အာဝုသော၊ ငါ့ရှင်တို့။
ဥပ္ပကန္တေသု၊ တက်သော မာနဥဒ္ဓစ္စထမ္ဘသာရမ္ဘအစရှိသည်တို့ဖြင့် မငြိမ်းကုန်သေးသော သူတို့၌။
နိပတေနိပ္ပတေယျ၊ ထိုတရားတို့ကို ကြဉ်သဖြင့် နှိမ့်ချသော အသက်မွေးခြင်းရှိသည်ဖြစ်ရာ၏။
နိပ္ပတန္တေသု၊ ပျင်းသဖြင့် ဂုဏ်မှ ယုတ်ကုန်သော သူတို့၌။
ဥပ္ပတေယျ၊ ပျင်းခြင်းမှ လွတ်စေ၍ လုံ့လအားထုတ်သဖြင့် သီလစသော ဂုဏ်အားဖြင့် ဖြစ်စေရာ၏။
အဝသမာနေသု၊ ကိလေသာဟူသော အပေါင်းအဖော်ဖြင့် မနေကုန်သော သူတို့နှင့်။
ဝသေ၊ ထိုအရိယာ သူတော်ကောင်းတို့ အလိုသို့ လိုက်၍ နေရာ၏။
ရမမာနေသု၊ ကိလေသာကာမဂုဏ်ဖြင့် မွေ့လျော်၍ နေကုန်သော သူတို့၌။
နောရမေနရမေယျ၊ မိမိသည် ကာမဂုဏ်ဟူသော မွေ့လျော်သော အခြင်းအရာဖြင့် မနေရာ။
နိရာမိဈာနာဒိရတိယာ၊ အာမိသကင်းသော ဈာန်စသော မွေ့လျော်ခြင်းဖြင့်။
ရမေယျ၊ မွေ့လျော်နေရာ၏။
ဣတိ၊ ဤသို့။
ပိယဉ္ဇယောထေရော၊ ပိယဉ္ဇယထေရ်သည်။
ဣမံဂါထံ၊ ဤဂါထာကို။
အဘာသိတ္ထ၊ ဆိုပြီ။
ပိယဉ္ဇထေရဂါထာ အနက်ပြီး၏။