Issues
Select Version
နိဿယ
မြန်မာဘာသာ
Theragāthāpāḷi
Theragāthāpāḷi

2. Suppiyattheragāthā

Author: နိဿယ @ IAPT

အာဝုသော၊ င့ါရှင်တို့။ ဇိရမာနေန၊ အိုခြင်းသို့ ရောက်ခြင်းမှလည်းကောင်း။ တပ္ပဟာနေန၊ တဆဲ့တပါးသော မီးတို့ဖြင့် မလောင်ခြင်းမှ လည်းကောင်း။ နိဗ္ဗုတိံ၊ ငြိမ်းရာဖြစ်သော ။ အဇရံ၊ အိုခြင်းမရှိသော။
နိမိယံ၊ ပျက်စီးခြင်း မရှိမြဲစွာတည်သော။ ပရမံသန္တိံ၊ မြတ်သော ငြိမ်းရာဖြစ်‌သော။ ယောဂက္ခေမံ၊ ယောဂလေးပါးတို့၏ ကုန်ရာဖြစ်သော။ အနုတ္တရံ၊ မိမိထက် လွန်မြတ်သော တရားမရှိသော နိဗ္ဗာန်သို့။ အဟံ၊ ငါသည်။ ပတ္တေယျံ၊ ရောက်လေအံ့။
ဣတိ၊ ဤသို့။ သုပ္ပိယောထေရော၊ သုပ္ပိယထေရ်သည်။ ဣမံဂါထံ၊ ဤဂါထာကို ။ အဘာသိတ္ထ၊ ဆိုပြီ။ သုပ္ပိယထေရဂါထာ အနက်ပြီး၏။