Issues
Select Version
နိဿယ
မြန်မာဘာသာ
Theragāthāpāḷi
Theragāthāpāḷi

7. Hatthārohaputtattheragāthā

Author: နိဿယ @ IAPT

အာဝုသော၊ ငါ့ရှင်တို့။ ဣဒံစိတ္တံ၊ ဤစိတ်သည်။ ပုရေ၊ ရှေးစိတ်ကို မနှိမ်မှီကာလ၌။ အစာရိ၊ မတည်တန့်သော အားဖြင့် ထိုထိုသို့သော အာရုံ၌ လည်၏။ စာရိကံ၊ အလိုရှိတိုင်းသော အာရုံ၌ ဖြစ်၏။ ယေနအာရမ္မဏေန၊ အကြင်အာရုံဖြင့်။ ဣစ္ဆကံ၊ အလိုရှိ၏။ ယတ္ထ၊ အကြင်အာရုံ၌။ ကာမံဣစ္ဆိတံ၊ အလိုရှိအပ်၏။ တတ္ထ၊ ထိုအာရုံသို့။ ယထာသုခံ၊ အလိုရှိသော အတိုင်းသွားသော အားဖြင့် ချမ်းသာသည်။ ဟောတိ၊ ဖြစ်၏။
အဇ္ဇ၊ ယခု။ တံစိတ္တံ၊ ထိုအလိုရှိတိုင်းသွားသော စိတ်ကို။ ယောနိသော၊ သင့်သော အကြောင်းအားဖြင့်။ နိဂ္ဂဟိဿာမိ၊ အဆိတ်အတောက်မရှိအောင် နှိပ်ပေအံ့။ ယထာကိံ၊ အဘယ်ကဲ့သို့နည်းဟူမူကား။ ပဘိန္နံ၊ အမုံအယစ်သဖြင့် ပျက်သော။ ဟတ္ထိံ၊ ဆင်ဆိုးကို။ အင်္ကုသဂ္ဂဟော၊ ချွန်းကို ကိုင်စွဲသော ဆင်ဆရာသည်။ နိဂ္ဂဟောဝိယ၊ လွန်၍ မပြေးနိုင်အောင် ချွန်းဖြင့် နှိပ်ဆွဲသကဲ့သို့တည်း။ ယောနိသောမနသီကာရေန၊ အသင့်နှလုံးသွင်းခြင်းဖြင့်။ နိဂ္ဂဟိဿာမိ၊ ထိုဆင်ရိုင်းနှင့် တူသော စိတ်ကို ကမ္မဋ္ဌာန်းမှ လွန်၍ မပြေးစိမ့်သောငှါ နှိပ်၏။
ဣတိ၊ ဤသို့။ ဟတ္ထာရောဟပုတ္တောထေရော၊ ဟထ္ထာရောဟပုတ္တထေရ်သည်။ ဣမံဂါထံ၊ ဤဂါထာကို။ အဘာသိတ္တ၊ ဆိုပြီ။ ဟတ္ထာရောဟပုတ္တထေရဂါထာ အနက်ပြီး၏။