ပူရေ၊ အလွန်စက်ဆုပ် ရွံရှာဘွယ်ရှိသော မျိးမျိုးအထူးအထူးသော မစင်တို့ဖြင့် ပြည့်သော။
ဒုဂ္ဂန္ဓေ၊ ထိုပိုးမျိုး မစင်တို့ဖြင့် ပြည့်သော သဘောရှိသောကြောင့် မကောင်းသော အနံ့ရှိကုန်သော ။
မာရပက္ခေ၊ ကိလေသာမာရ်၏ အဘို့၌ ဖြစ်ကုန်သော။
အဝဿုတေ၊ အခါခပ်သိမ်းကိလေသာတည်းဟူသော မိုဃ်းရည် ထိုထိုသော အရပ်၌ မစင်၏ အရည်အစက်တို့ဖြင့် စွတ်ကုန်သော။
နဝဟိဒွါရေဟိ၊ ကိုးပါးသော ဒွါရတို့မှ။
အဝဿတာနိ၊ ယိုစီးကုန်သော။
ထာနိဇိဂုစ္ဆိတာနိ၊ ထိုစက်ဆုပ်ရွံရှာဘွယ်တို့သည်။
သန္တိ၊ ရှိကုန်၏။
တေ၊ သင်၏။
ကာယေ၊ ကိုယ်၌။
ယာနိ၊ အကြင်သို့သဘောရှိကုန်သော မစင်ကျင်ငယ်နှပ်တံထွေး အစရှိသော စက်ဆုပ်ဘွယ်တို့သည်။
သဗ္ဗဒါ၊ အခါသိမ်သိမ်း။
သန္ဒန္တိ၊ စီးယိုကုန်၏။
တာနိတာဒိသာနိ၊ ထိုသို့ သဘောရှိကုန်သော ကျင်ငယ်ကျင်ကြီး ပိုးလောက်တို့ဖြင့် ပြည့်သော ကိုယ်အစိတ်တို့သည် မီးဆုပ်ဘွယ်သည်။
အတ္ထု၊ ဖြစ်လေစွတကား။
ပုရာဏံ၊ ရှေးမသိသော ကာလ၌ ဖြစ်သော ရယ်ရွှင်ပြောဟောမြူးတူးခြင်းကို။
မာအမညိတ္ထောမာအမညိ၊ မအောက်မေ့လင့်။
ဣဒါနိပိ၊ ယခုအခါ၌လည်း။
ဧဝံ၊ ဤသို့ ရှေးနည်းဖြင့်။
ပဋိပဇ္ဇိဿတီတိ၊ ကျင့်ရလတ္တံ့ဟူ၍။
မာစိန္တယိ၊ မကြံလင့်။
တထာဂတေ၊ လာခြင်းကောင်းသော အရိယာသာဝကအပေါင်း၌။
မာသာဒေသိ၊ ပကတိ သတ္တဝါကဲ့သို့ မထီမဲ့မြင် ပြုသဖြင့် ကိလေသာ အစွမ်းဖြင့် တပ်မည်ဟု မအောက်မေ့သင့်။
တေ၊ ထိုဘုရားတည့်သားဖြစ်ကုန်သော အရိယာ ပုဂ္ဂိုလ်တို့သည်။
သဂ္ဂေပိ၊ သဗ္ဗညုဘုရားရှင်သည် ဟောကြားခြင်း ဖြင့် ဆုံးစေခြင်းငှါ မတတ်ကောင်းသော ချမ်းသာရှိသော နတ်ပြည်၌လည်း။
နရဇ္ဇန္တိ၊ ရာဂဖြင့် တပ်ခြင်းကို မဖြစ်စေကုန်။
မာနုသေ၊ မစင်စုနှင့် တူသော လူတို့ကာမဂုဏ်ချမ်းသာ၌။
ကိမင်္ဂံပန၊ အဘယ်မှာရာဂဖြင့် တပ်တော့်အံ့နည်း။
ဗာလော၊ မိုက်ကုန်ထသော။
ဒုမ္မေဓာ၊ ပညာမှ ကင်းကုန်ပြီးထသော။
ဒုမ္မန္တိနော၊ အသုဘ၌ သုဘဟု ရှုသဖြင့် မကောင်းသော အကြံရှိကုန်ထသော။
မောဟပါရုတာ၊ မောဟဖြင့် ထက်ဝန်းကျင်မှ ဖုံးလွှမ်းသော စိတ်ရှိကုန်ထသော။
ယေသတ္တာ၊ အကြင်သတ္တဝါတို့သည်။
သန္တိ၊ ရှိကုန်၏။
တာဒိသာ၊ ထိုသို့သဘောရှိသော မိုက်စွာသော ပုထုဇဉ်တို့သည်။
ဣတ္ထိသညိတေ၊ မိန်းမဟု သမုတ်အပ်သော။
အာရခိတ္တမှိ၊ မာန်သည်ထောက်အပ်သော။
ဗန္ဓနေပါသေ၊ ကျော့ကွင်း၌။
ဇ္ဇေန္တိ၊ တပ်မက်မောခြင်းသည်ဖြင့်ဖုံးလွှမ်းလျက်တည်ကုန်၏။
ယေသံ၊ အကြင်ရဟန္တာ ပုဂ္ဂိုလ်တို့အား။
ရာဂေါစ၊ ရာဂသည် လည်းကောင်း။
ဒေါသောစ၊ ဒေါသသည်လည်းကောင်း။
အဝိဇ္ဇာစ၊ မောဟသည်လည်းကောင်း။
ဝိရာဇိတာ၊ အရိယာမဂ်ဖြင့် အချင်းခပ်သိမ်း ပယ်အပ်စ်အပ်ကုန်၏။
တာဒိသာ၊ ထိုသို့သဘောရှိကုန်သော။
ဆိန္နသုတ္တာ၊ အရဟတ္တမဂ်ထားသန်လျက်ဖြင့် ဖြတ်အပ်သော ဘဝသုံးပါးကို ဆောင်တတ်သော တဏှာတည်းဟူသော ကြိုးရှိကုန်ထသော။
အန္ဓနာ၊ တစုံတခုသော အာရုံ၌ တဏှာတည်းဟူသော နှောင်ဖွဲ့ခြင်းမှ ကင်းကုန်ထသော။
တာဒိသာ၊ ထိုသို့သဘောရှိကုန်သော ရဟန္တာအရှင်မြတ်တို့သည်။
တတ္ထတသ္မိံယထာဝုတ္တမာရပါသေ၊ အကြင်အကြင်ဆိုအပ်ပြီသော မာရ်၏ ကျော့ကွင်း၌။
နရဇ္ဇန်တိ၊ မတပ်ငြိကုန်။
ဣတိ၊ ဤသို့။
နန္ဒကောထေရော၊ နန္ဒကထေရ်သည်။
ဣမံဂါထာ စတုတ္ထံ၊ ဤဂါထာ လေးခုအပေါင်းကို။
အဘာသိတ္ထ၊ ဆိုပြီ။
နန္ဒကထေရဂါထာ အနက်ပြီး၏။