Issues
Select Version
နိဿယ
မြန်မာဘာသာ
Theragāthāpāḷi
Theragāthāpāḷi

2. Tekicchakārittheragāthā

Author: နိဿယ @ IAPT

ဘောပဗ္ဗဇိတ၊ အိုရဟန်း။ ခလာခလာတော၊ တလင်းမှ။ အတိဟိတာဝီဟိ၊ ကျီးသို့ဆောင်၍ ထားအပ်၏။ ခလဂတာ၊ တလင်းပြုရာ အရပ်၌ တည်သော။ သာလိ၊ သလေးသည်။ ဋ္ဌိတာ၊ ကျီ၌တည်၏။
ဧဝံ၊ ဤသို့။ သုလဘဓညေ၊ ရလွယ်သော စပါးရှိသော။ သုဘိက္ခာကာလေ၊ ဝပြောသော အခါ၌။ အဟံ၊ ငါသည်။ ပိဏ္ဍိ၊ ဆွမ်းမျှကို။ နာလဘေနလဘာမိ၊ မရ။ ဣဒါနိ၊ ယခုအခါ၌။ အဟံ၊ ငါသည်။ ကထံ၊ အသို့။ ကဿံ၊ အသက်ရှည်ခြင်းကို ပြုရပါအံ့နည်း။
ဣတိ၊ ဤသို့။ မာရော၊ မာရ်မင်းသည်။ ပရိဟသကေဠိံ၊ ပျက်ရည်မှု စကားကို။ အာဟ၊ ဆို၏။ တံဝစနံ၊ ထိုမာရ်မင်းက ပျက်ရယမှု ပြုသော စကားကို။ သုတွာ၊ ကြား၍။ ထေရော၊ တေကိစ္ဆကာရိထေရ်သည်။ အဟံ၊ ငါကား။ အပ္ပမေယျံ၊ မနှိုင်းယှဉ်အပ်သော အရဟံ အစရှိသော ကျေးဇူးနှင့် ပြည့်စုံတော်မူသော။ ဗုဒ္ဓံ၊ မြတ်စွာဘုရားကို။ ပသန္နော၊ သက်ဝင်ကြည်ညိုခြင်း လက္ခဏာ ရှိသော သဒ္ဓါဖြင့် ကြည်ညိုသော စိတ်ရှိသည်။ ဟုတွာ၊ ဖြစ်၍။ အနုဿရံ အနုဿရန္တော၊ ဣတိပိသော ဘဂဝါအရဟံ အစရှိသည်ဖြင့် အဘန်တလဲလဲ အောက်မေ့သည်ဖြစ်၍။
ပီတိယာစ၊ အဘန်တလဲလဲ ဘုရားလျှင် အာရုံရှိသော နှစ်သက်ခြင်းဖြင့်။ ဖုဋသရိရော၊ နှံ့သော ကိုယ်ရှိသည်။ အဟောသိ၊ ဖြစ်၏။ သတတံ၊ အခါခပ်သိမ်း။ ဥဒဂ္ဂေါ၊ ကိုယ်ကို အထက်သို့ ထက်သည်ကို ပြု၍ ကောင်းကင်သို့ ပျံခြင်းငှါ စွမ်းနိုင်သည်။ အဟောသိံ၊ ဖြစ်၏။
အပ္ပမေယျံ၊ မနှိုင်းယှဉ်အပ်သော ကျေးဇူးနှင့် ပြည့်စုံသော။ ဓမ္မံ၊ တရားတော်ကို။ ပသန္နော၊ ကြည်ညိုသော စိတ်ရှိသည်ဖြစ်ဇ၍။ အနုဿရံအနုဿရန္တော၊ သွာက္ခာတတာ စသည်ဖြင့် အဘန်တလဲလဲ အောက်မေ့လျက်။
ပီတိယာစ၊ အဘန်တလဲလဲ ဖြစ်သောတရားလျှင် အာရုံရှိသောနှစ်သက်ခြင်းဖြင့်လည်း။ ဖုဋ္ဌသရိရော၊ နှုံသော ကိုယ်ရှိသည်။ အဟောတိ၊ ဖြစ်၏။ သတတံ၊ အခါခပ်သိမ်း။ ဥဒဂ္ဂေါ၊ ကိုယ်၏တက်ခြင်းကို ပြု၍ကောင်းကင်သို့ ပျံခြင်းငှါ စွမ်းနိုင်သည်လည်း။ အဟောသိံ၊ ဖြစ်၏။
အပ္ပမေယျံ၊ သုပ္ပဋိပန္နတာ စသည်ဖြင့် မနှိုင်းယှဉ်အပ်သော ကျေးဇူးရှိသော။ သံဃံ၊ သံဃာတော်ကို။ ပသန္နော၊ ကြည်ညိုသော စိတ်ရှိသည်ဖြစ်၍။ အနုဿရံအနုဿရန္တော၊ သုပ္ပဋိပန္နော စသည်ဖြင့် အဘန်တလဲလဲအောက်မေ့လျက် ။
ပီတိယာစ၊ အဘန်တလဲလဲ ဖြစ်သော သင်္ဃာလျှင် အာရုံရှိသော နှစ်သက်ခြင်းဖြင့်လည်း။ ဖုဋသရိရော၊ နှုံ့သော ကိုယ်ရှိသော။ အဟောသိံ၊ ဖြစ်၏။ သတတံ၊ အခါခပ်သိမ်း။ ဥဒဂ္ဂေါ၊ ကိုယ်၏ တက်ခြင်းကို ပြု၍ ကောင်းကင်သို့ ပျံခြင်းငှါ စွမ်းနိုင်သည်လည်း။ အဟောသိံ၊ ဖြစ်၏။
ဘိက္ခု၊ ရဟန်း။ တွံ၊ သင်သည်။ အဗ္ဘောကာသေ၊ အမိုးမရှိဟင်းလင်းသော အပြင်၌။ ဝိဟရသိ၊ နေဘိ၏။ ဟေမန္တိကာ၊ ဆီးနှင်းကျသော အခါ ဖြစ်ကုန်သော။ ဣမာသိတာ၊ ဤနေရာ၌ အကျွမ်းဝင်သော အချမ်းဖြင့် အလွန်ချမ်းခြင်းရှိကုန်သော။ ရတ္တိယော၊ ညဉ့်တို့သည်။ ယသ္မာ၊ အကြင်ကြောင့်။ ဝတ္တန္တိ၊ ဖြစ်ကုန်၏။
သီတေန၊ အချမ်းဖြင့်။ ပရေတော၊ နှိပ်စက်သည်ဖြစ်၍။ မာဝိဟညိတ္ထော မာကိလမိ၊ ပင်ပန်းခြင်းသို့ မရောက်စေလင့်။ ဖုသိတဂ္ဂဠံ၊ ပိတ်အပ်သော တံခါးရွက်လည်းရှိသော။ ဝိဟာရံ၊ ကျောင်းကို။ တွံ၊ သင်သည်။ ပဝိသ၊ ဝင်၍နေသော။ ဧဝံ၊ ဤသို့ နေသည်ရှိသော် ။ တေ၊ သင်ရဟန်းအား။ သုခဝိဟာရော၊ ချမ်းသာစွာနေရခြင်းသည်။ ဘဝိဿတိ၊ ဖြစ်ရလတ္တံ့။ ဣတိ၊ ဤသို့။ မာရော၊ မာရ်သည်။ အာဟ၊ ဆို၏။
မာရ၊ မာရ်မင်း။ အဟံ၊ ငါသည်။ စတဿောအပ္ပမညာယော၊ အတိုင်းမသိသော သတ္တဝါလျှင်အာရုံရှိသောကြောင့် အပ္ပမညာဟု ရအပ်သော အမည်ရှိသော လေးပါးသော ဗြဟ္မဝိဟာရတို့ကို။ ဖုသိဿံ၊ ရံခါရံခါ ဝင်စားအံ့။ တာဟိစ၊ ထိုဗြဟ္မဝိဟာရတရားလေးပါးတို့ဖြင့်လည်း။ သုခိတော၊ ကိုယ်၌ နှံ့စေသောအားဖြင့် ချမ်းသာခြင်းရှိသည်။ ဟုတွာ၊ ဖြစ်၍။ ဝိဟရိဿံ၊ နေအံ့။
အဟံ၊ ငါသည်။ သီတေန၊ အန္တရဋ္ဌကဟုဆိုအပ်သော ဆီးနှင်းကျသော အခါ၌ဖြစ်သော အအေးဖြင့်။ နဝိတညိဿံ၊ အဘယ်မှာ ပင်ပန်းစွာ နေပါအံ့နည်း။ တသ္မာ၊ ထိုကြောင့်။ အနိဉ္ဇိတော၊ စိတ်၏ တုန်လှုပ်ခြင်းကို ပြုတတ်သော ဗျာပါဒ အစရှိသော တရားတို့ကို ပယ်သောအားဖြင့် တုန်လှုပ်ခြင်းကင်းသည်ဖြစ်၍။ ဝိဟရန္တော၊ သမာပတ်ချမ်းသာဖြင့်နေသော ငါသည်။ ကေန၊ အဘယ်ကြောင့်။ နဝိဟညိဿံ၊ ပင်ပန်းခြင်းသို့ရောက်ပါတော့အံ့နည်း။
ဣတိ၊ ဤသို့။ တေကိစ္ဆကာရိထေရော၊ တေကိစ္ဆကာရီထေရ်သည်။ အဘာသိတ္ထ၊ ဆိုပြီ။ တေကိစ္ဆကာရိထေရ ဂါထာ အနက်ပြီး၏။