အာဝုသော၊ ငါ့ရှင်တို့။
အယောနိသော၊ အသုဘကို သုဘဟူ၍မသင့်သော နှလုံးသွင်းခြင်းဖြင့်။
မနသိကာရာ၊ နှလုံးသွင်းခြင်းကြောင့်။
မဏ္ဍနံ၊ လက်ကောလက်ကြပ်စသည်ဖြင့် တန်ဆာဆင်ခြင်း ပန့်နံ့သာ စသည်ဖြင့် အတ္တဘောကို တန်ဆာဆင်ခြင်းကို။
အနုယုဉ္ဇိဿံ၊ ကိုယ်၏တင့်တယ်ခြင်း၌ လေ့လောသော အားဖြင့် ဖြစ်စေအံ့။
ဥဒ္ဓဋော၊ ဇာတ်အရွယ် အဆင်းတို့ကို စွဲ၍ တက်သော မာန်ဖြင့် မငြိမ်သက်သော စိတ်ရှိသည်ဖြစ်၍။
စပလော၊ တော၌ ဖြစ်သော မျောက်ကဲ့သို့ တည်တန့်သော စိတ်မရှိသည်ဖြစ်၍ ကိုယ်ကို တန်ဆာဆင်ခြင်းစသော လျှပ်ပေါ်ခြင်းနှင့်ယှဉ်သော ကြောင့်မတည်တန့်သော နေခြင်းရှိသည်။
အာသိံ၊ ဖြစ်ပြီ။
ကာမရာဂေန၊ ဝတ္ထုကာမဂုဏ်၌ ပြင်းစွာတပ်သော ရာဂဖြင့်။
အဋ္ဋိတော၊ နှိပ်စက်အပ်သည်။
အသိ၊ ဖြစ်ပြီ။
ဥပါယကုသလေန၊ ဝေဏေသတို့အားဆုံးမခြင်းအကြောင်း၌ လိမ္မာတော်မူသော ။
အာဒိစ္စဗန္ဓုနာ၊ နေမင်း၏ အဆွေဖြစ်တော်မူသော။
ဗုဒ္ဓေန၊ မြတ်စွာဘုရားကြောင့်။
အဟံ၊ ငါသည်။
ယောနိသော၊ အသင့်အားဖြင့်။
ပဋိပဇ္ဇိတွာ၊ သမထဝိပဿနာဖြင့် စင်ကြယ်သော အကျင့်ကိုကျင့်၍။
ဘဝေ၊ သံသရာတည်းဟူသော ညွန်ပြောင်း၌။
နိရဂ္ဂံ၊ နစ်သော။
စိတ္တံ၊ စိတ်ကို။
ဥဒဗ္ဗဟိ၊ အရိယမဂ်ဖြင့် မြင့်မြတ်သော နိဗ္ဗာန်ကြဉ်းထက်၌ တည်စေပြီ။
ဣတိ၊ ဤသို့။
နန္ဒောထေရော၊ နန္ဒထေရ်သည်။
ဣမံဂါထာဒွယံ၊ ဤဂါထာ နှစ်ခုအပေါင်းကို။
အဘာသိတ္ထ၊ ဆိုပြီ။
နန္ဒထေရဂါထာ အနက်ပြီး၏။