အာဝုသော၊ ငါ့ရှင်တို့။
သုဝိဟိတာနံ၊ ကောင်းစွာစီရင်အပ်သော တရားဒေသနာရှိကုန်သော အရိယာ ပုဂ္ဂိုလ်တို့အား။
ဒဿနံ၊ ဖူးရခြင်း ထိုအရိယာ တို့၏ တရားကို ကြားနာရခြင်းသည်။
သာဓု၊ ကောင်းကျိုးချမ်းသာ ကို ဆောင်တတ်သည်သာလျှင်တည်း။
တေသံ၊ ထိုအရိယာသူတော်ကောင်းတို့သို့။
ဥပသင်္ကမိတွာ၊ ကပ်၍။
ကင်္ခါ၊ ယုံမှားခြင်းကို။
ပုစ္ဆနေပိ၊ မေးခြင်း၌ လည်း။
ကင်္ခါ၊ ယုံမှားသော အရာကို။
ဆိဇ္ဇတိပဋိဝိနောဒေတိ၊ ဖျောက်နိုင်၏။
ဗုဍ္ဎိ၊ ပညာ၏ ပွါးခြင်းသည်လည်း။
ဝဍ္ဎတိ၊ ပွါး၏။
တေ၊ ထိုအရိယာ သူတော်ကောင်းတို့သည်။
ဗာလမ္ပိ၊ သူမိုက်ကိုလည်း။
ပဏ္ဍိတံ ပဏ္ဍိတဘာဝံ၊ ပညာရှိ၏ အဖြစ်သို့။
ကရောန္တိ၊ ပြုကုန်၏။
တသ္မာတေနကာရဏေန၊ ထိုသို့ ဆိုအပ်ပြီးသော အကြောင်းကြောင့်။
သတံ၊ အရိယာ သူတော်ကောင်းတို့နှင့်။
သမာဂမော၊ ပေါင်းဘော်ရခြင်းသည်။
သာဓု၊ ကောင်းကျိုးကို ဆောင်တတ်သည်သာလျှင်တည်း။
ဣတိ၊ ဤသို့။
သုသာရဒေါထေရော၊ သုသာရဒထေရ်သည်။
သပ္ပုရိသုပနိဿယာနိသံသကိတ္တနေန၊ သူတော်ကောင်းတို့ နှင့်ပေါင်းဖော်ရခြင်း၌ အကျိုးစက်ကို ကြားသဖြင့်။
ဣမံဂါထံ၊ ဤဂါထာကို။
အဘာသိတ္ထ၊ ဆိုပြီ။
သုသာရဒထေရဂါထာ အနက်ပြီး၏။