Issues
Select Version
နိဿယ
မြန်မာဘာသာ
Theragāthāpāḷi
Theragāthāpāḷi

2. Ekavihāriyattheragāthā

Author: နိဿယ @ IAPT

အာဝုသော၊ ငါ့ရှင်တို့။ ပုရတောဝါ၊ မိမိရှေ့မှ လည်းကောင်း။ ပစ္ဆတောဝါမိ၊ မိမိနောက်မှလည်းကောင်း။ ပဿတော ပဿန္တဿ၊ ရှုသော သူအား။ အပရောအညော၊ တပါးသော သူသည်။ နဝိဇ္ဇတိ၊ မရှိ။
ဣတိစေ၊ ဤသို့ ဆိုငြားအံ့။ ဧဝံသတိ၊ ဤသို့ ဖြစ်သည်ရှိသော်။ ဝနေ၊ တော၌။ ဧကဿ၊ တယောက်အထည်းတည်း။ ဝဿတော၊ နေသောငါအား။ အတိဝ၊ အလွန်လျှင်။ ဖာသု၊ စိတ်၏ချမ်းသာခြင်းသည်။ ဘဝတိ၊ ဖြစ်၏
ဟန္ဒ၊ ယခုအခါ၌။ ဝီသဇ္ဇာမိ၊ ရွာကို ငါစွန့်၏။ ဧကော၊ တယောက်အထည်းတည်း။ ဗုဒ္ဓဝဏ္ဏိတံ၊ မြတ်စွာဘုရားသည် ချီးမွမ်းအပ်သော။ အဓညံ၊ တောသို့။ ဂမိဿာမိ၊ သွားအံ့။
ဧကဝိဟာရိဿ၊ တယောက်အထည်းတည်းနေလေ့ရှိထသော။ ပဟိတတ္တဿ၊ နိဗ္ဗာန်သို့ စေလွှတ်အပ်သော စိတ်ရှိထသော။ ဘိက္ခုနော၊ ရဟန်းအား။ အဓညံ၊ တောကျောင်းသည်။ ဖာသု၊ အလိုရှိအပ်သော ချမ်းသာကို ဆောင်တတ်သည်။ ဟောတိ၊ ဖြစ်၏။
ယောဂီပီတိကရံ၊ ကမ္မဋ္ဌာန်းစီးပြန်သော ပုဂ္ဂိုလ်တို့၏ ဈာနဝိပဿနာစသော ပီတိကို ပြုတတ်ထသော။ မတ္တကုဉ္ဇရသေဝိတံ၊ အရံသစ်သော ဆင်တို့၏ သွားလာမှီဝဲရာလည်းဖြစ်ထေသော။ ရမ္မံ၊ နှလုံးမွေ့လျော်ဘွယ်ရှိသော တောကျောင်းသည်။
ဧကော၊ တယောက်အထည်းတည်း။ အတ္ထဝသီ၊ ရဟန်းတရားကို အလေ့အလာပြု၍ နေခြင်းငှါသင့်သော။ ကာနနံ၊ တောအရပ်သို့ ။ ခိပ္ပံ၊ လျှင်စွာ။ ပဝိသိဿာမိ၊ ဝင်လေအံ့။
သုပုပ္ဖိတေ၊ ကောင်းစွာပွင့်ထသော။ သီတလေ၊ ချမ်းမြေ့ထသော။ ဂိရိကန္ဒရေ၊ တောင်ချောက်ရှိထသော။ သီတဝနေ၊ အရိပ်မေနှင့်ပြည့်စုံသော ယင်းတိုက်တော၌။
ဂတ္တာနိ၊ ကိုယ်တို့ကို။ ပရိသိဉ္စိတွာ၊ ရေဖြင့် သွန်း၍။ ဧကကော၊ တဏှာဟုဆိုအပ်သော နှစ်ယောက်သော သူမရှိသည်ဖြစ်၍။ စင်္ကမိဿာမိ၊ စင်္ကြံသွားလေအံ့။
ဧကာသိယော၊ အဖော်မရှိသည်။ အဒုတိယော၊ တဏှာဟူသောနှစ်ယောက်မြောက်သော သူမရှိသည်။ ဟုတွာ၊ ဖြစ်၍။ ရမဏီယေ၊ နှလုံးမွေ့လျော်ဘွယ်ရှိသော။ မဟာဝနေ၊ တောကြီး၌။
ကဒါ၊ ဘယ်နံရောက်အခါ၌။ အဟံ၊ ငါသည်။ ကတကိစ္စော၊ ပြုအပ်သော တဆဲ့ ခြောက်ပါးသော မဂ်ကိစ္စရှိသည်ဖြစ်၍။ အနာသဝေါ၊ ကင်းသော အာသဝေါ ရှိသည်ဖြစ်၍။ ဝိဟရိဿာမိ၊ နေရပါအံ့နည်း။
ဧဝံ၊ ဤသို့ သော အခြင်းအရာဖြင့်။ ကတ္တုကာမဿ၊ ပြုခြင်းငှါ အလိုရှိသော။ မေ၊ ငါ၏။ အဓိပါယော၊ နှလုံးအလိုသည်။ သမိဇ္ဈတု၊ အရဟတ္တဖိုလ်ကိုရခြင်း ဟုဆိုအပ်သော အပြီးသို့ ရောက်စေသတည်း။
အညော၊ တယောက်သော သူသည်။ အညဿ၊ တယောက်သော သူအား။ ကာရကော၊ သံသရာ၌ အကျိုးနိဗ္ဗာန်အကျိုးကို ပြုတတ်သည်။ နဟောတိ၊ မဖြစ်။ အဟံယေဝ၊ ငါ့ကိုယ်တိုင်သာလျှင်။ သာဓယိဿာမိ၊ သံသရာ အကျိုးနိဗ္ဗာန်အကျိုးကို ပြီးစေအံ့။
ဧသဧသောအဟံ၊ ထိုငါသည်။ သန္နာဟံ၊ အသက်ကို မငဲ့ဘဲ ဝီရိယဟူသော ဖွဲ့ခြင်းဖြင့်။ ဗန္ဓာမိ၊ လွန်စွာ ကြိုးကုတ်အားထုတ်ခြင်းဟူသော ဖွဲ့ခြင်းဖြင့်ဖွဲ့ပေအံ့။ ကာနနံ၊ တောအုပ်သို့။ ပဝိသိဿာမိ၊ ဝင်ပေအံ့။
တတော၊ ထိုတောကျောင်းမှ။ ဘာသဝက္ခယံ၊ အာသဝေါတို့၏ ကုန်ရာဖြစ်သော အရဟတ္တမဂ်သို့။ အပ္ပတ္တော၊ မရောက်သေးသရွေ့။ နနိက္ခမိဿာမိ၊ ငါမထွက်အံ့။
မာလုတေ၊ လေသည်။ သီတေ၊ ချမ်းမြေ့စွာ။ သုရဘိဂန္ဓိကေ၊ ကောင်းသော ဝတ်ပန်းအနံ့ ကို ဆောင်လျက်။ ဥပဝါယန္တေ၊ တကြိုင်ကြိုင်လှိုင်လျက်လာသည်ရှိသော်။
နဂမုဒ္ဓနိ၊ တောင်ထိပ်ထက်၌။ နိသိန္နော၊ ထိုင်လျက်။ အဝိဇ္ဇံ၊ မောဟဟူသော အမိုက်ကို။ ဒါလယိဿာမိ၊ ခွဲဖေါက်ပေအံ့။
နုနဧကန္တေန၊ စင်စစ်သဖြင့်။ သီတလေ၊ ချမ်းမြေ့သော။ ကုသုမသဉ္ဆန္နေ၊ ကောင်းသော ဝတ်ပန်းဖြင့် ဖုံးလွှမ်းအပ်သော ။ ဝနေ၊ တော၌။ ဋ္ဌိတော၊ တည်သော။ ပဗ္ဘာရေ၊ တောရှိုင်း၌။ နိသိန္နော၊ ထိုင်နေလျက်။
ဝိမုတ္တိသုခေန၊ အရဟတ္တဖိုလ်ချမ်းသာဖြင့် ။ သုခိတော၊ ချမ်းသာသော ကိုယ်ရှိသည်ဖြစ်၍။ ဂိရိဗဗဇေ၊ ဝေဘာရစသော တောင်ငါးလုံးဖြင့် ခြံရံအပ်သော ရာဇဂြိုလ်ပြည်အနီး၌။ ရမိဿာမိ၊ မွေ့လျော်လျက်နေလေအံ့။
သောအဟံ၊ ထိုငါသည်။ ဒါနိဣဒါနိ၊ ယခုအခါ၌။ ပန္နရသော၊ တဆဲ့ငါးရက်မြောက်သော နေ့၌။ စန္ဒေါ၊ လသည်။ ပရိပုဏ္ဏောယထာ၊ ပြည့်ဝန်းလျက်ထွန်းသကဲ့သို့။ ပရိပုဏ္ဏသင်္ကပ္ပေါ၊ ပြည့်စုံသော အကြံသည်။ အဟောသိ၊ ဖြစ်ပြီ။
အဟံ၊ ငါသည်။ သဗ္ဗာသဝပရိက္ခိဏော၊ ကုန်ပြီးသော အလုံးစုံသော အာသဝေါရှိသည်။ အမှိ၊ ဖြစ်ပြီ။ ဒါနိဣဒါနိ၊ ယခုအခါ၌။ ပုနဗ္ဘဝေါ၊ တဘန်ဘဝသစ်၌ ဖြစ်ခြင်းသည်။ နတ္ထိ၊ မရှိပြီ။
ဣတိ၊ ဤသို့။ ဧကဝိဟာရိယောထေရော၊ ဧကဝိဟာရိယထေရ်သည်။ ဣမာဒသဂါထာယော၊ ဤဘွဲ့ဆိုသီကုံးအပ်သော ဆယ်ဂါထာတို့ကို။ အဘာသိ၊ ဆိုပြီ။ ဧကဝိဟာရိယထေရဂါထာ အနက်ပြီး၏။