Issues
Select Version
နိဿယ
မြန်မာဘာသာ
Theragāthāpāḷi
Theragāthāpāḷi

9. Anuruddhattheragāthā

Author: နိဿယ @ IAPT

အာဝုသော၊ ငါ့ရှင်တို့။ မာတာပိတရော၊ အမိအဘတို့ကိုလည်းကောင်း။ ဘဂိနိဉာတိဘာတရောစ၊ နှစ်မဆွေမျိုး အစ်ကိုတို့ကို လည်းကောင်း။ မဟာယ၊ စွန့်၍။
ပဉ္စကာမဂုဏေ၊ ပါးပါးသော ကာမဂုဏ်တို့ကို။ ဟိတွာ၊ စွန့်၍။ အနုရုဒ္ဓေါဝ၊ အနုရုဒ္ဓါအမည်ရှိသော ငါသည်လျှင်။ ဈာယတိ၊ အာရမ္မဏူပနိဇ္ဈာနဈာန် လက္ခဏူပနိဇ္ဈာနဈာန် နှစ်ပါးကို ဝင်စားလျက် နေ၏။
နစ္စဂီတေဟိ၊ ကခြင်းသီချင်းတို့နှင့်။ သမုပေတော၊ ပြည့်စုံသည်ဖြစ်၍။ သမ္မဘာဠပ္ပဗောဓနော၊ ကြေးမောင်းနှင့်ခွက်ခွင်းသံတို့ဖြင့် နံနက်အခါတို့၌ နှိုးအပ်၏။
တေန၊ ထိုကာမဂုဏ်ကိုခံစားခြင်းဖြင့်။ သုဒ္ဓိံ၊ သံသရာ၏ စင်ကြယ်ခြင်းကို။ နအဇ္ဈဂါနာဓိဂစ္ဆိ၊ မရ။ မာရဿ၊ ကိလေသာမာရ်၏။ ဝိသယေ၊ အရာဖြစ်၍ ဖြစ်သော ကာမဂုဏ်၌။ ရတော၊ မွေ့လျော်၏။
ဧတဉ္စ၊ ထိုငါးပါးအပြားရှိသော ကာမဂုဏ်ကိုလည်း။ သမတိက္ကမ္မ၊ ငဲ့ကွက်ခြင်းမရှိစွန့်သော အားဖြင့်လွန်၍။ ဗုဒ္ဓဿ၊ မြတ်စွာဘုရား၏။ သာသနနေ၊ သာသနာတော်၌။ ရတော၊ မွေ့လျော်၏။
သဗ္ဗောဃံ၊ ကာမောဃစသော အလုံးစုံသော ဩဃကို။ သမတိက္ကမ္မ၊ အရဟတ္တမဂ်ဉာဏ်အစွမ်းဖြင့် ကောင်းစွာလွန်၍။ အနုရုဒ္ဓေါဝ၊ အနုရုဒ္ဓေါအမည်ရှိသော ငါသည်လျှင်။ ဈာယတိ၊ အာရမ္မဏူပနိဇ္ဈာနဈာန်လက္ခဏူပနိဇ္ဈာန ဈာန်နှစ်ပါးကို ဝင်စားလျက်နေ၏။
မနောရမာ၊ နှလုံးမွေ့လျော်ဘွယ်ရှိကုန်သော။ ယေရူပါစ၊ အကြင်ရူပါရုံ တို့သည်လည်းကောင်း။ ယေသဒ္ဒါစ၊ အကြင်သဒ္ဒါရုံတို့သည်လည်းကောင်း။ ယေဂန္ဓာစ၊ အကြင်ဂန္ဓာရုံတို့သည်လည်းကောင်း။ ယေရသာစ၊ အကြင်ရသာရုံတို့ သည်လည်းကောင်း။ ယေဖေါဋ္ဌဗ္ဗာစ၊ အကြင်ဖေါဗ္ဗာရုံတို့သည်လည်းကောင်း။ သန္တိ၊ ရှိကုန်၏။
ဧတေစ၊ ထိုငါးပါးသော ကာမဂုဏ်တို့ကိုလည်း။ သမတိက္ကမ္မ၊ ကောင်းစွာလွန်၍။ အနုရုဒ္ဓေါစ၊ အနုရုဒ္ဓါအမည်ရှိသော ငါသည်လျှင်။ ဈာယတိ၊ အာရမ္မဏူပနိဇ္ဈာနဈာန်လက္ခဏူပနိဇ္ဈာနဈာန်နှစ်ပါးကို ဝင်စားလျက်နေ၏။
ပိဏ္ဍပါတံ၊ ဆွမ်းခံခြင်းမှ။ အတိက္ကန္တော၊ နှစ်ခဲ့သည်ရှိသော်။ ဧကော၊ နောက်လိုက်ရဟန်းမရှိတယောက်အတည်းလည်း။ အဒုတိယော၊ တဏှာဟူသော အပေါင်းအဘော်မရှိသည်ဖြစ်၍။
အနာသဝေါ၊ အာသဝေါကင်းပြီးသော။ အနုဒ္ဓေါ၊ အနုဒ္ဓါအမည်ရှိသော။ မုနိ၊ ရဟန္တာသည်။ ပံသုကူသာနိ၊ ပံ့သကူသင်္ကန်းတို့ကို။ ဧသတိ၊ ရှာမှီး၏။
ဝိစိနိ၊ ရွေးချယ်စီစစ်၍။ အဂ္ဂဟိ၊ ယူ၏ ။ ဓောဝိ၊ မြူအညစ်အကြေးတို့ကို ဖွပ်လျှောက်၏။ ရဇယိ၊ ချုပ်၍ ကပ္ပိယ ဆိုးရေဖြင့်ဆိုး၏။
မတိမာ၊ ပညာရှိသော ။ အနာသဝေါ၊ အာသဝေါကင်းပြီးသော။ အနုရုဒ္ဓေါ၊ အနုရုဒ္ဓါ အမည်ရှိသော။ မုနိ၊ ရဟန္တာသည်။ ပံသုကူလာနိ၊ ပံ့သကူသင်္ကန်းတို့ကို။ ဓာရတိ၊ ကပ္ပဗိန္ဒု ထိုး၍ ဝတ်ရုံ၏။
ယောဘိက္ခု၊ အကြင်ရဟန်းသည်။ မဟိစ္ဆောစ၊ အလိုလည်းကြီး၏။ အသန္တုဋ္ဌောစ၊ ယထာလာဘသန္တောသစသော သန္တောသမှ လည်းကင်း၏။ သံသဋ္ဌော၊ လူရဟန်းတို့နှင့်ရောနှောလျက်။ ဥဒ္ဓတော၊ ပျံ့လွင့်သော စိတ်ရှိသည်ဖြစ်၍။ ဝိဟရတိ၊ နေ၏။
တဿ၊ ထိုအလိုကြီးခြင်း စသည်နှင့် ပြည့်စံဒသော ပုဂ္ဂိုလ်အား။ ပါပကာ၊ ယုတ်မာကုန်သော။ သံကိလေသိကာ၊ စိတ်၏ညစ်နွမ်းခြင်းကို ပြုတတ်ကုန်သော။ ဣမေဓမ္မာ၊ ဤအလိုကြီးခြင်းအစရှိကုန်သော အကုသိုလ်တရားတို့သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။
ယတောစယသ္မိံ ကာလေ၊ အကြင်အခါ၌။ အယံ ပုဂ္ဂလော၊ ဤပုဂ္ဂိုလ်သည်။ သတော၊ သတိနှင့် ပြည့်စုံသည်။ အပိစ္ဆော၊ ပစ္စည်းလေးပါးတို့၌နည်းသော အလိုရှိသည်။ သန္တုဋ္ဌော၊ ရရသမျှသော ပစ္စည်းဖြင့် ရောင့်ရဲလွယ်သည်။ အဝိဃာတဝါ၊ စိတ်၏ ပျံ့လွင့်ခြင်းမှ ကင်းသည်။
ဝိဝိတ္တော၊ ဝဋ်၌ ငြီးငွေ့သော တရား၌ နှစ်လိုခင်းဖြင့် ဆိတ်ငြိမ်သည်။ နိစ္စံ၊ အမြဲ။ အာရဒ္ဓဝီရိယော၊ ပျင်းခြင်းကို ပယ်သဖြင့် အားထုတ်အပ်သော လုံ့လရှိသည်။ ဟောတိ၊ ဖြစ်၏။
တဿ၊ ထိုအလိုနည်းခြင်း စသော ဂုဏ်နှင့် ပြည့်စုံသော ပုဂ္ဂိုလ်အား။ ကုသလာ၊ လိမ္မာခြင်းကို ဖြစ်စေတတ်သော ကုသိုလ်ဟု ဆိုအပ်ကုန်သော။ ဗောဓိပက္ခိကာ၊ မဂ်၌ အကျုံးဝင်သော သစ္စာလေးပါးကို သိခြင်းအတို့၌ ဖြစ်ကုန်သော။ ဣမေဓမ္မာ၊ ဤသတိပဋ္ဌာန် အစရှိကုန်သော သုံးဆဲ့နှစ်ပါး အပြားရှိကုန်သော သုံးပါးသော ဝိပဿနာဖြင့် ရေတွက်အပ်ကုန်သော တရားတို့သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။
သော ပုဂ္ဂလော၊ ထိုပုဂ္ဂိုလ်သည်။ အနာသဝေါ၊ အရဟတ္တမဂ်ဖြစ်သော ခဏမှ စ၍ ကင်းပြီးသော အာသဝေါရှိသည်။ ဟောတိ၊ ဖြစ်၏။ ဣတိဧဝံ၊ ဤသို့။ မဟေသိနာ၊ မြတ်စွာဘုရားသည်။ ဝုတ္တံ၊ ဟောတော်မူအပ်၏။
လောကေ၊ လောကသုံးပါး၌။ အနုတ္တရော၊ သီလသမာဓိစသော ဂုဏ်ဖြင့် အတုမရှိသော။ သတ္ထာ၊ မြတ်စွာဘုရားသည်။ မမ၊ ငါ၏။ သင်္ကပ္ပံ၊ အပြီးသို့ ရောက်စေခြင်းငှါ မစွမ်းနိုင်သော အဖြစ်ဖြင့်တည်သော ငါ၏ အကြံကို။ အညာယ၊ သိတော်မူ၍။
မနောမယေန၊ စိတ်ဖြင့် ဖန်ဆင်းအပ်သည်နှင့်တူသော။ ကာယေန၊ ညွတ်သော ကိုယ်တော်ဖြင့်။ ဣဒ္ဓိယာ၊ ဤကိုယ်သည် ဤစိတ်ကဲ့သို့ ဖြစ်စေသတည်းဟု ဤသို့ ဖြစ်သော ဓိဋ္ဌာန်သော တန်ခိုးတော်ဖြင့် ။ ဥပသင်္ကမိ၊ ငါ၏ အထံသို့ ကပ်တော်မူလာ၏။
ယဒါ၊ အကြင်အခါ၌။ မေ၊ ငါအား။ သင်္ကပ္ပေါ၊ အဘယ်သို့ သဘောရှိသော ရှစ်ခုမြောက်သော မဟာပုရိသသဝိတက် ဖြစ်သနည်းဟူသော အကြံသည်။ အဟု၊ ဖြစ်၏။ တတော၊ ထိုအကြံဖြစ်သည်နောက်မှ။ မမ၊ ငါ၏။ သင်္ကပ္ပံ၊ အကြံကို။ အညာယ၊ သိတော်မူ၍။ ဣဒ္ဓိယာ၊ တန်ခိုးဖြင့်။ ဥပသင်္ကမိ၊ ကပ်တော်မူလာ၏။
နိပ္ပပဉ္စရတော၊ သံသရာဝဋ်ကို ချွဲတတ်သော တဏှာမာနဒိဋ္ဌိမှ ကင်းသော လောကုတ္တရာတရား၌ မွေ့လျော်ခြင်း ရှိတော်မူသော။ ဗုဒ္ဓေါ၊ မြတ်စွာဘုရားသည်။ ဥတ္တရိ၊ အလွန်။ ဓမ္မံ၊ တရားကို။ အဒေသယိ၊ ဟောတော်မူပြီ။ နိပ္ပပဉ္စံ၊ ရာဂအစရှိသော ကိလေသာတို့၏ ငြိမ်းခြင်းဖြင့် လောကုတ္တရာ တရားဟု ဆိုအပ်သော သံသရာဝဋ်ကိုချဲ့တတ်သော တရားမှ ကင်းသောလောကုတ္တရာတရားကို။ အဒေသယိ၊ ကိုယ်တော်မှ အသီးထုတ်အပ်သော သစ္စာလေးပါးတရားကို ဟောတော်မူ၏။
အဟံ၊ ငါသည်။ တဿ၊ ထိုမြတ်စွာဘုရား၏။ ဓမ္မံ၊ ဟောတော်မူသော တရားတော်ကို။ အညာယ၊ ဟောတော်မူသော တရားတော် အတိုင်းသိ၍။ သာသနေ၊ သုံးပါးသော သိက္ခာဖြင့် ရေတွက်အပ်သော သာသနာတော်၌။ ရတော၊ မွေ့လျော်ဘွယ်ဖြစ်၍။ ဝိဟာသိံ၊ နေပြီ။
မဟာ၊ ငါသည်။ တိဿောဝိဇ္ဇာ၊ သုံးပါးသော ဝိဇ္ဇာတို့ကို ။ အနုပ္ပတ္တာ၊ အစဉ်အတိုင်းရအပ်ကုန်ပြီ။ ဗုဒ္ဓဿ၊ မြတ်စွာဘုရား၏။ သာသနံ၊ အဆုံးအမတော်ဖြစ်သော မဂ်ဟူသော အကျင့်ကို။ ကတံ၊ ပြုကျင့်အပ်ပြီ။
အဟံ၊ ငါသည်။ ယတော၊ အကြင်အခါမှ။ ပဉ္စပညာသဝေဿာနိ၊ ငါးဆဲ့ ငါးနှစ်တို့ပတ်လုံး။ နေသဇ္ဇိကော၊ အိပ်ခြင်းကိုပယ်၍ နိသိဓုတင်ဆောက်တည်သည်။ အဟောသိံ၊ ဖြစ်ပြီ။
ယတော၊ အကြင်နိသိဓုတင်ဆောက်တည်သော အခါမှ စ၍။ ပဉ္စဝီသတိဝဿာနိ၊ နှစ်ဆဲ့ငါးနှစ်တို့ပတ်လုံး။ မိဒ္ဓံ၊ အိပ်မွေ့ခြင်းကို။ သမူဟကံ၊ အကြွင်းမဲ့ပယ်အပ်သည်။ အဟောသိံ၊ ဖြစ်ပြီ။
ယတော၊ အကြင်အခါမှ။ ဋ္ဌိတစိတ္တဿ၊ အလုံးစုံ၏ နောက်၌ ဖြစ်သော စတုတ္ထဈာန်စိတ်၌ တည်ထသော။ တာဒိနော၊ ဣဋ္ဌာရုံစသည်တို့၌ သည်းခံခြင်းကျေးဇူးနှင့် ပြည့်စုံတော်မူသော။ သမ္မာသမ္ဗုဒ္ဓဿ၊ မြတ်စွာဘုရားအား။ အဿာသပဿာသာ၊ ထွက်သက်ဝင်သက်တို့သည်။ နာဟုနအဟေသုံ၊ မဖြစ်ကုန်ပြီ။
အနေဇော၊ ဇေဟု ဆိုအပ်သော တဏှာမှ ကင်းတော်မူပြီးသော။ စက္ခုမာ၊ ငါးပါးသော စက္ခုနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားသည်။ သန္တိံ၊ ဝဋ်ဆင်းရဲတို့၏ ကင်းငြိမ်းရာ ဖြစ်သော နိဗ္ဗာန်ကို။ အာရဗ္ဘ၊ အာရုံပြု၍။ ပရိနိဗ္ဗုတော၊ အနုပါဒိသေသနိဗ္ဗာနဓာတ်ဖြင့် ပရိနိဗ္ဗာန်ပြုတော်မူ၏။
အသလ္လီနေန၊ မပျက်မစီးသော ပွင့်လင်းသော။ စိတ္တေန၊ စိတ်ဖြင့်။ ဝေဒနံ၊ သတိပညာအဆင်အခြင်နှင့် ပြည့်စုံသည်ဖြစ်၍ ပရိနိဗ္ဗာန်ပြုခါနီးကာလ၌ ဖြစ်သော ဝေဒနာကို။ အဇ္ဈာဝါသယိ၊ ထိုဝေဒနာသို့မလိုက်မူ၍ ထိုမှ ဤမှ လှည့်တော်မူ၏။
ကိံဝိယ၊ အဘယ်ကဲ့သို့နည်းဟူမူကား။ ပဇ္ဇောတဿ၊ ဆီမီးစာကို စွဲ၍ ဖြစ်သော ဆီမီး၏။ နိဗ္ဗာယတိဣဝ၊ ထိုဆီမီးစာကုန်သဖြင့် ငြိမ်းသကဲ့သို့။ ဧဝံတထာ၊ ထိုအတူ။ စေတသော၊ စိတ်တော်၏။ ဝိမောက္ခေါ၊ အလုံးစုံသော ကိလေသာတို့မှ လွတ်ပြီးသည်ဖြစ်၍။ နိဗ္ဗာနံ၊ ကိလေသာ ဘိသင်္ခါရကို မှီ၍ ဖြစ်သောခန္ဓာ သန္တာန်တော်၏ ကုန်သဖြင့် ငြိမ်းခြင်းသည်။ အာဟု၊ ဖြစ်ပြီ။
ဒါနိဣဒါနိ၊ ယခုအခါ၌။ ပစ္ဆိမကာ၊ ပစ္ဆိမစိတ်မှ နောက်ဖြစ်ကုန်သော။ ဧတေဓမ္မာ၊ ထိုမြတ်စွာဘုရား သန္တာန်တော်၌ဖြစ်သော သဘော ရှိကုန်သော။ ဖဿပဉ္စမာ၊ ဖဿလျှင်ငါးခုမြောက်ဖြစ်ကုန်သောတရားတို့သည်။ မုနိနော၊ မြတ်စွာဘုရားအား။ နဘဝိဿန္တိ၊ မဖြစ်ကုန်လတ္တံ့။
သမ္မာသမ္ဗုဒ္ဓေ၊ မြတ်စွာဘုရားသည်။ ပရိနိဗ္ဗုတေ၊ ပရိနိဗ္ဗာန်ပြုတော် မူပြီးသည် ရှိသော်။ အညေဓမ္မာ၊ တပါးကုန်သော စိတ်စေတသိက်တရားတို့သည်။ နဘဝိဿန္တိ၊ မဖြစ်ကုန်လတ္တံ့။
ဇာလိနိ၊ ဇာလိနီ အမည်ရှိသော နတ်သမီး။ ဒေဝကာယသ္မိံ၊ နတ်အပေါင်း၌။ ပုနဝါသော၊ ပဋိသန္ဓေနေသည်အစွမ်းဖြင့် တဘန်နတ်တို့နှင့် တကွ နေရခြင်းသည်။ ဒါနိဣဒါနိ၊ ယခုအခါ၌။ မယှံ၊ ငါအား။ နတ္ထိ၊ မရှိပြီ။
ဇာတိသံသာရော၊ ဇာတိအရင်းရှိသော သံသရာဝဋ်ဆင်းရဲသည်။ ဝိခီဏော၊ ကုန်ပြီ။ ဒါနိဣဒါနိ၊ ယခုအခါ၌။ ပုနဗ္ဘဝေါ၊ နောင်အခါဘဝသစ်၌ ဖြစ်ခြင်းသည်။ နတ္ထိ၊ မရှိပြီ။
ယဿ၊ အကြင်ရဟန္တာ ဖြစ်သော ရဟန်းအား။ မုဟုတ္တေန၊ တခဏခြင်း ဖြင့်သာလျှင်။ သဟဿဓာ၊ များသော အထောင်အပြားရှိသော။ သဗြဟ္မကပ္ပေါ၊ ဗြဟ္မာ့ပြည့်နှင့်တကွသော။ လောကော၊ လောကကို။ သံဝိဒိတော၊ မျက်မှောက်ပြုသော အားဖြင့် သိအပ်၏။
ဣဒ္ဓိဂုဏေ၊ တန်ခိုး၏ ပြည့်စုံခြင်းဟု ဆိုအပ်သော ။ စုတုပပါတေ၊ သတ္တဝါတို့၏ စုတေပဋိသန္ဓေအနီးကိုသိသော ဒိဗ္ဗစက္ခု အဘိညာဉ်၌။ ဝသိ၊ လေ့လာခြင်းသို့ ရောက်သည်။ ဟောတိ၊ ဖြစ်၏။ သောဘိက္ခု၊ ထိုရဟန်းသည်။ ကာလေ၊ ကပ်သော ကာလ၌။ ဒေဝတာ၊ နတ်တို့ကို။ ပဿတိ၊ မြင်၏။
ပုရေ၊ ရှေးဘဝ၌။ ဒလိဒ္ဒေါ၊ ဆင်းရဲသော။ ဃာသဟာရကော၊ စားရုံမျှ အကျိုးငှါအခကို ယူ၍ အသက်မွေးတတ်သော။ အန္နဘာရော၊ အန္နဘာရမည်သော သူသည်။ အာသိံ၊ ဖြစ်ခဲ့ဘူး၏။
ယဿဿိနံ၊ ပြန့်နှံ့သော ကျော်စောခြင်းရှိသော။ ဥပရိဋ္ဌံ၊ ဥပရိဋ္ဌမည်သော။ သမဏံ၊ ငြိမ်းစေအပ်ပြီးသော မကောင်းမှု ရှိသော ပစ္စေကဗုဒ္ဓါကို။ ပဋိပါဒေတိ၊ ရှေးရှုဖြစ်၍ အဟာရဖြစ်သော အလှူကို လှူ၏။
သောအဟံ၊ ထိုငါသည်။ သကျကုလေ၊ သာကီဝင်မင်းမျိုး၌။ ဇာတော၊ ဖြစ်လာသည်။ အမှိ၊ ဖြစ်၏။
နစ္စဂီတေဟိ၊ ကခြင်းသီခြင်းတို့နှင့်။ ဥပေတော၊ ပြည့်စုံသော။ သမ္မတာဠပ္ပဗောဓနော၊ ကြေးမောင်းနင်းခွက်ခွင်းသံဖြင့်နိုးစေအပ်သော။ အနုရုဒ္ဓေါတိ၊ အနုရုဒ္ဓါဟူ၍ ။ မံ၊ ငါ့ကို။ ဝိဒူ၊ ခပ်သိမ်းသော သူတို့ သိကုန်၏။
အထတသ္မိံ ကာလေ၊ ထိုအခါ၌။ အကုတောဘယံ၊ တစုံတခုသော ဘေးမှ ကင်းတော်မူပြီးသော။ သတ္ထာရံ၊ လူနတ်တို့၏ ဆရာဖြစ်တော်မူသော။ သမ္ဗုဒ္ဓံ၊ မြတ်စွာဘုရားကို။ အဒ္ဒသာသိံ၊ မြင်ပြီ။
တသ္မိံ၊ ထိုဘုရားရှင်၌။ စိတ္တံ၊ စိတ်ကို။ ပသာဒေတွာ၊ ကြည်ညိုစေ၍။ အနဂါရိယံ၊ အိမ်ရာမထောင်သော ရဟန်းတို့ဘောင်၌။ ပဗ္ဗဇိ၊ ရဟန်းပြုပြီ။
တတ္ထ၊ ထိုဘုရားသခင် အထံတော်၌။ ပဗ္ဗဇိတွာ၊ ရဟန်းပြု၍။ ဝုသိတံ၊ သုံးအပ်သော မဂ်ဟူသော သီတင်းရှိသည်ဖြစ်၍။ ပုဗ္ဗေနိဝါသံ၊ ရှေး၌ နေဘူးသော ခန္ဓာအစဉ်ကို ။ ဇာနာမိ၊ သိ၏။
ပုရေ၊ ရှေးဘဝ၌။ တာဝတိံသေသု ဒေဝေသု၊ တာဝတိံသာနတ်ပြည်၌။ သက္ကဇာတိယာ၊ သိကြားမင်း၏ အဖြစ်ဖြင့်။ အဋ္ဌာသိံ၊ တည်ပြီ။
အဟံ၊ ငါသည်။ စတုရန္တော၊ သမုဒ္ဒရာ လေးစင်းအဆုံးရှိသော မြေအပြင်ကို။ ဝိဇိတာဝီ၊ အောင်စွမ်းနိုင်သော။ မနုဿိန္ဒေါ၊ လူတို့ကို အစိုးရသော စကြာမင်းသည်။ ဟုတွာ၊ ဖြစ်၍။ သတ္တက္ခတ္တုံ၊ ခုနစ်ကြိမ်။ ရဇ္ဇံ၊ စကြာမင်းအဖြစ်ကို။ အဟံ၊ ငါသည်။ အကာရယိံ၊ ပြုခဲ့ဘူးပြီ။ ဇမ္ဗူမဏ္ဍဿ၊ ဇမ္ဗူဒီပါကျွန်းကို။ ဣဿရော၊ အစိုးရသော မင်းသည်။ ဟုတွာ၊ ဖြစ်၍။
အဒဏ္ဍေန၊ ဒုတ်လှံကန်ဖြင့် မရိုက်မပုတ်ရဘဲ။ အသတ္ထေန၊ လှံဓားလက်နက်ဖြင့် မညှဉ်းဆဲ မနှိပ်စက်ရဘဲ။ ဓမ္မေန၊ တရားသဖြင့် ။ အနုသာသယိံ၊ တိုင်းနိုင်ငံ၌ နေသော သူအပေါင်းကို ဆုံးမခဲ့ဘူးပြီ။
ဣတော၊ ဤလူ့ပြည်မှ။ စဝိတွာ၊ စုတေ၍။ ဒေဝလောကေ၊ နတ်ပြည်၌။ သတ္တ၊ နတ်တို့ကို အစိုးရသော သိကြားမင်းအဖြစ်ဖြင့်ခုနစ်ကြိမ်။ တတော၊ ထိုနတ်ပြည်မှ။ စဝိတွာ၊ စုတေ၍။ မနုဿလောကေ၊ လူ့ပြည်၌။ သတ္တ၊ စကြာမင်းအဖြစ်ဖြင့် ခုနစ်ကြိမ်။ ဣတိ၊ ဤသို့။ စုဒ္ဒသ၊ တဆဲ့လေးကြိမ်တို့ပတ်လုံး။ သံသာရာနိ၊ ဘဝတပါး၌ ကျင်လည်ခြင်းတို့သည်။ ဟောန္တိ၊ ဖြစ်ကုန်ပြီ။ တဒါ၊ ထိုအခါ၌။ ဒေဝလောကေ၊ နတ်ပြည်၌။ ဋ္ဌိတော၊ တည်လျက်။ နိဝါသံ၊ ရှေး၌နေဘူးသော အမျိုအမည်ကို။ အဘိဇာနိဿံ၊ သိဘူးပြီ။
ပဉ္စင်္ဂိကေ၊ ပီတိနှံ့ခြင်း သုခနှံ့ခြင်းစသော ငါးပါးသော အင်္ဂါရှိသော။ သမာဓိမှိ၊ အဘိညာဉ်၏ အခြေဖြစ်သော စတုတ္ထဈာန် သမာဓိသည်။ သန္တေ၊ ဆန့်ကျင်ဘက်ဖြစ်သော နီတရဏစသော တရားတို့၏ ငြိမ်းကြောင်းဖြစ်သော။ ဧကောဒိဘာဝိတေ၊ မြတ်သည်ဖြစ်၍ ဖြစ်သော စတုတ္ထဈာန် သမာဓိ၏ ပွါးခြင်းသို့ ရောက်လတ်သည် ရှိသော်။
ပဋိပ္ပဿဒ္ဓိလဒ္ဓမှိ၊ ကိလေသာတို့၏ ငြိမ်းခြင်းကို ရအပ်သည်ရှိသော်။ မေမယှံ၊ ငါ၏။ ဒိဗ္ဗစက္ခု၊ ဒိဗ္ဗစက္ခု အဘိညာဉ်သည်။ ဝိသုဇ္ဈိ၊ တဆဲ့တပါးသော ညစ်ညူးခြင်းမှ လွတ်သဖြင့် စင်ကြယ်၏။
သတ္တာနံ၊ သတ္တဝါတို့၏။ အာဂတိစ၊ ဤသတ္တဝါတို့သည် ထိုလောကမှ လာ၍ ဤဘဝ၌ ဖြစ်လိမ့်သည်ကိုလည်းကောင်း။ ဂတိစ၊ ဤလောကမှ သွား၍ ထိုဘဝ၌ ဖြစ်လတ္တံ့သည်ကိုလည်းကောင်း။
ဣတ္ထဘာဝဉ္စ၊ ဤလူ့ပြည်၌ ဖြစ်သည်ကိုလည်းကောင်း။ အညထာဘာဝဉ္စ၊ ထိုလူ့ပြည်မှ တပါးသော တိရစ္ဆာန်အဖြစ်ကိုလည်းကောင်း။ ပဉ္စင်္ဂိကေ၊ ငါးပါးသော အင်္ဂါရှိသော ။ ဈာနေ၊ ဈာန်၌။ ဋ္ဌိတော၊ တည်သည်။ ဟုတွာ၊ ဖြစ်၍။ စတုပပါတံ၊ ပဋိသန္ဓေစုတိအနီးကို။ ဇာနာမိ၊ ရှေးဦးစွာ သိနှင့်၏။
မယာ၊ ငါသည်။ သတ္တာ၊ သတ္တဝါတို့ကို။ ပရိစိဏ္ဏော၊ မေတ္တာစသည်ကို ပွါးစေသော အားဖြင့် အလေ့အလာပြုအပ်ပြီ။ (ပေ)၊ ဗုဒ္ဓဿ၊ မြတ်စွာဘုရား၏။ သာသနံ၊ အဆုံးအမဖြစ်သော မဂ်ဟူသော အကျင့်ကို။ ကတံ၊ ပြုအပ်ပြီ။ ဂရုဘာရော၊ ခန္ဓာဟူသော လေးစွာသော ဝန်ကို။ ဩဟိတော၊ ချအပ်ပြီ။ ဘဝနေတ္တိ၊ ဘဝသုံးပါးသို့ ငင်ဆောင်တတ်သော တဏှာဟူသော ကြိုးကို။ သမူဟတာ၊ အရဟတ္တမဂ်ဉာဏ်ဖြင့် အကြွင်းမဲ့ဖြတ်အပ်ပြီ။
ဝဇ္ဇိနံ၊ ဝဇ္ဇီတိုင်းသားတို့၏။ ဝေဠုဝဂါမေ၊ ဝါးတောရွာ၌။ အဟံ၊ ငါသည်။ ဇီဝိတသံခယာ၊ အသက်၏ ကုန်ခြင်းကြောင့်။
ဝေဠဂုမ္ဗသ္မိံ ဝေဠုဂုမ္ဗဿ၊ ဝါးချုံ၏။ ဟေဋ္ဌတော၊ အောက်မှ။ အနာသဝေါ၊ အာသဝေါ ကင်းပြီးသည်ဖြစ်၍။ နိဗ္ဗာဟိဿံ၊ အနုပါဒိသေသနိဗ္ဗာန်ဓာတ်ဖြင့် ပရိနိဗ္ဗာန် ပြုလတ္တံ့။
ဣတိ၊ ဤသို့။ အနုရုဒ္ဓေါထေရော၊ အနုရုဒ္ဓါထေရ်သည်။ ဣမာဂါထာယော၊ ဤဘွဲ့ဆိုသီကုံးအပ်သောနှစ်ဆဲ့ခြောက်ဂါထာတို့ကို။ အဘာသိတ္ထ၊ ရွတ်ဆိုပြီ။ အနုရုဒ္ဓါထေရဂါထာ အနက်ပြီး၏။