Issues
Select Version
နိဿယ
မြန်မာဘာသာ
Theragāthāpāḷi
Theragāthāpāḷi

6. Khaṇḍasumanattheragāthā

Author: နိဿယ @ IAPT

ဧကပုပ္ဖံ၊ တပွင့်သော မြတ်လေးပန်းကို။ ဝဇိတွာန၊ မြတ်စွာဘုရားစေတီတော်အား ပူဇော်ခြင်းကို ပြုသည်၏ အစွမ်းအားဖြင့် စွန့်ခြင်းကြောင့်။ အသီတိဝဿကောဋိယော၊ လူတို့ အရေအတွက်အားဖြင့် ကုဋေရှစ်ဆယ်တို့ပတ်လုံး။
သဂ္ဂေသု၊ နတ်ပြည်တို့၌ ။ ပရိစာရေတွာ၊ ရူပါရုံ အစရှိကုန်သော အာရုံတို့၌ စက္ခုစသော ဣန္ဒြေကိုဖြစ်စေ၍။ သေသကေန၊ ထိုကံ၏ အကျိုးကြွင်းဖြင့်။ နိဗ္ဗုတော၊ ကိလေသာပရိနိဗ္ဗာန်ဖြင့် ငြိမ်းချမ်းခြင်းသို့ ရောက်သည်။ အမှီ၊ ဖြစ်ပြီ။
ဣတိ၊ ဤသို့။ ခဏ္ဍသုမနောထေရော၊ ခဏ္ဍသုမနထေရ်သည်။ ဣမံဂါထံ၊ ဤဂါထာကို။ အဘာသိတ္ထ၊ ဆိုပြီ။ ခဏ္ဍသုမနထေရဂါထာ အနက်ပြီး၏။