အာနန္ဒ၊ အာနန္ဒာ။
ရုက္ခမူလဂဟဏံ၊ သစ်ပင်ရင်းတောအုပ်သို့။
ပသတ္တိယ၊ ကပ်၍။
နိဗ္ဗာနံ ဟဒယသ္မိံ၊ ဤသို့ ငါကျင့်သည်ရှိသော် နိဗ္ဗာန်ကိုရ၏ ဟု နိဗ္ဗာန်ကို နှလုံးသွင်းရာ၌။
ဩပိယပဋ္ဌပေတွာ၊ ထား၍။
ဈာယ၊ လက္ခဏူပနိဇ္ဈာနဈာန်ဖြင့် ဈာန်ဝိပဿနာနြှင့် တကွဖြစ်သော မဂ်ဘာဂနာကို ပွါးစေလော့။
ဂေါတမ၊ ဂေါတမအနွယ်ဖြစ်သော သူ။
ပမာဒေါ၊ လွန်သောကုသိုလ်ဓမ္မတို့၌ မေ့လျော့ခြင်းသို့။
မာစအာပဇ္ဇိ၊ မရောက်စေလင့်။
တေ၊ သင်အာနန္ဒာအား။
ဗိဠိဗိဠိကာ၊ ဗလစ်ဗလစ်ဟူသော အသံတို့ကို ဖြစ်စေတတ်ကုန်သော။
ပရိသာ၊ ပရိသတ်တို့သည်။
ကိဒိသံအတ္ထံ၊ အဘယ်သို့ သောအကျိုးကို ။
သာဓေတိ၊ ပြီးစေနိုင်အံ့နည်း။
တသ္မာ၊ ထိုကြောင့်။
ဇနပညတ္တိံ၊ ဗိဠိဗိဠိဟူသော ဇနပညက်ကို။
ပဟာယ၊ စွန့်၍။
သကတ္ထပသုတော၊ နိဗ္ဗာန်ဟု ဆိုအပ်သော မိမိအကျိုး၌ လေ့လာသည်။
ဟောတိ၊ ဖြစ်လေလော။
ဣတိ၊ ဤသို့။
ဝဇ္ဇိပုတ္တောထေရော၊ ဝဇ္ဇိပုတ္တထေရ်သည်။
ဩဝါဒံ၊ အဆုံးအမကို။
အဒါသိ၊ ပေး၏။
ဝဇ္ဇိပုတ္တထေရဂါထာအနက်ပြီး၏။