အာဝုသော၊ ငါ့ရှင်တို့။
ယဒါ၊ အကြင်အခါ၌။
သုစိပဏရစ္ဆဒါ၊ စင်ကြယ်သော အလွန်ဖြူစင်သော အတောင်ရှိကုန်သော။
ဗလာကာ၊ ငှက်ဥဗြိုင်းတို့သည်။
ကာဠဿ၊ မျက်စဉ်းညိုနှင့်တူသော မည်းညိုသော အရောင်ရှိသော။
မေဃဿ၊ မိုဃ်း၏။
တဇ္ဇိတာ၊ ချုန်းထစ်ခြင်းမှ။
ဘဘေန၊ ကြောက်သဖြင့်။
အာလယံ၊ မိမိနေရာဖြစ်သော အသိုက်သို့။
ပလေဟိတိ၊ ကျက်စားရာမြေမှ ပျံ၍ သွားလတ္တံ့။
အာလယေသိနီ၊ ထိုထိုမိမိနေဟောင်းဖြစ်သော အသိုက်၌နေခြင်းကို အလိုရှိကုန်၏။
တဒါသ္မိံ ကာလေ၊ ထိုအခါ၌။
အဇကရဏီ၊ အဇကရဏီ အမည်ရှိသော။
နဒီ၊ အသစ်သော ရေဖြင့် ပြည့်သော မြစ်သည်လည်း။
မံမမ၊ ငါ၏။
စိတ္တံ၊ စိတ်ကို။
ယမေတိ၊ နှစ်သက်စေ၏။
ယဒါ၊ အကြင်အခါ၌။
သုဝိသုဒ္ဓပဏ္ဍရာ၊ ကောင်းစွာဖြူစင်သော အဆင်းရှိကုန်သော။
ဗလာကာ၊ ဥဗြိုင်းငှက်တို့သည်။
ကာဠဿ၊ မျက်စဉ်းညိုနှင့် တူသော မည်းနက်သော အရောင်ရှိသော။
မေဃဿ၊ မိုဃ်းကြီး၏။
တဇ္ဇိတာ၊ ချုန်းထစ်ခြင်းမှ။
ဘယေန၊ ကြောက်သဖြင့်။
လေဏံလေဏဿ၊ နေရာအရပ်၏။
အဘာဝေန၊ မရှိသဖြင့်။
အလေဏဒဿိနီ၊ နေရာအရပ်ကို မမြင်သည်ဖြစ်၍။
လေဏံ၊ နေရာအသိုက်ကို။
ပရိယေသတိ၊ ရှာလင့်၏။
တဒါ၊ ထိုမိုဃ်းကြီးရွာသောအခါ၌။
အဇကရဏီ၊ အဇကရဏီအမည်ရှိသော။
နဒီ၊ အသစ်သော ရေဖြင့် ပြည့်သော မြစ်သည်။
မံမမ၊ ငါ၏။
စိတ္တံ၊ စိတ်ကို။
ယမေတိ၊ နှစ်သက်မွေ့လျော်စေ၏။
မမ၊ ငါ၏။
ဝသနမဟာလေဏတော၊ နေရာလိုဏ်ကြီးမှ ။
ပစ္ဆာ၊ နောက်အဘို့၌။
အာသဘာကုလံ၊ အဇကရဏီ မည်သော မြစ်၏။
ဥဘတော၊ ကမ်းနှစ်ဘက်မှ။
တဟိံ၊ ထိုထိုသို့သော အရပ်၌။
ဣတော စိတော၊ ထိုမှဤမှ။
သောဘေန္တိ၊ တင့်တယ်စေကုန်၏။
ယေရုက္ခာ၊ အကြင်သစ်ပင်တို့သည်။
နိစ္စကာလံ၊ အမြဲကာလပတ်လုံး။
ဖလဘာရမိတသာခါ၊ အသီးတည်းဟူသော ဝန်ဖြင့် ညွတ်သော အခက်ရှိကုန်သော။
သိနိဒ္ဓဝဏ္ဏစ္ဆာယ၊ သိမ်မွေ့ပြေပြစ်သော အရွက်အရိပ်ရှိကုန်သော။
ဇမ္ဗုယောည၊ သပြေပင်တို့သည်။
တတ္ထ၊ ထိုအရပ်၌။
ကန္နုနာမသတ္တံ၊ အဘယ်ရှိသော သတ္တဝါ ကိုလျှင်။
နရမေန္တိ၊ အဘယ်မှာ မမွေ့လျော်စေဘဲရှိနိုင်အံ့နည်း။
ရမေန္တိယေဝ၊ မွေ့လျော်စေကုန်သလျှင် ကတည်း။
အမတာမတသံဃသုပ္ပတိဘာ၊ စပါးကြီးမြွေသတ်သဖြင့် မသေသော သူတို့၏ အပေါင်းမှ ကောင်းစွာဖဲအပ်သော ။
ကေကာ၊ ထိုအရပ်၌ သာယာစွာ တွန်တတ်ကုန်သော ဥဒေါင်းစသော ငှက်တို့သည်။
မန္ဒဝတိံ၊ နည်းသော ပညာရှိသော သူကို။
ပနာဒယန္တိ၊ ပဲ့တင်ထပ်သော အသံတို့ဖြင့် မွေ့လျော်စေကုန်၏။
အဇ္ဇ၊ ယခုအခါ၌။ဓ
ဂိရိနဒီဟိ၊ တပါးသော တောင်မှ စီးသော မြစ်တို့နှင့် ။
ဝိပ္ပဝါသသမယော၊ ကင်းကွာ၍ နေသောအခါသည်။
နဟောတိ၊ မဖြစ်။
ခေမာအဇကရဏီ၊ အထူးသဖြင့် ငါးရဲမိကျောင်းလပိုင် အစရှိသည်မှ ကင်းသော ကြောင့်ဘေးမရှိသော အဇကရဏီမည်သော မြစ်သည်။
သိဝါ၊ ကောင်းသော အမြင်ရှိသော ဆိတ်သဲစုနှင့် ပြည့်စုံ၏။
သုရမ္မာ၊ ကောင်းသော မွေ့လျော်ရာလည်းဖြစ်၏။
တသ္မာ၊ ထိုကြောင့်။
တတ္ထေဝ၊ ထိုအဇကရဏီမည်သော မြစ်နား၌သာလျှင်။
မမ၊ ငါ၏။
မနော၊ နှလုံးသည်။
ရဇ္ဇတိ၊ တပ်၏။
ဣတိ၊ ဤသို့။
သဗ္ဗကောထေရော၊ သဗ္ဗကထေရ်သည်။
ဣမံဂါထာစတုက္ကံ၊ ဤဂါထာလေးခုအပေါင်းကို။
အဘာသိတ္ထ၊ ဆိုပြီ။
သဗ္ဗကထေရဂါထာ အနက်ပြီး၏။