ရဟန်း။ တွံ၊ သင်သည်။ သုစိကာမော၊ စင်ကြယ်ခြင်းကို အလိုရှိသော သူသည်။ သုစိမေဝ၊ စင်ကြယ်ရာကို သာလျှင်။ ဣစ္ဆန္တော၊ အလိုရှိသည်ဖြစ်၍။ သသီသနှာတော၊ ဥက္ခောင်းနှင့်တကွရေချိုးပြီးသည်ဖြစ်၍။ မိဠှံ၊ မစင်ကို။ ဒိသွာ၊ မြင်၍။ ပရိဝဇ္ဇေသိဣဝ၊ အဝေးမှ ကြဉ်သကဲ့သို့။ ဧဝံတထာ၊ ထိုအတူ။ တေ၊ သင်၏။ တံကာယံ၊ ထိုဆိုကဲ့ပြီးသောကိုးပါးသော အမာဝမှ မပြတ်ယိုစီးခြင်းရှိသော ကိုယ်ကို။ ပရိဝဇ္ဇယ၊ ဝေးစွာ ကြဉ်လေလော။
ဧဝံ၊ ဤသို့ ဆိုအပ်ခဲ့ပြီးသော ကိုယ်ဟူ၍ မှတ်အပ်သော။ ဧတံ၊ ဤမစင်အစုကို။ အဟံ၊ ငါသည်။ မနောဇညာယ၊ စိတ်ဖြင့် သိ၍။ တံ၊ ထိုဆိုအပ်ခဲ့ပြီးသော ကိုယ်ကို။ အဟံ၊ ငါသည်။ ဇာနာမိယထာ၊ သိသကဲ့သို့။ မဟာဇနော၊ လူအများပေါင်းသည်။ ဇာနေယျ၊ သိရာ၏။
ပါဝုသော၊ မိုဃ်းရွာသော ကာလ၌။ ဂူထဋ္ဌာနံ၊ မစင်ရှိရာ အရပ်ကို။ သုစိဇာတိကော၊ စင်ကြယ်သော သဘောရှိသော သူသည်။ ပရိဝဇ္ဇေတိဣဝ၊ ဝေးသော အရပ်မှ ကြဉ်သကဲ့သို့။ တံကာယံ၊ ထိုဆိုကဲ့ပြီးသော ကိုယ်ကို။ အာရကာ၊ ဝေးစွာ။ ပရိဝဇ္ဇေယျ၊ ကြဉ်ရာ၏။
ဧဝံ၊ ဤသို့ ထင်ရှားသော စက်ဆုပ်ရွံရှာ ဘွယ်သဘောရှိသော ကိုယ်၌။ မဟာဝီရ၊ ကြီးစွာသော လုံ့လရှိသော။ သမဏ၊ ရှင်ရဟန်း။ တွံ၊ ရှင်ရဟန်းသည်။ ယံဝစနံ၊ အကြင်စကားကို။ အဘာသတိ၊ ဆို၏။
ဧတံဝစနံ၊ ဤအရှင်ဘုရားဆိုတိုင်းစကားသည်။ ဧဝံ၊ ဤဆိုတိုင်းပင်ဟုတ်ပေ၏။ ဧတ္ထ၊ ဤစက်ဆုပ်ရွံရှာဘွယ်ရှိသော ကိုယ်၌။ ဧကေ၊ အချို့ကုန်သော သတ္တဝါတို့သည်။ ပင်္ကမှိ၊ ညွန်၍။ ဇရဂ္ဂဝေါ၊ နွားအိုသည်။ ဗျသနံ၊ ပျက်စီးခြင်းသို့။ ပါပုဏာတိယထာ၊ ရောက်သကဲ့သို့။ အာသတ္တိလတတာယ၊ တဏှာတည်းဟူသော စီးယိုခြင်း အားကြီးသည်၏ အဖြစ်ကြောင့်။ ဝိသီဒန္တိ၊ ကြင်နာခြင်းသို့ ရောက်ကုန်၏။
ယော ပုဂ္ဂလော၊ အကြင်ပုဂ္ဂိုလ်သည်။ ဟလိဒ္ဒိယာ၊ နနွင်းဖြင့် လည်းကောင်း။ အညေနဝါပိယင်္ဂေန၊ တပါးသော ဆိုးရေဖြင့် လည်းကောင်း။ အာကာသမှိ၊ ကောင်းကင်ကို။ ရဇေတဝေ၊ ဆိုးခြင်းငှါ ။ မညထဣဝ၊ အောက်မေ့ကုန်သကဲ့သို့။
ဧဝံတထာ၊ ထိုအတူ။ တဿ၊ ထို ပုဂ္ဂိုလ်၏။ တံ၊ ထိုကံသည်။ ဝိဃာတုဒ္ဒယမေဝ၊ စိတ်၏ ပင်ပန်းခြင်းသည်သာလျှင်။ သိယာ၊ ဖြစ်ရာ၏။
တံဣဒံ မမစိတ္တံ၊ ထိုငါ၏ စိတ်သည်။ အာကာသသမံ၊ ကောင်းကင်နှင့်တူ၏။ အဇ္ဈတ္တံ၊ တစုံတခုအာရုံ၌ ငြိတွယ်ခြင်းမရှိသော အားဖြင့် ကမ္မဋ္ဌာန်းဟူသော အာရုံ၌ ငြိတွယ်သည်ဖြစ်၍။ သုသမာဟိတံ၊ ကောင်းစွာ တည်ကြည်၏။
တသ္မာ၊ ထိုကြောင့်။ အဂ္ဂိခန္ဓံ၊ မီးပုံကို။ ပက္ခိမာ၊ ပိုးဖလံသည်။ အသာဒေန္တော၊ သာယာသည်ရှိသော်။ အနတ္တမေဝ၊ အကျိုးမဲ့သာလျှင်။ ပါပုဏာတိဣဝ၊ ရောက်သကဲ့သို့။ ပါပစိတ္တေ၊ မကောင်းစွာသော ကာမဂုဏ်တို့၌ နစ်သော အားဖြင့် ယုတ်သော စိတ်၌။ မာဒိသော၊ ငါကဲ့သို့ သဘောရှိသော သူသည်။ မာအာဟရိ၊ မဆောင်အံ့။
စိတ္တကတံ၊ အဝတ်တန်ဆာ စသည်ဖြင့် ဆန်းကြယ်စွာ ပြုအပ်သော။ ဣမံဗိမ္မံ၊ ဤမိန်းမရုပ်ကို။ ပဿ၊ အနိစ္စစသော အခြင်းအရာဖြင့် ရှုလော။ (လ)၊
ယဒါ၊ အကြင်ရှင်သာရိ ပုတ္တရာ ပရိနိဗ္ဗာန် ပြုသော အခါ၌။ ယံဘိံ သနကံ၊ အကြင်ကြောက်မက်ဖွယ်သည်။ အာသိ၊ ဖြစ်၏။
အနကာ ကာရသမ္ပန္နေ၊ များစွာသော သီလသံဝရစသော အပြားတို့ဖြင့် ပြည့်စုံသော။ သာရိပုတ္တမှိ၊ သာရိပုတ္တရာသည်။ နိဗ္ဗုတေ၊ ပရိနိဗ္ဗာန် ပြုသည်ရှိသော်။ တဒါ၊ ထိုအခါ၌။ ယံဘိံ သနကံ၊ အကြင်ကြောက်မက်ဘွယ်သည်။ အာသိ၊ ဖြစ်ပြီ။
သင်္ခါရာ၊ သင်္ခါရ တရားတို့သည်။ အနိစ္စာဝတ၊ အမြဲမရှိကုန်စွ နကား။ (လ)၊
တောယောဂိနော၊ ထိုယောဂီ ပုဂ္ဂိုလ်တို့သည်။ သုခုမံ၊ အလွန်သိမ်မွေ့သော အနက် အဓိပ္ပါယ်ကို။ ပဋိဝိဇ္ဈန္တိ၊ ထိုးထွင်း၍ သိသည်မည်ကုန်၏။ ယထာကိံ၊ အဘယ်ကဲ့သို့နည်း။ ဝါလဂ္ဂံ၊ အစိတ်တရာရှိသော သားမြီး၏ တခုသော အမွေးဖျားကို။ ဥသုနာ၊ တတ်လှစွာသော လေးသမားသည်။ ဝိဇ္ဈန္တိယထာ၊ အမိုက်တိုက်ဖြစ်သော အခါ လျှပ်စစ်ရောင်မျှဖြင့် မှန်အောင် ပစ်နိုင်သကဲ့သို့။
ဧဝံတထာ၊ ထိုအတူ။ ယေ ပဉ္စက္ခန္ဓေ၊ အကြင်ငါးပါးသော ခန္ဓာတို့ကို။ ပရတော၊ အနတ္တသဘောဖြင့်။ ပဿန္တိ၊ ဟုတ်မှန်စွာ မြင်ကုန်၏။ အတ္တတော၊ ငါ၏ ကိုယ်ဟူသော စွဲလမ်း၍ ယူခြင်းဖြင့်။ နောပဿန္တိ၊ မမြင်ကုန်။
ယေစသင်္ခါရေ၊ အကြင်သင်္ခါရတရားတို့ကို။ ပရတော၊ အနတ္တသဘောဖြင့်။ ပဿန္တိ၊ ဟုတ်မှန်စွာ မြင်ကုန်၏။ အတ္တတော၊ အတ္တသဘောဖြင့်။ နောပဿန္တိ၊ မရှုကုန်။
နိပုဏံ၊ သိမ်မွေ့သော ခန္ဓာ ငါးပါးစသော သဘောတရားကို။ ပစ္စဗျာဓိံသု၊ ထိုးထွင်း၍ သိကုန်၏။ ကိံဝိယ၊ အဘယ်ကဲ့သို့နည်း။ ဝါလဂ္ဂံ၊ အစိတ်တရာ ရှီသော သားမြီး၏တခုသော အမွေးဖျားကို။ ဥသုနာ၊ တတ်လှစွာသော လေးသမားသည်။ ဝိဇ္ဈန္တိယထာ၊ အမိုက်တိုက်ဖြစ်သော အခါလျှပ်စစ် ရောင်မျှဖြင့် ပစ်နိုင်သကဲ့သို့။ ဧဝံတထာ၊ ထိုအတူ။ ပစ္စဗျာဓိံသု၊ ထိုးထွင်း၍ သိကုန်၏။
သတ္တိယာ၊ လှံဖြင့်။ ဩမဋ္ဌောဝိယ၊ နှိပ်၍ ထိုးဘိသကဲ့သို့ လည်းကောင်း။ မတ္ထကေ၊ ဥက္ခောင်းထက်၌။ ဍယှမာနောဝိယ၊ မီးလောင်သကဲ့သို့လည်းကောင်း။
ကာမရာဂပဟာနာပယ၊ ကာမဂုဏ်ငါးပါး၌ တပ်သော ရာဂကို ပယ်ခြင်းငှါ။ သတော၊ သတိနှင့် ပြည့်စုံသော။ ဘိက္ခု၊ ရဟန်းသည်။ ပရိဗ္ဗဇေပရိဗ္ဗဇေယျ၊ ကျင့်ရာ၏။
ဘဝရာဂပဟာနာယ၊ ဘဝရာဂကို ပယ်ခြင်းငှါ။ (လ)၊
ဘာဝိတတ္တေန၊ ပွါးစေအပ်ပြီးသော မဂ်ရှိသော။ သပရီရန္တိမဓာရိနာ၊ အဆုံးဖြစ်သော ကိုယ်တော်ကိုဆောင်သော ဘုရားမြတ်စွာသည်။ စောဒိတော၊ တိုက်တွန်းအပ်သော အရှင်မောဂ္ဂလာန်သည်။
မိဂါရမာတုပါသာဒံ၊ မိဂါရသူဋ္ဌေးသည် အမိအရာ၌ ထားအပ်သော ဝိသာခါဒါယိကာမ ပြာသာဒ်ကို။ ပါဒင်္ဂဋ္ဌေန၊ ခြေမဖြင့်။ ကမ္ပယိံ၊ တုန်လှုပ်စေ၏။
ဣဒံ နိဗ္ဗာနံ၊ ဤနိဗ္ဗာန်ကို။ သီထိလံ၊ လျော့လျော့။ နအာရမ္ဘ၊ အားမထုတ်မူ၍။ ဣဒံ နိဗ္ဗာနံ၊ ဤနိဗ္ဗာန်ကို။ အပ္ပေန၊ အနည်းငယ်သော။ ထာမသာ၊ အစွမ်းဖြင့်။ ဂန္ဓဗ္ဗံ၊ မရအပ်။
သဗ္ဗဂန္ထဝတနံဣဝ၊ အလုံးစုံသော ကျမ်းကို ဆောင်ရွက်အားထုတ်သည် အတူသာလျှင်။ နံ၊ ထိုနိဗ္ဗာန်ကို။ မဟန္တေန၊ ကြီးစွာသော။ စတုဗ္ဗိဓသမပ္ပဓာနဝီရိယေန၊ လေးပါးအပြားရှိသော သမ္မပ္ပဓာန်လုံ့လဖြင့်။ ပတ္တဗ္ဗံ၊ ရောက်အပ်၏။
အဉဉ္စဘိက္ခု၊ ဤရဟန်းသည်ကား။ ဒဟရော၊ ငယ်စွာသေး၏။ အယံ ဥတ္တမပေါရိသော၊ ထိုမြတ်သော ယောင်္ကျားသည်။
သဝါဟနံ၊ စစ်သည်ဗိုလ်ပါနှင့်တကွသော။ မာရံ၊ ဒေဝပုတ္တစသော မာရ်ကို။ ဇေတွာ၊ အောင်ပြီး၍။ အန္တိမံဒေဟံ၊ အဆုံးစွန်သော ကိုယ်ကို။ ဓာရေတိ၊ ဆောင်၏။
ဝေဘာရဿ၊ ဝေဘာရတောင်၏လည်းကောင်း။ ပဏ္ဍဂဿစ၊ ပဏ္ဍဝတောင်၏ လည်းကောင်း။ ဝိဝရံ၊ အကြား၌။ ဝိဇ္ဇုနာ၊ လျှပ်စစ်တို့သည်။ အနုပတန္တိ၊ ပျက်သဖြင့် ကျကုန်၏။
အပ္ပဋိမဿ၊ အတုမရှိသော။ တာဒိနော၊ ဣဋ္ဌာရုံ အနိဋ္ဌာရုံ စသည်၌ သည်ခံခြင်းနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရာ၏။ ပုတ္တော၊ သားတော်ရှင် မောဂ္ဂလာန်ရဟန်းသည်။ နဂဝိဝရဂတော၊ ဝေဘာရတောင် ပဏ္ဍဝတောင်တို့၏ အကြားသို့ ကပ်လျက်။ ဈာယတိ၊ အရဟတ္တဖိုလ်ဈာန်ကို ဝင်စား၏။
ဥပသန္တော၊ ငြိမ်သက်တည်ကြည်သော ဣန္ဒြေရှိထသော။ ဥပရတော၊ အရဟတ္တဖိုလ်ဈာန်ဖြင့် မွေ့လျော်ထသော။ ပန္တသေနာသနော၊ လူတို့၏ ဆိတ်ငြိမ်ရာတောကျောင်း၌ နေလေ့ရှိသော။ မုနိ၊ အရှင်မောဂ္ဂလာန်ရဟန်းသည်။
ဗြဟ္မုနာ၊ မဟာဗြဟ္မာမင်းသည် လည်းကောင်း။ သဒေဝကေန၊ နတ်နှင့်တကွသော လူသည်လည်းကောင်း။ အဘိဝန္ဒိတော၊ ရိုသေစွာ ရှိခိုးအပ်သော။ ဗုဒ္ဓသေဋ္ဌဿ၊ ဘုရားမြတ်၏။ ဒါယာဒေါ၊ တရားအမွေခံသည်။ ဟောတိ၊ ဖြစ်၏။
ဥပသန္တော၊ ငြိမ်သက်တည်ကြည်သော ဣန္ဒြေရှိထသော။ ဥပရတော၊ အရဟတ္တဖိုလ်ဈာန်ဖြင့် မွေ့လျော်ထသော။ ပန္တသေနာသနော၊ လူတို့၏ ဆိတ်ငြိမ်ရာတောကျောင်း၌ နေလေ့ရှိသော။ မုနိ၊ အရှင်မောဂ္ဂလာန်ရဟန်းသည်။ ဗြဟ္မုနာ၊ မဟာဗြဟ္မာမင်းသည်လည်းကောင်း။ သဒေဝကေန၊ နတ်နှင့်တကွသော လူသည်လည်းကောင်း။ အဘိဝန္ဒိတော၊ ရိုသေစွာ ရှိခိုးအပ်သော။ ဗုဒ္ဓသေဋ္ဌဿ၊ ဘုရားမြတ်၏။ ဒါယာဒေါ၊ တရားအမွေခံသည်။ ဟောတိ၊ ဖြစ်၏။
ဥပသန္တံ၊ စက္ခုန္ဒြေစသည်စောင့်ရှောက်ခြင်းဖြင့် အလွန်ငြိမ်သက်စွာထသော။ ဥပရတံ၊ တောအရပ်သို့ ကပ်သဖြင့် တော်၌ မွေ့လျော်ထသော။ ပန္တသေနာသနံ၊ လူတို့၏ ဆိတ်ငြိမ်ရာ ကျောင်း၌ နေလေ့ရှိထသော။ မုနိံ၊ ရဟန္တာဖြစ်သော။ ဗုဒ္ဓသေဋ္ဌဿ၊ မြတ်စွာဘုရား၏။ ဒါယာဒံ၊ တရားအမွေခံဖြစ်သော။ ကဿပံ၊ ကဿပထေရ်မြတ်ကို။ ဗြဟ္မဏ၊ ပုဏ္ဏား။ တွံ၊ သင်သည်။ ဝန္ဒ၊ ရှိခိုးလော။
ဗြာဟ္မဏ၊ ပုဏ္ဏား။ ယော၊ အကြင်သူသည်။ ဇာတိသတံ၊ ပုဏ္ဏားဇာတ်သို့ အစဉ်အတိုင်းဖြစ်သော အရာသော အမျိုးသို့။ ဂစ္ဆေဥပဂစ္ဆေ၊ ရောက်ရာ၏။ သဗ္ဗဇာတိယောစ၊ အလုံးစုံသော အမျိုးတို့သည် လည်းကောင်း။
သောတ္ထိယော စ၊ မင်းဇာတ်ရှိသော သူတို့သည်လည်းကောင်း။ မနုဿေသု၊ လူတို့တွင်။ ပုနပ္ပုနံ၊ အဘန်တလဲလဲ။ အဇ္ဈာယကော၊ ဗေဒင်ကို သရဇ္ဈာယ်သော။ ဝေဒသမ္ပန္နော၊ ဗေဒင်သုံးပုံတို့၏ အဆုံးတိုင်အောင် တတ်သော ဉာဏ်ရှိသော သူသည်လည်းကောင်း။
တိဏ္ဏံဝေဒါနံ၊ ဗေဒင် သုံးပုံတို့၏။ ပါရဂူ၊ အဆုံးအပြီးတိုင်အောင် တတ်သော သူသည် လည်းကောင်း။ စေအဿ၊ အကယ်၍ဖြစ် ငြားအံ့။ တဿ၊ ထိုမိဘဘေးဘိုးခုနစ်ဆက်မှ ပုဏ္ဏားဖြစ်သသူသို့ ကပ်ခြင်းဗေဒင်သုံးပုံကို တတ်ခြင်း ပုဏ္ဏားတို့၏ အကျင့်ဝတ်ကို ပြည့်ခြင်းသုံးပါး၏။ တံဇလံ၊ ထိုအကျိုးသည်။
ဧတဿ၊ ထိုမဟာကဿပထေရ်အား။ ဝန္ဒနာယ၊ ရှိခိုးခြင်းကောင်းမှု၏။ သောဠသိံ၊ တဆဲခြောက်စိတ်စိတ်၌။ ဧကံကလံ၊ တစိတ်မျှကိုလည်း။ နဂ္ဃတိ၊ မထိုက်။
ဗြာဟ္မဏ၊ ပုဏ္ဏား ။ ယောသော၊ အကြင်သူသည်။ အဋ္ဌဝိမောက္ခာနိ၊ ရူပဈာန်စသော ဝိမောက္ခတို့ကို။ အနုလောမံပဋိလောမံ၊ ပဋ္ဌမဈာန်မှ စ၍ နေဝသညာနသညာယတနဈာန်တိုင်အောင် အစဉ်အတိုင်း နေဝသညာ နာသညာယတနဈာန်မှ ပဌမဈန်တိုင်အောင် အနုလုံပဋိလုံ။ ပုရေဘတ္တံ၊ ဆွမ်းမစားမှီရှေးအဖို့၌။ အဖဿတိ၊ အကြိမ်များစွာ ဝင်စား၏။
တတော၊ ထိုသမာပတ်မှ။ ဝုဋ္ဌာယ၊ ထ၍။ ပိဏ္ဍာယ၊ ဆွမ်းအလို့ငှါ။ ဂစ္ဆတိ၊ သွား၏။
တာဒိသံ၊ ထိုသို့ သဘောရှိသော။ ဘိက္ခုံ၊ ဘုရားအလိုတော်သို့ အစဉ်လိုက်သော မြတ်‌သော ရဟန္တာကို။ မာအပသာဒေဟိ၊ မမောင်းမဲ့လင့်လော့။ ဗြဟ္မဏ၊ ပုဏ္ဏား။ တွံ၊ သင်သည်။ အတ္တာနံ၊ မိမိကိုယ်ကို။ မာခဏိ၊ မတူးမဖြိုသင့်လော။
တာဒိနေ၊ သည်းခံခြင်း ကျေးဇူးနှင့် ပြည့်စုံသော။ အရဟန္တမှိ၊ ရဟန္တာ ပုဂ္ဂိုလ်၌။ မနံ၊ သင်၏ စိတ်ကို။ အဘိပ္ပသာဒေဟိ၊ အလွန်ကြည်စေလော။
ခိပ္ပံ၊ အလျှင်စွာ။ အဉ္ဇလိကော၊ လက်အုပ်ချီလျက်။ ဝန္ဒ၊ ရှိခိုးလေ‌လော။ တေတဝ၊ သင်၏။ မထ္ထကံ၊ ဥက္ခောင်းကို။ မာဝိဇာတီဋိ၊ ထိုအရှင်မဟာကဿပ၌ ပြစ်မှားသော မကောင်းမှုကံဖြင့် ခုနစ်စိတ်မခွဲစေလင့်။
ဧသောပေါဋ္ဌိ‌လောဘိက္ခု၊ ဤပေါဋ္ဌိလမည်သော ရဟန်းသည်။ သဒ္ဓမ္မံ၊ သူတော်ကောင်းဖြစ်ကုန်သော တရားစသည်တို့၏ နိဗ္ဗာန်တရားကို။ နပဿတိ၊ မရှုမမြင်။ သံသာရေ၊ သံသရာ၌။ ပုရက္ခတော၊ ဖွဲ့တတ်သော ဝိဇ္ဇာစသည်ကို ရှေးရှုလျက်။ အဇ္ဈဂမံ၊ အပါယ်စသည်၌ ဖြစ်စေတတ်သော ပြစ်မှားသော မကောင်းမှုဖြစ်သော။
ဇိမှ ပထံ၊ လှည့်ပတ်စည်းဝေးခြင်း စသည်တို့ အစဉ်လိုက်သော မှားသော ခရီးသို့။ ကုမဂ္ဂံ၊ မကောင်းစွာသော ခရီးဖြစ်၌ ဖြစ်သော မိစ္ဆာဇီဝသို့။ အနုဓာဝတိ၊ လည်ဘိ၏။
ကိံမိဝ၊ အဘယ်ကဲ့သို့နည်း။ မိဠှသလ္လိတ္တော၊ မစင်ဖြင့် ထက်ဝန်းကျင် မှ လိမ်းကျံသော ပိုးလောက်ကဲ့သို့။ သင်္ခါရေ၊ ကိလေသာဖြင့် ရောသော သင်္ခါရတရား၌။ အဓိမုစ္ဆိတော၊ နစ်လျက်။
ပဂါဠှောလာဘသက္ကာရေ၊ လာဘ်ပူဇော်သကာ၌ တပ်သည်၏ အစွမ်းအားဖြင့်နစ်လျက်။ တု‌စ္ဆော၊ မဂ်ဖိုလ်မှ အချည်းစည်း။ ပေါဋ္ဌိလော၊ ပေါဋ္ဌိလမည်သောရဟန်းသည်။ ဂစ္ဆတိ၊ သွားရလိမ့်သတည်း။
သုဒဿနံ၊ အသေက္ခသီလစသည်တို့၏ ပြည့်ခြင်းသာ ဝကပါရမီ ဉာဏ်ပြည့်ခြင်းဖြင့် ကောင်းသော အမြင်ရှိထသော။ ဥဘတောဘာဂေ ဥဘတောဘာဂေဟိ၊ ဝိက္ခမ္ဘနဝဟာန် သမုစ္ဆေဒပဟာန်ဟုဆိုအပ်သော နှစ်ပါးသော အယူတို့ဖြင့်။
ဝိမုတ္တံ၊ ကိလေသာတို့မှ လွတ်ပြီးထသော။ အဇ္ဈတ္တံ၊ ဂေါစရဇ္ဈတ္တဟု ဆိုအပ်သော ကမ္မဋ္ဌာန်းအာရုံ၌။ သုသမာဟိတံ၊ ကောင်းစွာ တည်ကြည်သော စိတ်ရှိထ‌သော။
ဝိသလ္လံ၊ ရာဂငြောင့် စသည်တို့မှ ကင်းပြီးထသော။ ခီဏသံယောဂံ၊ ကုန်ပြီးသော ကာမယောဂစသော လေးပါးသော ယောဂရှိသော။ တေဝဇ္ဇံ၊ ပုဗ္ဗေနိဝါသနုဿတိ စသော သုံးပါးသော ဝိဇ္ဇာရှိထသော။ မစ္စုဟာယိနံ၊ သေမင်းဖျက်ဆီးတတ်သော ကြောင့် သေခြင်းကို စွန့်လေ့ရှိထသော။
ဒက္ခိဏေယျံ၊ မြတ်သော အလှူကိုလည်းခံတော်မူထိုက်ထသော။ မနုဿာနံ၊ လူတို့၏ ။ အနုတ္တရံ၊ အတုမရှိထသော။ ပုညခေတ္တံ၊ ကောင်းမှုတည်းဟူသော မျိုးစေ့တို့၏ စိုက်ပျိုးပွါးရာလယ်မြေကောင်းသဖွယ် လည်းဖြစ်တော်မူထသော။ အာယသ္မန္တံ၊ ရှည်သော သက်တော်ရှိထသော။ ဣမဉ္စသာရိ ပုတ္တံ၊ ဤရှင်သာရိ ပုတ္တရာကိုလည်း။ ပဿ၊ ရှုလော။
ဣဒ္ဓိမန္တော၊ ကြီးသော တန်ခိုးရှိကုန်ထသော။ ပသဿိနော၊ များသော အခြံအရံရှိကုန်ထသော။
ဒသဒေဝသဟဿာနိ၊ တသောင်းသော နတ်အပေါင်းတို့သည်လည်းကောင်း။ သဗ္ဗေ၊ ခပ်သိမ်းကုန်သော။ ဗြဟ္မပုရောဟိတာစ၊ ဗြဟ္မပုရောဟိတ်တို့သည်လည်းကောင်း။
သမ္ပဟုလာ၊ များစွာကုန်သော။ ဧတေဒေဝါ၊ ထိုနတ်တို့သည်။ မဟာမောဂ္ဂလာနံ၊ အရှင်မဟာမောဂ္ဂလာန်ကို။ နမဿန္တာ၊ ရှိခိုးကုန်လျက်။ ပဉ္ဇလီကတာ၊ ချီသော လက်အုပ်ရှိကုန်သည် ဖြစ်၍။ တိဋ္ဌန္တိ၊ ရပ်ကုန်၏။
ပုရိသာဇည၊ ပုရိသအာဇာနည်ဖြစ်တော်မူသော အရှင်ဘုရား။ တေ၊ အရှင်ဘုရားအား။ နမော၊ ရှိခိုးပါ၏။ ပုရိသုတ္တမ၊ ယောင်္ကျားတကာတို့ထက် မြင့်မြတ်တော်မူသော အရှင်ဘုရား။ တေ၊ အရှင်ဘုရားအား။ နမော၊ ရှိခိုးပါ၏။
ယဿတေ၊ အရှင်ဘုရား။ အာသဝါ၊ အာသဝေါတရားတို့သည်။ ခီဏာ၊ ကုန်ပြီ။ မာရိသ၊ ဆင်းရဲကင်းသော အရှင်ဘုရား။ တွံ၊ အရှင်ဘုရားသည်။ ခက္ခိဏေယျော၊ မြတ်သော အလှူကိုခံထိုက်သော ပုဂ္ဂိုလ်သည် ။ အသိ၊ ဖြစ်ပေ၏။
နရဒေဝေန၊ လူနတ်အပေါင်းသည်။ ပူဇိတော၊ မြတ်သော ပူဇော်ခြင်း ဖြင့် ပူဇော်အပ်၏။ ဥပ္ပန္နော၊ လောက၌ ဖြစ်ခြင်းလည်းကောင်း။ မရဏာသိဘူ၊ သေခြင်းကို နှိပ်စက်၍ သည်သည်။ အသိ၊ ဖြစ်ပေ၏။
ကိံဝိယ၊ အဘယ်ကဲ့သို့နည်း။ ပုဏ္ဍရိကံ၊ ကြာပုဏ္ဍရိက်သည်။ တောယေန၊ ရေနှင့်။ နလိမ္မတိဝိယ၊ မလိမ်းကျံ သကဲ့သို့။ သင်္ခါရေန၊ သင်္ခါရတရား၌တည်သော တဏှာဒိဋ္ဌိတည်းဟူသော လိမ်းကျံခြင်းဖြင့်။ နဥပလိမ္ပတိ၊ လိမ်းကျံတော်မမူ။
ယဿ ယေန ပုဂ္ဂလေန၊ အကြင် ပုဂ္ဂိုလ်သည်။ မုဟုတ္တေ၊ တခဏမျှသော ကာလ၌။ သဟဿဓာလောကော၊ တသောင်းအပြားရှိသော လောကဓာတ်ကို။ သံဝိဒိတော၊ ကောင်းစွာမျက်မှောက် ပြုသဖြင့် သိအပ်၏။ သဗြဟ္မကပ္ပေါ၊ မဟာဗြဟ္မာနှင့်အတူ။ ဝသိ၊ အာဝဇ္ဇနစသော ဝသီဘော်သို့ ရောက်၏။
ဣဒ္ဓိဂုဏေ၊ တန်ခိုးဘန်ဆင်းခြင်းကျေးဇူး၌ လည်းကောင်း။ စုတူပပါတေစ၊ စုတိပဋိသန္ဓေအနီးကို မြင်သော ဒိဗ္ဗစက္ခုဉာဏ်ကို။ ကာလေနစ၊ သီလ၏ ပြည့်စုံခြင်းဖြင့်လည်းကောင်း။ ဥပသမေနစ၊ ကိလေသာငြိမ်းစေသဖြင့် လည်းကောင်း။ ယောဘိက္ခု၊ အကြင်ရဟန်းသည်။ ပါရင်္ဂတော၊ ကမ်းအဆုံးသို့ အလွန်အားဖြင့် ရောက်၏။
သော သာရိပုတ္တော၊ ထိုသာရိပုတ္တရာသည်သာလျှင်။ သာဝကေဟိ၊ သာဝကတို့ထက်။ ပညာဒီဟိဂုဏေဟိ၊ ပညာအစရှိသော ဂုဏ်တို့ဖြင့်။ ပရမုက္ကသဂတော၊ အလွန်မြတ်သော အဖြစ်သို့ ရောက်၏။
ဧတာဝပရမော၊ ဤသို့ ရမြဲတိုင်းသော အဝိုင်းအခြားသည်သာလျှင်။ သိယာ၊ ဖြစ်ရာ၏။
ကောဋိသတသဟဿဿ၊ ကုဋေတသိန်းအရေအတွက်ရှိသော။ အတ္တဘာဝံ အတ္တဘာဝဿ၊ အတ္တဘောကို။ ခဏေန၊ ခဏခြင်းဖြင့်။ နိမ္မိနေ၊ ဘန်ဆင်းခြင်း တတ်နိုင်၏။
အဟံ၊ ငါသည်။ ဝိကုဗ္ဗနာသု၊ တန်ခိုးအထူးဘန်ဆင်ခြင်းတို့၌။ ကုသလော၊ လိမ္မာ၏။ ဣဒ္ဓိယာ၊ တန်ခိုးဘန်ဆင်းခြင်း၌။ ဝသီဘူတော၊ လေ့လာအပ်သော အဖြစ်သို့ ရောက်သည်။ အမှိ၊ ဖြစ်၏။
သမ္မာဓိဝိဇ္ဇာဝတိ၊ သဝိတက္ကသဝိစာရစသော ဈာနသမာဓိသုခ ပုဗ္ဗေနိဝါသဉာဏ်စသော ဝိဇ္ဇာတို့၌ လေ့လာသော အဖြစ်ဖြင့်။ ပါရမိံ ဂတော၊ အဆုံးအပြီးသို့ ရောက်သည်။ အသိ၊ ဖြစ်ပြီ။ မောဂ္ဂလ္လာနဂေါတ္တော၊ မောဂ္ဂလာန ပုဏ္ဏား၏ အနွယ်ဖြစ်သော အရှင်မောဂ္ဂလာန်သည်။ အသိတဿ၊ တဏှာဟူသော မှီရာ ကင်းတော်မူသော မြတ်စွာဘုရား၏။ သာသနေ၊ သာသနာ၌။ ယထာဝုတ္တေဟိဂုဏေဟိ၊ ဆိုအပ်ပြီးသော ကျေးဇူးတို့ဖြင့်။ ဥက္ကံ သဂတော၊ လွန်သော အဖြစ်သို့ ရောက်၏။
ဓီရော၊ မြဲမြံတည်ကြည်သော သမာဓိရှိ၏။ သမာဟိတိန္ဒြိယော၊ ကောင်းစွာထားအပ်သော တည်ကြည်သော ဣန္ဒြေလည်းရှိ၏။ သော၊ ထိုအရှင်မောဂ္ဂလာန်သည်။ နာဂေါ၊ ဆင်ပြောင်သည်။ ပူတိလတံ ပူတိလတဗန္ဓနံ၊ ပုပ်သော ဆွေးမြေ့သော နွယ်ဖြင့် ဖွဲ့အပ်သော အနှောင်အဖွဲ့ကို။ သမုစ္ဆိန္ဒိဝိယ၊ ဖြတ်သကဲ့သို့။ ဧဝံတထာ၊ ထိုအတူ။ သကလံကိလေသဗန္ဓနံ၊ အလုံးစုံသော ကိလေသာဟူသော အနှောင်အဖွဲ့ကို။ သမုစ္ဆိန္ဒိ၊ ကောင်းစွာမဂ်ဖြင့် ဖြတ်အပ်ပြီ။
မယာ၊ ငါသည်။ သတ္တာ၊ ခပ်သိမ်း ကုန်သော သတ္တဝါတို့ကို။ မေတ္တာဒိ ဘာဝနာ ဝသေန၊ မေတ္တာစသည်ကို ပွါးစေသည်၏ အစွမ်းဖြင့်။ ပရိစ္စိဏ္ဏော၊ အလေ့အလာ ပြုအပ်ပြီ။ ဗုဒ္ဓဿ၊ မြတ်စွာဘုရား၏။ သာသနံ၊ အဆုံးအမဖြစ်သော မဂ်ဟူသော အကျင့်ကို။ ကတံ၊ ကျင့်အပ်ပြီ။
ဂရုကော ဘာရော၊ ခန္ဓာတည်းဟူသော လေးစွာသော ဝန်ကို။ ဩဟိတော၊ ချအပ်ပြီ။ ဘဝနေတ္တိ၊ ဘဝသုံးပါးသို့ ဆောင်တတ်သော တဏှာတည်း ဟူသော ကြိုးကို။ သမူဟတာ၊ ကောင်းစွာ အရတ္တမဂ်ဖြင့် ဖြတ်အပ်ပြီ။
ယဿ၊ အကြင်နိဗ္ဗာန်၏။ အတ္ထာယ၊ အကျိုးငှာလည်း။ အဂါရသ္မာ၊ အိမ်ရာထောင်သော လူတို့ဘောင်မှ။ နိက္ခမိတွာ၊ ထွက်၍။ အနာဂါရိယံ၊ အိမ်ရာမထောင်သော ရဟန်း‌ဘောင်၌။ ပဗ္ဗဇိတော၊ ရဟန်းပြု၏။
သော အတ္ထော၊ ထိုနိဗ္ဗာန်ဟူသော အကျိုးကို။ မေမယာ၊ ငါသည်။ အနုပ္ပတ္တာ၊ အာရုံပြုသော အားဖြင့် ရအပ်ပြီ။ သဗ္ဗသံယောဇနက္ခယော၊ အလုံးစုံသော သံယောဇဉ်တို့၏ ကုန်ခြင်းသို့လည်းရောက်ပြီ။
ယတ္ထယသ္မိံ နိရယေ၊ အကြင်ငရဲ၌။ ကိဒီသော၊ အဘယ်သို့ သဘောရှိသော။ နိရယေနာမ၊ ငရဲမည်သည်။ အာသိ၊ ဖြစ်သနည်း။ ဣတိ၊ ဤသို့။ ဒုဿိ၊ ဒုဿိအမည်ရှိသော မာရ်နတ်သည်။ ပုစ္ဆိထေ၊ မေးအပ်သည်ရှိသော်။ အပစ္စထ၊ ငရဲမီးဖြင့် ကျက်၏။
ဝိဓုရံ၊ ဝိဓုရအမည်ရှိသော။ သာပကံ၊ ကက္ကုသန်ဘုရားရှင်၏ အဂ္ဂသာဝကကို။ အာသဇ္ဇ၊ ပုတ်ခတ်၍။ ကက္ကုသန္ဓဉ္စဗြဟ္မဏံ၊ ကက္ကုသန်ဘုရားရှင်ကိုလည်း။ အာသဇ္ဇ၊ ပုတ်ခတ်၍။ တသ္မိံ နိရယေ၊ ထိုငရဲ၌။ ဥပ္ပန္နာနံ၊ ဖြစ်ကုန်သော သတ္တဝါတို့၏။ တိဂါဝုတော အတ္တဘောဝေါ၊ သုံးဂါဝုတ် အတိုင်းအရှည်ရှိသော အတ္တဘောသည်။ ဟောတိ၊ ဖြစ်၏။
ဒုသိံ မာရဿာပိ၊ ဒုသိမည်သော မာရ်မင်း၏လည်း။ တာဒိသောဝ၊ ထိုသို့သဘောရှိသော ကိုယ်သည်သာလျှင်။ ဟောတိ၊ ဖြစ်၏။ နိရယပါလာ၊ ငရဲထိန်းတို့သည်။ အယောသင်္ကုသတံ၊ တရာသော သံချောင်းကို။ ဂဟေတွာ၊ ကိုင်ကုန်၍။ ဟဒယမဇ္ဈံ၊ ရင်လယ်ကို။ ကောဋ္ဋောန္တာ၊ ထိုးကုန်လျက်။ ပဉ္စတိဝဿသတေဟိ၊ အနှစ်ငါးရာတို့ဖြင့်။ ဥဘောအတ္ထေ၊ နှစ်ပါးသော အဆုံးတို့သို့။ ပတွာ၊ ရောက်၍။ ပုန၊ တဘန်။ နိဝတ္တမာနာ၊ နစ်ပြန်ကုန်သည်ရှိသော်။ ပဉ္စဟိဝဿသတေဟိ၊ အနှစ်ငါးရာတို့ဖြင့်။ ဟဒယမဇ္ဈံ၊ နှလုံး၏ အလယ်သို့။ ဥပဂစ္ဆန္တိ၊ စူးဝင်ကုန်၏။ သဗ္ဗေ၊ ခပ်သိမ်းကုန်သော ငရဲသူသတ္တဝါတို့သည်။ ဝေဒနာ၊ အလွန်ဆင်းရသော ဝေဒနာ ရှိကုန်သည်ဖြစ်၍။ ပစ္စတ္တ၊ ငရဲမီးဖြင့် ကျက်ကုန်၏။
ဤဒိသော၊ ဤသို့ ဆိုအပ်ခဲ့ပြီးသော ဆင်းရဲဘောရှိသော။ နိရယော၊ ငရဲသည်။ အာသိ၊ သင်အားဖြစ်ပြီ။
ဝိဓုရံ၊ ဝိဓုရအမည်ရှိသော။ သာဝကံ၊ ကက္ကုသန်ဘုရားရှင်၏ အဂ္ဂသာဝကကိုလည်းကောင်း။ ကက္ကုသန္တဉ္စဗြဟ္မဏံ၊ ကက္ကုသန်ဘုရားရှင်ကိုလည်းကောင်း။ အာသဇ္ဇ၊ ပြစ်မှားပုတ်ခတ်၍။ ယတ္ထနိရယေ၊ အကြင်ဆိုအပ်ခဲ့ပြီးသော ငရဲ၌။ ရူပံ၊ ဘောက်ပြန်သော ကိုယ်ရှိလျက်။ အပစ္စထ၊ ငရဲမီးဖြင့် ကျက်ရာ၏။
ဗုဒ္ဓဿ၊ ဘုရားရှင်၏။ သာဝကော၊ တပည့်သားဖြစ်သော။ ယောဘိက္ခု၊ အကြင်ကြီးသော ပညာရှိသော ရဟန်းသည်။ ဧတံ၊ ဤကံကံ၏ အကျိုးကို။ အဘိဇာနာတိ၊ လက်ဝါးပြင်၌ တင်ထားအပက်သော အညစ်အကြေးကင်းသော ပတ္တမြားကဲ့သို့ ရှေးရှုပြု၍ သိ၏။
ကဏှ၊ စင်စစ်မည်းသော မကောင်းမှုနှင့် ပြည့်စုံသော မာရ်နတ်။ တွံ၊ သင်သည်။ တာဒိသံ၊ ထိုသို့သဘောရှိသော ကျေးဇူးနှင့် ပြည့်စုံသော။ ဘိက္ခုံ၊ အဂ္ဂသာဝကဖြစ်သော ဘုရားတပည့်သားကို။ အာသဇ္ဇ၊ ပုတ်ခတ်ထိခိုက်သော ကြောင့်။ ဒုက္ခံ၊ ဆိုခဲ့ပြီးသော ငရဲ၌ ဖြစ်သော ဆင်းရဲကို။ နိဂစ္ဆတိ ဝိန္ဒိဿတိ၊ ခံစားရလတ္တံ့သတည်း။
သာဂရသ္မိံ သာဂရဿ၊ သမုဒ္ဒရာ၏။ မဇ္ဈေ၊ အလယ်၌။ ဝိမာနာ၊ ရေကိုအကြောင်းပြု၍ ဖြစ်သော ဗိမာန်တို့သည်။ ကပ္ပဋ္ဌာယိနော၊ တကမ္ဘာပတ်လုံးတည်ခြင်းရှိသည်ဖြစ်ကုန်၍။ တိဋ္ဌန္တိ၊ အမြဲတည်သည်ဖြစ်ကုန်၏။
တေသံဝိမာနာနံ၊ ထိုဗိမာန်တို့၏။ ရုစိရာ၊ အရောင်တို့သည်။ ဝေဠုရိယဝဏ္ဏာ၊ ကျောက်မျက်ရွဲအဆင်းရှိကုန်သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။ အစ္စိမန္တော၊ တောင်ထက်၌တောက်သော ကျူမီးပုံကဲ့သို့ တောက်ပသော အလျှံရှိကုန်၏။ ပဘဿရာ၊ ပြိုးပြိုးပြက်သော အရောင်နှင့် ပြည့်စုံကုန်သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။
နာနုတ္တဝဏ္ဏိယော၊ အညိုအရွှေစသည်အစွမ်းဖြင့် အထူးထူး အပြားပြားသော အဆင်းရှိရှိကုန်သော။ ပုထု၊ များစွာကုန်သော။ အစ္ဆရာ၊ နတ်သ္မီးတို့သည်။ တတ္ထတေသုဝိမာနေသု၊ ထိုဗိမာန်တို့၌။ နစ္စန္တိ၊ ကကုန်၏။
ယော၊ အကြင်ရဟန်းသည်။ ဧတံ၊ ဤဆိုအပ်ခဲ့ပြီးသော ဗိမာန်၏အကြောင်းကို။ အဘိဇာနာတိ၊ မျက်မှောက်ပြုသော အားဖြင့် သိ၏။ (လ)၊ ကဏှာ၊ မာရ်နတ်။ တွံ၊ သည်။ ဒုက္ခံ၊ ငရဲ၌ဖြစ်သော ဆင်းရဲကို။ နိဝစ္ဆသိဝိန္ဒိဿာသိ၊ ခံစားရလတ္တံ့သတည်း။
ဝေ၊ စင်စစ်။ ဗုဒ္ဓေန၊ မြတ်စွာဘုရားသည်။ စောဒိတော၊ တိုက်တွန်းအပ်သော။ ယောအယံ၊ အကြင်မောဂ္ဂလာန်သည်။ ဘိက္ခုသံဃဿ၊ ရဟန်းသံဃာ၏ ။ ပေက္ခတော၊ ရှုစဉ်။
မိဂါရမာတုပါသာဒံ၊ ဝိသာခါဒါယိကာမ၏ ပြာသာဒ်ကျောင်းကို။ ပါဒင်္ဂုဋ္ဌေန၊ ခြေမဖျားဖြင့်။ ကမ္ပယိ၊ တုန်လှုပ်စေနိုင်၏။
ယော ပုဂ္ဂလော၊ အကြင် ပုဂ္ဂိုလ်သည်။ ဧတံ၊ ဤသို့ တန်ခိုဘန်ဆင်းခြင်းအကြောင်းကို။ အဘိဇာနာတိ၊ ရှေးရှုမျက်မှောက်အားဖြင့်သိ၏။ (ပေ)၊ ကဏှ၊ မာရ်နတ်။ တွံ၊ သင်သည်။ ဒုက္ခံ၊ ငရဲ၌ ဖြစ်သော ဆင်းရဲကို။ နိဂစ္ဆသိဝိန္ဒိဿသိ၊ ခံရလတ္တံ့။
ယော၊ အကြင် ပုဂ္ဂိုလ်သည်။ ဣဒ္ဓိဗလေန၊ တန်ခိုးအားနုဘော်ဖြင့်။ ဝေဇယန္တံပါသာဒံ၊ သိကြားမင်း၏ ဝေဇယန္တာ ပြာသာဒ်ကို။ ပါဒင်္ဂုဋ္ဌေန၊ ခြေမဖြင့်။ ကမ္ပယိ၊ တုန်လှုပ်စေနိုင်၏။
ဣဒ္ဓိဗလေန၊ တန်ခိုးအာနုဘော်သည်။ ဥပတ္ထဒ္ဓေ၊ ထောက်ပံ့ခိုင်စေအပ်သည်ဖြစ်၍။ ဒေဝတာစ၊ သိကြားစသော နတ်အပေါင်းတို့ကိုလည်း။ သံဝေဇေသိ၊ ထိတ်လန့်စေ၏။
ယောဘိက္ခု၊ အကြင်ရဟန်းသည်။ ဧတံ၊ ဤသို့တန်ခိုးဘန်ဆင်ခြင်းအကြောင်းကို။ အဘိဇာနာတိ၊ ရှေးရှုမျက်မှောက် အားဖြင့် သိ၏။ (ပ)၊
ကဏှ၊ မာရ်နတ်။ တွံ၊ သင်သည်။ ဒုက္ခံ၊ ငရဲ၌ ဖြစ်သော ဆင်းရဲကို။ နိဂစ္ဆသိ ဝိန္ဒိဿသိ၊ ခံရလတ္တံ့။
ယော၊ အကြင်သူသည်။ အာဝုသော၊ သိကြားမင်း။ တွံ၊ သင်သည်။ တဏှက္ခယ ဝိမုတ္တိယော၊ တဏှာ၏ ကုန်ခြင်း ဝိမုတ္တိတို့ကို။ ဇာနာတိအပိ၊ သိပါ၏လော။ ဣတိ၊ ဤသို့။ ဝေဇယန္တပါသာဒေ၊ ဝေဇယန္တာ ပြာဿာဒ်၌။ ဋ္ဌိတံ၊ တည်သော။ သက္ကံ၊ သိကြားမင်းကို။ ပရိပုစ္ဆသိ၊ မေး၏။
သော သက္ကော၊ ထိုသိကြားမင်းသည်။ တဿ၊ ထိုမေးသော ရဟန်းအား။ ယထာ၊ အကြင်အခြင်းအရာဖြင့်။ ဘဂဝတာ၊ မြတ်စွာဘုရားသည်။ ဝုတ္တံ၊ ဟောတော်မူအပ်၏။ တထာ၊ ထိုဘုရားဟော တော်မူတိုင်းသော နည်းဖြင့်။ ပဉှံ၊ ပြဿနာကို။ ပုဋ္ဌော၊ မေးအပ်သည်ရှိသော်။ ဝိယာကာသိ၊ ဖြေကြား၏။
ယော၊ အကြင်ရဟန်းသည်။ ဧတံ၊ ဤမေးအပ်သော အနက်အဓိပ္ပါယ်ကို။ အဘိဇာနာတိ၊ ရှေးရှုမျက်မှောက်အားဖြင့်သိ၏။ (လ)၊ ကဏှ၊ မာရ်နတ်။ တွံ၊ သင်သည်။ ဒုက္ခံ၊ ငရဲ၌ဖြစ်သော ဆင်းရဲကို။ နိဂစ္ဆသိဝိန္ဒိဿသိ၊ ခံစားရလတ္တံ့။
ယော၊ အကြင်သူသည်။ ဗြဟ္မာနံ၊ မဟာဗြဟ္မာတို့၏။ သုဓမ္မာယံ၊ သုဓမ္မာအမည်ရှိသော။ သထံသဘာယံ၊ သဘင်၌။ ဋ္ဌိတော၊ တည်လျက်။ ပဉှံ၊ ပြဿနာကို။ ပရိပုစ္ဆတိ၊ မေး၏။
အာဝုသော၊ ဗြဟ္မာတို့။ ပုရေ၊ ရှေးဗြဟ္မာပြည်သို့ဘုရား ကပ်တော်မူလာသည်မှ ရှေး၌။ တေတုယှံ၊ သင်၏။ ယာဒိဋ္ဌိ၊ အကြင် ဗြဟ္မာပြည်သို့ ကပ်စွမ်းနိုင်သော တစုံတယောက်သော ရဟန်းပုဏ္ဏားမရှိဟူသော အယူသည်။ အဟု၊ ဖြစ်ပြီ။ အဇ္ဇပိ၊ ယခုအခါ၌လည်း။ သာဒိဋ္ဌိ၊ ထိုအယူသည်။ နဝိဂတာ၊ မကင်းသေး။
ဗြဟ္မလောကေ၊ ဗြဟ္မာပြည်၌။ ဝီတိဝတ္တန္တံ၊ ထိုမှ ဤမှ ပြေး၏။ ပဘဿရံ၊ မဟာကပိန္နပဟာကဿပ စသော တပည့်သားအပေါင်းဖြင့် ခြံရံအပ်သော တေဇောဓာတ်ကိုဝင်စား၍ နေတော်မူသော တပည့်သားတော်နှင့် တကွသော မြတ်စွာဘုရား၏ ပြိုးပြိုးပြက်သော အရောင်ကို။ ပဿသိ၊ ရှုလော။ ယထာ၊ အကြင်အခြင်းအရာဖြင့်။ သတ္ထာ၊ မြတ်စွာဘုရားသည်။ ဓမ္မံ၊ တရားတော်ကို။ ဒေသေသိ၊ ဟောတော်မူ၏။
တထာ၊ ထိုဘုရားဟောတော်မူတိုင်းသော နည်းဖင့်။ ပဉှံ၊ ပြဿနာကို။ ပုဋ္ဌော၊ မေးအပ်သည်ရှိသော်။ တဿ၊ ထိုအရှင်မောဂ္ဂလာန်အား။ ဗြဟ္မာ၊ ဗြဟ္မာမင်းသည်။ ဝိယာကာသိ၊ ဖြေကြား၏။
မာရိသ၊ ဆင်းရဲကင်းသော အရှင်ဘုရား။ ပုရေ၊ ဤဗြဟ္မာပြည်သို့ ဘုရားကြွလာသည်မှ ရှေးအဘို့၌။ ယာဒိဋ္ဌိ၊ အကြင်ဗြဟ္မာပြည်သို့လာခြင်းငှါ စွမ်းနိုင်သော တစုံတယောက်သော ရဟန်းပုဏ္ဏား မရှိဟူသော အယူသည်။ မေမယှံ၊ ငါ့အား။ အဟု၊ ဖြစ်ပြီ။ အဇ္ဇ၊ ယခုဘုရားနှင့်တကွသော မဟာကပိနမဟာကဿပစသော တပည့်သားတို့ကြွလာသော အခါ၌။ သာဒိဋ္ဌိ၊ ထိုငါတို့ ဗြဟ္မာပြည်သို့ လာခြင်းငှါ စွမ်းနိုင်သော တစုံတယောက်သော ရဟန်း ပုဏ္ဏားမရှိဟူသော အယူသည်။ မေ၊ ငါ့အား။ နအဟု၊ မဖြစ်ပြီ။
ဗြဟ္မလောကေ၊ ဗြဟ္မာပြည်၌။ ဝိတိဝတ္တန္တံ၊ ထိုမှ ဤမှ ပြေးထွက်သော။ ပဘဿရံ၊ ပြိုးပြိုးပြက်ထွက်သော အရောင်ရှိသော ဘုရားရှင်တပည့်တော်ကို။ ပဿာမိ၊ မြင်ရ၏။
သောအဟံ၊ ထိုငါသည်။ အဇ္ဇ၊ ယခုအခါ၌။ ကထံ၊ အသို့သော အကြောင်းဖြင့်။ ဝဇ္ဇံဝဒေယျ၊ ဆိုရအံ့နည်း။ အဟံ၊ ငါသည်။ နိစ္စော၊ သေခြင်းမရှိသော အားဖြင့် မြဲ၏။ သဿတော၊ လနေမြင့်မိုလ်သမုဒ္ဒရာ စသည်ကဲ့သို့ အမြဲတည်သည်။ အမှိ၊ ဖြစ်ပြီ။ မေ၊ ငါ၏။ တံဝိတက္ကံ၊ ထိုအကြံကို။ သစ္စန္တိ၊ မှန်၏ဟူ၍။ ကထံ၊ အသို့။ ဝဇ္ဇံဝဒေယျ၊ ဆိုသင့်ပါတော့အံ့နည်း။ နဝဒေယျံ၊ မဆိုရာ။
ယော၊ အကြင်သူသည်။ ဧတံ၊ ဤသို့သော ဗြဟ္မာတို့၏ အကြံကို။ အဘိဇာနာတိ၊ ရှေးရှုမျက်မှောက်ပြုသော အားဖြင့် သိ၏။ (လ)၊ ကဏှာ၊ မာရ်နတ်။ တွံ၊ သင်သည်။ ဒုက္ခံ၊ ဘုရားဘုရား၏ အဂ္ဂသာဝကတို့အား ပြစ်မှားသော မကောင်းမှုကြောင့် ဖြစ်သော ငရဲ၌ ဖြစ်သော ဆင်းရဲကို။ နိဂစ္ဆသိဝိန္ဒိဿသိ၊ ခံရလတ္တံ့။
ယော၊ ထို ပုဂ္ဂိုလ်သည်။ မဟာနေရုနော၊ မြင့်မိုရ်တောင်မင်း၏။ ကူဋံ၊ အထွဋ်ကို။ ဒေဝါ၊ နတ်တို့သည်။ နိဿယန္တိဣဝ၊ မှီကုန်သကဲ့သို့။ ဝိမောက္ခေန၊ ဈာနဝိမောက္ခဟူသော မှီရာရျိသော အဘိညာဉ်ဖြင့်။ အဖဿယိ၊ မြင်၏။
ဝနံ၊ ဇမ္ဗူဒီပါကျွန်းသည်။ ပုဗ္ဗဝိဒေဟဋ္ဌာနံဣဝ၊ ပုဗ္ဗဝိဒေဟ ကျွန်းသားတို့၏ မှီရာဖြစ်သကဲ့သို့။ ဘူမိသယာ၊ မြေ၌ အိပ်ကုန်သော။ ယေနရာ၊ အကြင်အပရဂေါယာကျွန်း ဥတ္တရကုရုကျွန်းဖြစ်ကုန်သော လူတို့သည်။ သန္တိ၊ ရှိကုန်၏။ သဗ္ဗေ၊ ခပ်သိမ်းကုန်သော။ တေပိ၊ ထိုအပရဂေါယာကျွန်း၌ နေသော သူပုဗ္ဗဝိဒေဟကျွန်း၌နေသော သူတို့ကို။ အပဿယိ၊ မြင်၏။
တာဒိသံ၊ ထိုသို့သဘောရှိသော ကျေးဇူးနှင့် ပြည့်စုံသော။ ဘိက္ခုံ၊ ရဟန်းကို။ ကဏှာ၊ မာနတ်။ တွံ၊ သင်သည်။ အာသဇ္ဇ၊ ပြစ်မှားထိခိုက်သောကြောင့်။ ဒုက္ခံ၊ ငရဲ၌ဖြစ်သော ဆင်းရဲကို။ နိဂစ္ဆသိဝိန္ဒိဿတိ၊ ခံရလတ္တံ့။
ဘောနာဂ၊ အိုနန္ဒေါပနန္ဒနဂါးမင်း။ အဟံ၊ ငါသည်။ ဗာလံ၊ မိုက်သော သူကို။ ဒဟာမိ၊ လောင်စေအံ့။
ဣတိဧဝံ၊ ဤသို့။ အဂ္ဂိ၊ မီးကို။ နစေတယတိ၊ လောင်စိမ့်သော ငှါ လုံ့လမပြု။ ဗာလောဝဗာလောဧဝ၊ သူမိုက်သည်သာလျှင်။ ဇလိတံ၊ အလျှံပြောင်ပြောင်တောက်သော။ အဂ္ဂိံ၊ မီးကို။ အာသဇ္ဇ၊ ထိခိုက်၍။ ပဍယှတိ၊ အပြားအားဖြင့် လောင်စေ၏။
ဧဝမေဝ၊ ဤအတူသာလျှင်။ မာရ၊ မာရ်နတ်။ တုဝံ၊ သင်သည်။ မယံ၊ ငါတို့ကို။ ဗာဓေတုကာမာ၊ နှိပ်စက်လိုကုန်သည်ရှိသော်။ တွညေဝ၊ သင်သည်ပင်လျှင်။ တထာအာဂမနာဒိအတ္ထေန၊ ထိုသို့ကောင်းသော တင့်တယ်သောလာခြင်းစသောအကြောင်းဖြင့်။ တထာဂတံ၊ မီးပုံကြီးနှင့်တူသော ဘုရားတပည့်သားအရိယာကို။ အာသဇ္ဇ၊ ထိခိုက်သည်ရှိသော်။ သယံအတ္တာနံ၊ မိမိကိုယ်ကိုသာလျှင်။ ဒဟိဿ၊ ထိုမီးဖြင့် လောင်လတ္တံ့။ တွံ၊ သင်သည်။ ဒဟနဒုက္ခတော၊ ငရဲမီးလောင်ခြင်းဆင်းရဲမှ။ နမုဉ္စိဿသိ၊ မလွတ်လတ္တံ့။
ကိံဝိယ၊ အဘယ်ကဲ့သို့နည်း။ ဗာလော၊ သူမိုက်သည်သာလျှင်။ အယံ၊ ဤမီးသည်ကား။ မန္ဒာပတိ၊ နည်းစွာသောဖြစ်ခြင်းရှိ၏။ ဣတိ၊ ဤသို့။ အနိဇလန္တောဝိယ၊ မလောင်သကဲ့သို့ထင်၍။ အဂ္ဂိံ၊ အလျှံပြောင်ပြောင်တောက်သော မီးကို။ သဖုသံ သဖုသန္တော၊ ခြေလက်စသည်ဖြင့်နင်းနယ်ထိခိုက်သည်ရှိသော်။ တံ၊ ထိုထိခိုက်သော သူကို။ ဍယှတိဣဝ၊ လောင်သကဲ့သို့တည်း။
မာရော၊ သင်မာရ်မင်းသည်။ တံတထာဂတံ၊ ထိုဘုရားဘုရားတပည့်သားကို။ အာသဇ္ဇ၊ ထိခိုက်ပြစ်မှား၍။ အပုညံ၊ မကောင်းမှုကို။ ပသဝတိ၊ ပွါးစေ၏။
မမ၊ ငါ့အား။ ပါပံ၊ မကောင်းမှုသည်။ နဝိပစ္စတိ၊ အကျိုးမပေး။ ဧဝံ၊ ဤသို့။ ပါပိမ၊ မာရ်မင်း။ တွံ၊ သင်သည်။ ကိံနုမညသိ၊ အဘယ်သို့ အောက်မေ့ရာအံ့နည်း။
ဧကံသနေ၊ စင်စစ်သဖြင့်။ ပါပံ၊ မကောင်းမှုကို။ ကရောန္တဿ၊ ပြုသော သူအား။ အနတ္ထာယ၊ အကျိုးမဲ့ခြင်းငှါလည်းကောင်း။ ဒုက္ခာယ၊ ဆင်းရဲခြင်းငှါလည်းကောင်း။ သံဝတ္တတိ၊ ဖြစ်၏။ အန္တက၊ ယုတ်မာစွာသော။
မာရ၊ မာရ်နတ်။ ပါပံ၊ မကောင်းမှုကို။ ကရောတောကရောန္တဿ၊ ပြုသော။ တေ၊ သင်အား။ စိရရတ္တာယ၊ ကြာမြင့်စွာသော ညဉ့်ပတ်လုံး အကျိုးမဲ့ဖြစ်ခြင်း ဆင်းရဲဖြစ်ခြင်းကို။ မိယျတေဥပမိယတိ၊ ဆောင်လိမ့်သတည်း။
မာရ၊ မာရ်နတ်။ ဗုဒ္ဓမှာ၊ ဘုရားဘုရားတပည့်သားမှ။ နိဗ္ဗိန္ဒနိဗ္ဗဇ္ဇ၊ ညီးငွေ့လော။ ဘိက္ခူသု၊ ရဟန်းတို့၌။ အာသံ၊ ချုတ်ချယ်အံ့ညှဉ်းဆဲအံ့ဟူသော အလိုကို။ မာအကာသိ၊ မပြုသင့်လော။ ဣတိဧဝံ၊ ဤသို့။ မာရံ၊ မာရ်နတ်ကို။ အတဇ္ဇေသိ၊ ခြိမ်းခြောက်၏။ ဘေသကဠာဝနေ၊ တေသကဠာအမည်ရှိသော တော၌။
တတော၊ ထိုခြိမ်းချောက်ခြင်းဟူသော အကြောင်းကြောင့်။ သောယက္ခေါ၊ ထိုမာရ်နတ်မင်းသည်။ ဒုမ္မနော၊ နှလုံးမသာယာခြင်းရှိသည်ဖြစ်၍။ တတ္ထေဝ၊ ထိုအရပ်၌ပင်လျှင်။ အန္တရဓာယတိ၊ ကွယ်လေ၏။
ဣတိ၊ ဤသို့။ ဣတ္ထံ ဣမာပကာရာ၊ ဤသို့အပြားရှိကုန်သော။ ဣမံဣမာဂါထာယော၊ ဤဘွဲ့ဆိုသီကုံးအပ်သော ခြောက်ဆဲ့ရှစ်ဂါထာတို့ကို။ အာယသ္မာ၊ ရှည်သော သက်တော်ရှိသော။ မဟာမောဂ္ဂလာနောထေရော၊ အရှင်မဟာမောဂ္ဂလာန်ထေရ်သည်။ အဘာသိတ္ထ၊ ရွတ်ဆိုပြီ။
သဋ္ဌိကမှိ နိပါတမှိ၊ သဋ္ဌိကနိပါတ်၌။ မဟိဒ္ဓိကော၊ ကြီးသော တန်ခိုးရှိသော။ မောဂ္ဂလာနော၊ မောဂ္ဂလာန် အမည်ရှိသော။ ဧကောဝထေရော၊ မထေရ်တယောက်သာတည်း။
တာဂါထာယော၊ ထိုသဋ္ဌိကနိပါတ်၌ လာသော ဂါထာတို့သည်။ အဋ္ဌိသဋ္ဌိ၊ ခြောက်ဆဲ့ရှစ်ဂါထာ တို့သည်။ ဘဝန္တိ၊ ဖြစ်ကုန်၏။ ဣတိဣဒံဥဒါနံ၊ ဤသို့ ဘွဲံဆို သီကုံးအပ်သော ဥဒါန်းဂါထာသည်။ ဘဝတိ၊ ဖြစ်၏။ သဋ္ဌိကောနိပါတော၊ သဋ္ဌိကနိပါတ်သည်။ နိဋ္ဌိတော၊ ပြီးခြင်းသို့ ရောက်ပြီ။ သဋ္ဌိကနိပါတ်ပြီး၏။