အာဝုသော၊ ငါ့ရှင်တို့။
ပဏ္ဍတံဝ၊ သုတစိန္တာမယ ပညာနှင့် ပြည့်စုံည်သာလျှင်ဖြစ်သော။
ကပံ၊ ပူပန်စေတတ်သော အကျင့်နှင့် ပြည့်စုံသော သူသည်။
အတ္ထဝိစိန္တကံ၊ မိမိအစီးအပွါးသူတပါးအစီးအပွါးကို ကြံခြင်းငှါ။
အလံသမတ္ထကံ၊ စွမ်းနိုင်သောသူသည်။
သန္တံသမာနံပိ၊ ဖြစ်သော်လည်း။
လောကေ၊ လောက၌။
ပဉ္စကာမဂုဏာ၊ ငါးပါးသော ကာမဂုဏ်တို့သည်။
ဣမံသမူဟံ၊ ဤသတ္တဝါအပေါင်းကို။
သမ္မောဟာ၊ တွေဝေခြင်းဟူသော အကြောင်းတို့ကို။
ပါတယိံသု၊ ရှည်မြင့်စွာ ဖြစ်သဖြင့် ကျစေကုန်၏။
ဥတ္တရိတုကာမံ၊ ကူးခြင်းငှါ အလိုရှိသော ။
မံ၊ ငါ့ကို။
ပဉ္စကာမဂုဏာ၊ ငါးပါးသော ကာမဂုဏ်တို့သည်။
သမ္မောဟာ သမ္မောဟေန၊ ပြင်းစွာတွေဝေသဖြင့်။
လောကေ၊ ဩကာသလောက၌။
ပါတယိံသု၊ ကျစေကုန်၏။
မာရဝိံသယေ၊ ကိလေသမာရ်၏ ဖြစ်ရာဋ္ဌာန၌။
ပက္ခန္ဓော၊ ထိုကိလေသာမာရ်၏ နိုင်ငံသို့ ပြေးဝင်သော။
ဒဠသလ္လသမပ္ပိတော၊ မြဲမြံစွာစူးသောငြောင့်နှင့်တူသော ကိလေသာဟူသော ငြောင့်ကို ဖေါက်ထွင်းသောစိတ်ရှိသော။
အဟံ၊ ငါသည်။
မစ္စုရာဇဿ၊ သေမင်း၏။
ပါသစ၊ ရာဂအနှောင်အဖွဲ့တည်းဟူသော ကြော့ကွင်းမှ။
ပမုစ္စိတုံ၊ လွတ်ခြင်းငှါ။
အသက္ခိံ၊ အရဟတ္တမဂ်ဉာဏ်ဟူသော မွေးညှပ်ဖြင့် ရာဂစသော ငြောင့်ကို အကြွင်းမဲ့နှုတ်ခြင်းငှါ စွမ်းနိုင်၏။
မေမယာ၊ ငါသည်။
သဗ္ဗေကာမာ၊ အလုံးစုံသော အဝတ်တန်ဆာစသော အားဖြင့် များသော ဝတ္ထုကာမဂုဏ်ကိလေသာ ကာမဂုဏ်တို့ကို။
ပဟီနာ၊ အရဟတ္တမဂ်ဖြင့် ပယ်အပ်ပြီ။
မေမယာ၊ ငါသည်။
သဗ္ဗေဘဝါ၊ ကမ္မဘဝစသော အလုံးစုံသော ဘဝတို့ကို။
ပဒါလိတာ၊ အရိယမဂ်ဖြင့် ဖျက်ဆီးအပ်ကုန်ပြီ။
ဇာတိသံသာရော၊ ပဋိသန္ဓေနေခြင်းလျှင် အကြောင်းရှိသော သံသရာဝဋ်သည်။
ဝိက္ခီဏော၊ မဂ်ဖြင့် ဖြတ်သော အားဖြင့် ကုန်ပြီ။
ဒါနိဣဒါနိ၊ ယခုအခါ၌။
ပုနဗ္ဘဝေါ၊ ဘဝသစ်၌ တဘန်ဖြစ်ခြင်းသည်။
နတ္ထိ၊ မရှိပြီ။
ဣတိ၊ ဤသို့။
ဥတ္တရပါလောထေရော၊ ဥတ္တရပါလထေရ်သည်။
ဣမံဂါထတ္တယံ၊ ဤဂါထာသုံးခုတို့၏ အပေါင်းကို။
အဘာသိတ္ထ၊ ဆိုပြီ။
ဥတ္တရပါလထေရဂါထာ အနက်ပြီး၏။